[Zawgyi] 

၂၀၁၈ ခုႏွစ္ရဲ႕ E3 ပြဲႀကီးစတင္ၿပီျဖစ္တဲ့အတြက္ အခုအခ်ိန္ဟာ ဂိမ္မာေတြအားလုံးေမွ်ာ္လင့္ေနၾကတဲ့ အခုိက္အတန္႔ျဖစ္ေနပါတယ္။ ပြဲစၿပီဆုိတာနဲ႔တစ္ၿပိဳင္နက္ ဂိမ္းဖန္တီးသူေတြနဲ႔ ဂိမ္းကုမၸဏီေတြဟာ သူတုိ႔ဖန္တီးထားတဲ့ ဂိမ္းအသစ္ေတြကို ေဆာ့ကစားႏုိင္မယ့္ ပလက္ေဖာင္းေတြနဲ႔တကြ ထုတ္ျပလာၾကပါတယ္။ E3 ပြဲေၾကညာခ်က္ေတြကေနတဆင့္ အနာဂတ္မွာထြက္ရွိလာမယ့္ ဂိမ္းေကာင္းေပါင္းေျမာက္ျမားစြာကုိ သိရွိႏုိင္ၿပီး ဘယ္သူမွမထင္မွတ္ထားတဲ့ ဂိမ္းေတြကုိလည္း ေမွ်ာ္လင့္လုိ႔ရပါတယ္။ ဇြန္လ ၁၁ ရက္ေန႔မွာ စတင္ၿပီျဖစ္တဲ့ E3 ပြဲႀကီးမွာ ပထမဦးဆုံး ထုတ္ေဖာ္ရွင္းလင္းမႈျပဳလုပ္သူကေတာ့ Microsoft ပဲျဖစ္ၿပီး Xbox One ပလက္ေဖာင္းမွာေဆာ့ႏုိင္မယ့္ ဂိမ္းေတြကုိခ်ျပရင္းနဲ႔ Devil May Cry 5 ဂိမ္းေထြလာကုိပါ တစ္ခါတည္းထုတ္ျပခဲ့တာျဖစ္ပါတယ္။ ဂိမ္းေထြလာဟာ ႏွစ္မိႏွစ္ေက်ာ္ရွည္လ်ားၿပီး ဂိမ္းကစားဟန္ပုံစံနဲ႔ ဇာတ္ကြက္အခ်ိဳ႕ကုိ အသားေပးထည့္သြင္းေဖာ္ျပထားတာကုိ ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ေနာက္ထပ္လာမယ့္ Devil May Cry ဂိမ္းနဲ႔ပတ္သက္တဲ့ ေကာလဟာလေတြနဲ႔ ဖန္တီးမႈေတြစတင္ေနၿပီဆုိတဲ့ သတင္းေတြဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္ကတည္းက အင္တာနက္ေပၚမွာျပန္႔ႏွံ႔ခဲ့ေပမယ့္ Capcom ဘက္ကေျပာေရးဆုိခြင့္ရွိသူေတြအေနနဲ႔ ဘယ္လုိအတည္ျပဳခ်က္မွ ထုတ္ျပန္ျခင္းမျပဳခဲ့ပါဘူး။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁၁ ရက္ေန႔မွာေတာ့ Devil May Cry ဂိမ္းစီးရီးကုိ ပင္တုိင္ဖန္တီးေရးဆြဲသူ ဒါ႐ုိက္တာျဖစ္တဲ့ Hideaki Itsuno ကုိယ္တုိင္ကေနၿပီး E3 ပြဲရဲ႕စင္ျမင့္ထက္မွာ “Devil May Cry စီးရီးရဲ႕ စစ္မွန္တဲ့ေနာက္ဆက္တြဲဂိမ္းသစ္” လုိ႔ေျပာၾကားၿပီး ဂိမ္းေထြလာကုိ ခ်ျပခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ ဆယ္စုႏွစ္တစ္ခုတုိင္ေအာင္ ဂိမ္မာေတြေစာင့္ဆုိင္းခဲ့ရတဲ့ Devil May Cry 5 အေနနဲ႔ တကယ္တမ္းထြက္ရွိလာမယ့္အခ်ိန္မွာ ဘယ္လုိမ်ိဳးပုံစံနဲ႔ ထြက္ရွိလာမလဲ? အခုခ်ျပခဲ့တဲ့ေထြလာကုိၾကည့္ၿပီး ဘာေတြကုိခန္႔မွန္းႏုိင္မလဲ? ဇာတ္လမ္းဇာတ္အိမ္ တည္ေဆာက္ဖန္တီးထားပုံကေရာ ဘယ္လုိရွိသလဲ? အစရွိတာေတြအားလုံးကုိ ၿခံဳငံုသုံးသပ္ၿပီး တစ္ခ်က္ေလာက္ေဆြးေႏြးၾကစုိ႔ဗ်ာ။

ပိုမုိရင့္က်က္ၿပီး ကြဲျပားဆန္းသစ္တဲ့ပုံစံနဲ႔ေတြ႔ရမယ့္ အဓိကဇာတ္ေဆာင္ Nero

၂၀၀၈ ခုႏွစ္ကထြက္႐ွိခဲ့တဲ့ Devil May Cry 4 မွာ Dante မဟုတ္တဲ့ အဓိကဇာတ္ေဆာင္တစ္ေယာက္ကုိ အသားေပးပြဲထုတ္ထားတာ ေတြ႔ရမွာျဖစ္ပါတယ္။ အဲဒါကေတာ့ Order of the Swords ဘာသာေရးဂုိဏ္းရဲ႕အဖြဲ႔ဝင္တစ္ေယာက္ျဖစ္တဲ့ ဆယ္ေက်ာ္သက္အရြယ္ Nero ပဲျဖစ္ပါတယ္။ Dante ငယ္ရြယ္စဥ္တုန္းက ပုံပန္းသြင္ျပင္၊ စိတ္ေနသေဘာထားနဲ႔ ေဟာ့ေဟာ့ရမ္းရမ္းႏုိင္တဲ့ ဇာတ္ေကာင္သစ္ Nero ကုိ စီးရီးရဲ႕အဓိကဇာတ္ေဆာင္အျဖစ္ ပထမေနရာမွာထားၿပီး ဂိမ္မာမ်ားအားလုံးက ေဆာ့ကစားခဲ့ရတာျဖစ္ပါတယ္။ အခုလာမယ့္ Devil May Cry 5 မွာေတာ့ ျဖစ္ရပ္ေတြအားလုံးအဆုံးသတ္သြားတဲ့ေနာက္ပုိင္း ႏွစ္အေတာ္အတန္အခ်ိန္ကုန္လြန္ခဲ့ၿပီး ဆယ္ေက်ာ္သက္ Nero ဟာ အသက္ႏွစ္ဆယ့္ငါးႏွစ္ဝန္းက်င္ျဖစ္လာပါၿပီ။ အရင္ကလုိဆံပင္ေငြေရာင္ကုိ မ်က္ႏွာေ႐ွ႕မွာဝဲေနေအာင္မခ်ထားေတာ့ဘဲ ေခါင္းေဆာင္းပါတဲ့ အနက္ေရာင္ ကုတ္အက်ီရွည္နဲ႔အတူ သူကုိင္ေဆာင္ေနက်လက္နက္ေတြျဖစ္တဲ့ Red Queen ဓါးနဲ႔ Blue Rose ပစၥတုိေသနတ္ကုိ ကုိင္ေဆာင္ထားတာေတြ႔ရမွာျဖစ္ပါတယ္။ 

Rico ဆုိတဲ့ပါတနာသစ္နဲ႔အတူ Devil Hunter တစ္ေယာက္ျဖစ္လာခဲ့တဲ့ Nero

Devil May Cry ဂိမ္းစီးရီးရဲ႕အဓိကဇာတ္ေဆာင္ဟာ နတ္ဆုိးေခါင္းေဆာင္ Sparda ရဲ႕သား Dante ျဖစ္ပါတယ္။ Dante ဟာနတ္ဆုိးေသြးတစ္ပုိင္း၊ လူသားတစ္ပုိင္းေရာယွက္ေနတဲ့ နတ္ဆုိးႏွိမ္နင္းသူ Devil Hunter တစ္ေယာက္လည္းျဖစ္သလုိ စီးရီးရဲ႕ဗီလိန္ျဖစ္တဲ့ Vergil ရဲ႕အႁမြာညီအစ္ကုိလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ခုႏွစ္မွာေတာ့ အဲဒီေနရာကုိ Nero ကလက္ေျပာင္းယူလုိက္ပုံပါပဲ။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ Nero ဟာ စီးရီးရဲ႕ ဇာတ္ေကာင္သစ္တစ္ေယာက္ျဖစ္တဲ့ Nico ဆုိတဲ့အမ်ိဳးသမီးပါတနာနဲ႔အတူ ပူးေပါင္းလႈပ္႐ွားၿပီး နတ္ဆုိးေတြကုိ hunt လုပ္လုိ႔ပဲျဖစ္ပါတယ္။ Nero နဲ႔ Nico ဟာ အျပာေရာင္နီယြန္မီးလုိင္းေတြနဲ႔ Devil May Cry စကားလုံးပုံေဖာ္ထားတဲ့ ေပါင္မုန္႔ကားကုိ စီးနင္းေနတာကုိလည္း ေထြလာမွာအားလုံးေတြ႔ခဲ့ရမွာပါ။ ဒါ့အျပင္ေထြလာအရ Nico ဟာ Nero ရဲ႕လက္နက္ပုိင္းဆုိင္ရာလုိအပ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး အေထာက္အပံ့ေပးတဲ့သူလည္းျဖစ္ပါတယ္။ 

နယ္ေျမသစ္ျဖစ္တဲ့ Red Grave ၿမိဳ႕ကုိ တျခားကမာၻကနတ္ဆုိးေတြ က်ဴးေက်ာ္ဝင္ေရာက္လာမႈ

Devil May Cry 4 ကုိ ေ႐ွးက်တဲ့ၿမိဳ႕ျပအေဆာက္အုံေတြ႐ွိတဲ့ Fortune City မွာ ဇာတ္အိမ္တည္ထားၿပီး Devil May Cry 5 ကုိေတာ့ နယ္ေျမသစ္ျဖစ္တဲ့ Red Grave City (အုတ္ဂူနီၿမိဳ႕ေတာ္) မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဒီၿမိဳ႕ဟာ Reboot DmC ထဲမွာ ပါဝင္တဲ့ ေျမေအာက္ကမာၻ Limbo နဲ႔ အနည္းငယ္ပုံစံတူၿပီး လက္႐ွိေခတ္တုိက္တာအေဆာက္အအုံေတြ႐ွိတာကုိလည္း ေတြ႔ရမွာပါ။ လက္ရွိအခ်ိန္ထိ သိရသမွ်ေတာ့ နတ္ဆုိးေတြဟာ Demon Tree လုိ႔အမည္ရတဲ့ ဝင္ေပါက္ေနရာကေနတဆင့္ Red Grave City ကုိကူးသန္းဝင္ေရာက္လာၾကတာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ၿမိဳ႕ရဲ႕စစ္တပ္နဲ႔ နတ္ဆုိးေတြၾကားက တိုက္ပြဲေတြဟာ လုံးဝျပင္းထန္ေနၿပီး ပ်က္သုန္းလုနီးပါးျဖစ္ေနတဲ့ Red Grave City ရဲ႕အေျခအေနကုိလည္း ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ မ်ားျပားလွတဲ့ နတ္ဆုိးမိစာၦေတြရဲ႕ က်ဴးေက်ာ္ဝင္ေရာက္လာမႈဟာ လက္႐ွိမွာ Devil Hunter တစ္ေယာက္ျဖစ္ေနတဲ့ Nero ကုိ စိန္ေခၚလုိက္တဲ့သေဘာျဖစ္ပါတယ္။ ဒါေပမယ့္ ဂိမ္းထဲမွာ Devil Hunter သုံးေယာက္ပါဝင္လိမ့္မယ္လုိ႔ဆုိတဲ့အျပင္ ေလႏွင္ရာလြင့္ေနတဲ့ Dante ရဲ႕သတင္းအစအနကုိလည္း ဘာမွမၾကားသိရပါဘူး။ ဒီေတာ့ Dante နဲ႔ Nero အျပင္ ေနာက္ထပ္ေတြ႔ရမယ့္ Devil Hunter ဆုိသူက ဘယ္သူလဲဆုိတာ စဥ္းစားစရာပါပဲ။ 

Devil May Cry 5 တရားဝင္ဝက္ဘ္ဆုိဒ္မွာ ေဖာ္ျပထားတဲ့ ဂိမ္းဇာတ္လမ္းအက်ဥ္းခ်ဴပ္စာပုိဒ္

ဂိမ္းေထြလာမထြက္လာခင္ ရက္အနည္းအလုိမွာ Capcom ကေနၿပီး Devil May Cry 5 ရဲ႕တရားဝင္ဝက္ဘ္ဆုိဒ္လိပ္စာကို မွတ္ပုံတင္ခဲ့ၿပီး အဲဒီကိစၥဟာလည္း ဂိမ္းထြက္လာဖုိ႔အတြက္ ေသခ်ာလုံေလာက္တဲ့သတင္းတစ္ခုျဖစ္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အဲဒီဝက္ဘ္ဆုိဒ္ထဲကုိ ဝင္ေရာက္ႏုိင္ၿပီျဖစ္ၿပီး ဝက္ဘ္ဆုိဒ္မွာ ဂိမ္းရဲ႕ဇာတ္လမ္းအက်ဥ္းကုိ ေဖာ္ျပထားတာေတြ႔ႏုိင္ပါတယ္။ အဲဒီစာပိုဒ္အရဆုိရင္ေတာ့ “အတိတ္ကျဖစ္ရပ္ေတြအၿပီး ႏွစ္ေတြကုန္လြန္ခဲ့ၿပီ။ အားလုံးေမ့ေလ်ာ့ေနခဲ့တဲ့ နတ္ဆုိးေလာကရဲ႕ က်ဴးေက်ာ္မႈေတြဟာ ဒီကမာၻေျမကုိတစ္ေၾကာ့ျပန္ ေရာက္႐ွိလုိ႔လာတယ္။ Red Grave City မွာအျမစ္တြယ္ၿပီး ႀကီးထြား႐ွင္သန္ေနတဲ့ Demon Tree ကေနတဆင့္ နတ္ဆုိးမိစာၦေတြ ဝင္ေရာက္လာၾကတယ္။ အဲဒီလုိက်ဴးေက်ာ္ဝင္ေရာက္မႈကုိ တားဆီးဖုိ႔ Dante ရဲ႕မဟာမိတ္ျဖစ္တဲ့ Nero အေပၚမွာ တာဝန္အျပည့္႐ွိတဲ့အတြက္ Nico ဆုိတဲ့အမ်ိဳးသမီးပါတနာတစ္ေယာက္နဲ႔အတူ Devil May Cry လုိ႔အမည္ေပးထားတဲ့ ကားကုိေမာင္းၿပီး Red Grave City ဆီ ဦးတည္ထြက္လာခဲ့တယ္” လုိ႔ေရးထားတာကုိ ေတြ႔ရမွာပါ။  Nero ရဲ႕စြမ္းအားဗဟုိခ်က္ျဖစ္တဲ့ Devil Bringer လက္ေနရာမွာ အခုဆုိရင္ စက္႐ုပ္လက္နဲ႔အစားထုိးထားၿပီး ေထြလာမွာ Nero ရဲ႕လက္ကုိ ဘယ္သူမွန္းမသိရေသးတဲ့ ဇာတ္ေကာင္တစ္ေယာက္က ျဖတ္ယူလုိက္တာကုိလည္း ေတြ႔ခဲ့ရပါတယ္။ ဒီေတာ့ တကယ့္ဇာတ္လမ္းက ဘယ္လုိလာဦးမလဲဆုိတာေတာ့ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းေနပါတယ္။ 

Dante နဲ႔ Nero တုိ႔ရဲ႕ေပါင္းစည္းမႈ၊ Vergil နဲ႔ Nero အၾကားက ဆက္ႏြယ္မႈနဲ႔ အႏွစ္ခ်ဴပ္

ဒီေလာက္ဆုိရင္ေတာ့ ဇာတ္လမ္းအရိပ္အေျခကုိ အားလုံးခန္႔မွန္းလုိ႔ရေလာက္ၿပီ ထင္ပါတယ္။ ေထြလာအရဆုိရင္ Nero ရဲ႕လက္ အျဖတ္ခံထားတဲ့ေနရာကေန ဇာတ္လမ္းစႏုိင္ၿပီး ခရီးတစ္ဝက္ေလာက္ေရာက္မွာ Dante ရဲ႕အရိပ္အေယာင္ကုိ ေတြ႔ႏုိင္ေျခမ်ားပါတယ္။ ဒါ့အျပင္ Nero နဲ႔ Vergil တုိ႔ၾကားက ဆက္ႏြယ္မႈနဲ႔ Nero လက္ကုိျဖတ္သြားတဲ့သူက ဘယ္သူျဖစ္မလဲဆုိတာကလည္း စဥ္းစားစရာပါပဲ။ တစ္ခုေတြးစရာ႐ွိတာက Vergil ကုိင္ေဆာင္တဲ့လက္နက္၊ Nero ရဲ ႔ Devil Bringer လက္ထဲမွာ႐ွိေနတဲ့ Yamato ဓါးဟာ တျခားကမာၻက နတ္ဆုိးေတြကုိ ေခၚယူဖုိ႔အတြက္ဝင္ေပါက္အေနနဲ႔ အသုံးျပဳလုိ႔ရပါတယ္။ Yamato ဓါးဟာ နတ္ဆုိးေတြကုိဖိတ္ေခၚဖုိ႔ လုိအပ္ခ်က္တစ္ခုျဖစ္တဲ့အတြက္ အဲဒီအမည္မသိဇာတ္ေကာင္ဟာ Nero လက္ကုိျဖတ္ခဲ့တာလား? ဒါမွမဟုတ္ ပ်က္သုန္းေတာ့မယ့္ Red Grave City နဲ႔ ကမာၻႀကီးကုိ အခ်ိန္မွီကယ္တင္ဖုိ႔အတြက္ ေျဖ႐ွင္းခ်က္ေတြမေပးဘဲ Nero ဆီက Yamato ဓါးကုိယူခဲ့တာလား? Devil May Cry ဂိမ္းစီးရီးရဲ႕အခရာက်တဲ့ဇာတ္ေကာင္ျဖစ္တဲ့ Vergil ဟာလည္း ဒီဂိမ္းထဲမွာ လူေကာင္းျဖစ္မလား၊ ဗီလိန္ျဖစ္မလားဆုိတာ မသိရေသးတဲ့အျပင္ အစအနကုိေတာင္ လုံးဝမေတြ႔ရေသးပါဘူး။ ဂိမ္းထြက္႐ွိမယ့္ရက္စြဲကေတာ့ ၂၀၁၉ ခုႏွစ္၊ ေႏြရာသီျဖစ္ၿပီး Xbox One, PS4 နဲ႔ PC ပလက္ေဖာင္းသုံးမ်ိဳးအေပၚမွာ ေဆာ့ကစားႏုိင္မယ္လုိ႔ သိရပါတယ္။ ပရိသတ္ေတြအေနနဲ႔ကေတာ့ လက္႐ွိအခ်ိန္မွာ ေနာက္ထပ္ဘာေတြထပ္လာမလဲဆုိတာကုိ ေစာင့္ဆုိင္းေနၾကဖုိ႔ပဲ လုိပါတယ္။ Devil May Cry စီးရီးရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္တဲ့ ကြၽန္ေတာ့္အေနနဲ႔လည္း ဆယ္စုႏွစ္တစ္ခုတုိင္ေအာင္ ေစာင့္ေမွ်ာ္ခဲ့ရၿပီးမွ ထြက္႐ွိလာတဲ့ Devil May Cry 5 အေပၚမွာ ေက်နပ္အားရမိတာေတာ့ အမွန္ပါ။ လက္႐ွိအခ်ိန္မွာလည္း ဂိမ္းအသစ္ေၾကညာခ်က္ေပါင္းမ်ားစြာ႐ွိေနတဲ့အတြက္ ဒီ Devil May Cry 5 စာေစာင္ကုိ ဒီမွာအဆုံးသတ္ေၾကာင္းေျပာရင္း ေနာက္ထပ္ဂိမ္းေဆာင္းပါးေတြမွာ ျပန္လည္ေတြ႔ဆုံၾကပါမယ္။

Yan

Ref: Polygon, Gamespot, Kotaku

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

ဆယ်စုနှစ်တစ်ခုတိုင်အောင် စောင့်မျှော်ခဲ့ရတဲ့ Devil May Cry 5 ဂိမ်းသစ်ဟာ အားလုံးရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာလား?

၂၀၁၈ ခုနှစ်ရဲ့ E3 ပွဲကြီးစတင်ပြီဖြစ်တဲ့အတွက် အခုအချိန်ဟာ ဂိမ်မာတွေအားလုံးမျှော်လင့်နေကြတဲ့ အခိုက်အတန့်ဖြစ်နေပါတယ်။ ပွဲစပြီဆိုတာနဲ့တစ်ပြိုင်နက် ဂိမ်းဖန်တီးသူတွေနဲ့ ဂိမ်းကုမ္ပဏီတွေဟာ သူတို့ဖန်တီးထားတဲ့ ဂိမ်းအသစ်တွေကို ဆော့ကစားနိုင်မယ့် ပလက်ဖောင်းတွေနဲ့တကွ ထုတ်ပြလာကြပါတယ်။ E3 ပွဲကြေညာချက်တွေကနေတဆင့် အနာဂတ်မှာထွက်ရှိလာမယ့် ဂိမ်းကောင်းပေါင်းမြောက်မြားစွာကို သိရှိနိုင်ပြီး ဘယ်သူမှမထင်မှတ်ထားတဲ့ ဂိမ်းတွေကိုလည်း မျှော်လင့်လို့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့ E3 ပွဲကြီးမှာ ပထမဦးဆုံး ထုတ်ဖော်ရှင်းလင်းမှုပြုလုပ်သူကတော့ Microsoft ပဲဖြစ်ပြီး Xbox One ပလက်ဖောင်းမှာဆော့နိုင်မယ့် ဂိမ်းတွေကိုချပြရင်းနဲ့ Devil May Cry 5 ဂိမ်းထွေလာကိုပါ တစ်ခါတည်းထုတ်ပြခဲ့တာဖြစ်ပါတယ်။ ဂိမ်းထွေလာဟာ နှစ်မိနှစ်ကျော်ရှည်လျားပြီး ဂိမ်းကစားဟန်ပုံစံနဲ့ ဇာတ်ကွက်အချို့ကို အသားပေးထည့်သွင်းဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ထပ်လာမယ့် Devil May Cry ဂိမ်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေနဲ့ ဖန်တီးမှုတွေစတင်နေပြီဆိုတဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပေမယ့် Capcom ဘက်ကပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့ ဘယ်လိုအတည်ပြုချက်မှ ထုတ်ပြန်ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာတော့ Devil May Cry ဂိမ်းစီးရီးကို ပင်တိုင်ဖန်တီးရေးဆွဲသူ ဒါရိုက်တာဖြစ်တဲ့ Hideaki Itsuno ကိုယ်တိုင်ကနေပြီး E3 ပွဲရဲ့စင်မြင့်ထက်မှာ “Devil May Cry စီးရီးရဲ့ စစ်မှန်တဲ့နောက်ဆက်တွဲဂိမ်းသစ်” လို့ပြောကြားပြီး ဂိမ်းထွေလာကို ချပြခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် ဂိမ်မာတွေစောင့်ဆိုင်းခဲ့ရတဲ့ Devil May Cry 5 အနေနဲ့ တကယ်တမ်းထွက်ရှိလာမယ့်အချိန်မှာ ဘယ်လိုမျိုးပုံစံနဲ့ ထွက်ရှိလာမလဲ? အခုချပြခဲ့တဲ့ထွေလာကိုကြည့်ပြီး ဘာတွေကိုခန့်မှန်းနိုင်မလဲ? ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်ဖန်တီးထားပုံကရော ဘယ်လိုရှိသလဲ? အစရှိတာတွေအားလုံးကို ခြုံငုံသုံးသပ်ပြီး တစ်ချက်လောက်ဆွေးနွေးကြစို့ဗျာ။

ပိုမိုရင့်ကျက်ပြီး ကွဲပြားဆန်းသစ်တဲ့ပုံစံနဲ့တွေ့ရမယ့် အဓိကဇာတ်ဆောင် Nero

၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Devil May Cry 4 မှာ Dante မဟုတ်တဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ကို အသားပေးပွဲထုတ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ Order of the Swords ဘာသာရေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် Nero ပဲဖြစ်ပါတယ်။ Dante ငယ်ရွယ်စဉ်တုန်းက ပုံပန်းသွင်ပြင်၊ စိတ်နေသဘောထားနဲ့ ဟော့ဟော့ရမ်းရမ်းနိုင်တဲ့ ဇာတ်ကောင်သစ် Nero ကို စီးရီးရဲ့အဓိကဇာတ်ဆောင်အဖြစ် ပထမနေရာမှာထားပြီး ဂိမ်မာများအားလုံးက ဆော့ကစားခဲ့ရတာဖြစ်ပါတယ်။ အခုလာမယ့် Devil May Cry 5 မှာတော့ ဖြစ်ရပ်တွေအားလုံးအဆုံးသတ်သွားတဲ့နောက်ပိုင်း နှစ်အတော်အတန်အချိန်ကုန်လွန်ခဲ့ပြီး ဆယ်ကျော်သက် Nero ဟာ အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ဖြစ်လာပါပြီ။ အရင်ကလိုဆံပင်ငွေရောင်ကို မျက်နှာရှေ့မှာဝဲနေအောင်မချထားတော့ဘဲ ခေါင်းဆောင်းပါတဲ့ အနက်ရောင် ကုတ်အကျီရှည်နဲ့အတူ သူကိုင်ဆောင်နေကျလက်နက်တွေဖြစ်တဲ့ Red Queen ဓါးနဲ့ Blue Rose ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားတာတွေ့ရမှာဖြစ်ပါတယ်။ 

Rico ဆိုတဲ့ပါတနာသစ်နဲ့အတူ Devil Hunter တစ်ယောက်ဖြစ်လာခဲ့တဲ့ Nero

Devil May Cry ဂိမ်းစီးရီးရဲ့အဓိကဇာတ်ဆောင်ဟာ နတ်ဆိုးခေါင်းဆောင် Sparda ရဲ့သား Dante ဖြစ်ပါတယ်။ Dante ဟာနတ်ဆိုးသွေးတစ်ပိုင်း၊ လူသားတစ်ပိုင်းရောယှက်နေတဲ့ နတ်ဆိုးနှိမ်နင်းသူ Devil Hunter တစ်ယောက်လည်းဖြစ်သလို စီးရီးရဲ့ဗီလိန်ဖြစ်တဲ့ Vergil ရဲ့အမြွာညီအစ်ကိုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ အဲဒီနေရာကို Nero ကလက်ပြောင်းယူလိုက်ပုံပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ Nero ဟာ စီးရီးရဲ့ ဇာတ်ကောင်သစ်တစ်ယောက်ဖြစ်တဲ့ Nico ဆိုတဲ့အမျိုးသမီးပါတနာနဲ့အတူ ပူးပေါင်းလှုပ်ရှားပြီး နတ်ဆိုးတွေကို hunt လုပ်လို့ပဲဖြစ်ပါတယ်။ Nero နဲ့ Nico ဟာ အပြာရောင်နီယွန်မီးလိုင်းတွေနဲ့ Devil May Cry စကားလုံးပုံဖော်ထားတဲ့ ပေါင်မုန့်ကားကို စီးနင်းနေတာကိုလည်း ထွေလာမှာအားလုံးတွေ့ခဲ့ရမှာပါ။ ဒါ့အပြင်ထွေလာအရ Nico ဟာ Nero ရဲ့လက်နက်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးတဲ့သူလည်းဖြစ်ပါတယ်။ 

နယ်မြေသစ်ဖြစ်တဲ့ Red Grave မြို့ကို တခြားကမ္ဘာကနတ်ဆိုးတွေ ကျူးကျော်ဝင်ရောက်လာမှု

Devil May Cry 4 ကို ရှေးကျတဲ့မြို့ပြအဆောက်အုံတွေရှိတဲ့ Fortune City မှာ ဇာတ်အိမ်တည်ထားပြီး Devil May Cry 5 ကိုတော့ နယ်မြေသစ်ဖြစ်တဲ့ Red Grave City (အုတ်ဂူနီမြို့တော်) မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့ဟာ Reboot DmC ထဲမှာ ပါဝင်တဲ့ မြေအောက်ကမ္ဘာ Limbo နဲ့ အနည်းငယ်ပုံစံတူပြီး လက်ရှိခေတ်တိုက်တာအဆောက်အအုံတွေရှိတာကိုလည်း တွေ့ရမှာပါ။ လက်ရှိအချိန်ထိ သိရသမျှတော့ နတ်ဆိုးတွေဟာ Demon Tree လို့အမည်ရတဲ့ ဝင်ပေါက်နေရာကနေတဆင့် Red Grave City ကိုကူးသန်းဝင်ရောက်လာကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြို့ရဲ့စစ်တပ်နဲ့ နတ်ဆိုးတွေကြားက တိုက်ပွဲတွေဟာ လုံးဝပြင်းထန်နေပြီး ပျက်သုန်းလုနီးပါးဖြစ်နေတဲ့ Red Grave City ရဲ့အခြေအနေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ များပြားလှတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ ကျူးကျော်ဝင်ရောက်လာမှုဟာ လက်ရှိမှာ Devil Hunter တစ်ယောက်ဖြစ်နေတဲ့ Nero ကို စိန်ခေါ်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာ Devil Hunter သုံးယောက်ပါဝင်လိမ့်မယ်လို့ဆိုတဲ့အပြင် လေနှင်ရာလွင့်နေတဲ့ Dante ရဲ့သတင်းအစအနကိုလည်း ဘာမှမကြားသိရပါဘူး။ ဒီတော့ Dante နဲ့ Nero အပြင် နောက်ထပ်တွေ့ရမယ့် Devil Hunter ဆိုသူက ဘယ်သူလဲဆိုတာ စဉ်းစားစရာပါပဲ။ 

Devil May Cry 5 တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဂိမ်းဇာတ်လမ်းအကျဉ်းချူပ်စာပိုဒ်

ဂိမ်းထွေလာမထွက်လာခင် ရက်အနည်းအလိုမှာ Capcom ကနေပြီး Devil May Cry 5 ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်လိပ်စာကို မှတ်ပုံတင်ခဲ့ပြီး အဲဒီကိစ္စဟာလည်း ဂိမ်းထွက်လာဖို့အတွက် သေချာလုံလောက်တဲ့သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီဝက်ဘ်ဆိုဒ်ထဲကို ဝင်ရောက်နိုင်ပြီဖြစ်ပြီး ဝက်ဘ်ဆိုဒ်မှာ ဂိမ်းရဲ့ဇာတ်လမ်းအကျဉ်းကို ဖော်ပြထားတာတွေ့နိုင်ပါတယ်။ အဲဒီစာပိုဒ်အရဆိုရင်တော့ “အတိတ်ကဖြစ်ရပ်တွေအပြီး နှစ်တွေကုန်လွန်ခဲ့ပြီ။ အားလုံးမေ့လျော့နေခဲ့တဲ့ နတ်ဆိုးလောကရဲ့ ကျူးကျော်မှုတွေဟာ ဒီကမ္ဘာမြေကိုတစ်ကြော့ပြန် ရောက်ရှိလို့လာတယ်။ Red Grave City မှာအမြစ်တွယ်ပြီး ကြီးထွားရှင်သန်နေတဲ့ Demon Tree ကနေတဆင့် နတ်ဆိုးမိစ္ဆာတွေ ဝင်ရောက်လာကြတယ်။ အဲဒီလိုကျူးကျော်ဝင်ရောက်မှုကို တားဆီးဖို့ Dante ရဲ့မဟာမိတ်ဖြစ်တဲ့ Nero အပေါ်မှာ တာဝန်အပြည့်ရှိတဲ့အတွက် Nico ဆိုတဲ့အမျိုးသမီးပါတနာတစ်ယောက်နဲ့အတူ Devil May Cry လို့အမည်ပေးထားတဲ့ ကားကိုမောင်းပြီး Red Grave City ဆီ ဦးတည်ထွက်လာခဲ့တယ်” လို့ရေးထားတာကို တွေ့ရမှာပါ။  Nero ရဲ့စွမ်းအားဗဟိုချက်ဖြစ်တဲ့ Devil Bringer လက်နေရာမှာ အခုဆိုရင် စက်ရုပ်လက်နဲ့အစားထိုးထားပြီး ထွေလာမှာ Nero ရဲ့လက်ကို ဘယ်သူမှန်းမသိရသေးတဲ့ ဇာတ်ကောင်တစ်ယောက်က ဖြတ်ယူလိုက်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီတော့ တကယ့်ဇာတ်လမ်းက ဘယ်လိုလာဦးမလဲဆိုတာတော့ အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။ 

Dante နဲ့ Nero တို့ရဲ့ပေါင်းစည်းမှု၊ Vergil နဲ့ Nero အကြားက ဆက်နွယ်မှုနဲ့ အနှစ်ချူပ်

ဒီလောက်ဆိုရင်တော့ ဇာတ်လမ်းအရိပ်အခြေကို အားလုံးခန့်မှန်းလို့ရလောက်ပြီ ထင်ပါတယ်။ ထွေလာအရဆိုရင် Nero ရဲ့လက် အဖြတ်ခံထားတဲ့နေရာကနေ ဇာတ်လမ်းစနိုင်ပြီး ခရီးတစ်ဝက်လောက်ရောက်မှာ Dante ရဲ့အရိပ်အယောင်ကို တွေ့နိုင်ခြေများပါတယ်။ ဒါ့အပြင် Nero နဲ့ Vergil တို့ကြားက ဆက်နွယ်မှုနဲ့ Nero လက်ကိုဖြတ်သွားတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကလည်း စဉ်းစားစရာပါပဲ။ တစ်ခုတွေးစရာရှိတာက Vergil ကိုင်ဆောင်တဲ့လက်နက်၊ Nero ရဲ့ Devil Bringer လက်ထဲမှာရှိနေတဲ့ Yamato ဓါးဟာ တခြားကမ္ဘာက နတ်ဆိုးတွေကို ခေါ်ယူဖို့အတွက်ဝင်ပေါက်အနေနဲ့ အသုံးပြုလို့ရပါတယ်။ Yamato ဓါးဟာ နတ်ဆိုးတွေကိုဖိတ်ခေါ်ဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် အဲဒီအမည်မသိဇာတ်ကောင်ဟာ Nero လက်ကိုဖြတ်ခဲ့တာလား? ဒါမှမဟုတ် ပျက်သုန်းတော့မယ့် Red Grave City နဲ့ ကမ္ဘာကြီးကို အချိန်မှီကယ်တင်ဖို့အတွက် ဖြေရှင်းချက်တွေမပေးဘဲ Nero ဆီက Yamato ဓါးကိုယူခဲ့တာလား? Devil May Cry ဂိမ်းစီးရီးရဲ့အခရာကျတဲ့ဇာတ်ကောင်ဖြစ်တဲ့ Vergil ဟာလည်း ဒီဂိမ်းထဲမှာ လူကောင်းဖြစ်မလား၊ ဗီလိန်ဖြစ်မလားဆိုတာ မသိရသေးတဲ့အပြင် အစအနကိုတောင် လုံးဝမတွေ့ရသေးပါဘူး။ ဂိမ်းထွက်ရှိမယ့်ရက်စွဲကတော့ ၂၀၁၉ ခုနှစ်၊ နွေရာသီဖြစ်ပြီး Xbox One, PS4 နဲ့ PC ပလက်ဖောင်းသုံးမျိုးအပေါ်မှာ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ကတော့ လက်ရှိအချိန်မှာ နောက်ထပ်ဘာတွေထပ်လာမလဲဆိုတာကို စောင့်ဆိုင်းနေကြဖို့ပဲ လိုပါတယ်။ Devil May Cry စီးရီးရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့လည်း ဆယ်စုနှစ်တစ်ခုတိုင်အောင် စောင့်မျှော်ခဲ့ရပြီးမှ ထွက်ရှိလာတဲ့ Devil May Cry 5 အပေါ်မှာ ကျေနပ်အားရမိတာတော့ အမှန်ပါ။ လက်ရှိအချိန်မှာလည်း ဂိမ်းအသစ်ကြေညာချက်ပေါင်းများစွာရှိနေတဲ့အတွက် ဒီ Devil May Cry 5 စာစောင်ကို ဒီမှာအဆုံးသတ်ကြောင်းပြောရင်း နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ ပြန်လည်တွေ့ဆုံကြပါမယ်။

Yan

Ref: Polygon, Gamespot, Kotaku

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။