[Zawgyi]

The Voice Myanmar အစီအစဥ္ရဲ ႔ပထမဆံုး Winner ကဘယ္သူျဖစ္မွာလဲ

The Voice Myanmar ရဲ႕ပထမဆံုး Winner ကဘယ္သူမ်ားျဖစ္မလဲဆိုတာကေတာ့ရင္ခုန္စရာပါပဲ။ေနာက္ဆံုး Final မွာ အမ်ိဳးသားအဆိုရွင္သံုးဦးျဖစ္တဲ့ ေငြစိုး၊ေသာ္ဒီနဲ႕Mark Jason အမ်ိဳးသမီးအဆိုရွင္ကေတာ့ နွင္းအိေျႏၵရွင္တစ္ဦးထဲသာက်န္ရွိေနခဲ့တာျဖစ္ပါတယ္။ဒီေလးေယာက္ထဲ Winner တစ္ေယာက္ပရိသတ္ႀကီးဆိုရင္ေရာဘယ္သူ႕ကိုျဖစ္ေစခ်င္ပါသလဲ?

ေငြစိုး

ေငြစိုးဟာ မႏၱေလးကေနလာေရာက္ယွဥ္ၿပိဳင္တဲ့ အဆိုဝါသနာရွင္တစ္ဦး အသံပါဝါေကာင္းေကာင္းနဲ႔ ပရိသတ္ကိုဆြဲေဆာင္နိုင္ၿပီး Mood အျပည့္နဲ႕သီခ်င္းေတြကိုသီဆိုတတ္သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ နည္းျပျဖစ္သူအဆိုေတာ္လင္းလင္းရဲ႕အဖြဲ႔ကေနေနာက္ဆံုးက်န္ရွိသူတစ္ဦးလည္းျဖစ္ပါတယ္။

သီခ်င္းဆိုရင္ သူ႕ရဲ႕အသံဟာအဆိုေတာ္ဘိုဘိုနဲ႕တူတယ္လို႕ နည္းျပေတြကသံုးသပ္ၾကၿပီး အျခားအဖြဲ႔မွနည္းျပျဖစ္တဲ့ နီနီခင္ေဇာ္ကကိုေငြစိုး ကို တစ္ေယာက္ပဲျဖစ္ေစခ်င္တယ္။ေရွ႕ဆက္မယ့္ အနုပညာေလွ်ာက္လမ္းမွာ ေငြစိုးဆိုတာကိုယ့္စတိုင္နဲ႕ကိုယ္၊ ကိုယ့္ဟန္နဲ႕ကိုယ္ရွိေစခ်င္တယ္လို႕သံုးသပ္ေပးခဲ့ဖူးပါတယ္။

ေသာ္ဒီ

ေသာ္ဒီကေတာ့ နည္းျပရန္ရန္ခ်န္းရဲ႕ အဖြဲ႔ကေန ေနာက္ဆံုးက်န္တဲ့ တစ္ေယာက္ပဲျဖစ္ပါတယ္။ေသာ္ဒီဟာသီခ်င္းေတြ သီဆိုတဲ့အခါမွာ ကိုယ္ပိုင္ဟန္၊ ကိုယ္ပိုင္ပံုစံတစ္ခုကို ဖန္တီးနိုင္တာေတြ႕ရပါတယ္။ သူဆိုသြားတဲ့ထဲက အမိန္႕ဆိုတဲ့သီခ်င္းဟာ သီဆိုရခက္ခဲတဲ့သီခ်င္းမ်ိဳးျဖစ္ေပမယ့္လည္း အသံပါဝါေကာင္းေကာင္း နဲ႔ပရိသတ္ႀကိဳက္နွစ္သက္ေလာက္ေအာင္ကို သီဆိုနိုင္တာေတြ႔ရပါတယ္။ ေသာ္ဒီဟာတဖြဲ႔ထဲျဖစ္တဲ့ ခိုင္ျမဲသစၥာနဲ႕ယွဥ္ၿပိဳင္ခဲ့ရာမွာက်န္ရွိခဲ့တဲ့ သူျဖစ္လို႔ နည္းျပရန္ရန္ခ်န္းအဖြဲ႔က အဆိုရွင္ေသာ္ဒီကိုလည္း ေလွ်ာ့တြက္လို႔ေတာ့မရပါဘူး။

Mark Jason

Mark Jason ဟာ ၿပိဳင္ပြဲကိုစတင္ဝင္ေရာက္လာကတည္းကအဂၤလိပ္သီခ်င္း ေတြကိုပဲသီဆိုခဲ့တဲ့သူျဖစ္ လို႔ျမန္မာသီခ်င္းေတြဆိုရင္ အဆင္ေျပပါ့မလားဆိုၿပီးထင္ျမင္ခဲ့ေပမယ့္လည္း အဆိုေတာ္ထူးအိမ္သင္သီဆိုခဲ့တဲ့ အခ်စ္ဆံုး လို႕အမည္ရတဲ့သီခ်င္းကိုပိုင္နိုင္စြာ သီဆိုျပခဲ့ကာ ပရိသတ္ကိုအားရေက်နပ္ေစခဲ့သူတစ္ဦးျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္နည္းျပနီနီခင္ေဇာ္ရဲ႕ အဖြဲ႔မွေနာက္ဆံုးက်န္ရွိသူ Mark Jason ဟာလည္းတကယ့္ကို အရည္အခ်င္းရွိတဲ့ ယွဥ္ၿပိဳင္သူတစ္ဦးပဲျဖစ္ပါတယ္။

 နွင္းအိေျႏၵရွင္

အဆိုရွင္နွင္းအိေျႏၵရွင္ကေတာ့ ပရိသတ္ေတြနဲ႕လူမႈကြန္ရက္ေပၚမွာ မစိမ္းတဲ့ အဆိုရွင္မေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ The Voice Myanmar ကိုမဝင္ၿပိဳင္ခင္ကတည္းကသူမအေနနဲ႕ Cover Song ေတြကိုသီဆိုတတ္သူတစ္ဦးလည္းျဖစ္ပါတယ္။ The Voice Myanmar ကိုစတင္ယွဥ္ၿပိဳင္ခဲ့ရာမွာေတာ့ Opera သီခ်င္းနဲ႔ ရင္ကိုဖြင့္ၿပီး Mood ပါပါသီဆိုဟန္ေၾကာင့္ နည္းျပလုပ္တဲ့သူေလးေယာက္လံုးလွည့္ၾကည့္ခဲ့ၾကတဲ့ အဆိုရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီထဲကမွနည္းျပ က်ားေပါက္ကိုေရြးခ်ယ္ခဲ့တဲ့ အဆိုရွင္နွင္းအိေျႏၵရွင္ဟာ အခုဆိုရင္ က်ားေပါက္ရဲ ႔အဖြဲ႔မွာ ေနာက္ဆံုးက်န္ရွိတဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

The Voice Myanmar ရဲ ႔ ေနာက္ဆံုး Winner ကဘယ္သူျဖစ္မလဲဆိုတာကိုအခုလာမယ့္ တနဂၤေႏြေန႔ ဇြန္လ ၃ရက္ေန႔ မွာသိရေတာ့မွာျဖစ္တဲ့အတြက္ ဘယ္သူ႕ကို Winner ျဖစ္ေစခ်င္သလဲဆိုတာ Comment မွာေျဖေပးခဲ့ၾကဦးေနာ္……

Photo Credit:The Voice Myanmar Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

The Voice Myanmar အစီအစဉ်ရဲ့ပထမဆုံး Winner ကဘယ်သူဖြစ်မှာလဲ

The Voice Myanmar ရဲ့ပထမဆုံး Winner ကဘယ်သူများဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။နောက်ဆုံး Final မှာ အမျိုးသားအဆိုရှင်သုံးဦးဖြစ်တဲ့ ငွေစိုး၊သော်ဒီနဲ့Mark Jason အမျိုးသမီးအဆိုရှင်ကတော့ နှင်းအိန္ဒြေရှင်တစ်ဦးထဲသာကျန်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီလေးယောက်ထဲ Winner တစ်ယောက်ပရိသတ်ကြီးဆိုရင်ရောဘယ်သူ့ကိုဖြစ်စေချင်ပါသလဲ?

ငွေစိုး

ငွေစိုးဟာ မန္တလေးကနေလာရောက်ယှဉ်ပြိုင်တဲ့ အဆိုဝါသနာရှင်တစ်ဦး အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်ပြီး Mood အပြည့်နဲ့သီချင်းတွေကိုသီဆိုတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ နည်းပြဖြစ်သူအဆိုတော်လင်းလင်းရဲ့အဖွဲ့ကနေနောက်ဆုံးကျန်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

သီချင်းဆိုရင် သူ့ရဲ့အသံဟာအဆိုတော်ဘိုဘိုနဲ့တူတယ်လို့ နည်းပြတွေကသုံးသပ်ကြပြီး အခြားအဖွဲ့မှနည်းပြဖြစ်တဲ့ နီနီခင်ဇော်ကကိုငွေစိုး ကို တစ်ယောက်ပဲဖြစ်စေချင်တယ်။ရှေ့ဆက်မယ့် အနုပညာလျှောက်လမ်းမှာ ငွေစိုးဆိုတာကိုယ့်စတိုင်နဲ့ကိုယ်၊ ကိုယ့်ဟန်နဲ့ကိုယ်ရှိစေချင်တယ်လို့သုံးသပ်ပေးခဲ့ဖူးပါတယ်။

သော်ဒီ

သော်ဒီကတော့ နည်းပြရန်ရန်ချန်းရဲ့ အဖွဲ့ကနေ နောက်ဆုံးကျန်တဲ့ တစ်ယောက်ပဲဖြစ်ပါတယ်။သော်ဒီဟာသီချင်းတွေ သီဆိုတဲ့အခါမှာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ပုံစံတစ်ခုကို ဖန်တီးနိုင်တာတွေ့ရပါတယ်။ သူဆိုသွားတဲ့ထဲက အမိန့်ဆိုတဲ့သီချင်းဟာ သီဆိုရခက်ခဲတဲ့သီချင်းမျိုးဖြစ်ပေမယ့်လည်း အသံပါဝါကောင်းကောင်း နဲ့ပရိသတ်ကြိုက်နှစ်သက်လောက်အောင်ကို သီဆိုနိုင်တာတွေ့ရပါတယ်။ သော်ဒီဟာတဖွဲ့ထဲဖြစ်တဲ့ ခိုင်မြဲသစ္စာနဲ့ယှဉ်ပြိုင်ခဲ့ရာမှာကျန်ရှိခဲ့တဲ့ သူဖြစ်လို့ နည်းပြရန်ရန်ချန်းအဖွဲ့က အဆိုရှင်သော်ဒီကိုလည်း လျှော့တွက်လို့တော့မရပါဘူး။

Mark Jason

Mark Jason ဟာ ပြိုင်ပွဲကိုစတင်ဝင်ရောက်လာကတည်းကအင်္ဂလိပ်သီချင်း တွေကိုပဲသီဆိုခဲ့တဲ့သူဖြစ် လို့မြန်မာသီချင်းတွေဆိုရင် အဆင်ပြေပါ့မလားဆိုပြီးထင်မြင်ခဲ့ပေမယ့်လည်း အဆိုတော်ထူးအိမ်သင်သီဆိုခဲ့တဲ့ အချစ်ဆုံး လို့အမည်ရတဲ့သီချင်းကိုပိုင်နိုင်စွာ သီဆိုပြခဲ့ကာ ပရိသတ်ကိုအားရကျေနပ်စေခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါကြောင့်နည်းပြနီနီခင်ဇော်ရဲ့ အဖွဲ့မှနောက်ဆုံးကျန်ရှိသူ Mark Jason ဟာလည်းတကယ့်ကို အရည်အချင်းရှိတဲ့ ယှဉ်ပြိုင်သူတစ်ဦးပဲဖြစ်ပါတယ်။

နှင်းအိန္ဒြေရှင်

အဆိုရှင်နှင်းအိန္ဒြေရှင်ကတော့ ပရိသတ်တွေနဲ့လူမှုကွန်ရက်ပေါ်မှာ မစိမ်းတဲ့ အဆိုရှင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ The Voice Myanmar ကိုမဝင်ပြိုင်ခင်ကတည်းကသူမအနေနဲ့ Cover Song တွေကိုသီဆိုတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ The Voice Myanmar ကိုစတင်ယှဉ်ပြိုင်ခဲ့ရာမှာတော့ Opera သီချင်းနဲ့ ရင်ကိုဖွင့်ပြီး Mood ပါပါသီဆိုဟန်ကြောင့် နည်းပြလုပ်တဲ့သူလေးယောက်လုံးလှည့်ကြည့်ခဲ့ကြတဲ့ အဆိုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီထဲကမှနည်းပြ ကျားပေါက်ကိုရွေးချယ်ခဲ့တဲ့ အဆိုရှင်နှင်းအိန္ဒြေရှင်ဟာ အခုဆိုရင် ကျားပေါက်ရဲ့အဖွဲ့မှာ နောက်ဆုံးကျန်ရှိတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

The Voice Myanmar ရဲ့ နောက်ဆုံး Winner ကဘယ်သူဖြစ်မလဲဆိုတာကိုအခုလာမယ့် တနင်္ဂနွေနေ့ ဇွန်လ ၃ရက်နေ့ မှာသိရတော့မှာဖြစ်တဲ့အတွက် ဘယ်သူ့ကို Winner ဖြစ်စေချင်သလဲဆိုတာ Comment မှာဖြေပေးခဲ့ကြဦးနော်……

Photo Credit:The Voice Myanmar Facebook Page

ကြည်သာ (Akhayar)

www.akhayar.com