[Zawgyi]

အခုမွ စာစဖတ္မယ့္သူေတြအတြက္ ေသခ်ာေပါက္အသံုးဝင္မယ့္ အခ်က္ေတြပါ

တစ္ႏွစ္ေပ်ာ္ခ်င္ရင္ အိမ္ေထာင္ျပဳ၊ တစ္သက္ေပ်ာ္ခ်င္ရင္ သစ္ပင္စိုက္ဆိုတဲ့ စကားရွိတာ ပရိသတ္ႀကီးသိမွာပါ။ ဒါေပမဲ့ တစ္သက္ေပ်ာ္ဖို႔ သစ္ပင္စိုက္လို႔သာေျပာတာ သစ္ပင္စိုက္ဖို႔ ေျမေနရာကရွာရဦးမွာ ၿပီးေတာ့ ဒီေန႔ေခတ္လို မနက္သြားညျပန္ အိမ္ရွိလူအကုန္အလုပ္လုပ္မွ ေတာ္ကာက်မယ့္အေျခအေနမ်ိဳးမွာ တကူးတကအခ်ိန္ေပးၿပီး သစ္ပင္စိုက္ဖို႔ဆိုတာ ခက္ခက္ခဲခဲအားထုတ္ရမယ့္ အေနအထားမ်ိဳးပါ။ အဲဒီေတာ့ ႏွစ္ရွည္အခ်ိန္ေပးၿပီး လုပ္ႏိုင္တယ္ဆိုရင္ သစ္ပင္စိုက္တာကို အားေပးပါတယ္ ဒါေပမဲ့ ဒီၾကားထဲ ရတဲ့အခ်ိန္ေလးကိုပဲ ေပ်ာ္ေအာင္ေနခ်င္တယ္ဆိုရင္ေတာ့ စာဖတ္တဲ့အလုပ္ကလြဲရင္ အဲဒီထက္ေကာင္းတဲ့ အလုပ္မရွိေသးဘူးလို႔ ထင္ပါတယ္။

ဟုတ္ၿပီ စာဖတ္မယ္ အဲဒါဆိုရင္ စာကို ဘယ္လိုစဖတ္ရမလဲဆိုတာရယ္ စာဖတ္ခ်င္စိတ္ တစ္နည္းအားျဖင့္ စာဖတ္ဝါသနာပါလာေအာင္ အဲဒီဝါသနာရွင္သန္ႀကီးထြားလာေအာင္ ဘယ္လိုျပဳစုပ်ိဳးေထာင္ရမလဲဆိုတာ အရင္ဆံုး သိထားဖို႔ လိုပါတယ္။ ဒါေၾကာင့္ အခုမွစာစဖတ္မယ့္သူေတြအတြက္ ေသခ်ာေပါက္ အသံုးဝင္ႏိုင္မယ့္ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

အေျခခံကစပါ

ဘယ္အလုပ္မဆို အေျခခံအဆင့္ကို ခ်န္ထားခဲ့လို႔မရပါဘူး။ ဒါေၾကာင့္ စာဖတ္မယ္ဆိုရင္လည္း အေျခခံအဆင့္ကို အရင္ဆံုးေက်ာ္ျဖတ္ဖို႔လိုပါတယ္။ အေျခခံအဆင့္မွာ အရင္ဆံုး စာအုပ္ေရြးတတ္ဖို႔လိုပါတယ္။ ဖတ္လိုက္ရင္ ကိုယ့္အတြက္ ရသတစ္စံုတစ္ရာရေစမယ့္စာအုပ္မ်ိဳး အထူးသျဖင့္ ရယ္ရႊင္စရာ၊ ဗဟုသုတရစရာ၊ ၾကည္ႏူးစရာ အဲဒီလိုရသမ်ိဳးကို အဓိကထား ေရြးသင့္ပါတယ္။ စိတ္ကူးယဥ္ဇာတ္လမ္းကိုမွ မျဖစ္ႏိုင္တာလည္းပါမယ္၊ ျဖစ္ႏိုင္တာလည္းပါမယ္ ကိစၥမရွိပါဘူး။ အဓိကက သင့္ရဲ႕စိတ္ကိုေပ်ာ္ရႊင္ၾကည္ႏူးေစမယ့္ စာမ်ိဳးျဖစ္ဖို႔လိုပါတယ္။ နားလည္လြယ္မယ့္ ကဗ်ာ၊ အက္ေဆးနဲ႔ ေဆာင္းပါးေတြကိုလည္း ဖတ္ႏိုင္ပါတယ္။ အဲဒီလိုဖတ္ရင္းနဲ႔ ကိုယ္ဘယ္လိုစာအမ်ိဳးအစား ဖတ္ခ်င္တယ္ဆိုတာ စိတ္က အလိုလိုခြဲျခားတတ္သြားမွာပါ။

အေလ့အက်င့္အားေကာင္းေအာင္လုပ္ပါ

ပထမဆံုးစာ စဖတ္တဲ့အခ်ိန္မွာ တစ္အုပ္ႏွစ္အုပ္ဖတ္ၿပီးရင္ ကိုယ့္ကိုယ္ကိုယ္ စာေတြေတာ္ေတာ္ဖတ္လိုက္တယ္လို႔ ထင္မိတတ္ၾကပါတယ္။ ေတာ္ရံုေလာက္ကို သိေနၿပီလို႔လည္း အထင္ေရာက္ေနတတ္ပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးမွာ စာဖတ္တာကိုရပ္မပစ္ပါနဲ႔။ စာဖတ္တဲ့ အေလ့အက်င့္အားေကာင္းေအာင္လုပ္ရင္းနဲ႔ အေလ့အက်င့္ကေန ဝါသနာကို ကူးေျပာင္းသြားပါလိမ့္မယ္။ အဲဒီအခ်ိန္က်ရင္ သင့္ရဲ႕ စာဖတ္စြမ္းရည္လည္း တျဖည္းျဖည္းျမင့္တက္လာမွာပါ။

စာဖတ္တဲ့အေလ့အက်င့္ကို ဘယ္လိုအားေကာင္းေအာင္လုပ္ရမလဲဆိုရင္ သင္ဖတ္ခ်င္တဲ့စာအမ်ိဳးအစားကိုသိတာနဲ႔ အဲဒီစာဖတ္လို႔ရႏိုင္မယ့္ ေနရာကိုသြားပါ၊ ဥပမာ စာၾကည့္တိုက္ပဲျဖစ္ျဖစ္၊ စာအုပ္ဆိုင္ပဲျဖစ္ျဖစ္ ေနာက္တစ္ခုက စာအုပ္ဝယ္ပါ။ စာတကယ္ဖတ္ၿပီး သိနားလည္တဲ့သူေတြနဲ႔ ေဆြးေႏြးေမးျမန္းပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ သင့္ရဲ႕စာဖတ္ခ်င္စိတ္ကို ႏိႈးဆြေပးရာေရာက္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

စာဖတ္ပါ

စာအုပ္တစ္အုပ္ကုိဖတ္ေတာ့မယ္ဆိုရင္ ပထမဆံုးေတြ႕ရမွာက

-Acknowledgments (ဘာနဲ႔တူလဲဆိုရင္ ဒီစာအုပ္ေရးျဖစ္ဖို႔ ဘယ္သူကစၿပီး မိတ္ဆက္ေပးခဲ့တာ၊ ဒီအေၾကာင္းအရာကို စေရးဖို႔ ဘယ္တုန္းက စိတ္ကူးရခဲ့တာ စသျဖင့္ စာေရးဆရာရဲ႕ စာအုပ္ျဖစ္ေျမာက္ေရးအစအဆံုး ကူညီခဲ့သူေတြ၊ ပါဝင္အားျဖည့္ေပးခဲ့သူေတြကို ထည့္သြင္းမွတ္တမ္းတင္ထားတဲ့ ေက်းဇူးတင္စကားနဲ႔တူပါတယ္) အဲဒီေနာက္ ေတြ႕ရမွာက

-Foreword (သူကေတာ့ စာအုပ္အေၾကာင္း ဘာသာျပန္စာအုပ္ပဲျဖစ္ျဖစ္ ဒီလိုတူညီတဲ့အေၾကာင္းအရာမ်ိဳးပဲျဖစ္ျဖစ္ ဘယ္တုန္းက ဘယ္သူေရးခဲ့ဖူးတယ္၊ ဒါမွမဟုတ္ ဒီလိုအေၾကာင္းအရာမ်ိဳး သိပ္မေတြ႕ဖူးေပမယ့္ ဘယ္သူက လမ္းေၾကာင္းေပးခဲ့ဖူးတယ္ စသျဖင့္ ဒီစာအုပ္နဲ႔ပတ္သက္တဲ့အျဖစ္အပ်က္၊ ဆုရဖူးတာ ဘာေၾကာင့္ဖတ္သင့္တယ္ဆိုတာမ်ိဳး ထည့္ေရးထားေလ့ရွိပါတယ္) တတိယတစ္ခုကေတာ့

-Preface လို႔ေခၚတဲ့ အမွာစကား/စကားခ်ီး စသျဖင့္ ဒီစာအုပ္ကိုေရးတဲ့ စာေရးဆရာရဲ႕ ဒီစာအုပ္နဲ႔ပတ္သက္တဲ့ အမွာစကားေျပာထားတာမ်ိဳးကို ဖတ္ရတတ္ပါတယ္။ ေနာက္ဆံုးတစ္ခုကေတာ့

-Introduction (နိဒါန္း၊ စာအုပ္ထဲက အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး စာေရးဆရာက စာဖတ္သူကို တိုက္ရိုက္မိတ္ဆက္ေပးထားတာပါ။ စာအုပ္ရဲ႕ဘယ္အပိုင္းက စာဖတ္သူကို ဘယ္လိုခံစားရေစမယ္၊ ဘယ္အပိုင္းကိုေတာ့ သိပ္မရွင္းျဖစ္ႏိုင္တယ္ ဒါေပမဲ့ ဘယ္အပိုင္းကိုဆက္ဖတ္လုိက္ရင္ သေဘာေပါက္သြားလိမ့္မယ္၊ အခ်ိန္ေပးရက်ိဳးနပ္ၿပီးေတာ့ တစ္စံုတစ္ခုရေစမယ္ စသျဖင့္ ေျပာထားတာမ်ိဳးပါ)

အထက္မွာေျပာခဲ့တဲ့ အခ်က္ေတြက စာဖတ္အားေကာင္းသြားၿပီဆိုရင္ မဖတ္လည္းရတယ္၊ ဖတ္ခ်င္စိတ္ျဖစ္လို႔ ဖတ္ခ်င္လည္းဖတ္ျဖစ္သြားႏိုင္တဲ့ စာမ်က္ႏွာေတြပါ။ အဲဒီလိုပဲ စာဖတ္ပ်င္းတဲ့သူေတြ၊ ခုမွ ႀကိဳးစားၿပီးဖတ္ရမယ့္သူေတြအတြက္လည္း ဒီလိုေရွ႕ပိုင္းစာမ်က္ႏွာေတြတင္ စိတ္မရွည္ျဖစ္ၿပီး ဆက္မဖတ္ခ်င္ေတာ့တာမ်ိဳး ျဖစ္ႏိုင္သလို အမွာေတြ၊ နိဒါန္းေတြ ေရးထားတာေကာင္းရင္ ေကာင္းသေလာက္ ေနာက္ပိုင္းဆက္ဖတ္ဖို႔ ဆြဲေခၚသြားႏိုင္တဲ့ စာမ်က္ႏွာေတြျဖစ္ပါတယ္။ ဒါေၾကာင့္ စာစဖတ္မယ့္သူေတြအေနနဲ႔ ဒီစာမ်က္ႏွာေတြကို အတတ္ႏိုင္ဆံုး ႀကိဳးစားဖတ္ၾကည္႔ဖို႔ အႀကံျပဳခ်င္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အခုမှ စာစဖတ်မယ့်သူတွေအတွက် သေချာပေါက်အသုံးဝင်မယ့် အချက်တွေပါ

တစ်နှစ်ပျော်ချင်ရင် အိမ်ထောင်ပြု၊ တစ်သက်ပျော်ချင်ရင် သစ်ပင်စိုက်ဆိုတဲ့ စကားရှိတာ ပရိသတ်ကြီးသိမှာပါ။ ဒါပေမဲ့ တစ်သက်ပျော်ဖို့ သစ်ပင်စိုက်လို့သာပြောတာ သစ်ပင်စိုက်ဖို့ မြေနေရာကရှာရဦးမှာ ပြီးတော့ ဒီနေ့ခေတ်လို မနက်သွားညပြန် အိမ်ရှိလူအကုန်အလုပ်လုပ်မှ တော်ကာကျမယ့်အခြေအနေမျိုးမှာ တကူးတကအချိန်ပေးပြီး သစ်ပင်စိုက်ဖို့ဆိုတာ ခက်ခက်ခဲခဲအားထုတ်ရမယ့် အနေအထားမျိုးပါ။ အဲဒီတော့ နှစ်ရှည်အချိန်ပေးပြီး လုပ်နိုင်တယ်ဆိုရင် သစ်ပင်စိုက်တာကို အားပေးပါတယ် ဒါပေမဲ့ ဒီကြားထဲ ရတဲ့အချိန်လေးကိုပဲ ပျော်အောင်နေချင်တယ်ဆိုရင်တော့ စာဖတ်တဲ့အလုပ်ကလွဲရင် အဲဒီထက်ကောင်းတဲ့ အလုပ်မရှိသေးဘူးလို့ ထင်ပါတယ်။

ဟုတ်ပြီ စာဖတ်မယ် အဲဒါဆိုရင် စာကို ဘယ်လိုစဖတ်ရမလဲဆိုတာရယ် စာဖတ်ချင်စိတ် တစ်နည်းအားဖြင့် စာဖတ်ဝါသနာပါလာအောင် အဲဒီဝါသနာရှင်သန်ကြီးထွားလာအောင် ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ အရင်ဆုံး သိထားဖို့ လိုပါတယ်။ ဒါကြောင့် အခုမှစာစဖတ်မယ့်သူတွေအတွက် သေချာပေါက် အသုံးဝင်နိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

အခြေခံကစပါ

ဘယ်အလုပ်မဆို အခြေခံအဆင့်ကို ချန်ထားခဲ့လို့မရပါဘူး။ ဒါကြောင့် စာဖတ်မယ်ဆိုရင်လည်း အခြေခံအဆင့်ကို အရင်ဆုံးကျော်ဖြတ်ဖို့လိုပါတယ်။ အခြေခံအဆင့်မှာ အရင်ဆုံး စာအုပ်ရွေးတတ်ဖို့လိုပါတယ်။ ဖတ်လိုက်ရင် ကိုယ့်အတွက် ရသတစ်စုံတစ်ရာရစေမယ့်စာအုပ်မျိုး အထူးသဖြင့် ရယ်ရွှင်စရာ၊ ဗဟုသုတရစရာ၊ ကြည်နူးစရာ အဲဒီလိုရသမျိုးကို အဓိကထား ရွေးသင့်ပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းကိုမှ မဖြစ်နိုင်တာလည်းပါမယ်၊ ဖြစ်နိုင်တာလည်းပါမယ် ကိစ္စမရှိပါဘူး။ အဓိကက သင့်ရဲ့စိတ်ကိုပျော်ရွှင်ကြည်နူးစေမယ့် စာမျိုးဖြစ်ဖို့လိုပါတယ်။ နားလည်လွယ်မယ့် ကဗျာ၊ အက်ဆေးနဲ့ ဆောင်းပါးတွေကိုလည်း ဖတ်နိုင်ပါတယ်။ အဲဒီလိုဖတ်ရင်းနဲ့ ကိုယ်ဘယ်လိုစာအမျိုးအစား ဖတ်ချင်တယ်ဆိုတာ စိတ်က အလိုလိုခွဲခြားတတ်သွားမှာပါ။

အလေ့အကျင့်အားကောင်းအောင်လုပ်ပါ

ပထမဆုံးစာ စဖတ်တဲ့အချိန်မှာ တစ်အုပ်နှစ်အုပ်ဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် စာတွေတော်တော်ဖတ်လိုက်တယ်လို့ ထင်မိတတ်ကြပါတယ်။ တော်ရုံလောက်ကို သိနေပြီလို့လည်း အထင်ရောက်နေတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စာဖတ်တာကိုရပ်မပစ်ပါနဲ့။ စာဖတ်တဲ့ အလေ့အကျင့်အားကောင်းအောင်လုပ်ရင်းနဲ့ အလေ့အကျင့်ကနေ ဝါသနာကို ကူးပြောင်းသွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သင့်ရဲ့ စာဖတ်စွမ်းရည်လည်း တဖြည်းဖြည်းမြင့်တက်လာမှာပါ။

စာဖတ်တဲ့အလေ့အကျင့်ကို ဘယ်လိုအားကောင်းအောင်လုပ်ရမလဲဆိုရင် သင်ဖတ်ချင်တဲ့စာအမျိုးအစားကိုသိတာနဲ့ အဲဒီစာဖတ်လို့ရနိုင်မယ့် နေရာကိုသွားပါ၊ ဥပမာ စာကြည့်တိုက်ပဲဖြစ်ဖြစ်၊ စာအုပ်ဆိုင်ပဲဖြစ်ဖြစ် နောက်တစ်ခုက စာအုပ်ဝယ်ပါ။ စာတကယ်ဖတ်ပြီး သိနားလည်တဲ့သူတွေနဲ့ ဆွေးနွေးမေးမြန်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့စာဖတ်ချင်စိတ်ကို နှိုးဆွပေးရာရောက်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

စာဖတ်ပါ

စာအုပ်တစ်အုပ်ကိုဖတ်တော့မယ်ဆိုရင် ပထမဆုံးတွေ့ရမှာက

-Acknowledgments (ဘာနဲ့တူလဲဆိုရင် ဒီစာအုပ်ရေးဖြစ်ဖို့ ဘယ်သူကစပြီး မိတ်ဆက်ပေးခဲ့တာ၊ ဒီအကြောင်းအရာကို စရေးဖို့ ဘယ်တုန်းက စိတ်ကူးရခဲ့တာ စသဖြင့် စာရေးဆရာရဲ့ စာအုပ်ဖြစ်မြောက်ရေးအစအဆုံး ကူညီခဲ့သူတွေ၊ ပါဝင်အားဖြည့်ပေးခဲ့သူတွေကို ထည့်သွင်းမှတ်တမ်းတင်ထားတဲ့ ကျေးဇူးတင်စကားနဲ့တူပါတယ်) အဲဒီနောက် တွေ့ရမှာက

-Foreword (သူကတော့ စာအုပ်အကြောင်း ဘာသာပြန်စာအုပ်ပဲဖြစ်ဖြစ် ဒီလိုတူညီတဲ့အကြောင်းအရာမျိုးပဲဖြစ်ဖြစ် ဘယ်တုန်းက ဘယ်သူရေးခဲ့ဖူးတယ်၊ ဒါမှမဟုတ် ဒီလိုအကြောင်းအရာမျိုး သိပ်မတွေ့ဖူးပေမယ့် ဘယ်သူက လမ်းကြောင်းပေးခဲ့ဖူးတယ် စသဖြင့် ဒီစာအုပ်နဲ့ပတ်သက်တဲ့အဖြစ်အပျက်၊ ဆုရဖူးတာ ဘာကြောင့်ဖတ်သင့်တယ်ဆိုတာမျိုး ထည့်ရေးထားလေ့ရှိပါတယ်) တတိယတစ်ခုကတော့

-Preface လို့ခေါ်တဲ့ အမှာစကား/စကားချီး စသဖြင့် ဒီစာအုပ်ကိုရေးတဲ့ စာရေးဆရာရဲ့ ဒီစာအုပ်နဲ့ပတ်သက်တဲ့ အမှာစကားပြောထားတာမျိုးကို ဖတ်ရတတ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့

-Introduction (နိဒါန်း၊ စာအုပ်ထဲက အကြောင်းအရာနဲ့ပတ်သက်ပြီး စာရေးဆရာက စာဖတ်သူကို တိုက်ရိုက်မိတ်ဆက်ပေးထားတာပါ။ စာအုပ်ရဲ့ဘယ်အပိုင်းက စာဖတ်သူကို ဘယ်လိုခံစားရစေမယ်၊ ဘယ်အပိုင်းကိုတော့ သိပ်မရှင်းဖြစ်နိုင်တယ် ဒါပေမဲ့ ဘယ်အပိုင်းကိုဆက်ဖတ်လိုက်ရင် သဘောပေါက်သွားလိမ့်မယ်၊ အချိန်ပေးရကျိုးနပ်ပြီးတော့ တစ်စုံတစ်ခုရစေမယ် စသဖြင့် ပြောထားတာမျိုးပါ)

အထက်မှာပြောခဲ့တဲ့ အချက်တွေက စာဖတ်အားကောင်းသွားပြီဆိုရင် မဖတ်လည်းရတယ်၊ ဖတ်ချင်စိတ်ဖြစ်လို့ ဖတ်ချင်လည်းဖတ်ဖြစ်သွားနိုင်တဲ့ စာမျက်နှာတွေပါ။ အဲဒီလိုပဲ စာဖတ်ပျင်းတဲ့သူတွေ၊ ခုမှ ကြိုးစားပြီးဖတ်ရမယ့်သူတွေအတွက်လည်း ဒီလိုရှေ့ပိုင်းစာမျက်နှာတွေတင် စိတ်မရှည်ဖြစ်ပြီး ဆက်မဖတ်ချင်တော့တာမျိုး ဖြစ်နိုင်သလို အမှာတွေ၊ နိဒါန်းတွေ ရေးထားတာကောင်းရင် ကောင်းသလောက် နောက်ပိုင်းဆက်ဖတ်ဖို့ ဆွဲခေါ်သွားနိုင်တဲ့ စာမျက်နှာတွေဖြစ်ပါတယ်။ ဒါကြောင့် စာစဖတ်မယ့်သူတွေအနေနဲ့ ဒီစာမျက်နှာတွေကို အတတ်နိုင်ဆုံး ကြိုးစားဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။