[Zawgyi]

အေမရိကန္၊ မကၠဆီကိုနဲ႔ ကေနဒါတို႔ (၃)ႏိုင္ငံ ပူးတြဲက်င္းပခြင့္ ရခဲ့တဲ့ ၂၀၂၆ ကမၻာ႔ဖလားၿပိဳင္ပြဲ

၂၀၂၆ ကမၻာ႔ဖလားၿပိဳင္ပြဲကို ေျမာက္အေမရိကတိုက္က အေမရိကန္၊ မကၠဆီကိုနဲ႔ ကေနဒါတို႔ (၃)ႏိုင္ငံ ပူးတြဲက်င္းပခြင့္ ရရွိခဲ့ပါတယ္။ ရုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ႕မွာ ဒီေန႔ (ဗုဒၶဟူးေန႔) က်င္းပျပဳလုပ္ခဲ့တဲ့ (၆၈)ႀကိမ္ေျမာက္ ဖီဖာကြန္ဂရက္ အစည္းအေဝးမွာ ၂၀၂၆ ကမၻာ႔ဖလား အိမ္ရွင္ႏိုင္ငံ ေရြးခ်ယ္ဖို႔ မဲခြဲဆံုးျဖတ္ခဲ့ၿပီး (၃)ႏိုင္ငံပူးတြဲ က်င္းပခြင့္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ မဲခြဲဆံုးျဖတ္မႈေတြ ျပဳလုပ္အၿပီးမွာ အေမရိကန္၊ မကၠဆီကိုနဲ႔ ကေနဒါတို႔က ၁၃၄ (၆၇ ရာခိုင္ႏႈန္း) မဲ ရရွိခဲ့ၿပီး ၆၅ (၃၃ ရာခိုင္ႏႈန္း) မဲသာ ရရွိခဲ့တဲ့ ေမာ္ရိုကို ႏိုင္ငံကို ေက်ာ္ျဖတ္ၿပီး အိမ္ရွင္ႏိုင္ငံေတြအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

The-US-Mexico-Canada-joint-bid-will-have-one-competitor-for-the-2026-World-Cup

The-US-Mexico-Canada-joint-bid-will-have-one-competitor-for-the-2026-World-Cup

ကမၻာ႔ဖလားၿပိဳင္ပြဲကို သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္အျဖစ္ (၃)ႏိုင္ငံ ပူးတြဲက်င္းပခြင့္ကို ရရွိခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ အသင္းအေရအတြက္ကိုလည္း (၄၈)သင္းအထိ တိုးျမွင့္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ အသင္းအေရအတြက္ကို (၄၈)သင္းအထိ တိုးျမွင့္ခဲ့တဲ့အတြက္ ပြဲေပါင္း (၈၀)အထိ ကစားသြားမွာျဖစ္ၿပီး ပြဲ (၆၀)ကို အေမရိကန္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပသြားမွာ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံက ၁၉၉၄ ၿပိဳင္ပဲြ၊ မကၠဆီကိုႏိုင္ငံက ၁၉၇၀ နဲ႔ ၁၉၈၆ ၿပိဳင္ပြဲေတြမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ဖူးၿပီး ကေနဒါႏိုင္ငံအတြက္ကေတာ့ ကမၻာ႔ဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္ လက္ခံက်င္းပခြင့္ ရခဲ့တာျဖစ္ပါတယ္။

REF:FIFA.com, Wikipedia
Photo:Yahoo Sports, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ (၃)နိုင်ငံ ပူးတွဲကျင်းပခွင့် ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြောက်အမေရိကတိုက်က အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ (၃)နိုင်ငံ ပူးတွဲကျင်းပခွင့် ရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ဒီနေ့ (ဗုဒ္ဓဟူးနေ့) ကျင်းပပြုလုပ်ခဲ့တဲ့ (၆၈)ကြိမ်မြောက် ဖီဖာကွန်ဂရက် အစည်းအဝေးမှာ ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ ရွေးချယ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီး (၃)နိုင်ငံပူးတွဲ ကျင်းပခွင့်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်မှုတွေ ပြုလုပ်အပြီးမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ၁၃၄ (၆၇ ရာခိုင်နှုန်း) မဲ ရရှိခဲ့ပြီး ၆၅ (၃၃ ရာခိုင်နှုန်း) မဲသာ ရရှိခဲ့တဲ့ မော်ရိုကို နိုင်ငံကို ကျော်ဖြတ်ပြီး အိမ်ရှင်နိုင်ငံတွေအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

The-US-Mexico-Canada-joint-bid-will-have-one-competitor-for-the-2026-World-Cup

The-US-Mexico-Canada-joint-bid-will-have-one-competitor-for-the-2026-World-Cup

ကမ္ဘာ့ဖလားပြိုင်ပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (၃)နိုင်ငံ ပူးတွဲကျင်းပခွင့်ကို ရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းအရေအတွက်ကိုလည်း (၄၈)သင်းအထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို (၄၈)သင်းအထိ တိုးမြှင့်ခဲ့တဲ့အတွက် ပွဲပေါင်း (၈၀)အထိ ကစားသွားမှာဖြစ်ပြီး ပွဲ (၆၀)ကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ၁၉၉၄ ပြိုင်ပွဲ၊ မက္ကဆီကိုနိုင်ငံက ၁၉၇၀ နဲ့ ၁၉၈၆ ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ကနေဒါနိုင်ငံအတွက်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရခဲ့တာဖြစ်ပါတယ်။

REF:FIFA.com, Wikipedia
Photo:Yahoo Sports, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com