၂ ႏွစ္အတြင္း ၾကံ့ခုိင္ေအာင္လုပ္ရင္လုပ္၊ မလုပ္ရင္ထြက္လို႔ ေျပာလိုက္တဲ့ US စစ္တပ္

9 Oct 2018 . 6:29 PM

[Zawgyi]

၂ ႏွစ္အတြင္း ၾကံ့ခုိင္ေအာင္လုပ္ရင္လုပ္၊ မလုပ္ရင္ထြက္လို႔ ေျပာလိုက္တဲ့ US စစ္တပ္ထိပ္တန္းအရာရွိ

၂၀၂၀ခုနွစ္မွာ စတင္မယ့္ အေမရိကန္စစ္တပ္ရဲ႕ တုိက္ပြဲဝင္ၾကံ့ခုိင္ေရးစစ္ေဆးမႈအသစ္အတြက္ တိုက္ပြဲေခၚသံေတြ စတင္လိုက္ပါျပီ။

စစ္တပ္က ျပဳလုပ္မယ့္ အသက္အရြယ္၊ လိင္ခြဲျခားမႈမရွိစစ္ေဆးမယ့္ တုိက္ပြဲဝင္ၾကံ့ခုိင္ေရးစစ္ေဆးမႈအသစ္ဟာ ခက္ခဲမွာ ျဖစ္တဲ့အတြက္ စစ္သားေတြအတြက္ စတင္သက္ေရာက္မယ့္ ၂၀၂၀ ခုႏွစ္ ေအာက္တုိဘာလ ၁ ရက္ေန႔မတုိင္ခင္ ၾကံ့ခုိင္ေအာင္ လုပ္ထားဖို႔ စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ Mark A.Milley က တနၤလာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဝါရွင္တန္ဒီစီျမိဳ႕ေတာ္မွာ ျပဳလုပ္တဲ့ အေမရိကန္ျပည္ေထာင္စုတပ္မေတာ္ႏွစ္ပတ္လည္အစညး္အေဝးမွာ “ေနာက္ထပ္ ၂၄ လအတြင္း ၾကံ့ခုိင္မႈအျပည့္ရွိရင္ ရွိ၊ မရွိရင္ေတာ့ တျခားလမ္းတစ္ခုကို သာစဥ္းစားေတာ့” လို႔ ဗိုလ္ခ်ဳပ္ Mark Milley က ေျပာဆုိခဲ့တာပါ။

မိနစ္ ၅၀ ၾကာမယ့္ ဒီစစ္ေဆးမႈမွာ စစ္သားေတြဟာ အေလးမတာ၊ ထုိင္ထ၊ ဒိုက္ထိုးတုန္း လက္ႏွစ္ဖက္ေျမွာက္တာ၊ Pull-Up ၊ အေလးခ်ိတ္ဆြဲျပီး ေျပးတာ၊ တာေဝးေျပးနဲ႔ ခရီးတိုေျပးတာေတြ အကုန္ပါဝင္ပါတယ္။ ဒီလို စစ္ေဆးရတာဟာ စစ္သားတစ္ေယာက္စီရဲ႕ ရုပ္ပိုင္းဆိုင္ရာ ၾကံ့ခုိင္မႈကို အားစိုက္ၾကိဳးပန္းေစခ်င္လို႔လည္း ျဖစ္ပါတယ္။

အသက္အရြယ္ၾကီးတဲ့ စစ္သားၾကီးေတြဟာ ငယ္ရြယ္တဲ့ စစ္သားေတြလို ဒီၾကံ့ခုိင္ေရးစစ္ေဆးမႈကို မေအာင္ျမင္ခဲ့ရင္လုိ႔ Milley ကို ေမးတဲ့အခါ ” ေထာင္နဲ႔ခ်ီတဲ့ စစ္သားေတြ ေသေၾကပ်က္စီးတာကို မလိုခ်င္ပါဘူး။ ဒီ စစ္ေဆးမႈဟာ ခက္ခဲေပမယ့္ ယံုမွားသံသယေတာ့ မရွိသင့္ပါဘူး။ ၾကံ့ခုိင္မႈမရွိတာေၾကာင့္ စစ္ေျမျပင္မွာ စစ္သားလူငယ္ေမာင္မယ္ေတြ အသက္ဆံုးရံႈးရတာမ်ိဳး မျဖစ္ခ်င္ေစတဲ့အတြက္ပါ” လို႔ ေျဖၾကားခဲ့ပါတယ္။

“၁၉၅၀ ခုႏွစ္မွာ ကိုရီးယားကၽြန္းဆြယ္ကို ေစလႊတ္ခဲ့တဲ့ စစ္သားေတြဟာ ရုပ္ပိုင္းဆုိင္ရာအရ ေကာင္းေကာင္းမျပင္ဆင္ထားတဲ့အတြက္ မေရမတြက္ႏုိင္ေအာင္ စစ္ပြဲမွာ အသက္ဆံုးရႈံးခဲ့ရပါတယ္”လို႔လည္း Milley က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

” တိုက္ခုိက္ေရးမွာ လိုအပ္တဲ့ ၾကံ့ခုိင္မႈအားလံုးကို လုပ္ရမွာပါ၊ ဒီ Test ဟာ က်ား၊မ မခြဲျခား၊ အသက္အရြယ္လည္း ခြဲျခားမထားပါဘူး၊ တုိက္ပြဲဝင္တဲ့အခါမွာလည္း ခင္ဗ်ား ဘယ္အသက္အရြယ္ဆိုတာ ရန္သူက ဂရုမစိုက္ပါဘူး။ သူတို႔ ခင္ဗာ်းကုို မပစ္ခင္မွာ ခင္ဗ်ားအသက္ ၂၅ လား၊ ၄၅ လားလို႔ ေမးေနမွာမဟုတ္ဘဲ ပစ္ခ်လိုက္မွာ ၊ ေသဆံုးရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ စစ္သားေတြကို ေျမျပင္တုိက္ခုိက္ေရးပြဲစဥ္ေတြမွာ ထိပ္တန္းၾကံ့ခုိင္မႈအေျခအေနမ်ိဳးရွိဖို႔ လုပ္ထားေစခ်င္တာ ျဖစ္ပါတယ္” လို႔ ရဲရဲေတာက္ေျပာၾကားခဲ့ပါတယ္။

Iwo Jima တိုက္ပြဲ

Iwo Jima တုိက္ပြဲ

Iwo Jima တုိက္ပြဲ

“အာဖဂန္နစၥတန္ရဲ႕ ေတာင္တန္းေတြေပၚမွာ တက္လိုက္၊ ဆင္းလိုက္နဲ႔ တုိက္ပြဲဝင္ေနရတဲ့ ကေလးေတြကို ၾကည့္မလား၊ ဒါမွမဟုတ္ ကၽြန္ေတာ့္အေဖ ဂ်ပန္ႏိုင္ငံ Iwo Jima ကၽြန္းစုကမ္းေျခေတြမွာ ၁၉ ရက္ဆက္တုိက္အစာမစားဘဲ ေနခဲ့ရတဲ့ စစ္တပ္သမုိင္းမွာ အၾကမး္တမး္ဆံုးတုိက္ပြဲေတြကို ၾကည့္မလား၊ တိုက္ပြဲဆိုတာ ေပ်ာ့ညံံ့တဲ့သူေတြအတြက္ မဟုတ္ဘူး” လို႔ သူက ဆက္လက္မွာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီလို ေၾကညာလိုက္တဲ့အတြက္ ေစာဒကတက္မႈေတြ အမ်ားၾကီးရွိလာမယ္လို႔ ခန္႔မွန္းေပမယ့္ စစ္သားအမ်ားစုက တက္တက္ၾကြၾကြပါဝင္မယ္လို႔ Milley က ေမွ်ာ္လင့္ထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider
[Unicode]

၂ နှစ်အတွင်း ကြံ့ခိုင်အောင်လုပ်ရင်လုပ်၊ မလုပ်ရင်ထွက်လို့ ပြောလိုက်တဲ့ US စစ်တပ်ထိပ်တန်းအရာရှိ

၂၀၂၀ခုနှစ်မှာ စတင်မယ့် အမေရိကန်စစ်တပ်ရဲ့ တိုက်ပွဲဝင်ကြံ့ခိုင်ရေးစစ်ဆေးမှုအသစ်အတွက် တိုက်ပွဲခေါ်သံတွေ စတင်လိုက်ပါပြီ။

စစ်တပ်က ပြုလုပ်မယ့် အသက်အရွယ်၊ လိင်ခွဲခြားမှုမရှိစစ်ဆေးမယ့် တိုက်ပွဲဝင်ကြံ့ခိုင်ရေးစစ်ဆေးမှုအသစ်ဟာ ခက်ခဲမှာ ဖြစ်တဲ့အတွက် စစ်သားတွေအတွက် စတင်သက်ရောက်မယ့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မတိုင်ခင် ကြံ့ခိုင်အောင် လုပ်ထားဖို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Mark A.Milley က တင်္နလာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာ ပြုလုပ်တဲ့ အမေရိကန်ပြည်ထောင်စုတပ်မတော်နှစ်ပတ်လည်အစည်းအဝေးမှာ “နောက်ထပ် ၂၄ လအတွင်း ကြံ့ခိုင်မှုအပြည့်ရှိရင် ရှိ၊ မရှိရင်တော့ တခြားလမ်းတစ်ခုကို သာစဉ်းစားတော့” လို့ ဗိုလ်ချုပ် Mark Milley က ပြောဆိုခဲ့တာပါ။

မိနစ် ၅၀ ကြာမယ့် ဒီစစ်ဆေးမှုမှာ စစ်သားတွေဟာ အလေးမတာ၊ ထိုင်ထ၊ ဒိုက်ထိုးတုန်း လက်နှစ်ဖက်မြှောက်တာ၊ Pull-Up ၊ အလေးချိတ်ဆွဲပြီး ပြေးတာ၊ တာဝေးပြေးနဲ့ ခရီးတိုပြေးတာတွေ အကုန်ပါဝင်ပါတယ်။ ဒီလို စစ်ဆေးရတာဟာ စစ်သားတစ်ယောက်စီရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားစိုက်ကြိုးပန်းစေချင်လို့လည်း ဖြစ်ပါတယ်။

အသက်အရွယ်ကြီးတဲ့ စစ်သားကြီးတွေဟာ ငယ်ရွယ်တဲ့ စစ်သားတွေလို ဒီကြံ့ခိုင်ရေးစစ်ဆေးမှုကို မအောင်မြင်ခဲ့ရင်လို့ Milley ကို မေးတဲ့အခါ ” ထောင်နဲ့ချီတဲ့ စစ်သားတွေ သေကြေပျက်စီးတာကို မလိုချင်ပါဘူး။ ဒီ စစ်ဆေးမှုဟာ ခက်ခဲပေမယ့် ယုံမှားသံသယတော့ မရှိသင့်ပါဘူး။ ကြံ့ခိုင်မှုမရှိတာကြောင့် စစ်မြေပြင်မှာ စစ်သားလူငယ်မောင်မယ်တွေ အသက်ဆုံးရှုံးရတာမျိုး မဖြစ်ချင်စေတဲ့အတွက်ပါ” လို့ ဖြေကြားခဲ့ပါတယ်။

“၁၉၅၀ ခုနှစ်မှာ ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်ခဲ့တဲ့ စစ်သားတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ ကောင်းကောင်းမပြင်ဆင်ထားတဲ့အတွက် မရေမတွက်နိုင်အောင် စစ်ပွဲမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်”လို့လည်း Milley က ဆက်လက်ပြောကြားခဲ့ပါတယ်။

” တိုက်ခိုက်ရေးမှာ လိုအပ်တဲ့ ကြံ့ခိုင်မှုအားလုံးကို လုပ်ရမှာပါ၊ ဒီ Test ဟာ ကျား၊မ မခွဲခြား၊ အသက်အရွယ်လည်း ခွဲခြားမထားပါဘူး၊ တိုက်ပွဲဝင်တဲ့အခါမှာလည်း ခင်ဗျား ဘယ်အသက်အရွယ်ဆိုတာ ရန်သူက ဂရုမစိုက်ပါဘူး။ သူတို့ ခင်ဗာျးကို မပစ်ခင်မှာ ခင်ဗျားအသက် ၂၅ လား၊ ၄၅ လားလို့ မေးနေမှာမဟုတ်ဘဲ ပစ်ချလိုက်မှာ ၊ သေဆုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စစ်သားတွေကို မြေပြင်တိုက်ခိုက်ရေးပွဲစဉ်တွေမှာ ထိပ်တန်းကြံ့ခိုင်မှုအခြေအနေမျိုးရှိဖို့ လုပ်ထားစေချင်တာ ဖြစ်ပါတယ်” လို့ ရဲရဲတောက်ပြောကြားခဲ့ပါတယ်။

Iwo Jima တိုက်ပွဲ

Iwo Jima တိုက်ပွဲ

Iwo Jima တိုက်ပွဲ

“အာဖဂန်နစ္စတန်ရဲ့ တောင်တန်းတွေပေါ်မှာ တက်လိုက်၊ ဆင်းလိုက်နဲ့ တိုက်ပွဲဝင်နေရတဲ့ ကလေးတွေကို ကြည့်မလား၊ ဒါမှမဟုတ် ကျွန်တော့်အဖေ ဂျပန်နိုင်ငံ Iwo Jima ကျွန်းစုကမ်းခြေတွေမှာ ၁၉ ရက်ဆက်တိုက်အစာမစားဘဲ နေခဲ့ရတဲ့ စစ်တပ်သမိုင်းမှာ အကြမ်းတမ်းဆုံးတိုက်ပွဲတွေကို ကြည့်မလား၊ တိုက်ပွဲဆိုတာ ပျော့ညံံ့တဲ့သူတွေအတွက် မဟုတ်ဘူး” လို့ သူက ဆက်လက်မှာကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကြေညာလိုက်တဲ့အတွက် စောဒကတက်မှုတွေ အများကြီးရှိလာမယ်လို့ ခန့်မှန်းပေမယ့် စစ်သားအများစုက တက်တက်ကြွကြွပါဝင်မယ်လို့ Milley က မျှော်လင့်ထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider

Related Posts

4G ထက္ပိုမိုဆန္းသစ္ၿပီး 5G အသြား ခရီးလမ္းကို ပံ့ပိုးေနတဲ့ 4.5G

by . 2 weeks ago

ဒီ Plastic Challenge ကို ဘယ်သူတွေ Accepted လုပ်ပြီးကြပြီလဲ

by . 4 weeks ago

မေကာင္းျမင္တတ္တဲ့သူေတြနဲ႔ ေျပာဆိုဆက္ဆံရတဲ့အရသာရွိမႈ

by . 4 weeks ago

အနာအဆာျဖစ္ေနတဲ့ ကမာၻႀကီးကို ေလွ်ာ့ခ်ျခင္း နည္းလမ္းနဲ႔ အရင္ကယ္တင္ရေအာင္

by . 1 month ago

အိမ္သာဘိုထိုင္ခံုထက္ ပိုညစ္ပတ္တဲ့ သင့္အနီးအနားက အရာေတြ (၂)

by . 1 month ago

Back to Top