[Zawgyi]

စဲြမက္ဖြယ္ ေရာင္စံူႏႈတ္ခမ္းနီေတြရဲ႕ေနာက္ကြယ္မွာ ပုန္းေအာင္းေနတဲ႔ အဆိပ္

မိန္းမဆိုတဲ႔ အမ်ဳိးကလည္း လွခ်င္ပခ်င္တဲ႔သူဆိုေတာ့ Shopping Center ကို မေရာက္လိုက္နဲ႔ ေရာက္လိုက္တာနဲ႔ အလွအပ ပစၥည္းေကာင္တာကေန မခြာဘဲ ဟိုဟာေလးလည္းလိုခ်င္ ဒီဟာေလးလိုခ်င္ၿပီး ဘာဝယ္ရမလဲမသိျဖစ္ကာ ေဝခဲြမရၾကပါဘူး။ အဲဒီမွာႏႈတ္ခမ္းနီေရာင္စံုေလးေတြ မေတြ႔လိုက္နဲ႔ ေတြ႔လုိက္တာနဲ႔ အဲႏႈတ္ခမ္းနီေကာင္တာနားကေန မခြာေတာ့ပါဘူး။ အဲလိုႏႈတ္ခမ္းနီေရာင္စံုေတြက ဆဲြေဆာင္မႈအားေကာင္းသလုိ မျမင္ႏိုင္တဲ႔ အဆိပ္ေတြလည္း ရွိတယ္လို႔ေျပာရင္ ယံုၾကမလားေတာ့ မသိဘူး။

အစားအစာနဲ႔ ေဆးဝါးခန္႔ခဲြမႈက အလွကုန္ပစၥည္းေတြ ေဘးကင္းစိတ္ခ်မႈလံုျခံဳမႈရွိမရွိနဲ႔ပတ္သက္ၿပီး ၂၀၀၇ ခုနစ္တုန္းက Campaign ေတြနဲ႔ သုေတသနေတြျပဳလုပ္ခဲ႔ၾကရာမွ အမ်ဳိးမ်ဳိးေသာႏႈတ္ခမ္းနီေတြထဲမွာ ခဲေတြပါဝင္ေနတာကို ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။ လူႀကိဳက္မ်ားတဲ႔ နာမည္ေက်ာ္ႏႈတ္ခမ္းနီ Brand ၃၃ ခုကို စစ္ေဆးၾကည္႔ခဲ႔တဲ႔အခါမွာလည္း ခဲ ၆၁ ရာခိုင္ႏႈန္း ပါဝင္ေနတာကို စစ္ေဆးေတြ႔ရွိခဲ႔ပါတယ္။ ၂၀၁၀ ခုနစ္မွာ ႏႈတ္ခမ္းနီအမ်ဳိးအစားကဲြ ၄၀၀ ကို FDA က ေလ့လာမႈျပဳလုပ္တဲ႔အခါမွာလည္း ခဲေတြပါဝင္ေနတာကို ထပ္မံေတြ႔ရွိခဲ႔ပါတယ္။ California တကၠသိုလ္က သုေတသနပညာရွင္ေတြက ႏႈတ္ခမ္းနီေတြမွာ ခဲေတြကိုသာရွာေဖြေတြ႔ရွိခဲဲ့ရုံတင္မကဘဲ အဆိပ္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြျဖစ္တဲ႔ Chromium ၊ Aluminum နဲ႔ Manganese ကဲ႔သို႔ေသာ ဓာတုပစၥည္းေတြကိုပါ ေတြ႔ရွိခဲ႔ပါတယ္။ ဒီဓာတုပစၥည္းေတြက အလွကုန္ပစၥည္းေတာ္ေတာ္မ်ားမ်ားမွာလည္း ပါဝင္ေနပါတယ္။

“ႏႈတ္ခမ္းနီေတြမွာ ခဲေတြဆိုးရြာစြာပါဝင္တာက အမ်ဳိးသမီးေတြနဲ႕ ကေလးေတြကို ႀကီးမားတဲ႔ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေစပါတယ္လို႔” ရင္သားကင္ဆာတားဆီးကာကြယ္ေရးအဖဲြ႔ရဲ႕ ညႊန္ၾကားေရးမႈးလည္းျဖစ္ၿပီး Safe Cosmetics အတြက္လႈပ္ရွားတဲ႔ BCPP Campaign ရဲ႕ ဒါရုိက္တာလည္းျဖစ္သူ Janet Nudelman က ေျပာၾကားထားပါတယ္။ အမ်ဳိးသားေတြအေနနဲ႔လည္း အလွျပင္ပစၥည္းေတြ မသံုးတဲ႔အတြက္ ခဲေၾကာင္႔ျဖစ္တဲ႔ ေရာဂါေဝဒနာေတြကို မခံစားရဘူးလို႔ မထင္လိုက္ပါနဲ႔။ အမ်ဳိးသားဆံပင္ဆိုးေဆးေတြမွာ ခဲေတြပါဝင္တဲ႔အတြက္ ထိုဆံပင္ဆိုးေဆးေတြကေန ခဲေတြနဲ႔ထိေတြ႔မိၿပီး ဆိုးရြာတဲ႔ က်န္းမာေရးျပသာနာေတြကို ခံစားရႏိုင္ပါတယ္။

ခဲထိေတြ႔ျခင္းေၾကာင့္ျဖစ္တ႔ဲ႔ က်န္းမာေရးျပသာနာက ႀကီးမားတဲ႔အတြက္ ေယာက်ာ္း ၊ မိန္းမ အသက္အရြယ္မေရြး ခဲပါဝင္တဲ႔ပစၥည္းေတြကို အသံုးျပဳရင္ သတိထားသင္႔ပါတယ္။ ကေလးငယ္ေတြက ဦးေႏွာက္အျပည္႔အဝမဖြြံ႔ၿဖိဳးေသးတဲ႔အတြက္ ခဲနဲ႔မၾကာခဏထိေတြ႔မိရင္ က်န္းမာေရးထိခိုက္မႈေတြ မ်ားစြာခံစားရႏိုင္ပါတယ္။ ဒါေၾကာင္႔မို႔ ကေလးေတြအတြက္ အသံုးျပဳတဲ႔ပစၥည္းေတြမွာ ခဲပါဝင္မႈရွိမရွိ အထူးဂရုျပဳစစ္ေဆးသင့္ပါတယ္။ ခဲနဲဲ႔ထိေတြ႔မႈမ်ားလာတဲ႔အခါ အာရုံေၾကာေတြထိခိုက္လာၿပီး ဦးေႏွာက္ျဖစ္စဥ္ေတြ ေႏွာင္႔ေႏွးသြားေစႏိုင္ပါတယ္လို႔ EWG Healthy Living Science ရဲ႕ ဒါရုိက္တာျဖစ္သူ Nneka Leiba က ရွင္းျပထားပါတယ္။

ခဲပမာဏအနည္းအမ်ားထိေတြ႔မႈေပၚမူတည္ၿပီး က်န္းမာေရးထိခိုက္မႈေတြကလည္း အနည္းအမ်ားကဲြျပားသြားပါတယ္။ ပမာဏနည္းနည္းပဲထိေတြ႔မိရင္ အားနည္းျခင္း၊ ေသြးဖိအားတိုးျခင္းနဲ႔ ေသြးအားနည္းျခင္း အစရွိတဲ့ လကၡဏေတြေလာက္သာျဖစ္ပြားႏိုင္ၿပီး ပမာဏမ်ားမ်ားထိေတြ႔မိရင္ေတာ့ ဦးေႏွာက္၊ ေက်ာက္ကပ္နဲ႔ အျခားေသာကိုယ္အဂါၤအစိတ္အပိုင္းေတြ ပ်က္စီးရာမွ အသက္အႏၱရာယ္ဆံုးရႈံးတဲ႔အထိ ျဖစ္ပြားႏိုင္ပါတယ္။

လွခ်င္လြန္းလို႔ ႏႈတ္ခမ္းနီဆိုးရာမွ အသက္အႏၱရာယ္ထိခိုက္တဲ႔အထိ မျဖစ္ပြားဖို႔အတြက္ ကိုယ္ႏွစ္သက္တဲ့ Brand က ႏႈတ္ခမ္းနီေတြကို ဝယ္ယူတဲ႔အခါမွာ ခဲပါဝင္မႈရွိမရွိ ေသခ်ာစစ္ေဆးၿပီးမွ ဝယ္ယူ အသံုးျပဳဖို႔အႀကံျပဳလိုက္ပါရေစ။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စွဲမက်ဖွယ် ရောင်စူံနှုတ်ခမ်းနီတွေရဲ့နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ အဆိပ်

မိန်းမဆိုတဲ့ အမျိုးကလည်း လှချင်ပချင်တဲ့သူဆိုတော့ Shopping Center ကို မရောက်လိုက်နဲ့ ရောက်လိုက်တာနဲ့ အလှအပ ပစ္စည်းကောင်တာကနေ မခွာဘဲ ဟိုဟာလေးလည်းလိုချင် ဒီဟာလေးလိုချင်ပြီး ဘာဝယ်ရမလဲမသိဖြစ်ကာ ဝေခွဲမရကြပါဘူး။ အဲဒီမှာနှုတ်ခမ်းနီရောင်စုံလေးတွေ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ အဲနှုတ်ခမ်းနီကောင်တာနားကနေ မခွာတော့ပါဘူး။ အဲလိုနှုတ်ခမ်းနီရောင်စုံတွေက ဆွဲဆောင်မှုအားကောင်းသလို မမြင်နိုင်တဲ့ အဆိပ်တွေလည်း ရှိတယ်လို့ပြောရင် ယုံကြမလားတော့ မသိဘူး။

အစားအစာနဲ့ ဆေးဝါးခန့်ခွဲမှုက အလှကုန်ပစ္စည်းတွေ ဘေးကင်းစိတ်ချမှုလုံခြုံမှုရှိမရှိနဲ့ပတ်သက်ပြီး ၂၀၀၇ ခုနစ်တုန်းက Campaign တွေနဲ့ သုတေသနတွေပြုလုပ်ခဲ့ကြရာမှ နှုတ်ခမ်းနီအမျိုးမျိုးတွေထဲမှာ ခဲတွေပါဝင်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူကြိုက်များတဲ့ နာမည်ကျော်နှုတ်ခမ်းနီ Brand ၃၃ ခုကို စစ်ဆေးကြည့်ခဲ့တဲ့အခါမှာလည်း ခဲ ၆၁ ရာခိုင်နှုန်း ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ၂၀၁၀ ခုနစ်မှာ နှုတ်ခမ်းနီအမျိုးအစားကွဲ ၄၀၀ ကို FDA က လေ့လာမှုပြုလုပ်တဲ့အခါမှာလည်း ခဲတွေပါဝင်နေတာကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ California တက္ကသိုလ်က သုတေသနပညာရှင်တွေက နှုတ်ခမ်းနီတွေမှာ ခဲတွေကိုသာရှာဖွေတွေ့ရှိခဲ့ရုံတင်မကဘဲ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ Chromium ၊ Aluminum နဲ့ Manganese ကဲ့သို့သော ဓာတုပစ္စည်းတွေကိုပါ တွေ့ရှိခဲ့ပါတယ်။ ဒီဓာတုပစ္စည်းတွေက အလှကုန်ပစ္စည်းတော်တော်များများမှာလည်း ပါဝင်နေပါတယ်။

“နှုတ်ခမ်းနီတွေမှာ ခဲတွေဆိုးရွာစွာပါဝင်တာက အမျိုးသမီးတွေနဲ့ ကလေးတွေကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်လို့” ရင်သားကင်ဆာတားဆီးကာကွယ်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးလည်းဖြစ်ပြီး Safe Cosmetics အတွက်လှုပ်ရှားတဲ့ BCPP Campaign ရဲ့ ဒါရိုက်တာလည်းဖြစ်သူ Janet Nudelman က ပြောကြားထားပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အလှပြင်ပစ္စည်းတွေ မသုံးတဲ့အတွက် ခဲကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာတွေကို မခံစားရဘူးလို့ မထင်လိုက်ပါနဲ့။ အမျိုးသားဆံပင်ဆိုးဆေးတွေမှာ ခဲတွေပါဝင်တဲ့အတွက် ထိုဆံပင်ဆိုးဆေးတွေကနေ ခဲတွေနဲ့ထိတွေ့မိပြီး ဆိုးရွာတဲ့ ကျန်းမာရေးပြသာနာတွေကို ခံစားရနိုင်ပါတယ်။

ခဲထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြသာနာက ကြီးမားတဲ့အတွက် ယောကျာ်း ၊ မိန်းမ အသက်အရွယ်မရွေး ခဲပါဝင်တဲ့ပစ္စည်းတွေကို အသုံးပြုရင် သတိထားသင့်ပါတယ်။ ကလေးငယ်တွေက ဦးနှောက်အပြည့်အဝမဖွံ့ဖြိုးသေးတဲ့အတွက် ခဲနဲ့မကြာခဏထိတွေ့မိရင် ကျန်းမာရေးထိခိုက်မှုတွေ များစွာခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေအတွက် အသုံးပြုတဲ့ပစ္စည်းတွေမှာ ခဲပါဝင်မှုရှိမရှိ အထူးဂရုပြုစစ်ဆေးသင့်ပါတယ်။ ခဲနဲ့ထိတွေ့မှုများလာတဲ့အခါ အာရုံကြောတွေထိခိုက်လာပြီး ဦးနှောက်ဖြစ်စဉ်တွေ နှောင့်နှေးသွားစေနိုင်ပါတယ်လို့ EWG Healthy Living Science ရဲ့ ဒါရိုက်တာဖြစ်သူ Nneka Leiba က ရှင်းပြထားပါတယ်။

ခဲပမာဏအနည်းအများထိတွေ့မှုပေါ်မူတည်ပြီး ကျန်းမာရေးထိခိုက်မှုတွေကလည်း အနည်းအများကွဲပြားသွားပါတယ်။ ပမာဏနည်းနည်းပဲထိတွေ့မိရင် အားနည်းခြင်း၊ သွေးဖိအားတိုးခြင်းနဲ့ သွေးအားနည်းခြင်း အစရှိတဲ့ လက္ခဏာတွေလောက်သာဖြစ်ပွားနိုင်ပြီး ပမာဏများများထိတွေ့မိရင်တော့ ဦးနှောက်၊ ကျောက်ကပ်နဲ့ အခြားကိုယ်အဂါၤအစိတ်အပိုင်းတွေ ပျက်စီးရာမှ အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

လှချင်လွန်းလို့ နှုတ်ခမ်းနီဆိုးရာမှ အသက်အန္တရာယ်ထိခိုက်တဲ့အထိ မဖြစ်ပွားဖို့အတွက် ကိုယ်နှစ်သက်တဲ့ Brand က နှုတ်ခမ်းနီတွေကို ဝယ်ယူတဲ့အခါမှာ ခဲပါဝင်မှုရှိမရှိ သေချာစစ်ဆေးပြီးမှ ဝယ်ယူ အသုံးပြုဖို့အကြံပြုလိုက်ပါရစေ။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။