[Zawgyi]
Bright-Crystal
yellow-diamond
၃။ Versace Crystal Noir
Crystal-Noir
၎။ Versace Vanitas
Vanitas
၅။ Versace Versus
Versus
Redrose (Akhayar)
www.akhayar.com
[Unicode]
Versace ရဲ့ လူကြိုက်အများဆုံးရေမွှေး ၅ခု
Versace ဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ Luxury Fashion Brand တစ်ခုပဲဖြစ်ပါတယ်။ Versace Brand ရဲ့ ထူးခြားချက်က သူ့ရဲ့ Medusa တံဆိပ်ပဲဖြစ်ပါတယ်။ ဒီတံဆိပ်ကို မြင်လိုက်တာနဲ့ တန်းသိနိုင်လောက်အောင်ကို ထူးခြားနေခဲ့တာဖြစ်ပါတယ်။
Versace မှာ Clothing၊ Shoe နဲ့ Bag အပြင် Perfume တွေကိုပါ ထုတ်လုပ်ပါသေးတယ်။ Products တိုင်းဟာ ထုတ်လုပ်တဲ့ဒီဇိုင်းတွေအားလုံးထူးခြားပြီး Quality ကောင်းလွန်းတဲ့အတွက် တန်ကြေးအရမ်းကြီးလှပါတယ်။ ဒါ့အပြင် သူ့ရဲ့ Perfume Collection တွေဟာလည်း တန်ဖိုးကြီးလှပါတယ်။ Perfume တွေထဲကမှ လူကြိုက်အများဆုံး ရေမွှေး ၅ခုကို ပြောပြချင်ပါတယ်။
၁။ Versace Bright Crystal
Bright-Crystal
Source : https://www.fragrancenet.com
Versace’s Bright Crystal က ထုတ်လုပ်ခဲ့တာက ၂၀၀၆ ခုနှစ်ကဖြစ်ပါတယ်။ Magnolia ပန်းနဲ့ ကြာပန်းရနံ့ကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အနည်းငယ်ဆွတ်ဖျန်းလိုက်တာနဲ့ တစ်နေကုန်ကို မွှေးပျံ့ပြီး လန်းဆန်းသွားစေပါတယ်။ ပေါ့ပေ့ါပါးပါးနဲ့ တစ်နေကုန်မွှေးနေစေပါတယ်။ Versace Bright Crystal 1.7oz ကို $ 34.75 ရှိပါတယ်။
၂။ Versace Yellow Diamond
yellow-diamond
Source : https://www.fragrancenet.com
၂၀၁၁ ခုနှစ်က စတင်ဖြန့်ချိတာဖြစ်ပါတယ်။ Yellow Diamond က Versace ရောင်းချနေတဲ့ “Crystal” Perfume Collection ထဲမှာပါပါတယ်။ သူရဲ့ ရနံ့က Lemon ၊ Mimosa လို့ခေါ်တဲ့ ပန်းရနံ့ နဲ့ သစ်တော်သီးတို့အပြင် သစ်ခေါက်ရနံ့သင်းသင်းလေးတွေနဲ့လည်း ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် နေ့ဘက်တွေမှာ ဆွတ်သင့်တဲ့ Perfume တစ်ခုဖြစ်ပါတယ်။ 3oz ကို $38.24 ရှိပါတယ်။
၃။ Versace Crystal Noir
Crystal-Noir
Source : https://www.fragrancenet.com
Crystal Noir က အနံ့ပြင်းတဲ့အတွက် ကိုယ်သဘောကျတဲ့သူကို ဆွဲဆောင်ချင်တဲ့အခါ၊ ပွဲလမ်းသဘင်သွားတဲ့အခါ (ဒါမှမဟုတ်) ညဘက် Night Out ထွက်တဲ့အခါတွေမှ ဆွတ်သင့်ပါတယ်။ Crystal Noir တစ်ချက်ဆွတ်လိုက်တာနဲ့ မကြွေဘဲမနေနိုင်တဲ့သူဆိုတာ မရှိနိုင်လောက်အောင်ကို ညှို့နိုင်တာဖြစ်ပါတယ်။ 3oz ကို $45.21 ရှိပါတယ်။
၄။ Versace Vanitas
Vanitas
Source : https://perfumery.co.in
Vanitas ရေမွှေးက ၁၈ရာစုက အနုပညာရှင်တွေအရမ်းကို ကြိုက်နှစ်သက်ခဲ့တဲ့ ရေမွှေးတစ်ခုဖြစ်ပါတယ်။ သူ့ရနံ့လေးက သင်းသင်းလေးနဲ့ လန်းစေတယ်။ Aroma ပန်းရနံ့ နဲ့ Citrus Notes နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပန်းရနံ့သင်းသင်းလေးရပေမယ့် Earth Notes လေးတွေပေါင်းစပ်ပြီး ထုတ်ထားတာဖြစ်တဲ့အတွက် Vanitas ရေမွှေးရနံ့လေးကို ရတဲ့သူတိုင်း လည်ပြန်ငေးမကြည့်ဘဲမနေနိုင်အောင်ကို သင်းပြီး မွှေးနေစေပါတယ်။ $29.72 လောက်ရှိပါတယ်။
၅။ Versace Versus
Versus
Source : https://www.notino.co.uk
Versus က ၁၉၉၂ ခုနစ်က ထုတ်လုပ်တာဖြစ်ပါတယ်။ သူကတော့ နွေရာသီလိုပူတဲ့အချိန်မျိုးမှာ လန်းဆန်းစေအောင်၊ အမြဲတမ်းစိတ်ကြည်နေအောင် ပြုလုပ်ပေးနေမယ့် ရနံ့မျိုးပဲဖြစ်ပါတယ်။ ထုတ်လုပ်ထားတဲ့ ရနံ့လေးတွေကိုက Lemon၊ Star Apple နဲ့ Kumquat အသီးတို့ ရနံ့တွေပါဝင်တဲ့အတွက် ဘယ်လောက်ပူပြင်းလို့ပဲ ပင်ပန်းပင်ပန်း Versus ဆွတ်ထားရင် တစ်ချက်မှာ မပင်ပန်းစေရပါဘူး။ $30 နဲ့ $ 40 ဝန်းကျင်ကြားမှာရှိပါတယ်။
Admin အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ Crystal Noir ပဲဖြစ်ပါတယ်။ အများနဲ့ မတူဘဲ ခွဲထွက်နေတယ်လေ။ အားလုံးကိုလည်း အထူးတလည်ဆွဲဆောင်နေစရာမလိုတော့ဘူးဆိုတော့ Queen တစ်ယောက်လိုပဲ ခေါင်းမော့ပြီး လျှောက်သွားနေလိုက်ရုံပဲလေ။
Redrose (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။