[Zawgyi]

က်န္းမာၾကံ႕ခိုင္ ဉာဏ္ရည္ေကာင္းဖို႔ မျဖစ္မေနစားသင့္တဲ့ မနက္စာမ်ား

လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္တစ္ခုလံုးပံုမွန္လည္ပတ္ေနဖို႔ဆို စိတ္ေရာ၊ ကိုယ္အျပင္ ဦးေႏွာက္ပါ သန္စြမ္းထက္ျမက္ေနမွ ျဖစ္မွာပါ။ စိတ္အာဟာရအတြက္ စာေတြဖတ္ရသလို၊ ကိုယ္ခႏၶာနဲ႔ ဦးေႏွာက္အာဟာရအတြက္ဆိုရင္ေတာ့ စားေသာက္ေနထိုင္မႈနဲ႔ ဆိုင္တဲ့ က်န္းမာေရးအသိအျမင္ေတြ လိုအပ္လာပါၿပီ။

မနက္စာကို တစ္ရက္မပ်က္ ပံုမွန္စားေပးျခင္းဟာ ေရႊထက္အဖိုးတန္တဲ့ သဘာဝ က်န္းမာေရးေဆးဝါးတစ္လက္ပါ။ ခႏၶာကိုယ္ပဋိဇီဝဓါတ္ေတြကို အားတိုးေစျခင္း၊ ေသြးတြင္းသၾကားဓါတ္ကို တည္ၿငိမ္ေစျခင္း၊ ခႏၶာကိုယ္အာဟာရရွိရံုသာမက လုပ္ငန္းတြင္းစြမ္းေဆာင္ရည္ပိုမိုသာလြန္ေစျခင္း၊ မနက္စာျပည့္ျပည့္ဝဝစားထားရင္ ေန႔လယ္စာ အလြန္အကြ်ံစားသံုးမိျခင္းေတြ မရွိေတာ့ျခင္း၊ အေရးအႀကီးဆံုးကေတာ့ ဉာဏ္ရည္ပိုထက္ျမက္လာၿပီး ႏွလံုးေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလ်ာ့ပါးေစျခင္းစတဲ့ အက်ိဳးေက်းဇူးေတြအမ်ားႀကီး ရေစႏိုင္ပါတယ္။

ဒါေပမယ့္ အဲ့ဒီလို အဖိုးမျဖတ္ႏိုင္တဲ့ မနက္စာကို စားသံုးတဲ့အခါမွာလည္း ခႏၶာကိုယ္အတြက္ လိုအပ္တဲ့အာဟာရဓါတ္ေတြ ျပည့္ျပည့္ဝဝပါဝင္ေစမယ့္ အစားအစာေရြးခ်ယ္တတ္ဖို႔ အလြန္အေရးႀကီးပါတယ္။ က်န္းမာေရးနဲ႔မညီညြတ္တဲ့ ဆီေၾကာ္ေတြ၊ အာဟာရဓါတ္နည္းတဲ့မနက္စာေတြဆို ပိုေလးလံထိုင္းမိႈင္းၿပီး ေဆးမျဖစ္ဘဲ ေဘးပါျဖစ္သြားေစႏိုင္ပါတယ္။

ေလ့လာမႈေတြအရ အေကာင္းဆံုးမနက္စာအတြက္ အာဟာရအရွိဆံုး အစားအစာေတြကိုေရြးခ်ယ္လိုက္တဲ့အခါ-

(၁) အုတ္ဂ်ံဳမ်ား (Oats )

အာဟာရဓါတ္ေတြ၊ အမွ်င္ဓါတ္ေတြအျပည့္ပါဝင္ေနတဲ့အျပင္ ကိုလက္စထေရာဓါတ္ေတြကိုပါ သိသိသာသာေလ်ာ့က်ေစတဲ့ အုတ္ဂ်ံဳကေတာ့ မစားမျဖစ္စားသင့္တဲ့မနက္စာပါ။ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညွိတဲ့အျပင္ ကိုယ္အေလးခ်ိန္ပါက်ေစတဲ့အစြမ္းလည္းရွိပါတယ္။ လူမ်ိဳးဘာသာမေရြးအတြက္ အဆင္ေျပဆံုးမနက္စာပါ။

(၂) ေကာက္ပဲအႏွံ၊ အခြံမာသီး၊ သစ္စီးေျခာက္တို႔နဲ႔ ျပဳလုပ္ထားတဲ့ Muesli

Muesli ကေတာ့ ေကာက္ပဲသီးႏွံ၊ အခြံမာသစ္ဥသစ္ဖု၊ အေစ့အဆံေတြနဲ႔ ဖြဲ႕စည္းထားတာမို႔ အာဟာရဓါတ္ အစံုအလင္ပါတဲ့အျပင္ ႏွလံုးအတြက္္ သိသိသာသာအေထာက္အကူျဖစ္ေစပါတယ္။ သၾကားဓါတ္နဲ႔ ကယ္လိုရီအနည္းဆံုးမနက္စာဆိုလည္း မမွားပါဘူး။ Muesli ကို ႏို႔နဲ႔ တြဲဖက္စားတဲ့အခါမွာလည္းပ႐ိုတင္းဓါတ္ေတြပါ ႂကြယ္ဝလာတဲ့အတြက္ အသင့္ေတာ္ဆံုး မနက္စာပါပဲ။

(၃) Coffee

ေကာ္ဖီနဲ႔ပတ္သက္ၿပီး ေနာက္ဆံုးေလ့လာခ်က္ေတြအရ မနက္စာေကာ္ဖီပူပူေလးတစ္ခြက္ေသာက္လိုက္ျခင္းက တစ္ေန႔တာလံုးကို လန္းဆန္းေနေစပါတယ္တဲ့။ ေကာ္ဖီေသာက္ျခင္းက ကင္ဆာျဖစ္တန္စြမ္းေတြ၊ ႏွလုံးေရာဂါ နဲ႔ ဆီးခ်ိဳေရာဂါေတြကို ေလ်ာ့က်ေစတယ္လုိ႔ သုေတသနမွာ ေဖာ္ျပထားပါတယ္။ သက္ႀကီးရြယ္အုိေတြမွာ အျဖစ္မ်ားတဲ့ ပါကင္ဆန္ေရာဂါ (Parkinson’s disease) ကုိေတာင္ ၃ဝ ရာခုိင္ႏႈန္းအထိ ကာကြယ္ႏိုင္ပါတယ္။ ဒ့ါအျပင္ ေကာ္ဖီေသာက္သံုးသူေတြဟာ ေကာ္ဖီမေသာက္တဲ့သူေတြထက္ အသက္ရွည္ရွည္ ေနထိုင္ႏိုင္ၾကတယ္လို႔ ဆိုထားၾကပါေသးတယ္။ အဲ့ဒါမို႔ မနက္စာစားရင္း က်န္းမာေရးေကာင္းက်ိဳးမ်ားတဲ့ ေကာ္ဖီေလးတစ္ခြက္နဲ႔တစ္ေန႔တာအတြက္ ခြန္အားယူလို႔ရပါေသးတယ္။

(၄) ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမ်ား

လြယ္လြယ္ကူကူနဲ႔ အေကာင္းဆံုးမနက္စာအတြက္ဆို ႏြားႏို႔ေလးေသာက္ရင္း၊ ေပါင္မုန္႔မီးကင္ေထာပတ္သုတ္ေလးျဖစ္ျဖစ္၊ ေပါင္မုန္႔ဒိန္ခဲညႇပ္စတဲ့ ႏို႔ကရတဲ့ အာဟာရမနက္စာေတြက အရသာလည္းရွိ၊ က်န္းမာေရးနဲ႔လည္း ညီေစပါတယ္။ အ႐ိုးက်န္းမာေရးအတြက္လည္း အထိေရာက္ဆံုးအာဟာရဓါတ္ကို ႏို႔ထြက္ပစၥည္းေတြမွ ရႏိုင္ပါတယ္။

(၅) Peanut Butter

Peanut Butter ဆိုတဲ့ ေျမပဲေထာပတ္ဟာလည္း လြယ္လြယ္ကူကူတြဲစားလို႔ရတဲ့ အရသာအရွိဆံုးမနက္စာပါ။ ဒါ့အျပင္ Peanut Butter စားသံုးျခင္းဟာ အာရံုေၾကာနဲ႔ ႂကြက္သားေတြအတြက္အက်ိဳးရွိျခင္း၊ အမွ်င္ဓါတ္ႂကြယ္ဝတာမို႔ အစာေၾကလြယ္ျခင္း၊ ႏွလံုးပိုမိုအားေကာင္းျခင္းနဲ႔ ကိုယ္အေလးခ်ိန္ထိန္းညွိေပးျခင္းစတဲ့ အက်ိဳးေတြပါ အံ့မခန္းရႏိုင္ပါတယ္တဲ့။ ေပါင္မုန္႔ေလးနဲ႔တြဲစားရင္လည္း ခ်ိဳဆိမ့္သက္တဲ့အရသာေလးမို႔ မနက္စာအတြက္မပါမျဖစ္စားသင့္တဲ့အာဟာရတစ္မ်ိဳးပါ။

အလုပ္နဲ႔အိမ္၊ အိမ္နဲ႔ေက်ာင္းေျပးေနရတဲ့ ေန႔စဥ္ဘဝကလူေတြအတြက္ မနက္စာပံုမွန္ စားဖို႔ဆိုတာ ကသီလင္တႏိုင္တယ္ထင္ရေပမယ့္ က်န္အစားအစာေတြထက္ မနက္စာတစ္နပ္က ဦးေႏွာက္ဖြံ႔ၿဖိဳးမႈနဲ႔ က်န္းမာေရးအတြက္ပါ ထင္မထားတဲ့အက်ိဳးေက်းဇူးေတြအမ်ားအျပားရေစတာမို႔ ေရႊထက္အဖိုးတန္တဲ့ အသက္ရွည္ေဆးတစ္လက္လို႔ ၫႊန္းရမလိုပါပဲ။ ဒါ့ေၾကာင့္ အထက္ေဖာ္ျပပါ မနက္စာေတြကို ေန႔စဥ္ပံုမွန္ စနစ္တက်ေရြးခ်ယ္စားေသာက္ရင္း ခႏၶာကိုယ္အတြက္အေကာင္းဆံုး ျပဳစုေစာင့္ေရွာက္ဖို႔ ေဝမွ်ေပးလိုက္ရပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ကျန်းမာကြံ့ခိုင် ဉာဏ်ရည်ကောင်းဖို့ မဖြစ်မနေစားသင့်တဲ့ မနက်စာများ

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပုံမှန်လည်ပတ်နေဖို့ဆို စိတ်ရော၊ ကိုယ်အပြင် ဦးနှောက်ပါ သန်စွမ်းထက်မြက်နေမှ ဖြစ်မှာပါ။ စိတ်အာဟာရအတွက် စာတွေဖတ်ရသလို၊ ကိုယ်ခန္ဓာနဲ့ ဦးနှောက်အာဟာရအတွက်ဆိုရင်တော့ စားသောက်နေထိုင်မှုနဲ့ ဆိုင်တဲ့ ကျန်းမာရေးအသိအမြင်တွေ လိုအပ်လာပါပြီ။

မနက်စာကို တစ်ရက်မပျက် ပုံမှန်စားပေးခြင်းဟာ ရွှေထက်အဖိုးတန်တဲ့ သဘာဝ ကျန်းမာရေးဆေးဝါးတစ်လက်ပါ။ ခန္ဓာကိုယ်ပဋိဇီဝဓါတ်တွေကို အားတိုးစေခြင်း၊ သွေးတွင်းသကြားဓါတ်ကို တည်ငြိမ်စေခြင်း၊ ခန္ဓာကိုယ်အာဟာရရှိရုံသာမက လုပ်ငန်းတွင်းစွမ်းဆောင်ရည်ပိုမိုသာလွန်စေခြင်း၊ မနက်စာပြည့်ပြည့်ဝဝစားထားရင် နေ့လယ်စာ အလွန်အကျွံစားသုံးမိခြင်းတွေ မရှိတော့ခြင်း၊ အရေးအကြီးဆုံးကတော့ ဉာဏ်ရည်ပိုထက်မြက်လာပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ပါးစေခြင်းစတဲ့ အကျိုးကျေးဇူးတွေအများကြီး ရစေနိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒီလို အဖိုးမဖြတ်နိုင်တဲ့ မနက်စာကို စားသုံးတဲ့အခါမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ ပြည့်ပြည့်ဝဝပါဝင်စေမယ့် အစားအစာရွေးချယ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီကြော်တွေ၊ အာဟာရဓါတ်နည်းတဲ့မနက်စာတွေဆို ပိုလေးလံထိုင်းမှိုင်းပြီး ဆေးမဖြစ်ဘဲ ဘေးပါဖြစ်သွားစေနိုင်ပါတယ်။

လေ့လာမှုတွေအရ အကောင်းဆုံးမနက်စာအတွက် အာဟာရအရှိဆုံး အစားအစာတွေကိုရွေးချယ်လိုက်တဲ့အခါ-

(၁) အုတ်ဂျုံများ (Oats )

အာဟာရဓါတ်တွေ၊ အမျှင်ဓါတ်တွေအပြည့်ပါဝင်နေတဲ့အပြင် ကိုလက်စထရောဓါတ်တွေကိုပါ သိသိသာသာလျော့ကျစေတဲ့ အုတ်ဂျုံကတော့ မစားမဖြစ်စားသင့်တဲ့မနက်စာပါ။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိတဲ့အပြင် ကိုယ်အလေးချိန်ပါကျစေတဲ့အစွမ်းလည်းရှိပါတယ်။ လူမျိုးဘာသာမရွေးအတွက် အဆင်ပြေဆုံးမနက်စာပါ။

(၂) ကောက်ပဲအနှံ၊ အခွံမာသီး၊ သစ်စီးခြောက်တို့နဲ့ ပြုလုပ်ထားတဲ့ Muesli

Muesli ကတော့ ကောက်ပဲသီးနှံ၊ အခွံမာသစ်ဥသစ်ဖု၊ အစေ့အဆံတွေနဲ့ ဖွဲ့စည်းထားတာမို့ အာဟာရဓါတ် အစုံအလင်ပါတဲ့အပြင် နှလုံးအတွက် သိသိသာသာအထောက်အကူဖြစ်စေပါတယ်။ သကြားဓါတ်နဲ့ ကယ်လိုရီအနည်းဆုံးမနက်စာဆိုလည်း မမှားပါဘူး။ Muesli ကို နို့နဲ့ တွဲဖက်စားတဲ့အခါမှာလည်းပရိုတင်းဓါတ်တွေပါ ကြွယ်ဝလာတဲ့အတွက် အသင့်တော်ဆုံး မနက်စာပါပဲ။

(၃) Coffee

ကော်ဖီနဲ့ပတ်သက်ပြီး နောက်ဆုံးလေ့လာချက်တွေအရ မနက်စာကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်ခြင်းက တစ်နေ့တာလုံးကို လန်းဆန်းနေစေပါတယ်တဲ့။ ကော်ဖီသောက်ခြင်းက ကင်ဆာဖြစ်တန်စွမ်းတွေ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါတွေကို လျော့ကျစေတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease) ကိုတောင် ၃ဝ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ဒ့ါအပြင် ကော်ဖီသောက်သုံးသူတွေဟာ ကော်ဖီမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ကြတယ်လို့ ဆိုထားကြပါသေးတယ်။ အဲ့ဒါမို့ မနက်စာစားရင်း ကျန်းမာရေးကောင်းကျိုးများတဲ့ ကော်ဖီလေးတစ်ခွက်နဲ့တစ်နေ့တာအတွက် ခွန်အားယူလို့ရပါသေးတယ်။

(၄) နို့နဲ့ နို့ထွက်ပစ္စည်းများ

လွယ်လွယ်ကူကူနဲ့ အကောင်းဆုံးမနက်စာအတွက်ဆို နွားနို့လေးသောက်ရင်း၊ ပေါင်မုန့်မီးကင်ထောပတ်သုတ်လေးဖြစ်ဖြစ်၊ ပေါင်မုန့်ဒိန်ခဲညှပ်စတဲ့ နို့ကရတဲ့ အာဟာရမနက်စာတွေက အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီစေပါတယ်။ အရိုးကျန်းမာရေးအတွက်လည်း အထိရောက်ဆုံးအာဟာရဓါတ်ကို နို့ထွက်ပစ္စည်းတွေမှ ရနိုင်ပါတယ်။

(၅) Peanut Butter

Peanut Butter ဆိုတဲ့ မြေပဲထောပတ်ဟာလည်း လွယ်လွယ်ကူကူတွဲစားလို့ရတဲ့ အရသာအရှိဆုံးမနက်စာပါ။ ဒါ့အပြင် Peanut Butter စားသုံးခြင်းဟာ အာရုံကြောနဲ့ ကြွက်သားတွေအတွက်အကျိုးရှိခြင်း၊ အမျှင်ဓါတ်ကြွယ်ဝတာမို့ အစာကြေလွယ်ခြင်း၊ နှလုံးပိုမိုအားကောင်းခြင်းနဲ့ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်းစတဲ့ အကျိုးတွေပါ အံ့မခန်းရနိုင်ပါတယ်တဲ့။ ပေါင်မုန့်လေးနဲ့တွဲစားရင်လည်း ချိုဆိမ့်သက်တဲ့အရသာလေးမို့ မနက်စာအတွက်မပါမဖြစ်စားသင့်တဲ့အာဟာရတစ်မျိုးပါ။

အလုပ်နဲ့အိမ်၊ အိမ်နဲ့ကျောင်းပြေးနေရတဲ့ နေ့စဉ်ဘဝကလူတွေအတွက် မနက်စာပုံမှန် စားဖို့ဆိုတာ ကသီလင်တနိုင်တယ်ထင်ရပေမယ့် ကျန်အစားအစာတွေထက် မနက်စာတစ်နပ်က ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက်ပါ ထင်မထားတဲ့အကျိုးကျေးဇူးတွေအများအပြားရစေတာမို့ ရွှေထက်အဖိုးတန်တဲ့ အသက်ရှည်ဆေးတစ်လက်လို့ ညွှန်းရမလိုပါပဲ။ ဒါ့ကြောင့် အထက်ဖော်ပြပါ မနက်စာတွေကို နေ့စဉ်ပုံမှန် စနစ်တကျရွေးချယ်စားသောက်ရင်း ခန္ဓာကိုယ်အတွက်အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့ ဝေမျှပေးလိုက်ရပါတယ်။

EiEiKhineMinn (Akhayar)