လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘယ်တောင်ပံတိုက်စစ် ကစားသမားကောင်းတွေ အများအပြားပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ သူ့တို့ရဲ့ သက်ဆိုင်ရာအသင်းတွေမှာ အဓိကကစားသမားတွေအဖြစ် ရပ်တည်နေကြသူတွေပါ။ အခု ဒီ Article မှာတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံတိုက်စစ် ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Mane

မာနေး Mane ကတော့ ဆောက်သမ်တန်အသင်းမှာ ကစားကတည်းက အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့သူပါ။ လီဗာပူးလ်အသင်းကို ရောက်ရှိတဲ့ အချိန်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြနိုင်ခဲ့တဲ့ မာနေး ဟာ လက်ရှိမှာတော့ ကစားသမားဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်နေပြီလို့ ပြောရမှာပါ။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆာလာ Salah ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရပေမယ့် မာနေး ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်သာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ဒီရာသီမှာ ပုံမပျက်ရှိနေခဲ့တာဖြစ်ပါတယ်။

Sane

မန်စီးတီးကစားသမား ဆာနေး Sane ကတော့ တောင်ပံတိုက်စစ်ကစားသမား တစ်ဦးမှာရှိသင့်တဲ့ အရည်အချင်းအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဆာနေး ဟာအသင်းလိုက်သာမက တစ်ကိုယ်တော်စွမ်းဆောင်ရည်လည်း ပြည့်ဝသူဖြစ်ပြီး ဂိုးဖန်တီးမှုကောင်းသလို ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်သူဖြစ်ပါတယ်။ လက်ရှိမှာ ဆာနေးရဲ့ အသက်ဟာ (၂၃)နှစ်သာရှိသေးတာကြောင့် ရေရှည်မှာ အခုထက်ပိုကောင်းလာမှာသေချာနေပါတယ်။

Hazard

ဟာဇက် Hazard ရဲ့ခြေစွမ်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းတွေဟာ တိုက်ရိုက် အချိုးကျနေတာကြာပါပြီ။ ဒီအနေအထားကြောင့် ဟာဇက် ဟာ ချယ်လ်ဆီးအသင်းမှာ ဘယ်လောက်တောင် အရေးပါလဲဆိုတာကို ထင်သာမြင်သာရှိစေမှာဖြစ်ပါတယ်။ လက်ရှိမှာ ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ဟာဇက် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးဖန်တီးမှုများစွာပြုလုပ်နေသူဖြစ်ပြီး သွင်းဂိုးကတော့ (၁၆)ဂိုးသွင်းယူထားပါတယ်။

Neymar

ဒီစာရင်းမှာ PSG အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမား နေမာ Neymarပါဝင်နေတာဟာ သိပ်ပြီးထူးခြားတဲ့ အရာတော့မဟုတ်ပါဘူး။ နေမာ မပါတဲ့ PSG အသင်းနဲ့ နေမာ ပါတဲ့ PSG အသင်း ကွာခြားချက်ကြီးတာကိုလည်း ပရိသတ်တွေ အသိပါပဲ။ နေမာ ဟာ သူတစ်ယောက်တည်းအားနဲ့ အသင်းအတွက် နိုင်ပွဲတွေရှာဖွေပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို သူလွဲချော်ခဲ့တာက PSG အသင်းအတွက် ကံဆိုးမှုကြီးမားခဲ့ပါတယ်။

Ref: Sportskeeda
Photo: Evening Standard , FootRadio.com , Metro , Champion League Twitter
Ko Kyue(Akhayar)
www.akhayar.com