[Zawgyi]

ရုပ္အေခ်ာဆုံး ေဘာလုံးသမား (၁ဝ) ေယာက္

ကမၻာတစ္လႊားမွာ ေဘာလုံးသမားေပါင္း (၂၆၅) သန္းနဲ႔ ဒုိင္လူႀကီး (၅) သန္းရွိတယ္လုိ႔ ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ထုတ္ျပန္ခ်က္အရ သိရၿပီး ေဘာလုံးအားကစားဟာ ကမၻာ့လူဦးေရရဲ႕ (၄) ရာခုိင္ႏႈန္းနဲ႔ ပါဝင္ပက္သက္ေနတယ္လုိ႔ ဆုိႏုိင္ပါတယ္။ နာမည္ေက်ာ္ေဘာလုံးသမားေတြ အမ်ားႀကီးရွိတဲ့အထဲကမွ ရုပ္အေခ်ာဆုံံး (၁ဝ) ေယာက္ကုိ ေဖာ္ျပလုိက္ရပါတယ္။

(၁ဝ) Thibaut Courtois

ခ်ဲလ္ဆီးကလပ္နဲ႔ ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းတုိ႔ရဲ႕ ဂုိးသမား Thibaut Courtois က ဒီစာရင္းမွာ နံပါတ္ (၁ဝ) မွာ ရပ္တည္ေနပါတယ္။ (၆) ေပ (၇) လက္မဆုိတဲ့ အရပ္ႀကီးက ျမန္မာမိန္းကေလးေတြရဲ႕ အျမင္အရ ေျပာရရင္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႀကီးေပါ့။ စပိန္ႏုိင္ငံသူ Marta Domínguez နဲ႔ ၂ဝ၁၅ခုႏွစ္မွာ လက္တြဲခဲ့ၿပီး ၂ဝ၁၇ခုႏွစ္ ဧၿပီလမွာ လမ္းခြဲခဲ့ပါတယ္။ သားသမီး (၂) ေယာက္ပုိင္ဆုိင္ထားၿပီး လက္ရွိအခ်ိန္မွာေတာ့ လူလြတ္တစ္ေယာက္ျဖစ္ေနပါၿပီ။

(၉) Isco

ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္ကြင္းလယ္ကစားသမား Isco ကုိေတာ့ လူတုိင္းသိၾကမယ္ထင္ပါတယ္။ (၂၆) ႏွစ္သာ ရွိေသးေပမယ့္ ခ်န္ပီယံလိဂ္ဖလား (၄) ႀကိမ္၊ ကမၻာ့ကလပ္ (၃) ႀကိမ္နဲ႔ လာလီဂါဖလား (၁) ႀကိမ္အထိ ေအာင္ျမင္မႈရရွိထားပါတယ္။ သူဟာ Victoria Calderón နဲ႔ (၅) ႏွစ္ၾကာ လက္တြဲခဲ့ၿပီး သားတစ္ေယာက္ရခဲ့ပါတယ္။ ၂ဝ၁၇ခုႏွစ္မွာေတာ့ စပိန္မင္းသမီး Sara Sálamo နဲ႔ တြဲေနေၾကာင္း ေၾကညာခဲ့ပါတယ္။ (၅) ေပ (၉) လက္မသာရွိေပမယ့္ ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးေတြနဲ႔ ၾကည့္ေကာင္းလြန္းလုိ႔ လူေခ်ာစာရင္းဝင္ျဖစ္သြားတာပါ။

(၈) Cesc Fàbregas

အာဆင္နယ္နဲ႔ ဘာစီလုိနာကလပ္ေတြမွာ ကစားခဲ့တဲ့ Cesc Fàbregas ဟာ ခ်ဲလ္ဆီးမွာ ကစားေနပါတယ္။ အရပ္ (၅) ေပ (၁၁) လက္မရွိၿပီး လူေခ်ာတစ္ဦးျဖစ္ပါတယ္။ Daniella Semaan နဲ႔ သားသမီး (၃) ေယာက္ရွိၿပီး ၂ဝ၁၈ခုႏွစ္ ေမလမွာ လက္ထပ္ထားပါတယ္။ သူကေတာ့ အိမ္ေထာင္နဲ႔ပါ။ အရပ္အျမင့္ (၅) ေပ (၁၁) လက္မရွိပါတယ္။

(၇) Gerard Pique

Gerard Pique ဟာ ဘာစီလုိနာနဲ႔ စပိန္လက္ေရြးစင္အသင္းရဲ႕ ကစားေနတဲ့ ဗဟုိခံစစ္မွဴးတစ္ေယာက္ပါ။ အရပ္ (၆) ေပ (၄)လက္မရွိၿပီး တုိက္စစ္မွဴးေတြ သတိထားရတဲ့ ကစားသမားတစ္ေယာက္ပါ။ ၂ဝဝ၈ခုႏွစ္မွာ ဘာစီလုိနာအသင္းကုိ ေရာက္ရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ (၃) ႀကိမ္၊ ကမၻာ့ကလပ္ (၃) ႀကိမ္နဲ႔ လာလီဂါဖလား (၇) ႀကိမ္အျပင္ စပိန္အသင္းနဲ႔အတူ ကမၻာ့ဖလားနဲ႔ ယူရုိဖလားေတြကုိပါ ရရွိထားသူပါ။ ၂ဝ၁၁ခုႏွစ္ကတည္းက အဆုိေတာ္ Shakira နဲ႔ခ်စ္သူျဖစ္ေနၿပီး သားသမီးႏွစ္ေယာက္ ပုိင္ဆုိင္ထားပါတယ္။

(၆) David Villa

နယူးေယာက္စီးတီးကလပ္ရဲ႕ တုိက္စစ္မွဴးႀကီး David Villa ကေတာ့ ဒီစာရင္းမွာ နံပါတ္ (၆) ပါ။ (၃၆) ႏွစ္အရြယ္ရွိၿပီး အရပ္အျမင့္က (၅) ေပ (၉) လက္မရွိပါတယ္။ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လမွာ စပိန္လက္ေရြးစင္ကေန အနားယူခဲ့ေပမယ့္ ေမဂ်ာလိဂ္မွာ က်င္လည္ေနဆဲပါ။

(၅) Mario Gotze

Mario Gotze ကုိေတာ့ တျခားလူေတြမသိရင္ေနမယ္၊ အာဂ်င္တီးနားပရိသတ္ေတြက ေကာင္းေကာင္းႀကီးသိမွာပါ။ ၂ဝ၁၄ ကမၻာ့ဖလားဗုိလ္လုပြဲမွာ အာဂ်င္တီးနားအသင္းကုိ အႏုိင္ဂုိးသြင္းလုိက္တာ ဒီေမာင္ပါပဲ။ ဘုိင္ယန္ျမဴးနစ္နဲ႔ ေဒါ့မြန္အသင္းေတြမွာ က်င္လည္ဖူးတဲ့သူဟာ ဆုဖလားေပါင္းမ်ားစြာကုိ ပုိင္ဆုိင္ထားသူပါ။ ဂ်ာမဏီေမာ္ဒယ္ Ann-Kathrin Brömmel နဲ႔ ၂ဝ၁၂ခုႏွစ္ကတည္းက လက္တြဲေနပါတယ္။

(၄) James Rodriguez

ကုိလံဘီယာ ကြင္းလယ္တုိက္စစ္မွဴး James Rodriguez ဟာ ရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္ၿပီး ဘုိင္ယန္ျမဴးနစ္အသင္းမွာ အငွားနဲ႔ ကစားေနပါတယ္။ (၂၆) ႏွစ္သာရွိေသးၿပီး အရပ္အျမင့္ (၅) ေပ (၁၁) လက္မရွိပါတယ္။ လန္းဆန္းတက္ၾကြယ္ၿပီး ႏုပ်ိဳေနတဲ့ သူ႕ရုပ္သြင္ဟာ ဆယ္ေက်ာ္သက္တစ္ေယာက္လုိ ထင္မွားရပါတယ္။

(၃) Ricardo Kaka

Ricardo Kaka ဟာ ကစားသမားဘဝက အနားယူသြားၿပီဆုိေပမယ့္ ဒီစာရင္းထဲမွာေတာ့ နံပါတ္ (၃) ခ်ိတ္ေနတုန္းပါပဲ။ အဆုိေတာ္ Caroline Celico နဲ႔ လက္ထပ္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ လမ္းခြဲထားပါတယ္။ ကေလးႏွစ္ေယာက္အေဖလုိ႔ မထင္ရေလာက္ေအာင္ ႏုပ်ိဳတဲ့ ရုပ္ရည္ကုိ ပုိင္ဆုိင္ထားသူပါ။

(၂) Marco Reus

ေဒါ့မြန္အသင္းရဲ႕ တုိက္စစ္မွဴး Marco Reus ဟာ အခုခ်ိန္မွာေတာ့ လူပ်ိဳႀကီးပါပဲ။ ၅ေပ၁၁လက္မဆုိတဲ့ အရပ္အေမာင္းနဲ႔ ဆြဲေဆာင္မႈျပည့္တဲ့ ရုပ္ရည္ေတြဟာ ဂ်ာမန္မေလးေတြအတြက္ အသည္းစြဲပါပဲ။ သူနဲ႔ ဒိတ္လုိ႔ရပါေသးတယ္။

(၁) Cristiano Ronaldo

Cristiano Ronaldo (CR7) လုိ႔ ေျပာလုိက္ရင္ မ်က္ေမွာက္ေခတ္ေဘာလုံးေလာကရဲ႕  မီးရႈးတန္ေဆာင္၊ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္၊ ေအာင္ျမင္မႈမ်ားစြာ သိမ္းပုိက္ထားသူ၊ ကြင္းတြင္းကြင္းျပင္ ႀကိဳးစားတဲ့ ကစားသမားစတဲ့ . . . ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စုံတဲ့သူပါ။

Google ၊ Yahoo နဲ႔ Bing တုိ႔လုိ Search Engine ေတြမွာ ရွာေဖြမႈအျမင့္ဆုံးသူ၊ ေၾကာ္ျငာေငြအမ်ားဆုံးရရွိသူနဲ႔ လူမႈကြန္ရက္မွာ ပရိသတ္အမ်ားဆုံးရွိတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စုံလုိ႔သာ သူ႕ကုိ အေက်ာ္ၾကားဆုံးအားကစားသမား (Most Famous Athlete in the World) အျဖစ္ ESPN က သတ္မွတ္ထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္အသင္းမွာ ကစားေနၿပီး သူ႕ေၾကာင့္လည္း လူစိတ္ဝင္စားမႈနည္းေနတဲ့ စီးရီးေအရဲ႕ပုံရိပ္ေတြဟာ ျပန္ျမင့္လာဖြယ္ရွိပါတယ္။ ဒီစာရင္းမွာ David Beckham ကုိ ထည့္မထားေပမယ့္ သူကေတာ့ ရုပ္ရည္နဲ႔ပတ္သက္လာရင္ နံပါတ္ (၁) ပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ရုပ်အချောဆုံး ဘောလုံးသမား (၁ဝ) ယောက်

ကမ္ဘာတစ်လွှားမှာ ဘောလုံးသမားပေါင်း (၂၆၅) သန်းနဲ့ ဒိုင်လူကြီး (၅) သန်းရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်အရ သိရပြီး ဘောလုံးအားကစားဟာ ကမ္ဘာ့လူဦးရေရဲ့ (၄) ရာခိုင်နှုန်းနဲ့ ပါဝင်ပက်သက်နေတယ်လို့ ဆိုနိုင်ပါတယ်။ နာမည်ကျော်ဘောလုံးသမားတွေ အများကြီးရှိတဲ့အထဲကမှ ရုပ်အချောဆုံံး (၁ဝ) ယောက်ကို ဖော်ပြလိုက်ရပါတယ်။

(၁ဝ) Thibaut Courtois

ချဲလ်ဆီးကလပ်နဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတို့ရဲ့ ဂိုးသမား Thibaut Courtois က ဒီစာရင်းမှာ နံပါတ် (၁ဝ) မှာ ရပ်တည်နေပါတယ်။ (၆) ပေ (၇) လက်မဆိုတဲ့ အရပ်ကြီးက မြန်မာမိန်းကလေးတွေရဲ့ အမြင်အရ ပြောရရင် တောင့်တောင့်ဖြောင့်ဖြောင့်ကြီးပေါ့။ စပိန်နိုင်ငံသူ Marta Domínguez နဲ့ ၂ဝ၁၅ခုနှစ်မှာ လက်တွဲခဲ့ပြီး ၂ဝ၁၇ခုနှစ် ဧပြီလမှာ လမ်းခွဲခဲ့ပါတယ်။ သားသမီး (၂) ယောက်ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်မှာတော့ လူလွတ်တစ်ယောက်ဖြစ်နေပါပြီ။

(၉) Isco

ရီးရဲလ်မက်ဒရစ်နဲ့ စပိန်ကွင်းလယ်ကစားသမား Isco ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ (၂၆) နှစ်သာ ရှိသေးပေမယ့် ချန်ပီယံလိဂ်ဖလား (၄) ကြိမ်၊ ကမ္ဘာ့ကလပ် (၃) ကြိမ်နဲ့ လာလီဂါဖလား (၁) ကြိမ်အထိ အောင်မြင်မှုရရှိထားပါတယ်။ သူဟာ Victoria Calderón နဲ့ (၅) နှစ်ကြာ လက်တွဲခဲ့ပြီး သားတစ်ယောက်ရခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ်မှာတော့ စပိန်မင်းသမီး Sara Sálamo နဲ့ တွဲနေကြောင်း ကြေညာခဲ့ပါတယ်။ (၅) ပေ (၉) လက်မသာရှိပေမယ့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ ကြည့်ကောင်းလွန်းလို့ လူချောစာရင်းဝင်ဖြစ်သွားတာပါ။

(၈) Cesc Fàbregas

အာဆင်နယ်နဲ့ ဘာစီလိုနာကလပ်တွေမှာ ကစားခဲ့တဲ့ Cesc Fàbregas ဟာ ချဲလ်ဆီးမှာ ကစားနေပါတယ်။ အရပ် (၅) ပေ (၁၁) လက်မရှိပြီး လူချောတစ်ဦးဖြစ်ပါတယ်။ Daniella Semaan နဲ့ သားသမီး (၃) ယောက်ရှိပြီး ၂ဝ၁၈ခုနှစ် မေလမှာ လက်ထပ်ထားပါတယ်။ သူကတော့ အိမ်ထောင်နဲ့ပါ။ အရပ်အမြင့် (၅) ပေ (၁၁) လက်မရှိပါတယ်။

(၇) Gerard Pique

Gerard Pique ဟာ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ ကစားနေတဲ့ ဗဟိုခံစစ်မှူးတစ်ယောက်ပါ။ အရပ် (၆) ပေ (၄)လက်မရှိပြီး တိုက်စစ်မှူးတွေ သတိထားရတဲ့ ကစားသမားတစ်ယောက်ပါ။ ၂ဝဝ၈ခုနှစ်မှာ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ် (၃) ကြိမ်၊ ကမ္ဘာ့ကလပ် (၃) ကြိမ်နဲ့ လာလီဂါဖလား (၇) ကြိမ်အပြင် စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားတွေကိုပါ ရရှိထားသူပါ။ ၂ဝ၁၁ခုနှစ်ကတည်းက အဆိုတော် Shakira နဲ့ချစ်သူဖြစ်နေပြီး သားသမီးနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။

(၆) David Villa

နယူးယောက်စီးတီးကလပ်ရဲ့ တိုက်စစ်မှူးကြီး David Villa ကတော့ ဒီစာရင်းမှာ နံပါတ် (၆) ပါ။ (၃၆) နှစ်အရွယ်ရှိပြီး အရပ်အမြင့်က (၅) ပေ (၉) လက်မရှိပါတယ်။ ၂ဝ၁၇ခုနှစ် သြဂုတ်လမှာ စပိန်လက်ရွေးစင်ကနေ အနားယူခဲ့ပေမယ့် မေဂျာလိဂ်မှာ ကျင်လည်နေဆဲပါ။

(၅) Mario Gotze

Mario Gotze ကိုတော့ တခြားလူတွေမသိရင်နေမယ်၊ အာဂျင်တီးနားပရိသတ်တွေက ကောင်းကောင်းကြီးသိမှာပါ။ ၂ဝ၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို အနိုင်ဂိုးသွင်းလိုက်တာ ဒီမောင်ပါပဲ။ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတွေမှာ ကျင်လည်ဖူးတဲ့သူဟာ ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်ထားသူပါ။ ဂျာမဏီမော်ဒယ် Ann-Kathrin Brömmel နဲ့ ၂ဝ၁၂ခုနှစ်ကတည်းက လက်တွဲနေပါတယ်။

(၄) James Rodriguez

ကိုလံဘီယာ ကွင်းလယ်တိုက်စစ်မှူး James Rodriguez ဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ ကစားနေပါတယ်။ (၂၆) နှစ်သာရှိသေးပြီး အရပ်အမြင့် (၅) ပေ (၁၁) လက်မရှိပါတယ်။ လန်းဆန်းတက်ကြွယ်ပြီး နုပျိုနေတဲ့ သူ့ရုပ်သွင်ဟာ ဆယ်ကျော်သက်တစ်ယောက်လို ထင်မှားရပါတယ်။

(၃) Ricardo Kaka

Ricardo Kaka ဟာ ကစားသမားဘဝက အနားယူသွားပြီဆိုပေမယ့် ဒီစာရင်းထဲမှာတော့ နံပါတ် (၃) ချိတ်နေတုန်းပါပဲ။ အဆိုတော် Caroline Celico နဲ့ လက်ထပ်ခဲ့ပေမယ့် အခုချိန်မှာတော့ လမ်းခွဲထားပါတယ်။ ကလေးနှစ်ယောက်အဖေလို့ မထင်ရလောက်အောင် နုပျိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူပါ။

(၂) Marco Reus

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး Marco Reus ဟာ အခုချိန်မှာတော့ လူပျိုကြီးပါပဲ။ ၅ပေ၁၁လက်မဆိုတဲ့ အရပ်အမောင်းနဲ့ ဆွဲဆောင်မှုပြည့်တဲ့ ရုပ်ရည်တွေဟာ ဂျာမန်မလေးတွေအတွက် အသည်းစွဲပါပဲ။ သူနဲ့ ဒိတ်လို့ရပါသေးတယ်။

(၁) Cristiano Ronaldo

Cristiano Ronaldo (CR7) လို့ ပြောလိုက်ရင် မျက်မှောက်ခေတ်ဘောလုံးလောကရဲ့  မီးရှုးတန်ဆောင်၊ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်၊ အောင်မြင်မှုများစွာ သိမ်းပိုက်ထားသူ၊ ကွင်းတွင်းကွင်းပြင် ကြိုးစားတဲ့ ကစားသမားစတဲ့ . . . ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့သူပါ။

Google ၊ Yahoo နဲ့ Bing တို့လို Search Engine တွေမှာ ရှာဖွေမှုအမြင့်ဆုံးသူ၊ ကြော်ငြာငွေအများဆုံးရရှိသူနဲ့ လူမှုကွန်ရက်မှာ ပရိသတ်အများဆုံးရှိတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံလို့သာ သူ့ကို အကျော်ကြားဆုံးအားကစားသမား (Most Famous Athlete in the World) အဖြစ် ESPN က သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်အသင်းမှာ ကစားနေပြီး သူ့ကြောင့်လည်း လူစိတ်ဝင်စားမှုနည်းနေတဲ့ စီးရီးအေရဲ့ပုံရိပ်တွေဟာ ပြန်မြင့်လာဖွယ်ရှိပါတယ်။ ဒီစာရင်းမှာ David Beckham ကို ထည့်မထားပေမယ့် သူကတော့ ရုပ်ရည်နဲ့ပတ်သက်လာရင် နံပါတ် (၁) ပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com