[Zawgyi]

တစ္ပတ္ရစ္ပစၥည္းဆို ဘာေတြကို ေ၀းေ၀းေရွာင္ရမလဲ

တစ္ပတ္ရစ္ပစၥည္းေစ်းကြက္ဆိုတာ ႏိုင္ငံတကာမွာ ရွိပါတယ္။ တခ်ိဳ႕ေသာ တန္ဖိုးႀကီးပစၥည္းေတြကို ေစ်းႏႈန္းသက္သာစြာနဲ႔ ၀ယ္ယူခြင့္ရႏိုင္ဖို႔၊ ဒါ့အျပင္ ရွားပါးပစၥည္းေတြကို ျပန္လည္ရွာေဖြ၀ယ္ယူႏိုင္ဖို႔စတဲ့ အဓိကရည္ရြယ္ခ်က္ႀကီးႏွစ္ခုေၾကာင့္ တစ္ပတ္ရစ္ပစၥည္းေစ်းကြက္ဟာ ဘယ္ေလာက္ပဲ ေခတ္မီတိုးတက္လာပါေစ အခုအခ်ိန္ထိ ခိုင္ခိုင္မာမာႀကီးကို ရပ္တည္ေနႏိုင္တာပဲျဖစ္ပါတယ္ေနာ္။ တခ်ိဳ႕ပစၥည္းေတြဆိုရင္ “အသစ္သြားမ၀ယ္နဲ႔၊ Secondhand ပဲ၀ယ္၊ တစ္ပတ္ရစ္ပဲ ၀ယ္” ဒီလိုေျပာယူရတာလည္း ရွိသလို တခ်ိဳ႕ပစၥည္းေတြၾကျပန္ေတာ့လည္း လံုး၀ လံုး၀ တစ္ပတ္ရစ္မ၀ယ္သင့္ပါဘူး။ ဘယ္လိုပစၥည္းေတြမ်ားျဖစ္မလဲ သိရဲ႕လား။

အီလက္ထေရာနစ္ပစၥည္း

ပထမဆံုးေနရာယူထားၿပီး သတိေပးခ်င္တဲ့ပစၥည္းကေတာ့ အီလက္ထေရာနစ္ပစၥည္းေတြပဲျဖစ္ပါတယ္။ ဖုန္းေတြ၊ TV ေတြကအစ Laptop ေတြစတဲ့ အီလက္ထေရာနစ္ပစၥည္းေတြကို ဘယ္ေသာအခါမွ သံုးထားၿပီးသား တစ္ပတ္ရစ္ပစၥည္းဆို ၀ယ္ယူဖို႔ စိတ္မကူးပါနဲ႔ေနာ္။ သူမ်ားလက္ထဲမွာ သံုးၿပီးသားႀကီးက အမ်ားႀကီး အရည္အေသြးက်ဆင္းၿပီးမွ ကိုယ့္လက္ထဲကို ေရာက္လာမွာပါ။

Electronic Product

Electronic Product

အလွအပပစၥည္း

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အြန္လိုင္းေစ်းကြက္မွာ လူႀကိဳက္မ်ားေနတာကေတာ့ သံုးၿပီးသားအလွကုန္ပစၥည္းေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္မသံုးခ်င္ေတာ့လို႔ ေစ်းေလွ်ာ့ၿပီး ျပန္ေရာင္းတာမ်ိဳးေတြပါ။ ဒါဟာ ေကာင္မေလးေတြ တစ္ဦးကိုတစ္ဦး ကူညီပံုေပၚတဲ့အတြက္ ေကာင္းတဲ့ရည္ရြယ္ခ်က္နဲ႔ ေရာင္း၀ယ္ၾကတာျဖစ္ေပမယ့္လည္း Skincare ေတြ၊ Makeup ေတြကို အရင္ပိုင္ရွင္က ဘယ္လိုေတြသံုးထားတာလဲ၊ ဘယ္လိုေနရာေတြမွာ သိမ္းထားတာလဲ၊ ရက္လြန္ဖို႔ကေရာ ဘယ္ေလာက္ေတာင္နီးေနၿပီလဲ ကိုယ္ေသခ်ာမသိရတဲ့အတြက္ေၾကာင့္ ၀ယ္ယူဖို႔ အားမေပးခ်င္ပါဘူးေနာ္။ ကိုယ့္ရဲ႕ အသားအရည္အလွအပအတြက္ သံုးမယ့္ပစၥည္းျဖစ္လို႔ ပိုၿပီးဂရုစိုက္ေပးရပါလိမ့္မယ္။

Beauty Product

Beauty Product

လက္၀တ္ရတနာပစၥည္း

ဒီဘက္ေခတ္လူငယ္ေတြ အေတာ္မ်ားမ်ားက ေရႊေငြနဲ႔ ရတနာပစၥည္းေတြအေၾကာင္းကို ဂဃနဏ မသိၾကပါဘူး။ ဒီလို ကိုယ္အကၽြမ္းတ၀င္မျဖစ္တဲ့အရာေတြကို တစ္ပတ္ရစ္ သံုးၿပီးသား မ၀ယ္တာအေကာင္းဆံုးပါပဲ။ စိတ္ခ်ရတဲ့ ဆိုင္ႀကီးေတြက အာမခံခ်က္ေတြနဲ႔ ေဘာင္ခ်ာေတြနဲ႔ ေရာင္းေပးတာကို အသစ္၀ယ္တာအေကာင္းဆံုးပါပဲ။ သူမ်ား လာေရာင္းလို႔ ေျပာတဲ့စကားေတြကို အယံုလြယ္ၿပီး လြယ္လြယ္၀ယ္လိုက္ရင္ေတာ့ အထိနာဦးမွာပါ။

Fine Jewelry

Fine Jewelry

အိမ္ေဆာက္ပစၥည္း

တခ်ိဳ႕ေတြက အိမ္ေဆာက္ပစၥည္းေတြ ၀ယ္တဲ့အခါ သံုးၿပီးျပန္ဖ်က္ထားတဲ့အေဟာင္းပစၥည္းေတြကို ၀ယ္ေလ့ရွိပါတယ္။ ဥပမာ သစ္သားေတြ၊ အုတ္ေတြကိုေပါ့။ ဒီအေလ့အက်င့္ဟာလည္း သိပ္ေတာ့မေကာင္းပါဘူး။ ျမန္မာႏိုင္ငံလို ေရွးရိုးအစဥ္အလာႀကီးတဲ့ႏိုင္ငံအတြက္ဆိုရင္လည္း ဘယ္ေနရာကေန ျပန္ဖ်က္ထားမွန္းမသိတဲ့ အိမ္ေဆာက္ပစၥည္းေတြကို ဘာမွန္းမသိညာမွန္းမသိသံုးမိေနမယ့္အစား အသစ္၀ယ္သံုးဖို႔ပဲ အႀကံေပးခ်င္ပါတယ္။

Wood and Brick

Wood and Brick

ဒီပစၥည္းေလးမ်ိဳးကေတာ့ ဘယ္လိုမွ သံုးၿပီးသားတစ္ပတ္ရစ္ပစၥည္းေတြထဲက သြားရွာမ၀ယ္ပါနဲ႔ေနာ္။ တစ္ခါတေလ ေစ်းအနည္းအမ်ားကိုမၾကည့္ဘဲနဲ႔ ေရရွည္အသံုးခံမယ္၊ မခံဘူးစတာေတြကို စဥ္းစားၾကည့္သင့္ပါတယ္။ ေနာက္ၿပီး ေရာင္းမွား၀ယ္မွားေတြလည္း ျဖစ္ကုန္မွာဆိုးလို႔ပါ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

တစ်ပတ်ရစ်ပစ္စည်းဆို ဘာတွေကို ဝေးဝေးရှောင်ရမလဲ

တစ်ပတ်ရစ်ပစ္စည်းဈေးကွက်ဆိုတာ နိုင်ငံတကာမှာ ရှိပါတယ်။ တချို့သော တန်ဖိုးကြီးပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူခွင့်ရနိုင်ဖို့၊ ဒါ့အပြင် ရှားပါးပစ္စည်းတွေကို ပြန်လည်ရှာဖွေဝယ်ယူနိုင်ဖို့စတဲ့ အဓိကရည်ရွယ်ချက်ကြီးနှစ်ခုကြောင့် တစ်ပတ်ရစ်ပစ္စည်းဈေးကွက်ဟာ ဘယ်လောက်ပဲ ခေတ်မီတိုးတက်လာပါစေ အခုအချိန်ထိ ခိုင်ခိုင်မာမာကြီးကို ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်နော်။ တချို့ပစ္စည်းတွေဆိုရင် “အသစ်သွားမဝယ်နဲ့၊ Secondhand ပဲဝယ်၊ တစ်ပတ်ရစ်ပဲ ဝယ်” ဒီလိုပြောယူရတာလည်း ရှိသလို တချို့ပစ္စည်းတွေကြပြန်တော့လည်း လုံး၀ လုံး၀ တစ်ပတ်ရစ်မဝယ်သင့်ပါဘူး။ ဘယ်လိုပစ္စည်းတွေများဖြစ်မလဲ သိရဲ့လား။

အီလက်ထရောနစ်ပစ္စည်း

ပထမဆုံးနေရာယူထားပြီး သတိပေးချင်တဲ့ပစ္စည်းကတော့ အီလက်ထရောနစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဖုန်းတွေ၊ TV တွေကအစ Laptop တွေစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ဘယ်သောအခါမှ သုံးထားပြီးသား တစ်ပတ်ရစ်ပစ္စည်းဆို ဝယ်ယူဖို့ စိတ်မကူးပါနဲ့နော်။ သူများလက်ထဲမှာ သုံးပြီးသားကြီးက အများကြီး အရည်အသွေးကျဆင်းပြီးမှ ကိုယ့်လက်ထဲကို ရောက်လာမှာပါ။

Electronic Product

Electronic Product

အလှအပပစ္စည်း

လက်ရှိ မြန်မာနိုင်ငံရဲ့ အွန်လိုင်းဈေးကွက်မှာ လူကြိုက်များနေတာကတော့ သုံးပြီးသားအလှကုန်ပစ္စည်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ဆက်မသုံးချင်တော့လို့ ဈေးလျှော့ပြီး ပြန်ရောင်းတာမျိုးတွေပါ။ ဒါဟာ ကောင်မလေးတွေ တစ်ဦးကိုတစ်ဦး ကူညီပုံပေါ်တဲ့အတွက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောင်းဝယ်ကြတာဖြစ်ပေမယ့်လည်း Skincare တွေ၊ Makeup တွေကို အရင်ပိုင်ရှင်က ဘယ်လိုတွေသုံးထားတာလဲ၊ ဘယ်လိုနေရာတွေမှာ သိမ်းထားတာလဲ၊ ရက်လွန်ဖို့ကရော ဘယ်လောက်တောင်နီးနေပြီလဲ ကိုယ်သေချာမသိရတဲ့အတွက်ကြောင့် ဝယ်ယူဖို့ အားမပေးချင်ပါဘူးနော်။ ကိုယ့်ရဲ့ အသားအရည်အလှအပအတွက် သုံးမယ့်ပစ္စည်းဖြစ်လို့ ပိုပြီးဂရုစိုက်ပေးရပါလိမ့်မယ်။

Beauty Product

Beauty Product

လက်ဝတ်ရတနာပစ္စည်း

ဒီဘက်ခေတ်လူငယ်တွေ အတော်များများက ရွှေငွေနဲ့ ရတနာပစ္စည်းတွေအကြောင်းကို ဂဃနဏ မသိကြပါဘူး။ ဒီလို ကိုယ်အကျွမ်းတဝင်မဖြစ်တဲ့အရာတွေကို တစ်ပတ်ရစ် သုံးပြီးသား မဝယ်တာအကောင်းဆုံးပါပဲ။ စိတ်ချရတဲ့ ဆိုင်ကြီးတွေက အာမခံချက်တွေနဲ့ ဘောင်ချာတွေနဲ့ ရောင်းပေးတာကို အသစ်ဝယ်တာအကောင်းဆုံးပါပဲ။ သူများ လာရောင်းလို့ ပြောတဲ့စကားတွေကို အယုံလွယ်ပြီး လွယ်လွယ်ဝယ်လိုက်ရင်တော့ အထိနာဦးမှာပါ။

Fine Jewelry

Fine Jewelry

အိမ်ဆောက်ပစ္စည်း

တချို့တွေက အိမ်ဆောက်ပစ္စည်းတွေ ဝယ်တဲ့အခါ သုံးပြီးပြန်ဖျက်ထားတဲ့အဟောင်းပစ္စည်းတွေကို ဝယ်လေ့ရှိပါတယ်။ ဥပမာ သစ်သားတွေ၊ အုတ်တွေကိုပေါ့။ ဒီအလေ့အကျင့်ဟာလည်း သိပ်တော့မကောင်းပါဘူး။ မြန်မာနိုင်ငံလို ရှေးရိုးအစဉ်အလာကြီးတဲ့နိုင်ငံအတွက်ဆိုရင်လည်း ဘယ်နေရာကနေ ပြန်ဖျက်ထားမှန်းမသိတဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဘာမှန်းမသိညာမှန်းမသိသုံးမိနေမယ့်အစား အသစ်ဝယ်သုံးဖို့ပဲ အကြံပေးချင်ပါတယ်။

Wood and Brick

Wood and Brick

ဒီပစ္စည်းလေးမျိုးကတော့ ဘယ်လိုမှ သုံးပြီးသားတစ်ပတ်ရစ်ပစ္စည်းတွေထဲက သွားရှာမဝယ်ပါနဲ့နော်။ တစ်ခါတလေ ဈေးအနည်းအများကိုမကြည့်ဘဲနဲ့ ရေရှည်အသုံးခံမယ်၊ မခံဘူးစတာတွေကို စဉ်းစားကြည့်သင့်ပါတယ်။ နောက်ပြီး ရောင်းမှားဝယ်မှားတွေလည်း ဖြစ်ကုန်မှာဆိုးလို့ပါ။

Moethaesay (Akhayar)

www.akhayar.com