[Zawgyi]
www.akhayar.com
[Unicode]
Vivo V11 မှာပါတဲ့ Under Display Fingerprint Scanner အကြောင်း
Flagship ဖုန်းတွေမှာတွေ့ရတတ်တဲ့ Feature တွေကို Vivo V11 လိုဖုန်းမှာ တွေ့လာရတာက နည်းပညာလောကမှာ အပြောင်းအလဲတစ်ခုလို့ပြောလို့ရပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုတွေများနေတဲ့ Smartphone ဈေးကွက်ထဲမှာ အခုလို Flagship Feature ပါတဲ့ဖုန်းက ရွေးချယ်စရာတွေထဲက ထိပ်ဆုံးစာရင်းမှာရှိနေမှာပါ။ 
Vivo V11 မှာပဲ Under Display Fingerprint Scanner ပါတာပါ
Vivo V11 က V Series တွေအားလုံးအပြင် Mid-Range ဖုန်းတွေအားလုံးထဲမှာ ပထမဦးဆုံး Under Display Fingerprint Scanner ပါတဲ့ဖုန်းဖြစ်လာခဲ့ပါတယ်။ Under Display Fingerprint Scanner က Vivo ရဲ့ NEX လို Flagship ဖုန်းမှာပဲတွေ့ခဲ့ရပေမယ့် အခုဆိုရင် V Series မှာ ပါလာပြီဖြစ်တာကြောင့်ပိုအဆင်ပြေလာပါပြီ။ 
Under Display Fingerprint Scanner ကြောင့် အားသာချက်တွေရှိလာပါတယ်။ သာမန် Full Screen ဖုန်းတွေမှာ Fingerprint Scanner ကို နောက်ကျောဖက်မှာ ထားပေးထားတာကြောင့် ဖုန်းကို Unlock လုပ်တဲ့အခါနောက်ကျောဖက်ကို လက်တင်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။ Vivo V11 မှာတော့ Under Display Fingerprint Scanner ကြောင့် ဖုန်းရဲ့ Screen ပေါ်ကို လက်တင်လိုက်ရုံနဲ့ အလွယ်တကူ Unlock လုပ်နိုင်တဲ့အပြင် လက်အနေအထားပြောင်းစရာမလိုပဲ သုံးနိုင်တာကလည်း အဆင်ပြေစေတဲ့အချက်ပါ။ 
အခုလို Flagship Feature တစ်ခုကို V Series မှာ ပါလာပြီဖြစ်တာကြောင့် လူအများအတွက် ရွေးချယ်စရာတိုးလာစေပါတယ်။ Under Display Fingerprint Scanner က နောက်ကျောဖက်က Fingerprint Scanner တွေလို Unlock လုပ်ပြီးတိုင်း လက်အနေအထားကို ပြောင်းစရာမလိုတာကြောင့် ဖုန်းကိုလက်တစ်ဖက်တည်း ကိုင်ထားရတဲ့အချိန်တွေမှာလည်း အဆင်ပြေစေပါတယ်။ အခုလို ငါးသိန်းဝန်းကျင်ဖုန်းတစ်လုံးမှာ Under Display Fingerprint Scanner ပါလာတာက ကောင်းတဲ့အချက်ပါ။ သင်ရော Vivo V11 ကို စိတ်ဝင်စားနေသူလား။ 
www.akhayar.com