[Zawgyi]









⚽️ Bale
⚽️ Cheryshev
⚽️ Christodoulopoulos
⚽️ Ronaldo
⚽️ De Arrascaeta
⚽️ McGree
⚽️ Messi
⚽️ Pavard
⚽️ Quaresma
⚽️ Salah


REF:Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

FIFA Puskas ဆုအတွက် ဆန်ခါတင်(၁၀)ဦး စာရင်း ထွက်ပေါ်လာပြီ

၂၀၁၈ ခုနှစ် FIFA Puskas ဆုအတွက် ဆန်ခါတင်(၁၀)ဦး စာရင်းကို FIFA က ထုတ်ပြန်ကြေညာခဲ့ပြီး နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ် Gareth Bale ၊ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Messi ၊ ဆာလာ Salah တို့ အားလုံး ပါဝင်ခဲ့တယ်။ ဒီဆုဟာ ၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံး သွင်းယူခဲ့တဲ့ ဂိုးတွေကို ရွေးချယ် ဆုချီးမြှင့်တာဖြစ်ပြီး ဟန်ဂရီဂန္ထဝင် ကစားသမား ပွတ်ရှ်ကပ်စ် Puskas ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၉ ခုနှစ်က စတင် ချီးမြှင့်ခဲ့တာပါ။

Cristiano-Ronaldo-and-Gareth-Bale-bicycle-Goal

Cristiano-Ronaldo-and-Gareth-Bale-bicycle-Goal

အခု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာက လီဗာပူးလ်နဲ့ ဗိုလ်လုပွဲမှာ နောက်ပြန်ကန်ချက်နဲ့ ဂါရတ်ဘေးလ် သွင်းယူခဲ့တဲ့ဂိုး၊ ဂျူဗင်တပ်စ်နဲ့ပွဲတုန်းက စီရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ဂိုး၊ အဲဗာတန်နဲ့ပွဲမှာ ဆာလာ သွင်းယူခဲ့တဲ့ ဂိုးတွေဖြစ်ပြီး ကျန်တဲ့ဂိုးအများစုက ၂၀၁၈ ကမ္ဘာ့ဖလားမှာ သွင်းယူခဲ့တဲ့ ဂိုးတွေဖြစ်ပါတယ်။ ဒီဆုကို ပရိသတ်တွေဆီကနေ မဲဆန္ဒကောက်ခံသွားမှာဖြစ်ပြီး ဆုပေးပွဲကိုတော့ စက်တင်ဘာ(၂၄)ရက်ကျရင် လန်ဒန်မှာ ကျင်းပမယ့် The Best ဆုပေးပွဲမှာ တစ်ပါတည်း ထည့်သွင်းချီးမြှင့်သွားမှာပါ။ ၂၀၁၇-၁၈ UEFA ရဲ့ ဥရောပပြိုင်ပွဲမှာ အကောင်းဆုံးသွင်းဂိုးဆုကို ဂါရတ်ဘေးလ်ကို ကျော်ဖြတ်ပြီး စီရော်နယ်လ်ဒို ရရှိခဲ့တာကြောင့် အခု FIFA Puskás ဆုမှာလည်း စီရော်နယ်လ်ဒို နောက်ထပ်တစ်ခါ ကျော်ဖြတ်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။

The-ten-nominees-for-the-FIFA-Puskas-Award-have-been-revealed

The-ten-nominees-for-the-FIFA-Puskas-Award-have-been-revealed

Finalists: FIFA Puskas Award

⚽️ Bale
⚽️ Cheryshev
⚽️ Christodoulopoulos
⚽️ Ronaldo
⚽️ De Arrascaeta
⚽️ McGree
⚽️ Messi
⚽️ Pavard
⚽️ Quaresma
⚽️ Salah

FIFA Puskás Award ဆုရရှိခဲ့သူများ

2018 fifa puskas ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ သွင်းဂိုးများ
REF:Goal.com
Photo:bolaku88.com,Youtube
Naing Linn(Akhayar)
www.akhayar.com