[Zawgyi]



Golden-Foot-Winners

Golden-Foot-Winners













Iker-Casillas

Iker-Casillas

















Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ခုနှစ်အတွက် Golden Foot ဆုကို ဘယ်သူ ရရှိသွားမလဲ

Golden Foot (ရွှေခြေဖဝါး)ဆု ဆိုတာက ဘောလုံးလောကမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီဆုအတွက် ဆန်ခါတင်စာရင်းရွေးချယ်ရာမှာ နိုင်ငံတကာမှာရှိတဲ့ အားကစားဂျာနယ်လစ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ရွေးချယ်ပြီး Online Voting ကနေ မဲအများဆုံးရတဲ့သူကို ဆုချီးမြှင့်တာဖြစ်ပါတယ်။ စည်းကမ်းချက်တွေကတော့ ဆန်ခါတင်စာရင်းမှာ ရွေးချယ်မယ့် ကစားသမားဟာ အနည်းဆုံးအသက်(၂၈)နှစ်ရှိရမှာဖြစ်ပြီး ဘောလုံးလောကမှာ လက်ရှိကစားနေတဲ့သူဖြစ်ရမယ်၊ ပြီးတော့ တစ်ဦးချင်း၊ အသင်းလိုက်အောင်မြင်မှုသာမက ကွင်းပြင်ပမှာလည်း Personality ကောင်းမွန်သူဖြစ်ရပါမယ်။ ဒီဆုကို ၂၀၀၃ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ထူးခြားချက်ကတော့ ဆုရရှိသူဟာ နောက်တစ်ကြိမ် ပြန်ရတော့မှာ မဟုတ်ပါဘူး။ ဆုရရှိသူရဲ့ ခြေဖဝါးပုံတူကို မိုနာကိုနိုင်ငံက The Champions Promenade ရှေ့မှာ တစ်သက်တာ ထားရှိသွားမှာပါ။

Golden-Foot-Winners

Golden-Foot-Winners

၂၀၁၈ ခုနှစ် Golden Foot ဆုအတွက် ဆန်ခါတင် (၁၀)ဦးစာရင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီး ကစားသမားတွေ တော်တော်များများ ပါဝင်နေလို့ ဘယ်သူ ဆွတ်ခူးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သူတွေက နူအာ Manuel Neuer ၊ မက်ဆီ Lionel Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ လူးဝစ်ဆွာရက်ဇ် Luis Suarez ၊ ကာဗာနီ Edinson Cavani ၊ ဂါရတ်ဘေးလ် Gareth Bale ၊ ရာမို့စ် Sergio Ramos ၊ လီဝန်ဒေါစကီး Robert Lewandowski ၊ အဂွဲရိုး Sergio Aguero ၊ သီယာဂိုဆေးလ်ဗား Thiago Silva တို့ပဲဖြစ်ပါတယ်။ ဆုရရှိဖို့ ရေပန်းစားနေတာက လေက်ရှိ ဘောလုံးလောကရဲ့ အဓိက ပြိုင်ဘက်(၂)ဦးဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ဖြစ်ပြီး သူတို့နှစ်ဦးထဲက ဘယ်သူရမလဲ၊ ဒါမှမဟုတ် တခြားနာမည်ကျော် ကစားသမားတစ်ဦးဦးကပဲ ကျော်ဖြတ် ရယူသွားမလားဆိုတာ . . .

၂၀၁၈ Golden Foot ဆု ဆန်ခါတင်စာရင်း

Manuel Neuer (Germany, Bayern Munich)

Lionel Messi (Argentina, Barcelona)

Cristiano Ronaldo (Portugal, Juventus)

Luis Suarez (Uruguay, Barcelona)

Edinson Cavani (Uruguay, PSG)

Gareth Bale (Wales, Real Madrid)

Sergio Ramos (Spain, Real Madrid)

Robert Lewandowski (Poland, Bayern Munich)

Sergio Aguero (Argentina, Man City)

Thiago Silva (Brazil, PSG)

Iker-Casillas

Iker-Casillas

Golden Foot ဆု ရရှိခဲ့ကြသူများ

2003 Roberto Baggio (Italy, Brescia)

2004 Pavel Nedvěd (Czech Republic, Juventus)

2005 Andriy Shevchenko (Ukraine, Milan)

2006 Ronaldo (Brazil, Real Madrid)

2007 Alessandro Del Piero (Italy, Juventus)

2008 Roberto Carlos (Brazil, Fenerbahçe)

2009 Ronaldinho (Brazil, Milan)

2010 Francesco Totti (Italy, Roma)

2011 Ryan Giggs (Wales, Manchester United)

2012 Zlatan Ibrahimović (Sweden, PSG)

2013 Didier Drogba (Ivory Coast, Galatasaray)

2014 Andrés Iniesta (Spain, Barcelona)

2015 Samuel Eto’o (Cameroon, Antalyaspor)

2016 Gianluigi Buffon (Italy, Juventus)

2017 Iker Casillas (Spain, Porto)

REF:Wikipedia,9sportpro
Photo:HelloMonaco,YouTube,UrbanBazeNG
Naing Linn(Akhayar)
www.akhayar.com