[Zawgyi]

ကမၻာ႔အဆင့္ ကစားသမားေတြကုိ ဆုံး႐ႈံးခဲ့တဲ့ KRC Genk

ဘယ္လ္ဂ်ီယံကလပ္ KRC Genk အသင္းဟာ ပရိသတ္ေတြနဲ႔ အရမ္းရင္းႏွီးၿပီးသား အသင္းမဟုတ္ေပမယ့္ အစိမ္းသက္သက္ေတာ့ မဟုတ္ဘူး။ ဒီအသင္းက အခု ကမၻာ႔အဆင့္၀င္ ေဘာလုံးသမား အမ်ားႀကီးကုိ ေမြးထုတ္ေပးႏုိင္ခဲ့တယ္။ ဘာစီလုိနာရဲ႕ လာမာစီယာလုိပဲ KRC Genk အသင္းရဲ႕ အကယ္ဒမီကေန အရည္အေသြးျမင့္ ကစားသမားေတြ ထြက္ေပၚခဲ့ဖူးတယ္။ အဲဒီကစားသမားစာရင္းကုိသာ ခ်ျပရင္ ယုံေတာင္ ယုံႏုိင္မွ မဟုတ္ဘူး။ အခု မန္စီးတီးအသင္းမွာ ေျခစြမ္းျပေနတဲ့ ဒီဘ႐ုိင္းနား De Bruyne ဟာ KRC Genk လူငယ္အကယ္ဒမီထြက္ဆုိရင္ ပရိသတ္ေတြ အံ့ၾသသြားမယ္။ ဒီဘ႐ုိင္းနားဟာ KRC Genk စီနီယာအသင္းအတြက္ ၂၀၀၈ ကေန ၂၀၁၂ ခုႏွစ္အထိ ကစားခဲ့ၿပီးမွ ခ်ယ္လ္ဆီးအသင္းကုိ ေရာက္ရွိခဲ့တာပါ။

De-Bruyne

De-Bruyne

ေနာက္တစ္ဦးကေတာ့ ရီးယဲလ္အသင္းရဲ႕ လက္ရွိဂုိးသမား ေကာ္တုိအာ Courtois ပါပဲ။ ၁၉၉၉ ခုႏွစ္မွာ KRC Genk အကယ္ဒမီကုိ စေရာက္ခဲ့တဲ့ ေကာ္တုိအာဟာ ၂၀၀၉ ခုႏွစ္မွာေတာ့ စီနီယာအသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ စတင္ခဲ့ၿပီး (၂)ႏွစ္အၾကာမွာပဲ ခ်ယ္လ္ဆီးအသင္းဆီ ေျပာင္းေရႊ႕ခဲ့တယ္။ ဒီကစားသမားေတြပဲလားဆုိေတာ့ မဟုတ္ေသးပါဘူး။

Origi-and-Courtois

Origi-and-Courtois

ဘန္တီကီ Benteke ၊ စတီဗင္ဒီေဖာ္ Steven Defour ၊ ကာရက္စ္ကုိ Carrasco ၊ ေအာ္ရီဂီ Origi စတဲ့ ကစားသမားေတြ အားလုံးက KRC Genk အကယ္ဒမီထြက္ပါပဲ။ ေဘာလုံးသမာတစ္ဦးအေနနဲ႔ ေရၾကည္ရာျမက္ႏုရာ ကုိယ့္တက္လမ္းကုိ ရွာေဖြတာက အျပစ္မဆုိသာေပမယ့္ ဒီကစားသမားေတြသာ ဆက္ရွိေနရင္ KRC Genk အသင္းရဲ႕အေနအထားက ေၾကာက္စရာေကာင္းသြားပါလိမ့္မယ္။ ေနာက္ဆုံး ခ်န္ပီယံလိဂ္မွာ ရီးယဲလ္ကုိ အႏုိင္ယူၿပီးေတာ့ ခ်န္ပီယံဆုဖလားေတာင္ ရယူသြားမလားပဲ . . .

De-Bruyne-and-Carrasco

De-Bruyne-and-Carrasco

KRC Genk အသင္း လက္လႊတ္ခဲ့ရတဲ့ နာမည္ေက်ာ္ကစားသမားမ်ား

1 Kevin De Bruyne (Man City) 2008-2012
2 Thibaut Courtois (Real Madrid) 2009-2011
3 Wilfred Ndidi (Leicester)2015-2017
4 Leon Bailey ( Bayern Leverkusen )2015/2017
5 Kalidou Koulibaly (Napoli) 2012-2014
6 Christian Benteke ( Crystal Palace) 2006-2007
7 Divock Origi ( Liverpool) 2001-2010
8 Steven Defour ( Burnley) 2004-2006
9 Yannick Carrasco (Atlético Madrid) 2005-2010

REF:dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့အဆင့် ကစားသမားတွေကို ဆုံးရှုံးခဲ့တဲ့ KRC Genk

ဘယ်လ်ဂျီယံကလပ် KRC Genk အသင်းဟာ ပရိသတ်တွေနဲ့ အရမ်းရင်းနှီးပြီးသား အသင်းမဟုတ်ပေမယ့် အစိမ်းသက်သက်တော့ မဟုတ်ဘူး။ ဒီအသင်းက အခု ကမ္ဘာ့အဆင့်ဝင် ဘောလုံးသမား အများကြီးကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဘာစီလိုနာရဲ့ လာမာစီယာလိုပဲ KRC Genk အသင်းရဲ့ အကယ်ဒမီကနေ အရည်အသွေးမြင့် ကစားသမားတွေ ထွက်ပေါ်ခဲ့ဖူးတယ်။ အဲဒီကစားသမားစာရင်းကိုသာ ချပြရင် ယုံတောင် ယုံနိုင်မှ မဟုတ်ဘူး။ အခု မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဒီဘရိုင်းနား De Bruyne ဟာ KRC Genk လူငယ်အကယ်ဒမီထွက်ဆိုရင် ပရိသတ်တွေ အံ့သြသွားမယ်။ ဒီဘရိုင်းနားဟာ KRC Genk စီနီယာအသင်းအတွက် ၂၀၀၈ ကနေ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီးမှ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တာပါ။

De-Bruyne

De-Bruyne

နောက်တစ်ဦးကတော့ ရီးယဲလ်အသင်းရဲ့ လက်ရှိဂိုးသမား ကော်တိုအာ Courtois ပါပဲ။ ၁၉၉၉ ခုနှစ်မှာ KRC Genk အကယ်ဒမီကို စရောက်ခဲ့တဲ့ ကော်တိုအာဟာ ၂၀၀၉ ခုနှစ်မှာတော့ စီနီယာအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့ပြီး (၂)နှစ်အကြာမှာပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တယ်။ ဒီကစားသမားတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။

Origi-and-Courtois

Origi-and-Courtois

ဘန်တီကီ Benteke ၊ စတီဗင်ဒီဖော် Steven Defour ၊ ကာရက်စ်ကို Carrasco ၊ အော်ရီဂီ Origi စတဲ့ ကစားသမားတွေ အားလုံးက KRC Genk အကယ်ဒမီထွက်ပါပဲ။ ဘောလုံးသမာတစ်ဦးအနေနဲ့ ရေကြည်ရာမြက်နုရာ ကိုယ့်တက်လမ်းကို ရှာဖွေတာက အပြစ်မဆိုသာပေမယ့် ဒီကစားသမားတွေသာ ဆက်ရှိနေရင် KRC Genk အသင်းရဲ့အနေအထားက ကြောက်စရာကောင်းသွားပါလိမ့်မယ်။ နောက်ဆုံး ချန်ပီယံလိဂ်မှာ ရီးယဲလ်ကို အနိုင်ယူပြီးတော့ ချန်ပီယံဆုဖလားတောင် ရယူသွားမလားပဲ . . .

De-Bruyne-and-Carrasco

De-Bruyne-and-Carrasco

KRC Genk အသင်း လက်လွှတ်ခဲ့ရတဲ့ နာမည်ကျော်ကစားသမားများ

1 Kevin De Bruyne (Man City) 2008-2012
2 Thibaut Courtois (Real Madrid) 2009-2011
3 Wilfred Ndidi (Leicester)2015-2017
4 Leon Bailey ( Bayern Leverkusen )2015/2017
5 Kalidou Koulibaly (Napoli) 2012-2014
6 Christian Benteke ( Crystal Palace) 2006-2007
7 Divock Origi ( Liverpool) 2001-2010
8 Steven Defour ( Burnley) 2004-2006
9 Yannick Carrasco (Atlético Madrid) 2005-2010

REF:dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com