[Zawgyi]

ကစားတဲ့ေနရာနဲ႔ မအပ္စပ္တဲ့ ေက်ာနံပါတ္ပုိင္ရွင္ ကစားသမားမ်ား

ေဘာလုံးအားကစား စတင္ဖြံ႕ၿဖိဳးလာတဲ့ ေခတ္ဦးပုိင္းမွာ ေဘာလုံးအသင္းတစ္သင္းရဲ႕ ေက်ာနံပါတ္ေတြက ႐ုိးရွင္းလြန္းပါတယ္။ ဂုိးသမားက စလုိ႔ ေရွ႕တန္းအထိ (၁၊၂၊၃၊၄) အစဥ္အလုိက္ သတ္မွတ္ေပးလုိက္တာပါပဲ။ ေမာ္ဒန္ေဘာလုံးေလာကေရာက္မွ နံပါတ္ေတြက အထူးအဆန္းေတြျဖစ္လာၿပီး ဘရာဇီးလ္ဂႏၳ၀င္ ေရာ္နယ္လ္ဒုိ Ronaldo ဆုိရင္ ေအစီမီလန္မွာ ကစားတုန္းက နံပါတ္ (၉၉) ၊ ေရာ္နယ္လ္ဒင္ဟုိ Ronaldinho ဆုိရင္လည္း (၈၄) ၀တ္ဆင္ခဲ့သလုိ ဘာလုိတယ္လီ Balotelli က နံပါတ္(၄၅)ကို အင္တာမီလန္၊ မန္စီးတီး၊ လီဗာပူးလ္၊ ေအစီမီလန္တို႔မွာ ၀င္ဆင္ခဲ့ဖူးတယ္။ ဒါေၾကာင့္ ကုိယ္ကစားတဲ့ေနရာနဲ႔ မသတ္ဆုိင္ဘဲ ထူးထူးျခားျခား ေက်ာနံပါတ္ေတြ ၀တ္ဆင္ခဲ့တဲ့ ကစားသမားေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္တာျဖစ္ပါတယ္ . . .

ဂ်ိဳနသန္ဒီဂတ္ဇ္မန္း Jonathan De Guzman (နံပါတ္ -၁)

Jonathan-De-Guzman

Jonathan-De-Guzman

နံပါတ္(၁)ဆုိရင္ ပရိသတ္ေတြ ျမင္ေယာင္မိတာက ဂုိးသမားပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဂ်ိဳနသန္ဒီဂတ္ဇ္မန္းကေတာ့ ထူးထူးျခားျခားပဲ ခ်ီေယဗုိအသင္းမွာ ေက်ာနံပါတ္(၁)ကုိ ၀တ္ဆင္ခဲ့တယ္။ အဲဒီလုိ နံပါတ္(၁)ကုိ နယ္သာလန္ဂႏၳ၀င္ အက္ဂါေဒးဗစ္ Edgar Davids လည္း ဘားနက္အသင္းမွာ ကစားခဲ့တုန္း ၀င္ခဲ့ဖူးပါတယ္။

၀က္ဂ္နာ Sandro Wagner (နံပါတ္ -၂)

Sandro-Wagner

Sandro-Wagner

ဘုိင္ယန္ျမဴးနစ္တိုက္စ္စမွဴး ၀က္ဂ္နာရဲ႕ နံပါတ္ကလည္း အံ့ၾသစရာႀကီးပါ။ ေက်ာနံပါတ္(၂)ဆုိတာက Full Backs ေတြ ၀တ္ဆင္တာျဖစ္ေပမယ့္ ၀က္ဂ္နာက ဒီနံပါတ္ကုိ ဘုိင္ယန္ျမဴးနစ္အသင္းဆီ ေျပာင္းေရႊ႕ခ်ိန္မွာ ၀တ္ဆင္ခဲ့တယ္။ တခ်ိဳ႕ကေတာ့ ၀က္ဂ္နာဟာ ဘုိင္ယန္ျမဴးနစ္အသင္းကုိ ဒုတိယအႀကိမ္ေျပာင္းတာျဖစ္လုိ႔ နံပါတ္(၂) ၀တ္တာလုိ႔ သုံးသပ္ေပမယ့္ အဓိပၸါယ္ေတာ့ သိပ္မရွိပါဘူး။

အဆာမုိဂ်န္ Asamoah Gyan (နံပါတ္ -၃)

Asamoah-Gyan

Asamoah-Gyan

ဆန္းဒါးလန္းနဲ႔ ဂါနာ နာမည္ေက်ာ္တိုက္စစ္မွဴးႀကီး အဆာမုိဂ်န္ကုိ ပရိသတ္ေတြ မွတ္မိဦးမွာပါ။ ဆန္းဒါးလန္းအသင္းမွာ ေက်ာနံပါတ္(၃)ဂ်ာစီနဲ႔ ဂုိးေတြ သြင္းယူခ့ဲသူ၊ ဂါနာအသင္းမွာလည္း အဲဒီနံပါတ္နဲ႔ပဲ ေျခစြမ္းျပခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အဆာမုိဂ်န္ဟာ အဲဒီနံပါတ္(၃)ကုိ အေၾကာင္းမဲ့ ေရြးခ်ယ္ထားတာ မဟုတ္ပါဘူး။ သူ႔အေၾကာငး္ျပခ်က္က ရယ္စရာေတာ့ေကာင္းတယ္။ “ကၽြန္ေတာ္ ဂါနာမွာ ကစားကတည္းက နံပါတ္(၃)ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာဗ်။ အဲဒီနံပါတ္က Power ႀကီးတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေလးတဲ့ အရာေတြကုိ မ’မ’ခင္ (၁)ကေန (၃)အထိ ေရတြက္တယ္ မဟုတ္လား။ အဲဒီလုိပဲ တစ္ေယာက္ေယာက္ကုိ မေက်နပ္လုိ႔ သတိေပးရင္ ပထမအႀကိမ္၊ ဒုတိယအႀကိမ္ သတိေပးမယ္၊ တတိယအႀကိမ္မွာေတာ့ တြယ္လုိက္တာပဲ မဟုတ္လား”တဲ့။

ကႏူး Nwankwo Kanu (နံပါတ္-၄)

Nwankwo-Kanu

Nwankwo-Kanu

တစ္ခ်ိန္က အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မွာ ေျခစြမ္းျပကစားခဲ့တဲ့ ကႏူးကလည္း ႏုိက္ဂ်ီးရီးယားအသငး္မွာ နံပါတ္(၄)ဂ်ာစီ ၀တ္ဆင္ကစားခဲ့ဖူးတယ္။ Centre-backs ဒါမွမဟုတ္ ကြင္းလယ္လူတစ္ဦးဦး ဒီနံပါတ္ကုိ ၀တ္ဆင္တာ ကိစၥမရွိေပမယ့္ တိုက္စစ္မွဴးစစ္စစ္က ၀တ္ဆင္ရင္ေတာ့ ဘယ္လုိမွ မအပ္စပ္ပါဘူး။

ဘား႐ုိ႕စ္ Milan Baros (နံပါတ္-၅)

Milan-Baros

Milan-Baros

ျပင္သစ္ဂႏၳ၀င္ ကစားသမား ဇီဒန္း Zidane ဟာ ရီးယဲလ္အသင္းမွာတုန္းက ေက်ာနံပါတ္ (၅)အက်ႌကုိ ၀တ္ဆင္ၿပီး ေအာင္ျမင္မႈေတြ ရယူခဲ့တယ္။ သူ႔လုိပဲ ေက်ာနံပါတ္(၅)ဂ်ာစီနဲ႔ ေအာင္ျမင္ခဲ့သူက လီဗာပူးလ္တိုက္စစ္မွဴးေဟာင္း မီလန္ဘား႐ုိ႕စ္ပါပဲ။ လီဗာပူးလ္အသငး္နဲ႔အတူ ခ်န္ပီယံလိဂ္၊ လိဂ္ဖလားေတြ ရယူခဲ့ၿပီး ဘား႐ုိ႕စ္ေနာက္ပုိင္း နံပါတ္(၅)အက်ႌကုိ ၀င္ဆင္တဲ့ တိုက္စစ္မွဴးေတြ သိပ္မေတြ႕ရေတာ့ပါဘူး။

ဟက္ကာဘီ Darren Huckerby (နံပါတ္-၆)

Darren-Huckerby

Darren-Huckerby

၂၀၀၄-၀၅ ရာသီတုန္းက ပရီးမီးယားလိဂ္ပဲြေတြကုိ မီလုိက္တဲ့ ပရိသတ္ေတြကေတာ့ ေနာ၀စ္ခ်္တိုက္စစ္မွဴး ဟက္ကာဘီကုိ မွတ္မိၾကဦးမယ္ထင္တယ္။ တိုက္စစ္ ကစားသမားျဖစ္ေပမယ့္ ေက်ာနံပါတ္(၆)ဂ်ာစီ ၀တ္ဆင္ကစားခဲ့တဲ့ ဟက္ကာဘီဟာ အဲဒီအခ်ိန္တုန္းက ပရိသတ္ေတြရဲ႕ အျမင္မွာ ထူးျခားခဲ့တာေတာ့ အမွန္ပါပဲ။

ကစားတဲ့ေနရာနဲ႔ မအပ္စပ္တဲ့ ေက်ာနံပါတ္ပုိင္ရွင္ ကစားသမားမ်ားအေၾကာင္းကုိ အခုေလာေလာဆယ္ အပုိင္း (၁)အျဖစ္ ေဖာ္ျပလုိက္တာပဲျဖစ္ပါတယ္။ အပုိင္း(၂)ကုိ ဆက္လက္ေဖာ္ျပသြားမွာျဖစ္လုိ႔ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ဖတ္႐ႈၾကပါဦး . .

REF:dreamteamfc
Photo:Twitter,dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားတဲ့နေရာနဲ့ မအပ်စပ်တဲ့ ကျောနံပါတ်ပိုင်ရှင် ကစားသမားများ

ဘောလုံးအားကစား စတင်ဖွံ့ဖြိုးလာတဲ့ ခေတ်ဦးပိုင်းမှာ ဘောလုံးအသင်းတစ်သင်းရဲ့ ကျောနံပါတ်တွေက ရိုးရှင်းလွန်းပါတယ်။ ဂိုးသမားက စလို့ ရှေ့တန်းအထိ (၁၊၂၊၃၊၄) အစဉ်အလိုက် သတ်မှတ်ပေးလိုက်တာပါပဲ။ မော်ဒန်ဘောလုံးလောကရောက်မှ နံပါတ်တွေက အထူးအဆန်းတွေဖြစ်လာပြီး ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို Ronaldo ဆိုရင် အေစီမီလန်မှာ ကစားတုန်းက နံပါတ် (၉၉) ၊ ရော်နယ်လ်ဒင်ဟို Ronaldinho ဆိုရင်လည်း (၈၄) ဝတ်ဆင်ခဲ့သလို ဘာလိုတယ်လီ Balotelli က နံပါတ်(၄၅)ကို အင်တာမီလန်၊ မန်စီးတီး၊ လီဗာပူးလ်၊ အေစီမီလန်တို့မှာ ဝင်ဆင်ခဲ့ဖူးတယ်။ ဒါကြောင့် ကိုယ်ကစားတဲ့နေရာနဲ့ မသတ်ဆိုင်ဘဲ ထူးထူးခြားခြား ကျောနံပါတ်တွေ ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ် . . .

ဂျိုနသန်ဒီဂတ်ဇ်မန်း Jonathan De Guzman (နံပါတ် -၁)

Jonathan-De-Guzman

Jonathan-De-Guzman

နံပါတ်(၁)ဆိုရင် ပရိသတ်တွေ မြင်ယောင်မိတာက ဂိုးသမားပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဂျိုနသန်ဒီဂတ်ဇ်မန်းကတော့ ထူးထူးခြားခြားပဲ ချီယေဗိုအသင်းမှာ ကျောနံပါတ်(၁)ကို ဝတ်ဆင်ခဲ့တယ်။ အဲဒီလို နံပါတ်(၁)ကို နယ်သာလန်ဂန္ထဝင် အက်ဂါဒေးဗစ် Edgar Davids လည်း ဘားနက်အသင်းမှာ ကစားခဲ့တုန်း ဝင်ခဲ့ဖူးပါတယ်။

ဝက်ဂ်နာ Sandro Wagner (နံပါတ် -၂)

Sandro-Wagner

Sandro-Wagner

ဘိုင်ယန်မြူးနစ်တိုက်စ်စမှူး ဝက်ဂ်နာရဲ့ နံပါတ်ကလည်း အံ့သြစရာကြီးပါ။ ကျောနံပါတ်(၂)ဆိုတာက Full Backs တွေ ဝတ်ဆင်တာဖြစ်ပေမယ့် ဝက်ဂ်နာက ဒီနံပါတ်ကို ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ချိန်မှာ ဝတ်ဆင်ခဲ့တယ်။ တချို့ကတော့ ဝက်ဂ်နာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဒုတိယအကြိမ်ပြောင်းတာဖြစ်လို့ နံပါတ်(၂) ဝတ်တာလို့ သုံးသပ်ပေမယ့် အဓိပ္ပါယ်တော့ သိပ်မရှိပါဘူး။

အဆာမိုဂျန် Asamoah Gyan (နံပါတ် -၃)

Asamoah-Gyan

Asamoah-Gyan

ဆန်းဒါးလန်းနဲ့ ဂါနာ နာမည်ကျော်တိုက်စစ်မှူးကြီး အဆာမိုဂျန်ကို ပရိသတ်တွေ မှတ်မိဦးမှာပါ။ ဆန်းဒါးလန်းအသင်းမှာ ကျောနံပါတ်(၃)ဂျာစီနဲ့ ဂိုးတွေ သွင်းယူခဲ့သူ၊ ဂါနာအသင်းမှာလည်း အဲဒီနံပါတ်နဲ့ပဲ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အဆာမိုဂျန်ဟာ အဲဒီနံပါတ်(၃)ကို အကြောင်းမဲ့ ရွေးချယ်ထားတာ မဟုတ်ပါဘူး။ သူ့အကြောင်းပြချက်က ရယ်စရာတော့ကောင်းတယ်။ “ကျွန်တော် ဂါနာမှာ ကစားကတည်းက နံပါတ်(၃)ဂျာစီကို ဝတ်ဆင်ခဲ့တာဗျ။ အဲဒီနံပါတ်က Power ကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေးတဲ့ အရာတွေကို မ’မ’ခင် (၁)ကနေ (၃)အထိ ရေတွက်တယ် မဟုတ်လား။ အဲဒီလိုပဲ တစ်ယောက်ယောက်ကို မကျေနပ်လို့ သတိပေးရင် ပထမအကြိမ်၊ ဒုတိယအကြိမ် သတိပေးမယ်၊ တတိယအကြိမ်မှာတော့ တွယ်လိုက်တာပဲ မဟုတ်လား”တဲ့။

ကနူး Nwankwo Kanu (နံပါတ်-၄)

Nwankwo-Kanu

Nwankwo-Kanu

တစ်ချိန်က အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြကစားခဲ့တဲ့ ကနူးကလည်း နိုက်ဂျီးရီးယားအသင်းမှာ နံပါတ်(၄)ဂျာစီ ဝတ်ဆင်ကစားခဲ့ဖူးတယ်။ Centre-backs ဒါမှမဟုတ် ကွင်းလယ်လူတစ်ဦးဦး ဒီနံပါတ်ကို ဝတ်ဆင်တာ ကိစ္စမရှိပေမယ့် တိုက်စစ်မှူးစစ်စစ်က ဝတ်ဆင်ရင်တော့ ဘယ်လိုမှ မအပ်စပ်ပါဘူး။

ဘားရို့စ် Milan Baros (နံပါတ်-၅)

Milan-Baros

Milan-Baros

ပြင်သစ်ဂန္ထဝင် ကစားသမား ဇီဒန်း Zidane ဟာ ရီးယဲလ်အသင်းမှာတုန်းက ကျောနံပါတ် (၅)အင်္ကျီကို ဝတ်ဆင်ပြီး အောင်မြင်မှုတွေ ရယူခဲ့တယ်။ သူ့လိုပဲ ကျောနံပါတ်(၅)ဂျာစီနဲ့ အောင်မြင်ခဲ့သူက လီဗာပူးလ်တိုက်စစ်မှူးဟောင်း မီလန်ဘားရို့စ်ပါပဲ။ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လိဂ်ဖလားတွေ ရယူခဲ့ပြီး ဘားရို့စ်နောက်ပိုင်း နံပါတ်(၅)အင်္ကျီကို ဝင်ဆင်တဲ့ တိုက်စစ်မှူးတွေ သိပ်မတွေ့ရတော့ပါဘူး။

ဟက်ကာဘီ Darren Huckerby (နံပါတ်-၆)

Darren-Huckerby

Darren-Huckerby

၂၀၀၄-၀၅ ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲတွေကို မီလိုက်တဲ့ ပရိသတ်တွေကတော့ နောဝစ်ချ်တိုက်စစ်မှူး ဟက်ကာဘီကို မှတ်မိကြဦးမယ်ထင်တယ်။ တိုက်စစ် ကစားသမားဖြစ်ပေမယ့် ကျောနံပါတ်(၆)ဂျာစီ ဝတ်ဆင်ကစားခဲ့တဲ့ ဟက်ကာဘီဟာ အဲဒီအချိန်တုန်းက ပရိသတ်တွေရဲ့ အမြင်မှာ ထူးခြားခဲ့တာတော့ အမှန်ပါပဲ။

ကစားတဲ့နေရာနဲ့ မအပ်စပ်တဲ့ ကျောနံပါတ်ပိုင်ရှင် ကစားသမားများအကြောင်းကို အခုလောလောဆယ် အပိုင်း (၁)အဖြစ် ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ ပရိသတ်တွေ စောင့်မျှော်ဖတ်ရှုကြပါဦး . .

REF:dreamteamfc
Photo:Twitter,dreamteamfc
Naing Linn(Akhayar)
www.akhayar.com