[Zawgyi]

ကစားတဲ့ေနရာနဲ႔ မအပ္စပ္တဲ့ ေက်ာနံပါတ္ပုိင္ရွင္ ကစားသမားမ်ား (၂)

ေဘာလုံးအားကစား စတင္ဖြံ႕ၿဖိဳးလာတဲ့ ေခတ္ဦးပုိင္းမွာ ေဘာလုံးအသင္းတစ္သင္းရဲ႕ ေက်ာနံပါတ္ေတြက ႐ုိးရွင္းလြန္းပါတယ္။ ဂုိးသမားက စလုိ႔ ေရွ႕တန္းအထိ (၁၊၂၊၃၊၄) အစဥ္အလုိက္ သတ္မွတ္ေပးလုိက္တာပါပဲ။ ေမာ္ဒန္ေဘာလုံးေလာကေရာက္မွ နံပါတ္ေတြက အထူးအဆန္းေတြျဖစ္လာၿပီး ဘရာဇီးလ္ဂႏၳ၀င္ ေရာ္နယ္လ္ဒုိ Ronaldo ဆုိရင္ ေအစီမီလန္မွာ ကစားတုန္းက နံပါတ္ (၉၉) ၊ ေရာ္နယ္လ္ဒင္ဟုိ Ronaldinho ဆုိရင္လည္း (၈၄) ၀တ္ဆင္ခဲ့သလုိ ဘာလုိတယ္လီ Balotelli က နံပါတ္(၄၅)ကို အင္တာမီလန္၊ မန္စီးတီး၊ လီဗာပူးလ္၊ ေအစီမီလန္တို႔မွာ ၀င္ဆင္ခဲ့ဖူးတယ္။ ဒါေၾကာင့္ ကုိယ္ကစားတဲ့ေနရာနဲ႔ မသတ္ဆုိင္ဘဲ ထူးထူးျခားျခား ေက်ာနံပါတ္ေတြ ၀တ္ဆင္ခဲ့တဲ့ ကစားသမားေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ အပုိင္း(၁)အၿပီး အပုိင္း(၂)ကုိ ဆက္လက္ ေဖာ္ျပေပးလုိက္ပါတယ္ . . .

ဒပ္ဖီ Shane Duffy (နံပါတ္ -၇)

Shane-Duffy

Shane-Duffy

တိုက္စစ္ကစားသမားေတြက ခံစစ္ကစားသမားေတြရဲ႕ နံပါတ္ကုိ ၀တ္ခ့ဲေပမယ့္ အခု ဒပ္ဖီကေတာ့ ေျပာင္းျပန္ပါ။ ဘ႐ုိက္တန္ေနာက္ခံလူ ဒပ္ဖီဟာ ေျမာက္အုိင္ယာလန္ လက္ေရြးစင္အသင္းအတြက္ ကစားခဲ့တဲ့ ကမၻာ႔ဖလားေျခစစ္ပဲြမွာ မဆီမဆုိင္ နံပါတ္(၇)ဂ်ာစီ ၀တ္ၿပီး ကစားခဲ့သူျဖစ္ပါတယ္။

ဂလင္းဂၽြန္ဆင္ Glen Johnson (နံပါတ္-၈)

Glen-Johnson

Glen-Johnson

လီဗာပူးလ္ေနာက္ခံလူေဟာင္း ဂလင္းဂၽြန္ဆင္ကေတာ့ လီဗာပူးလ္မွာ ကစားခဲ့တုန္းက တဲြဖက္ကစားဖူးတဲ့ စတီဗင္ဂ်ရတ္ Steven Gerrard ကုိ အားက်လုိ႔လားေတာ့ မသိဘူး စတုတ္စီးတီးအသင္းေရာက္ေတာ့ ေက်ာနံပါတ္(၈)ဂ်ာစီကုိ ေရြးခ်ယ္ခဲ့တယ္။ အခုေတာ့ သူ႔ရဲ႕ စတုတ္စီးတီးအသင္းလည္း တန္းဆင္းသြားခဲ့ရပါၿပီ။

ဘူလာ႐ုဇ္ Khalid Boulahrouz (နံပါတ္-၉)

Khalid-Boulahrouz

Khalid-Boulahrouz

ေဘာလုံးသမုိင္းမွာ ေက်ာနံပါတ္ (၉)ဆုိတာက ဂႏၳ၀င္နံပါတ္လုိ႔ေတာင္ သတ္မွတ္လုိ႔ရတယ္။ ဒီနံပါတ္နဲ႔ ေက်ာ္ၾကားခဲ့တဲ့ တိုက္စစ္မွဴးေတြက မနည္းမေနာပဲ။ ဒါေပမဲ့ ဒီလုိေက်ာနံပါတ္ကုိ ေနာက္ခံလူက ၀တ္ဆင္လုိက္ေတာ့ ဘယ္လုိမွ ခံစားလုိ႔မရေတာ့ပါဘူး။ ခ်ယ္လ္ဆီးအသင္းမွာ ၂၀၀၆ ကေန ၂၀၀၈ ခုႏွစ္အထိ ကစားခဲ့ဖူးတဲ့ ဒတ္ခ်္ေနာက္ခံလူ ဘူလာ႐ုဇ္ဟာ ေက်ာနံပါတ္(၉)ကုိ ၀တ္ဆင္ခဲ့ၿပီး ေအာင္ျမင္မႈ မရခဲ့ဘဲ သူ႔ေနာက္ပုိင္း ဆစ္ဒ္၀ဲလ္ Steve Sidwell ၊ ေတာရက္စ္ Fernando Torres တို႔ ဆက္၀တ္ခဲ့ေပမယ့္ ဘူလာ႐ုဇ္ရဲ႕ ကံမေကာင္းမႈေတြက အဲဒီကစားသမားေတြကုိပါ ႐ုိက္ခတ္သြားသလား မသိပါဘူး၊ ႏွစ္ေယာက္စလုံး ဇာတ္သိမ္းမလွခဲ့ပါဘူး။

ဂါးလက္စ္ William Gallas (နံပါတ္-၁၀)

William-Gallas

William-Gallas

ကုိယ္နဲ႔ ဘာမွမအပ္စပ္တဲ့ နံပါတ္၀တ္ဆင္ခဲ့သူေတြထဲမွာ ဂါးလက္စ္က ထိပ္ဆုံးလုိ႔ ေျပာရမယ္။ မဆီမဆုိင္ ေက်ာနံပါတ္ (၁၀)ေတာင္ ၀တ္လုိက္ေသးတယ္။ အဲဒီနံပါတ္ (၁၀)ဆုိတာကလည္း အာဆင္နယ္ ဂႏၳ၀င္ တိုက္စစ္မွဴးလုိ႔ သတ္မွတ္ရမယ့္ ဒင္းနစ္ဘားကမ့္ Dennis Bergkamp ၀တ္ခဲ့တဲ့ နံပါတ္။ အာဆင္နယ္အသငး္ကလည္း အဲဒီနံပါတ္ကုိ တိုက္စစ္ကစားသမားတစ္ဦးဦးဆီ ေပးရမယ့္ ဂါးလက္စ္ကုိ ၀တ္ခြင့္ျပဳတာက အံ့ၾသစရာပါပဲ။

မီဟုိင္းလုိဗစ္ Sinisa Mihajlovic (နံပါတ္ -၁၁)

Sinisa-Mihajlovic

Sinisa-Mihajlovic

ယူဂုိဆလားဗီးယား ဂႏၳ၀င္ႀကီး မီဟိုင္းလုိဗစ္ကေတာ့ တျခားကစားသမားေတြနဲ႔ မတူဘဲ နံပါတ္(၁၁)နဲ႔ ေအာင္ျမင္မႈေတြ ရယူႏုိင္ခဲ့တယ္။ ဒါေပမဲ့ သူဟာ ကြင္းလယ္ကစားသမားေတာ့ မဟုတ္ဘူး။ မီဟုိင္းလုိဗစ္ ကစားတဲ့ေနရာက ဘယ္ေနာက္ခံ ဒါမွမဟုတ္ Centre-back ေနရာေတြမွာ ကစားခဲ့တာ။ ျပင္းထန္တိက်တ့ဲ ဖရီးကစ္ကန္ခ်က္ေတြနဲ႔အတူ မီဟုိင္းလုိဗစ္ဟာ ကမၻာ႔အေကာင္းဆုံး ေနာက္ခံလူေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံခဲ့ရတယ္။

ပရိသတ္ႀကီးေရ .. ဒီကစားသမားေတြကေတာ့ ကစားတဲ့ေနရာနဲ႔ မအပ္စပ္တဲ့ ေက်ာနံပါတ္ပုိင္ရွင္ ကစားသမားေတြပဲျဖစ္ပါတယ္။ ဒီ Article ကုိ ဖတ္ၿပီး ပရိသတ္ေတြ ဗဟုသုတ ရႏုိင္လိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ပါတယ္ . .

REF:dreamteamfc
Photo:9jagbedu,dreamteamfc,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားတဲ့နေရာနဲ့ မအပ်စပ်တဲ့ ကျောနံပါတ်ပိုင်ရှင် ကစားသမားများ (၂)

ဘောလုံးအားကစား စတင်ဖွံ့ဖြိုးလာတဲ့ ခေတ်ဦးပိုင်းမှာ ဘောလုံးအသင်းတစ်သင်းရဲ့ ကျောနံပါတ်တွေက ရိုးရှင်းလွန်းပါတယ်။ ဂိုးသမားက စလို့ ရှေ့တန်းအထိ (၁၊၂၊၃၊၄) အစဉ်အလိုက် သတ်မှတ်ပေးလိုက်တာပါပဲ။ မော်ဒန်ဘောလုံးလောကရောက်မှ နံပါတ်တွေက အထူးအဆန်းတွေဖြစ်လာပြီး ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို Ronaldo ဆိုရင် အေစီမီလန်မှာ ကစားတုန်းက နံပါတ် (၉၉) ၊ ရော်နယ်လ်ဒင်ဟို Ronaldinho ဆိုရင်လည်း (၈၄) ဝတ်ဆင်ခဲ့သလို ဘာလိုတယ်လီ Balotelli က နံပါတ်(၄၅)ကို အင်တာမီလန်၊ မန်စီးတီး၊ လီဗာပူးလ်၊ အေစီမီလန်တို့မှာ ဝင်ဆင်ခဲ့ဖူးတယ်။ ဒါကြောင့် ကိုယ်ကစားတဲ့နေရာနဲ့ မသတ်ဆိုင်ဘဲ ထူးထူးခြားခြား ကျောနံပါတ်တွေ ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေကို ပရိသတ်တွေ သိရှိနိုင်အောင် အပိုင်း(၁)အပြီး အပိုင်း(၂)ကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ် . . .

ဒပ်ဖီ Shane Duffy (နံပါတ် -၇)

Shane-Duffy

Shane-Duffy

တိုက်စစ်ကစားသမားတွေက ခံစစ်ကစားသမားတွေရဲ့ နံပါတ်ကို ဝတ်ခဲ့ပေမယ့် အခု ဒပ်ဖီကတော့ ပြောင်းပြန်ပါ။ ဘရိုက်တန်နောက်ခံလူ ဒပ်ဖီဟာ မြောက်အိုင်ယာလန် လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မဆီမဆိုင် နံပါတ်(၇)ဂျာစီ ဝတ်ပြီး ကစားခဲ့သူဖြစ်ပါတယ်။

ဂလင်းဂျွန်ဆင် Glen Johnson (နံပါတ်-၈)

Glen-Johnson

Glen-Johnson

လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ လီဗာပူးလ်မှာ ကစားခဲ့တုန်းက တွဲဖက်ကစားဖူးတဲ့ စတီဗင်ဂျရတ် Steven Gerrard ကို အားကျလို့လားတော့ မသိဘူး စတုတ်စီးတီးအသင်းရောက်တော့ ကျောနံပါတ်(၈)ဂျာစီကို ရွေးချယ်ခဲ့တယ်။ အခုတော့ သူ့ရဲ့ စတုတ်စီးတီးအသင်းလည်း တန်းဆင်းသွားခဲ့ရပါပြီ။

ဘူလာရုဇ် Khalid Boulahrouz (နံပါတ်-၉)

Khalid-Boulahrouz

Khalid-Boulahrouz

ဘောလုံးသမိုင်းမှာ ကျောနံပါတ် (၉)ဆိုတာက ဂန္ထဝင်နံပါတ်လို့တောင် သတ်မှတ်လို့ရတယ်။ ဒီနံပါတ်နဲ့ ကျော်ကြားခဲ့တဲ့ တိုက်စစ်မှူးတွေက မနည်းမနောပဲ။ ဒါပေမဲ့ ဒီလိုကျောနံပါတ်ကို နောက်ခံလူက ဝတ်ဆင်လိုက်တော့ ဘယ်လိုမှ ခံစားလို့မရတော့ပါဘူး။ ချယ်လ်ဆီးအသင်းမှာ ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ ဒတ်ချ်နောက်ခံလူ ဘူလာရုဇ်ဟာ ကျောနံပါတ်(၉)ကို ဝတ်ဆင်ခဲ့ပြီး အောင်မြင်မှု မရခဲ့ဘဲ သူ့နောက်ပိုင်း ဆစ်ဒ်ဝဲလ် Steve Sidwell ၊ တောရက်စ် Fernando Torres တို့ ဆက်ဝတ်ခဲ့ပေမယ့် ဘူလာရုဇ်ရဲ့ ကံမကောင်းမှုတွေက အဲဒီကစားသမားတွေကိုပါ ရိုက်ခတ်သွားသလား မသိပါဘူး၊ နှစ်ယောက်စလုံး ဇာတ်သိမ်းမလှခဲ့ပါဘူး။

ဂါးလက်စ် William Gallas (နံပါတ်-၁၀)

William-Gallas

William-Gallas

ကိုယ်နဲ့ ဘာမှမအပ်စပ်တဲ့ နံပါတ်ဝတ်ဆင်ခဲ့သူတွေထဲမှာ ဂါးလက်စ်က ထိပ်ဆုံးလို့ ပြောရမယ်။ မဆီမဆိုင် ကျောနံပါတ် (၁၀)တောင် ဝတ်လိုက်သေးတယ်။ အဲဒီနံပါတ် (၁၀)ဆိုတာကလည်း အာဆင်နယ် ဂန္ထဝင် တိုက်စစ်မှူးလို့ သတ်မှတ်ရမယ့် ဒင်းနစ်ဘားကမ့် Dennis Bergkamp ဝတ်ခဲ့တဲ့ နံပါတ်။ အာဆင်နယ်အသင်းကလည်း အဲဒီနံပါတ်ကို တိုက်စစ်ကစားသမားတစ်ဦးဦးဆီ ပေးရမယ့် ဂါးလက်စ်ကို ဝတ်ခွင့်ပြုတာက အံ့သြစရာပါပဲ။

မီဟိုင်းလိုဗစ် Sinisa Mihajlovic (နံပါတ် -၁၁)

Sinisa-Mihajlovic

Sinisa-Mihajlovic

ယူဂိုဆလားဗီးယား ဂန္ထဝင်ကြီး မီဟိုင်းလိုဗစ်ကတော့ တခြားကစားသမားတွေနဲ့ မတူဘဲ နံပါတ်(၁၁)နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ သူဟာ ကွင်းလယ်ကစားသမားတော့ မဟုတ်ဘူး။ မီဟိုင်းလိုဗစ် ကစားတဲ့နေရာက ဘယ်နောက်ခံ ဒါမှမဟုတ် Centre-back နေရာတွေမှာ ကစားခဲ့တာ။ ပြင်းထန်တိကျတဲ့ ဖရီးကစ်ကန်ချက်တွေနဲ့အတူ မီဟိုင်းလိုဗစ်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။

ပရိသတ်ကြီးရေ .. ဒီကစားသမားတွေကတော့ ကစားတဲ့နေရာနဲ့ မအပ်စပ်တဲ့ ကျောနံပါတ်ပိုင်ရှင် ကစားသမားတွေပဲဖြစ်ပါတယ်။ ဒီ Article ကို ဖတ်ပြီး ပရိသတ်တွေ ဗဟုသုတ ရနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် . .

REF:dreamteamfc
Photo:9jagbedu,dreamteamfc,
Naing Linn(Akhayar)
www.akhayar.com