ကမ္ဘာအရပ်ရပ်မှာ နိုင်ငံတွေ ကွာခြားသွားတာနဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေလည်း မတူတော့ပါဘူး။ တချို့နိုင်ငံတွေမှာဆို ကပ်သီးကပ်သပ်ဥပဒေတွေ ချထားတာမို့ ရယ်စရာတောင် ကောင်းသဗျ။ “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဖြစ်နေတာမို့ “ရောမရောက်ရင် ရောမလိုကျင့်” ဖို့ လိုတာပေါ့။ ဘယ်လိုထူးခြားတဲ့ ဥပဒေမျိုးတွေ ရှိနေတာလဲဆိုတာ ကြည့်ရအောင်ဗျာ။

၁။ လိုင်စင်မရရင် မီးသီးမလဲနဲ့။

သြစတေးလျနိုင်ငံ (Australia) ဗစ်တိုးရီးယားပြည်နယ် (Victoria State) မှာတော့ ကိုယ်ဟာ လိုင်စင်ရလျှပ်စစ်သမားမဟုတ်ရင် ကိုယ့်အိမ်မှာတောင် မီးသီးဖြုတ်လဲခွင့်မရှိပါဘူး။ မီးသီးလဲတာကိုပဲ လိုင်စင်ရလျှပ်စစ်ပညာရှင်လဲမှ ဥပဒေနဲ့ ညီပါတယ်။ ကိုယ့်ဆန္ဒအလျှောက်ဖြုတ်လဲမိရင်တော့ သြစတေးလျဒေါ်လာ ၁ဝ ဒဏ်ရိုက်မှာဖြစ်ပါတယ်။

change-light-bulb

၂။ ပြုံးထားစမ်း။

အီတလီနိုင်ငံ (Italy) မီလန်မြို့ (Milan) မှာတော့ ဆေးရုံနဲ့နာရေးအိမ်မှလွဲပြီး ကျန်တဲ့နေရာမှာ အမြဲပြုံးနေရပါတယ်။ လမ်းမှာတွေ့တဲ့ လူတွေကို နွေးထွေးလှိုက်လှဲတဲ့ မျက်နှာပေးနဲ့သာ ဆက်ဆံရပါတယ်။ တကယ်လို့ မျက်မှောင်ကြုံ့ထားရင်တော့ ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။

Fake Smile

၃။ ၆နာရီကျော်ရင် လေမလည်နဲ့။

အမေရိကန်နိုင်ငံ (United States of America) ဖလော်ရီဒါပြည်နယ် (Florida) မှာဆိုရင် အများပြည်သူဆိုင်တဲ့နေရာတွေမှာ ကြာသပတေးနေ့ ညနေ ၆နာရီကျော်ရင် လေလည်ခွင့်မရှိပါဘူး။ ပတ်ဝန်းကျင်အသံတိတ်ဆိတ်နေတဲ့အချိန်မှာ “ဘူ” ဆိုတဲ့ လေလည်သံကြီးက ဆူညံသံဖြစ်စေလို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားတာ ဖြစ်ပါတယ်။

fart

၎။ ပါလီမန်မှာ အသက်မထွက်စေနဲ့။

အင်္ဂလန်နိုင်ငံ (England) နိုင်ငံ ပါလီမန်ဝင်း (Houses of Parliament) အတွင်းမှာ သေလို့မရဘူးဆိုပြီးတော့ ၂ဝဝ၇ခုနှစ်မှာ ဥပဒေထုတ်ထားပါတယ်။ ကဲ . . အသက်ထွက်ချင်ရင်တောင် ပါလီမန်ဝင်းအတွင်းမှာဆိုရင် ခဏအောင့်ထားလိုက်ပါ။

You May Like : ကမ္ဘာကျော်ကြား လူဆိုးကြီးများ

parliament-uk

parliament-uk

၅။ မဝစေနဲ့။

ဂျပန်နိုင်ငံ (Japan) ဆူမိုနပမ်းသမားတွေကလွဲလို့ သာမန်လူတွေက တအားဝခွင့်မရှိပါဘူး။ ဒီဥပဒေကိုတော့ ၂ဝဝ၉မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အသက်၎ဝကျော်လာတာနဲ့ အမျိုးသားတွေဟာ ခါးဆိုဒ် ၃၁လက်မထက် ပိုခွင့်မရှိသလို အမျိုးသမီးတွေဟာ ၃၅လက်မထက် ပိုခွင့်မရှိပြန်ပါဘူး။

Sumo

၆။ ၁ဝနာရီကျော်ရင် အိမ်သာရေမဆွဲနဲ့။

ဆွစ်ဇာလန်နိုင်ငံ (Switzerland) မှာဆိုရင် တိုက်ခန်းနေတဲ့သူတွေအနေနဲ့ ည ၁ဝနာရီကျော်ရင် အိမ်သာရေဆွဲချရင် တရားဥပဒေနဲ့ မညီပါဘူး။ နံရံပဲခြားတဲ့ တိုက်ခန်းတွေမှာ ရေကျသံက ပတ်ဝန်းကျင်ကို ဆူညံစေလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

Flushing the toilet

၇။ ဆိုမာလီနိုင်ငံမှာ စမူဆာမစားနဲ့။

ဆိုမာလီနိုင်ငံ (Somalia) မှာဆိုရင် စမူဆာစားခွင့်မရှိပါဘူး။ ဆိုမာလီနိုင်ငံက အင်အားကြီးအစ္စလမ်အစွန်းရောက်တွေဟာ စမူဆာသုံးထောင့်ဟာ ခရစ္စယာန်ဘာသာရဲ့အထွတ်အမြတ်ထားရာ သုံးပါးတစ်ဆူနဲ့တူနေတဲ့အတွက် တားမြစ်ထားတာဖြစ်ပါတယ်။

Mushroom

ကဲ . . . ဒီအချက်တွေကတော့ နိုင်ငံအလိုက်ထူးခြားဆန်းပြားတဲ့ ဥပဒေတွေကို Akhayar ကနေ ဖော်ပြသွားတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘယ်လိုဥပဒေတွေက ထူးခြားတယ်ဆိုတာ လူငယ်ပီပီ ရင်ဖွင့်သွားပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com