[Zawgyi]

မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပယ္နယ္တီနဲ႔ပတ္သက္တ့ဲ မွတ္တမး္မ်ား

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလ (၁၁)ရက္ေန႔က မန္ခ်က္စတာဒါဘီပဲြမွာ မန္ယူအသင္းအတြက္ ပယ္နယ္တီကေန သြင္းယူခဲ့တဲ့ မာစီယဲလ္ Anthony Martial ရဲ႕ ေခ်ပဂုိးဟာ မန္ယူအသင္း ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ ဂုိး(၁၀၀)ေျမာက္ ပယ္နယ္တီျဖစ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ပရီးမီးယားလိဂ္မွာ မန္ယူအသင္း သြင္းယူခဲ့တဲ့ ပယ္နယ္တီဂုိးေတြနဲ႔ပတ္သက္ၿပီး manutd.com က ေဖာ္ျပခဲ့တာကုိ Akhayar Sports ပရိသတ္ေတြ ဗဟုသုတရေအာင္လုိ႔ ျပန္ေဖာက္သည္ခ်ခ်င္ပါတယ္ . .

ပယ္နယ္တီသြင္းဂုိးအမ်ားဆုံး

Wayne-Rooney

Wayne-Rooney

ပရီးမီးယားလိဂ္မွာ မန္ယူအသင္းအတြက္ ပယ္နယ္တီ သြင္းဂုိးအမ်ားဆုံးက ဂႏၳ၀င္တိုက္စစ္မွဴး ၀ိန္းရြန္နီ Wayne Rooney ပါပဲ။ ရြန္နီဟာ ပယ္နယ္တီ ဂုိး(၂၀)အထိ သြင္းယူခဲ့ၿပီး ေနာက္ထပ္ ဂႏၳ၀င္္ျဖစ္တဲ့ နစၥတယ္႐ြိဳင္း Ruud van Nistelrooy ထက္ (၂)ဂုိးပုိမ်ားပါတယ္။

ပယ္နယ္တီတိုင္း ဂုိး၀င္ေအာင္သြင္းခဲ့သူ

Louis-Saha-scored-all-four-of-his-Premier-League-penalties-for-United

Louis-Saha-scored-all-four-of-his-Premier-League-penalties-for-United

မန္ယူအသင္းတိုက္စစ္မွဴေဟာင္း ဆာဟာ Louis Saha ဟာ ပယ္နယ္တီတိုင္းကုိ ရာႏႈန္းျပည့္ ဂုိးသြင္းယူခဲ့သူအျဖစ္ မွတ္တမ္း၀င္ေနပါတယ္။ သူဟာ ပရီးမီးယားလိဂ္မွာ ပယ္နယ္တီ (၄)ဂုိးစလုံး ၀င္ေအာင္ သြင္းႏုိင္ခဲ့ေပမယ့္ ၿပိဳင္ပဲြစုံမွာေတာ့ ဆဲလ္တစ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြတုန္းက တစ္ႀကိမ္လဲြေခ်ာ္ခ့ဲဖူးပါတယ္။

ပထမဆုံး ပယ္နယ္တီ သြင္းခဲ့သူ

Steve-Bruce

Steve-Bruce

ပရီးမီးယားလိဂ္ သမုိင္းမွာ မန္ယူအသင္းအတြက္ ပထမဆုံး ပယ္နယ္တီသြင္းယူခဲ့သူက ဂႏၳ၀င္ ကစားသမားတစ္ဦးျဖစ္တဲ့ စတိဗ္ဘ႐ုစ္ Steve Bruce ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အျဖစ္ နာမည္ေျပာင္းလဲက်င္းပခဲ့တဲ့ ပထမဆုံး ၁၉၉၂-၉၃ ရာသီတုန္းက အဲဗာတန္နဲ႔ပဲြမွာ စတိဘ႐ုစ္ဟာ ပယ္နယ္တီကေန ဂုိးသြင္းယူခဲ့ၿပီး အဲဒီလုိ မွတ္တမ္း၀င္ခဲ့တာျဖစ္ပါတယ္။

(၁၀)ႀကိမ္၊ အႀကိမ္(၅၀)၊ (၇၅)ႀကိမ္နဲ႔ အႀကိမ္(၁၀၀)ေျမာက္ ပယ္နယ္တီဂုိး သြင္းယူခဲ့သူမ်ား

Martial-Penalty-Score

Martial-Penalty-Score

မန္ယူအသင္းအတြက္ (၁၀)ႀကိမ္ေျမာက္ ပယ္နယ္တီဂုိးကုိေတာ့ ၁၉၉၄-၉၅ ရာသီ ေဆာက္သမ္တန္နဲ႔ ကစားခဲ့တဲ့ပဲြမွာ ေနာက္ခံလူ ဒင္းနစ္အာ၀င္ Denis Irwin က သြင္းယူခဲ့တာပါ။ အႀကိမ္ (၅၀)ေျမာက္ကေတာ့ လူး၀စ္ဆာဟာက ၂၀၀၇၊ စက္တင္ဘာ၊ ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ပဲြမွာ သြင္းခဲ့တာျဖစ္ပါတယ္။ (၇၅)ႀကိမ္ေျမာက္ ပယ္နယ္တီကုိေတာ့ ရြန္နီက ရက္ဒင္း(၂၀၁၂)နဲ႔ကစားခဲ့တဲ့ပဲြမွာ သြင္းခဲ့တာျဖစ္ၿပီး အႀကိမ္(၁၀၀)ေျမာက္ သြင္းဂုိးကုိ မာစီယဲလ္က သြင္းယူခဲ့တာျဖစ္ပါတယ္။

မတူညီတဲ့ ႏုိင္ငံ(၁၀)ႏုိင္ငံက ကစားသမားေတြ ပယ္နယ္တီသြင္းယူခ့ဲ

Cristiano-Ronaldo-Penalty

Cristiano-Ronaldo-Penalty

ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္မွာ မန္ယူအသင္းအတြက္ မတူညီတဲ့ ႏုိင္ငံ(၁၀)ခုက ကစားသမားေတြ ပယ္နယ္တီသြင္းယူခဲ့ၾကပါတယ္။ အဲဒီႏုိင္ငံေတြကေတာ့ အဂၤလန္၊ ျပင္သစ္၊ နယ္သာလန္၊ စပိန္ ၊ ဘူလ္ေဂးရီးယား၊ မကၠဆီကုိ၊ အုိင္ယာလန္၊ ေပၚတူဂီ၊ ဆြီဒင္နဲ႔ ေ၀းလ္စ္ တို႔ပါပဲ။

REF:.manutd
Photo:Manchester United,FootyRoom,Football Fancast,Zimbio
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပယ်နယ်တီနဲ့ပတ်သက်တဲ့ မှတ်တမ်းများ

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၁)ရက်နေ့က မန်ချက်စတာဒါဘီပွဲမှာ မန်ယူအသင်းအတွက် ပယ်နယ်တီကနေ သွင်းယူခဲ့တဲ့ မာစီယဲလ် Anthony Martial ရဲ့ ချေပဂိုးဟာ မန်ယူအသင်း ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုး(၁၀၀)မြောက် ပယ်နယ်တီဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်မှာ မန်ယူအသင်း သွင်းယူခဲ့တဲ့ ပယ်နယ်တီဂိုးတွေနဲ့ပတ်သက်ပြီး manutd.com က ဖော်ပြခဲ့တာကို Akhayar Sports ပရိသတ်တွေ ဗဟုသုတရအောင်လို့ ပြန်ဖောက်သည်ချချင်ပါတယ် . .

ပယ်နယ်တီသွင်းဂိုးအများဆုံး

Wayne-Rooney

Wayne-Rooney

ပရီးမီးယားလိဂ်မှာ မန်ယူအသင်းအတွက် ပယ်နယ်တီ သွင်းဂိုးအများဆုံးက ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီ Wayne Rooney ပါပဲ။ ရွန်နီဟာ ပယ်နယ်တီ ဂိုး(၂၀)အထိ သွင်းယူခဲ့ပြီး နောက်ထပ် ဂန္ထဝင်ဖြစ်တဲ့ နစ္စတယ်ရွိုင်း Ruud van Nistelrooy ထက် (၂)ဂိုးပိုများပါတယ်။

ပယ်နယ်တီတိုင်း ဂိုးဝင်အောင်သွင်းခဲ့သူ

Louis-Saha-scored-all-four-of-his-Premier-League-penalties-for-United

Louis-Saha-scored-all-four-of-his-Premier-League-penalties-for-United

မန်ယူအသင်းတိုက်စစ်မှူဟောင်း ဆာဟာ Louis Saha ဟာ ပယ်နယ်တီတိုင်းကို ရာနှုန်းပြည့် ဂိုးသွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်နေပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ပယ်နယ်တီ (၄)ဂိုးစလုံး ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံမှာတော့ ဆဲလ်တစ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတုန်းက တစ်ကြိမ်လွဲချော်ခဲ့ဖူးပါတယ်။

ပထမဆုံး ပယ်နယ်တီ သွင်းခဲ့သူ

Steve-Bruce

Steve-Bruce

ပရီးမီးယားလိဂ် သမိုင်းမှာ မန်ယူအသင်းအတွက် ပထမဆုံး ပယ်နယ်တီသွင်းယူခဲ့သူက ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်တဲ့ စတိဗ်ဘရုစ် Steve Bruce ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖြစ် နာမည်ပြောင်းလဲကျင်းပခဲ့တဲ့ ပထမဆုံး ၁၉၉၂-၉၃ ရာသီတုန်းက အဲဗာတန်နဲ့ပွဲမှာ စတိဘရုစ်ဟာ ပယ်နယ်တီကနေ ဂိုးသွင်းယူခဲ့ပြီး အဲဒီလို မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

(၁၀)ကြိမ်၊ အကြိမ်(၅၀)၊ (၇၅)ကြိမ်နဲ့ အကြိမ်(၁၀၀)မြောက် ပယ်နယ်တီဂိုး သွင်းယူခဲ့သူများ

Martial-Penalty-Score

Martial-Penalty-Score

မန်ယူအသင်းအတွက် (၁၀)ကြိမ်မြောက် ပယ်နယ်တီဂိုးကိုတော့ ၁၉၉၄-၉၅ ရာသီ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ခံလူ ဒင်းနစ်အာဝင် Denis Irwin က သွင်းယူခဲ့တာပါ။ အကြိမ် (၅၀)မြောက်ကတော့ လူးဝစ်ဆာဟာက ၂၀၀၇၊ စက်တင်ဘာ၊ ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ သွင်းခဲ့တာဖြစ်ပါတယ်။ (၇၅)ကြိမ်မြောက် ပယ်နယ်တီကိုတော့ ရွန်နီက ရက်ဒင်း(၂၀၁၂)နဲ့ကစားခဲ့တဲ့ပွဲမှာ သွင်းခဲ့တာဖြစ်ပြီး အကြိမ်(၁၀၀)မြောက် သွင်းဂိုးကို မာစီယဲလ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

မတူညီတဲ့ နိုင်ငံ(၁၀)နိုင်ငံက ကစားသမားတွေ ပယ်နယ်တီသွင်းယူခဲ့

Cristiano-Ronaldo-Penalty

Cristiano-Ronaldo-Penalty

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ မန်ယူအသင်းအတွက် မတူညီတဲ့ နိုင်ငံ(၁၀)ခုက ကစားသမားတွေ ပယ်နယ်တီသွင်းယူခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေကတော့ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်၊ စပိန် ၊ ဘူလ်ဂေးရီးယား၊ မက္ကဆီကို၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဆွီဒင်နဲ့ ဝေးလ်စ် တို့ပါပဲ။

REF:.manutd
Photo:Manchester United,FootyRoom,Football Fancast,Zimbio
Naing Linn(Akhayar)
www.akhayar.com