[Zawgyi]

မိဘေမတၱာ စမ္းေရပမာ အျမဲေအးျမတာ

တစ္ခါတုန္းကေပါ့ . .  ေလးႏွစ္အရြယ္ေကာင္ေလးက အိမ္ေရွ႕မွာရွိတဲ့ ပန္းသီးပင္ေပၚမွာ တက္လုိက္၊ ပန္းသီးေတြ ခူးစားလုိက္၊ ပန္းသီးပင္ေအာက္မွာ တေရးအိပ္လုိက္နဲ႔ ဇိမ္က်ေနပါတယ္။ ပန္းသီးပင္ႀကီးနဲ႔ေဆာ့ေနတာ အခ်ိန္ေတြၾကာၿပီဆုိေတာ့ သံေယာဇဥ္ေတြေတာင္ ျဖစ္လုိ႔ေနပါၿပီ။ ပန္းသီးပင္က ေကာင္ေလး လာေဆာ့တဲ့အခ်ိန္မွာဆုိ အရမ္းေပ်ာ္ရုံမက ေကာင္ေလးကုိ ေတာ္ေတာ္ခ်စ္တယ္။

တျဖည္းျဖည္းနဲ႔ ေကာင္ေလးက ၁၂ႏွစ္ေလာက္ျဖစ္လာေတာ့ ပန္းသီးပင္ႀကီးဆီမွာ လာမေဆာ့ေတာ့ဘူး။ အရုပ္ေလးေတြနဲ႔ ေပ်ာ္ေမြ႕ေနေတာ့ ပန္းသီးပင္ႀကီးမွာ ေကာင္ေလးကုိ လြမ္းတဲ့စိတ္နဲ႔ မေပ်ာ္ျဖစ္ေနတာေပါ့။ တစ္ေန႔မွာ မေမ်ွာ္လင့္ဘဲ ေကာင္ေလးဟာ ပန္းသီးပင္ႀကီးဆီ မ်က္ႏွာငယ္ေလးနဲ႔ ေရာက္လာတယ္။

“ကေလးရယ္ . . အရင္တုန္းကလုိပဲ ငါ့ဆီကုိ လာေဆာ့ပါလား။ ကေလးမရွိေတာ့ ငါ့မွာတစ္ေယာက္တည္း ပ်င္းလုိက္တာကြယ္ “

“ပန္းသီးပင္ႀကီးရယ္ . . ကြ်န္ေတာ္အရင္လုိ ခင္ဗ်ားနဲ႔မေဆာ့ခ်င္ေတာ့ဘူးဗ်ာ . . ၊ သူမ်ားေတြလုိ အရုပ္ေတြနဲ႔ ေဆာ့ခ်င္တယ္။ ကြ်န္ေတာ့္သူငယ္ခ်င္းေတြဆုိ အရုပ္အႀကီးႀကီးေတြနဲ႔ ေဆာ့ေနၾကတာ။ ကြ်န္ေတာ့္မွာက အရုပ္ေသးေသးေလးပဲ ရွိတယ္ေလ။ သူတုိ႔လုိ အရုပ္ႀကီးဝယ္ဖုိ႔ ခင္ဗ်ားပုိက္ဆံေပးပါလားဗ်ာ”

“ဟယ္ ကေလးရယ္ . . ေျပာတတ္လုိက္တာ။ ငါက သစ္ပင္ေလ၊ လူသားေတြလုိ ပုိက္ဆံဘယ္ရွိပါ့မလဲ။ ဒါေပမယ့္ မပူပါနဲ႔ ကေလးရယ္ ..။ ငါ့အသီးေတြကုိ ခူးေရာင္းလုိက္ရင္ လုိခ်င္တဲ့အရုပ္ေတြ ဝယ္လုိ႔ရၿပီေပါ့ ကေလးရယ္”

ပန္းသီးပင္ႀကီးရဲ႕စကားကုိၾကားေတာ့ ေကာင္ေလး စိတ္အားတက္သြားတယ္။ ပန္းသီးပင္ေပၚတက္၊ ပန္းသီးေတြကုိ ခူးၿပီး ေစ်းထဲမွာ သြားေရာင္းလုိက္ေတာ့ လုိခ်င္တဲ့အရုပ္ႀကီးေတြ အမ်ားႀကီးကုိ ဝယ္ႏုိင္သြားတယ္။ ေကာင္ေလးက သူလုိခ်င္တာေတြ ရသြားၿပီ ဆုိေတာ့ ပန္းသီးပင္ႀကီးကုိ ေမ့သြားဟန္တူပါတယ္။ အရုပ္ေတြနဲ႔ပဲ ေဆာ့ေနၿပီးေတာ့ ပန္းသီးပင္ႀကီးဆီကုိ ေျခဦးမလွည့္ေတာ့ပါဘူး။ ပန္းသီးပင္ႀကီးမွာေတာ့ ေကာင္ေလးကုိ စိတ္မဆုိးႏုိင္ဘဲနဲ႔ ေကာင္ေလးလာေဆာ့မယ့္အခ်ိန္ကုိပဲ ေမ်ွာ္ေနတာေပါ့။

အခ်ိန္ေတြကုန္လာလုိက္တာ ေကာင္ေလးကလည္း လူႀကီးအရြယ္ေရာက္လာၿပီး အိမ္ေထာင္ေတြဘာေတြေတာင္ က်လာတာေပါ့။ တစ္ေန႔မွာေတာ့ ေကာင္ေလးဟာ ပန္းသီးပင္ႀကီးဆီ ေရာက္လာပါတယ္။ ေကာင္ေလး ေရာက္လာေတာ့ ပန္းသီးပင္ႀကီးက ဝမ္းသာအားရ ႀကိဳရွာပါတယ္။ ေကာင္ေလးဟာ အရြယ္ေတြေရာက္လာေပမယ့္ ပန္းသီးပင္ႀကီးကေတာ့ ေကာင္ေလးကုိ သူ႔ဆီကုိ လာေဆာ့တဲ့ ကေလးတစ္ေယာက္လုိပဲ ျမင္ေနပါတယ္။

“ကေလးရယ္ . . အရင္တုန္းကလုိပဲ ငါ့ဆီကုိ လာေဆာ့ပါလား။ ကေလးမရွိေတာ့ ငါ့မွာတစ္ေယာက္တည္း ပ်င္းလုိက္တာကြယ္ “

“ဟာ . . ပန္းသီးပင္ႀကီးကလည္းဗ်ာ . ဘာေတြလာေျပာေနတာတုန္း။ ကြ်န္ေတာ္ကေလး မဟုတ္ေတာ့ဘူးေလ။ အရြယ္ေရာက္လုိ႔ အိမ္ေထာင္ေတာင္ က်ေနၿပီဗ်။ အခု စိတ္ညစ္တယ္ဗ်ာ။ ပုိက္ဆံမရွိဘူး၊ အိမ္ေဆာက္ခ်င္လုိ႔ ပုိက္ဆံေပးပါလားဗ်ာ”

“ ငါ့မွာက သစ္ပင္ဆုိေတာ့ ပုိက္ဆံမရွိေပမယ့္လည္း ဘာမွမပူပါနဲ႔ ေကာင္ေလးရယ္။ ငါ့မွာ ကုိင္းေတြရွိတယ္ေလ။ ငါ့ကုိင္းေတြကုိ ခုတ္ၿပီးေတာ့ အိမ္ေဆာက္ေပါ့”

ေကာင္ေလးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ပန္းသီးပင္ႀကီးရဲ႕ ကုိင္းေတြကုိ ခုတ္ၿပီး အိမ္အသစ္ေဆာက္လုိက္ပါတယ္။ အိမ္ေဆာက္ၿပီးတာနဲ႔ ေကာင္ေလးက ပန္းသီးပင္ႀကီးဆီကုိ ေယာင္လုိ႔မွ ေျခဦးမလွည့္ေတာ့ပါဘူး။ ပန္းသီးပင္ႀကီးမွာေတာ့ ေကာင္ေလးကုိ လြမ္းဆြတ္သတိရၿပီးေတာ့ ေမ်ွာ္လင့္ေနတာေပါ့။ ဒီလုိနဲ႔ အခ်ိန္ေတြကုန္လာၿပီးေတာ့ ေကာင္ေလးဟာလည္း အသက္၅ဝေက်ာ္ လူႀကီးတစ္ေယာက္ ျဖစ္လာပါတယ္။ တစ္ေန႔မွာ ေကာင္ေလးက ပန္းသီးပင္ႀကီးဆီကုိ ေရာက္လာပါတယ္။ ေကာင္ေလးလာေတာ့ ပန္းသီးပင္ႀကီးမွာ ေပ်ာ္လုိ႔ရႊင္လုိ႔။

“ကေလးရယ္ . . ငါနဲ႔လာေဆာ့ပါဦးလား။ အရင္လုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါ့ ကေလးရယ္။ မင္းမရွိလုိ႔ ငါ့မွာ ပ်င္းလိုက္တာကြယ္”

“ပန္းသီးပင္ႀကီးကလည္း . . ။ ကြ်န္ေတာ္ကေလး မဟုတ္ေတာ့ဘူးေလ။ ေျမးေတာင္ ခ်ီေနရၿပီ။ စက္ေလွတစ္စီးနဲ႔ ရြက္လႊင့္ၿပီး အနားယူခ်င္လုိ႔။ ငါ့ကုိ ကူညီေပးပါလားကြာ”

“ကေလးရယ္ . . မင္းလုိအပ္တာေတြ အကုန္လုံးကုိ ျဖည့္ဆည္းေပးဖုိ႔ ငါ့ဘက္က အဆင္သင့္ပါပဲ။ ငါ့ပင္စည္ႀကီးကုိ ခုတ္လွဲၿပီးေတာ့ စက္ေလွေဆာက္လုိက္ေလ။ ၿပီးရင္ စက္ေလွေလးစီးၿပီးေတာ့ အနားယူေပါ့ ကေလးရယ္”

ပန္းသီးပင္ႀကီးရဲ႕ ခြင့္ျပဳခ်က္ကုိ ၾကားရေတာ့ ေကာင္ေလးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ပန္းသီးပင္ရဲ႕ ပင္စည္ႀကီးကုိ အေျခကေန လႊနဲ႔တုိက္ၿပီး စက္ေလွေဆာက္လုိက္တာေပါ့။ ပန္းသီးပင္ႀကီးမွာ သစ္ငုတ္တုိပဲက်န္ပါေတာ့တယ္။ ေကာင္ေလးကလည္း လုိခ်င္တာကုိ ရၿပီဆုိေတာ့ ပန္းသီးပင္ႀကီးကုိ သတိမရေတာ့ပါဘူး။ ပန္းသီးပင္ႀကီးမွာေတာ့ ႏွစ္ေပါင္းမ်ားစြာ ေကာင္ေလးလာမယ့္အခ်ိန္ကုိပဲ အျမဲေမ်ွာ္လင့္ေနရတာေပါ့။ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတဲ့အခါမွာ ကေလးဟာလည္း အသက္၈ဝနားကပ္လုိ႔ လာပါတယ္။ ဒီတစ္ခါ ပန္းသီးပင္ႀကီးဆီေရာက္လာေတာ့ ပန္းသီးပင္ႀကီးကလည္း အရင္လုိ ေဝေဝဆာဆာမရွိေတာ့ပါဘူး။

“ကေလးရယ္ . . ဒီတစ္ခါ မကူညီႏုိင္လုိ႔ စိတ္မေကာင္းဘူးကြယ္ . . ။ ငါ့မွာက မင္းအတြက္ ပန္းသီးေတြ မသီးႏုိင္ေတာ့ဘူး”

“ပန္းသီးပင္ႀကီးရယ္ . . ငါ့မွာလည္း ဝါးစရာသြားေတြ မရွိေတာ့ပါဘူး”

“ၿပီးေတာ့လည္းေလ . . ။ ေကာင္ေလးရယ္ မင္း တက္ၿပီး ေဆာ့လုိ႔ရေအာင္ ပင္စည္ေတြ၊ အကုိင္းေတြလည္း မရွိေတာ့ပါဘူးကြယ္”

“ပန္းသီးပင္ႀကီးရယ္ . . ။ ငါလည္း အရင္လုိ မေဆာ့ႏုိင္ေတာ့ပါဘူး။ အသက္ႀကီးလာၿပီဆုိေတာ့ အရင္လုိ မေပါ့ပါးေတာ့ဘူးေလ။ ငါ ေအးေဆးနားခ်င္လာၿပီကြာ”

“ေကာင္ေလးရယ္ . . ။ ေအးေဆးနားခ်င္ရင္ေတာ့ ငါ့မွာ အျမစ္ေတြက်န္ပါေသးတယ္။ ငါ့ေပၚမွာ ေအးေဆးထုိင္နားလုိက္ပါေနာ္။

ပန္းသီးပင္ႀကီးက ငုိေၾကြးၿပီးေတာ့ ေျပာလုိက္ပါတယ္။ ေကာင္ေလးဟာလည္း ေမာဟုိက္ႏြမ္းလ်စြာနဲ႔ သစ္ငုတ္တုိေပၚမွာ ထုိင္ခ်လုိက္ပါတယ္။ ေနဝင္ခ်ိန္ကိ ေစာင့္ေမ်ွာ္ရင္းနဲ႔ေပါ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ပုံျပင္ထဲက ပန္းသီးပင္ႀကီးကုိ သနားေနတယ္ဆုိရင္ေတာ့ မိဘႏွစ္ပါးကုိ ေက်းဇူးဆပ္လုိက္ပါ။ ကြ်န္ေတာ္တုိ႔ေတြက အရြယ္ေရာက္ၿပီဆုိတာနဲ႔ မိဘရင္ခြင္ကေနထြက္ၿပီး တစ္အုိးတစ္အိမ္ထူေထာင္ၾကတယ္။ “ခလုတ္ထိမွ အမိတ” ဆုိသလုိ အခက္အခဲေတြ ေတြ႕လာမွ၊ ဒုကၡေတြ ေရာက္လာမွ မိဘႏွစ္ပါးကုိ သတိရလာၾကတယ္။ မိဘေတြ ရင္ထဲမွာေတာ့ သားသမီးေတြ ဘယ္လုိပဲရက္စက္ပစ္ခြာသြားပါေစ၊ မေဟာင္းႏြမ္းတဲ့အခ်စ္ေတြနဲ႔ ေပးဆပ္ေနတဲ့သူေတြပါ။ အဲဒီေတာ့ မိဘႏွစ္ပါးကုိ စိန္ေရႊပတၱျမား၊ အိမ္ေျမျခံကားေတြနဲ႔ မထားႏုိင္ရင္ ေနပါေစ၊ မိဘႏွစ္ပါး သက္ရွိထင္ရွားရွိေနတုန္း မပူမပင္မေၾကာင့္မၾကျဖစ္ရေအာင္ ေက်းဇူးဆပ္ၾကပါလုိ႔ တုိက္တြန္းလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မိဘမေတ္တာ စမ်းရေပမာ အမြဲအေးမြတာ

တစ်ခါတုန်းကပေါ့ . .  လေးနှစ်အရွယ်ကောင်လေးက အိမ်ရှေ့မှာရှိတဲ့ ပန်းသီးပင်ပေါ်မှာ တက်လိုက်၊ ပန်းသီးတွေ ခူးစားလိုက်၊ ပန်းသီးပင်အောက်မှာ တရေးအိပ်လိုက်နဲ့ ဇိမ်ကျနေပါတယ်။ ပန်းသီးပင်ကြီးနဲ့ဆော့နေတာ အချိန်တွေကြာပြီဆိုတော့ သံယောဇဉ်တွေတောင် ဖြစ်လို့နေပါပြီ။ ပန်းသီးပင်က ကောင်လေး လာဆော့တဲ့အချိန်မှာဆို အရမ်းပျော်ရုံမက ကောင်လေးကို တော်တော်ချစ်တယ်။

တဖြည်းဖြည်းနဲ့ ကောင်လေးက ၁၂နှစ်လောက်ဖြစ်လာတော့ ပန်းသီးပင်ကြီးဆီမှာ လာမဆော့တော့ဘူး။ အရုပ်လေးတွေနဲ့ ပျော်မွေ့နေတော့ ပန်းသီးပင်ကြီးမှာ ကောင်လေးကို လွမ်းတဲ့စိတ်နဲ့ မပျော်ဖြစ်နေတာပေါ့။ တစ်နေ့မှာ မမျှော်လင့်ဘဲ ကောင်လေးဟာ ပန်းသီးပင်ကြီးဆီ မျက်နှာငယ်လေးနဲ့ ရောက်လာတယ်။

“ကလေးရယ် . . အရင်တုန်းကလိုပဲ ငါ့ဆီကို လာဆော့ပါလား။ ကလေးမရှိတော့ ငါ့မှာတစ်ယောက်တည်း ပျင်းလိုက်တာကွယ် “

“ပန်းသီးပင်ကြီးရယ် . . ကျွန်တော်အရင်လို ခင်ဗျားနဲ့မဆော့ချင်တော့ဘူးဗျာ . . ၊ သူများတွေလို အရုပ်တွေနဲ့ ဆော့ချင်တယ်။ ကျွန်တော့်သူငယ်ချင်းတွေဆို အရုပ်အကြီးကြီးတွေနဲ့ ဆော့နေကြတာ။ ကျွန်တော့်မှာက အရုပ်သေးသေးလေးပဲ ရှိတယ်လေ။ သူတို့လို အရုပ်ကြီးဝယ်ဖို့ ခင်ဗျားပိုက်ဆံပေးပါလားဗျာ”

“ဟယ် ကလေးရယ် . . ပြောတတ်လိုက်တာ။ ငါက သစ်ပင်လေ၊ လူသားတွေလို ပိုက်ဆံဘယ်ရှိပါ့မလဲ။ ဒါပေမယ့် မပူပါနဲ့ ကလေးရယ် ..။ ငါ့အသီးတွေကို ခူးရောင်းလိုက်ရင် လိုချင်တဲ့အရုပ်တွေ ဝယ်လို့ရပြီပေါ့ ကလေးရယ်”

ပန်းသီးပင်ကြီးရဲ့စကားကိုကြားတော့ ကောင်လေး စိတ်အားတက်သွားတယ်။ ပန်းသီးပင်ပေါ်တက်၊ ပန်းသီးတွေကို ခူးပြီး ဈေးထဲမှာ သွားရောင်းလိုက်တော့ လိုချင်တဲ့အရုပ်ကြီးတွေ အများကြီးကို ဝယ်နိုင်သွားတယ်။ ကောင်လေးက သူလိုချင်တာတွေ ရသွားပြီ ဆိုတော့ ပန်းသီးပင်ကြီးကို မေ့သွားဟန်တူပါတယ်။ အရုပ်တွေနဲ့ပဲ ဆော့နေပြီးတော့ ပန်းသီးပင်ကြီးဆီကို ခြေဦးမလှည့်တော့ပါဘူး။ ပန်းသီးပင်ကြီးမှာတော့ ကောင်လေးကို စိတ်မဆိုးနိုင်ဘဲနဲ့ ကောင်လေးလာဆော့မယ့်အချိန်ကိုပဲ မျှော်နေတာပေါ့။

အချိန်တွေကုန်လာလိုက်တာ ကောင်လေးကလည်း လူကြီးအရွယ်ရောက်လာပြီး အိမ်ထောင်တွေဘာတွေတောင် ကျလာတာပေါ့။ တစ်နေ့မှာတော့ ကောင်လေးဟာ ပန်းသီးပင်ကြီးဆီ ရောက်လာပါတယ်။ ကောင်လေး ရောက်လာတော့ ပန်းသီးပင်ကြီးက ဝမ်းသာအားရ ကြိုရှာပါတယ်။ ကောင်လေးဟာ အရွယ်တွေရောက်လာပေမယ့် ပန်းသီးပင်ကြီးကတော့ ကောင်လေးကို သူ့ဆီကို လာဆော့တဲ့ ကလေးတစ်ယောက်လိုပဲ မြင်နေပါတယ်။

“ကလေးရယ် . . အရင်တုန်းကလိုပဲ ငါ့ဆီကို လာဆော့ပါလား။ ကလေးမရှိတော့ ငါ့မှာတစ်ယောက်တည်း ပျင်းလိုက်တာကွယ် “

“ဟာ . . ပန်းသီးပင်ကြီးကလည်းဗျာ . ဘာတွေလာပြောနေတာတုန်း။ ကျွန်တော်ကလေး မဟုတ်တော့ဘူးလေ။ အရွယ်ရောက်လို့ အိမ်ထောင်တောင် ကျနေပြီဗျ။ အခု စိတ်ညစ်တယ်ဗျာ။ ပိုက်ဆံမရှိဘူး၊ အိမ်ဆောက်ချင်လို့ ပိုက်ဆံပေးပါလားဗျာ”

“ ငါ့မှာက သစ်ပင်ဆိုတော့ ပိုက်ဆံမရှိပေမယ့်လည်း ဘာမှမပူပါနဲ့ ကောင်လေးရယ်။ ငါ့မှာ ကိုင်းတွေရှိတယ်လေ။ ငါ့ကိုင်းတွေကို ခုတ်ပြီးတော့ အိမ်ဆောက်ပေါ့”

ကောင်လေးက ပျော်ပျော်ရွှင်ရွှင်ပဲ ပန်းသီးပင်ကြီးရဲ့ ကိုင်းတွေကို ခုတ်ပြီး အိမ်အသစ်ဆောက်လိုက်ပါတယ်။ အိမ်ဆောက်ပြီးတာနဲ့ ကောင်လေးက ပန်းသီးပင်ကြီးဆီကို ယောင်လို့မှ ခြေဦးမလှည့်တော့ပါဘူး။ ပန်းသီးပင်ကြီးမှာတော့ ကောင်လေးကို လွမ်းဆွတ်သတိရပြီးတော့ မျှော်လင့်နေတာပေါ့။ ဒီလိုနဲ့ အချိန်တွေကုန်လာပြီးတော့ ကောင်လေးဟာလည်း အသက်၅ဝကျော် လူကြီးတစ်ယောက် ဖြစ်လာပါတယ်။ တစ်နေ့မှာ ကောင်လေးက ပန်းသီးပင်ကြီးဆီကို ရောက်လာပါတယ်။ ကောင်လေးလာတော့ ပန်းသီးပင်ကြီးမှာ ပျော်လို့ရွှင်လို့။

“ကလေးရယ် . . ငါနဲ့လာဆော့ပါဦးလား။ အရင်လို ပျော်ပျော်ရွှင်ရွှင်ပေါ့ ကလေးရယ်။ မင်းမရှိလို့ ငါ့မှာ ပျင်းလိုက်တာကွယ်”

“ပန်းသီးပင်ကြီးကလည်း . . ။ ကျွန်တော်ကလေး မဟုတ်တော့ဘူးလေ။ မြေးတောင် ချီနေရပြီ။ စက်လှေတစ်စီးနဲ့ ရွက်လွှင့်ပြီး အနားယူချင်လို့။ ငါ့ကို ကူညီပေးပါလားကွာ”

“ကလေးရယ် . . မင်းလိုအပ်တာတွေ အကုန်လုံးကို ဖြည့်ဆည်းပေးဖို့ ငါ့ဘက်က အဆင်သင့်ပါပဲ။ ငါ့ပင်စည်ကြီးကို ခုတ်လှဲပြီးတော့ စက်လှေဆောက်လိုက်လေ။ ပြီးရင် စက်လှေလေးစီးပြီးတော့ အနားယူပေါ့ ကလေးရယ်”

ပန်းသီးပင်ကြီးရဲ့ ခွင့်ပြုချက်ကို ကြားရတော့ ကောင်လေးက ပျော်ပျော်ရွှင်ရွှင်ပဲ ပန်းသီးပင်ရဲ့ ပင်စည်ကြီးကို အခြေကနေ လွှနဲ့တိုက်ပြီး စက်လှေဆောက်လိုက်တာပေါ့။ ပန်းသီးပင်ကြီးမှာ သစ်ငုတ်တိုပဲကျန်ပါတော့တယ်။ ကောင်လေးကလည်း လိုချင်တာကို ရပြီဆိုတော့ ပန်းသီးပင်ကြီးကို သတိမရတော့ပါဘူး။ ပန်းသီးပင်ကြီးမှာတော့ နှစ်ပေါင်းများစွာ ကောင်လေးလာမယ့်အချိန်ကိုပဲ အမြဲမျှော်လင့်နေရတာပေါ့။ နှစ်ပေါင်းများစွာကြာပြီးတဲ့အခါမှာ ကလေးဟာလည်း အသက်၈ဝနားကပ်လို့ လာပါတယ်။ ဒီတစ်ခါ ပန်းသီးပင်ကြီးဆီရောက်လာတော့ ပန်းသီးပင်ကြီးကလည်း အရင်လို ဝေဝေဆာဆာမရှိတော့ပါဘူး။

“ကလေးရယ် . . ဒီတစ်ခါ မကူညီနိုင်လို့ စိတ်မကောင်းဘူးကွယ် . . ။ ငါ့မှာက မင်းအတွက် ပန်းသီးတွေ မသီးနိုင်တော့ဘူး”

“ပန်းသီးပင်ကြီးရယ် . . ငါ့မှာလည်း ဝါးစရာသွားတွေ မရှိတော့ပါဘူး”

“ပြီးတော့လည်းလေ . . ။ ကောင်လေးရယ် မင်း တက်ပြီး ဆော့လို့ရအောင် ပင်စည်တွေ၊ အကိုင်းတွေလည်း မရှိတော့ပါဘူးကွယ်”

“ပန်းသီးပင်ကြီးရယ် . . ။ ငါလည်း အရင်လို မဆော့နိုင်တော့ပါဘူး။ အသက်ကြီးလာပြီဆိုတော့ အရင်လို မပေါ့ပါးတော့ဘူးလေ။ ငါ အေးဆေးနားချင်လာပြီကွာ”

“ကောင်လေးရယ် . . ။ အေးဆေးနားချင်ရင်တော့ ငါ့မှာ အမြစ်တွေကျန်ပါသေးတယ်။ ငါ့ပေါ်မှာ အေးဆေးထိုင်နားလိုက်ပါနော်။

ပန်းသီးပင်ကြီးက ငိုကြွေးပြီးတော့ ပြောလိုက်ပါတယ်။ ကောင်လေးဟာလည်း မောဟိုက်နွမ်းလျစွာနဲ့ သစ်ငုတ်တိုပေါ်မှာ ထိုင်ချလိုက်ပါတယ်။ နေဝင်ချိန်ကိ စောင့်မျှော်ရင်းနဲ့ပေါ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်ထဲက ပန်းသီးပင်ကြီးကို သနားနေတယ်ဆိုရင်တော့ မိဘနှစ်ပါးကို ကျေးဇူးဆပ်လိုက်ပါ။ ကျွန်တော်တို့တွေက အရွယ်ရောက်ပြီဆိုတာနဲ့ မိဘရင်ခွင်ကနေထွက်ပြီး တစ်အိုးတစ်အိမ်ထူထောင်ကြတယ်။ “ခလုတ်ထိမှ အမိတ” ဆိုသလို အခက်အခဲတွေ တွေ့လာမှ၊ ဒုက္ခတွေ ရောက်လာမှ မိဘနှစ်ပါးကို သတိရလာကြတယ်။ မိဘတွေ ရင်ထဲမှာတော့ သားသမီးတွေ ဘယ်လိုပဲရက်စက်ပစ်ခွာသွားပါစေ၊ မဟောင်းနွမ်းတဲ့အချစ်တွေနဲ့ ပေးဆပ်နေတဲ့သူတွေပါ။ အဲဒီတော့ မိဘနှစ်ပါးကို စိန်ရွှေပတ္တမြား၊ အိမ်မြေခြံကားတွေနဲ့ မထားနိုင်ရင် နေပါစေ၊ မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေတုန်း မပူမပင်မကြောင့်မကြဖြစ်ရအောင် ကျေးဇူးဆပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com