[Zawgyi]

သံေယာဇဥ္ဆုိတာက ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ အၿမဲတမ္းဆြတ္ပ်ံ႕ေနမယ့္ ေတးသြားတစ္ခုပါပဲ

သံေယာဇဥ္တဲ့။ စကားလုံးကေတာ့ (၃)လုံးတည္းပါပဲ။ ဒါေပမဲ့ အဲဒီစကားစုထဲမွာ ခံစားခ်က္ေတြ၊ ၾကည္ႏူးစရာေကာင္းတဲ့ စိတ္ေတြ အမ်ားႀကီး ေပ်ာ္၀င္ေနတယ္။ စစ္မွန္တဲ့ သံေယာဇဥ္တစ္ခု ျဖစ္ေပၚလာဖုိ႔ဆုိတာ မလြယ္ကူသလုိ အဲဒီလုိ ျဖစ္တည္လာတဲ့ သံေယာဇဥ္တစ္ခုကလညး္ လြယ္လြယ္နဲ႔ ဖ်က္ဆီးလုိ႔ မရပါဘူး။ အခုလုိ အစပ်ိဳးေနရတာက နာမည္ေက်ာ္ ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo သူ႔ရဲ႕ Instagram မွာ တင္ထားတဲ့ Post တစ္ခုေၾကာင့္ပါပဲ။

Cristiano-Ronaldo-and-Ferguson

Cristiano-Ronaldo-and-Ferguson

သူ႔ရဲ႕ ဆရာဆုိလညး္ဟုတ္၊ ဒုတိယဖခင္လုိ႔လည္း တင္စားလုိ႔ရတဲ့ မန္ယူဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ Alex Ferguson နဲ႔အတူ ႐ုိက္ထားတဲ့ ဓာတ္ပုံကုိ Post တင္ခ့ဲတာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိက ဒီလုိလည္း ေရးခဲ့ပါေသးတယ္။ “တကယ့္ ႀကီးက်ယ္ခမ္းနားတဲ့ နည္းျပ၊ ထပ္ေျပာရရင္ မယံုႏုိင္ေလာက္စရာ အရည္အခ်င္းရွိတဲ့ လူတစ္ေယာက္။ ကၽြန္ေတာ့္ကုိ ကြင္းတြင္း၊ ကြင္းျပင္မွာ ဆရာေကာင္းတစ္ဦးလုိ အရာအားလုံး သင္ၾကားေပးခဲ့သူ။ အခုလုိ က်န္းက်န္းမာမာနဲ႔ ေတြ႕ရတာ တကယ္၀မ္းသာမိတယ္. Boss ေရ”တဲ့။

Ferguson-and-Cristiano-Ronaldo-2003

Ferguson-and-Cristiano-Ronaldo-2003

ဒီပုံေလးဟာ အသက္မရွိေပမယ့္ အဲဒီပုံမွာ ပါ၀င္စီးေမ်ာေနတဲ့ ခံစားခ်က္ေတြက သက္၀င္လႈပ္ရွားလြန္းတယ္။ ဖာဂူဆန္ဆုိတာက စီေရာ္နယ္လ္ဒုိကုိ ဒီေန႔ဒီအခ်ိန္အထိ ေရာက္ေအာင္ ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ ဥယ်ာဥ္မွဴးလုိ႔ ဆုိရမယ္။ ဒီပုံကုိ ျမင္လုိက္ရတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒုိနဲ႔ ဖာဂူဆန္တို႔ မန္ယူအသင္းမွာ ျဖတ္သန္းခဲ့ၾကတဲ့ ကာလပုံရိပ္ေတြကုိ စိတ္ထဲမွာ အလုိလုိျမင္ေယာင္လာမိတယ္။ ဖာဂူဆန္လက္ထက္မွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ကစားသမားေတြက မနည္းမေနာပါ။

Ferguson-and-C-Ronaldo

Ferguson-and-C-Ronaldo

ဒါေပမဲ့ ဖာဂူဆန္ကေတာ့ သူစိတ္ထဲ သတ္မွတ္ထားတဲ့ World Class Players က (၄)ေယာက္ပဲရွိတယ္လုိ႔ သူရဲ႕ Leading စာအုပ္ထဲမွာ ၀န္ခံခဲ့ဖူးတယ္။ အဲဒီသူေတြက စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ေပါလ္စခုိး Paul Scholes ၊ ႐ုိင္ယန္ဂစ္ Ryan Giggs ၊ ကန္တိုနာ Eric Cantona တို႔ပါပဲ။ တစ္ရြာ မေျပာင္း သူေကာင္းမျဖစ္ဆုိသလုိ မန္ယူနဲ႔ လမ္းခဲြခဲ့ေပမယ့္ စီေရာ္နယ္လ္ဒုိရဲ႕ ႏွလုံးသားတစ္ေထာင့္မွာ Red Devil ဆုိတဲ့ အမွတ္တံဆိပ္က အၿမဲခတ္ႏွိပ္ထားၿပီးသားပါ။

Cristiano-Ronaldo-and-Ferguson-after-Euro-2016-Final

Cristiano-Ronaldo-and-Ferguson-after-Euro-2016-Final

ဖာဂူဆန္နဲ႔ ဆုံေတြ႕တိုင္း စီေရာ္နယ္လ္ဒုိဟာ ကုိယ့္ဆရာ၊ ဖခင္တစ္ဦးလုိ အားရ၀မ္းသာ ဖက္လဲွတကင္းျဖစ္ခဲ့တာကုိလည္း ပရိသတ္ေတြ ျမင္ေတြ႕ၿပီးသားပါပဲ။ စီေရာ္နယ္လ္ဒုိနဲ႔ ဖာဂူဆန္တို႔ရဲ႕ သံေယာဇဥ္က ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ အၿမဲတမ္းဆြတ္ပ်႔ံေနမယ့္ ေတးသြားတစ္ခုလုိ႔ပဲ ဆုိရမွာျဖစ္ပါေတာ့တယ္ . . .

Photo: Cristiano Ronaldo Instagram,The Sun,Getty Images,SPORTbible
Naing Linn(Akhayar)
www.akhayar.com

[Unicode]

သံယောဇဉ်ဆိုတာက နှစ်တွေဘယ်လောက်ကြာကြာ အမြဲတမ်းဆွတ်ပျံ့နေမယ့် တေးသွားတစ်ခုပါပဲ

သံယောဇဉ်တဲ့။ စကားလုံးကတော့ (၃)လုံးတည်းပါပဲ။ ဒါပေမဲ့ အဲဒီစကားစုထဲမှာ ခံစားချက်တွေ၊ ကြည်နူးစရာကောင်းတဲ့ စိတ်တွေ အများကြီး ပျော်ဝင်နေတယ်။ စစ်မှန်တဲ့ သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကူသလို အဲဒီလို ဖြစ်တည်လာတဲ့ သံယောဇဉ်တစ်ခုကလည်း လွယ်လွယ်နဲ့ ဖျက်ဆီးလို့ မရပါဘူး။ အခုလို အစပျိုးနေရတာက နာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo သူ့ရဲ့ Instagram မှာ တင်ထားတဲ့ Post တစ်ခုကြောင့်ပါပဲ။

Cristiano-Ronaldo-and-Ferguson

Cristiano-Ronaldo-and-Ferguson

သူ့ရဲ့ ဆရာဆိုလည်းဟုတ်၊ ဒုတိယဖခင်လို့လည်း တင်စားလို့ရတဲ့ မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန် Alex Ferguson နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Post တင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုက ဒီလိုလည်း ရေးခဲ့ပါသေးတယ်။ “တကယ့် ကြီးကျယ်ခမ်းနားတဲ့ နည်းပြ၊ ထပ်ပြောရရင် မယုံနိုင်လောက်စရာ အရည်အချင်းရှိတဲ့ လူတစ်ယောက်။ ကျွန်တော့်ကို ကွင်းတွင်း၊ ကွင်းပြင်မှာ ဆရာကောင်းတစ်ဦးလို အရာအားလုံး သင်ကြားပေးခဲ့သူ။ အခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရတာ တကယ်ဝမ်းသာမိတယ်. Boss ရေ”တဲ့။

Ferguson-and-Cristiano-Ronaldo-2003

Ferguson-and-Cristiano-Ronaldo-2003

ဒီပုံလေးဟာ အသက်မရှိပေမယ့် အဲဒီပုံမှာ ပါဝင်စီးမျောနေတဲ့ ခံစားချက်တွေက သက်ဝင်လှုပ်ရှားလွန်းတယ်။ ဖာဂူဆန်ဆိုတာက စီရော်နယ်လ်ဒိုကို ဒီနေ့ဒီအချိန်အထိ ရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဥယျာဉ်မှူးလို့ ဆိုရမယ်။ ဒီပုံကို မြင်လိုက်ရတဲ့အချိန်မှာ စီရော်နယ်လ်ဒိုနဲ့ ဖာဂူဆန်တို့ မန်ယူအသင်းမှာ ဖြတ်သန်းခဲ့ကြတဲ့ ကာလပုံရိပ်တွေကို စိတ်ထဲမှာ အလိုလိုမြင်ယောင်လာမိတယ်။ ဖာဂူဆန်လက်ထက်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ ကစားသမားတွေက မနည်းမနောပါ။

Ferguson-and-C-Ronaldo

Ferguson-and-C-Ronaldo

ဒါပေမဲ့ ဖာဂူဆန်ကတော့ သူစိတ်ထဲ သတ်မှတ်ထားတဲ့ World Class Players က (၄)ယောက်ပဲရှိတယ်လို့ သူရဲ့ Leading စာအုပ်ထဲမှာ ဝန်ခံခဲ့ဖူးတယ်။ အဲဒီသူတွေက စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ပေါလ်စခိုး Paul Scholes ၊ ရိုင်ယန်ဂစ် Ryan Giggs ၊ ကန်တိုနာ Eric Cantona တို့ပါပဲ။ တစ်ရွာ မပြောင်း သူကောင်းမဖြစ်ဆိုသလို မန်ယူနဲ့ လမ်းခွဲခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့ နှလုံးသားတစ်ထောင့်မှာ Red Devil ဆိုတဲ့ အမှတ်တံဆိပ်က အမြဲခတ်နှိပ်ထားပြီးသားပါ။

Cristiano-Ronaldo-and-Ferguson-after-Euro-2016-Final

Cristiano-Ronaldo-and-Ferguson-after-Euro-2016-Final

ဖာဂူဆန်နဲ့ ဆုံတွေ့တိုင်း စီရော်နယ်လ်ဒိုဟာ ကိုယ့်ဆရာ၊ ဖခင်တစ်ဦးလို အားရဝမ်းသာ ဖက်လဲှတကင်းဖြစ်ခဲ့တာကိုလည်း ပရိသတ်တွေ မြင်တွေ့ပြီးသားပါပဲ။ စီရော်နယ်လ်ဒိုနဲ့ ဖာဂူဆန်တို့ရဲ့ သံယောဇဉ်က နှစ်တွေဘယ်လောက်ကြာကြာ အမြဲတမ်းဆွတ်ပျံ့နေမယ့် တေးသွားတစ်ခုလို့ပဲ ဆိုရမှာဖြစ်ပါတော့တယ် . . .

Photo: Cristiano Ronaldo Instagram,The Sun,Getty Images,SPORTbible
Naing Linn(Akhayar)
www.akhayar.com