[Zawgyi] 

Xiaomi အေနနဲ႔ေတာ့ ဒီႏွစ္အတြက္ Apple နဲ႔ Samsung ကိုလိုက္မွီလာၿပီလုိ႔ေျပာလို႔ရပါတယ္။ Flagship ဖုန္းကို သံုးမ်ိဳးထုတ္ျပခဲ့တာ Mi 8 ၊ Mi 8 SE နဲ႔ Mi 8 Explorer Edition ဆိုၿပီး ေစ်းကြက္မွာ စိတ္ဝင္စားမႈေတြရခဲ့ပါတယ္။ အဲ့ဒီအထဲမွာ စိတ္ဝင္စားမႈအမ်ားဆံုးရခဲ့တာကေတာ့ Mi 8 Explorer Edition ပါ။ 

Xiaomi Mi 8 Explorer Edition

Explorer Edition ကေတာ့ Mi 8 ဖုန္းအားလံုးထဲမွာ အထူးျခားဆံုးျဖစ္သလို ေစ်းအမ်ားဆံုးလည္းျဖစ္ပါတယ္။ Xiaomi ရဲ႕ ပထမဦးဆံုး Transparent Glass နဲ႔လာတဲ့ ထုတ္ကုန္အျဖစ္ထြက္လာတဲ့ Mi 8 Explorer Edition က တစ္ကမၻာလံုးမွာရွိတဲ့ Mi Fan ေတြကိုသာမက ဖုန္းစိတ္ဝင္စားသူေတြအမ်ားႀကီးကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ေက်ာဖက္ Glass Cover ကို အတြင္းက အစိတ္အပိုင္းတခ်ိဳ႕ကို ထြင္းေဖာက္ျမင္ရသလိုျဖစ္ေအာင္လုပ္ထားတဲ့ Design ေၾကာင့္ Online Media ေတြမွာလည္း သတင္းေတြ၊ ဓာတ္ပံုေတြ အမ်ားႀကီးပြစာက်ဲသြားခဲ့ပါေသးတယ္။ 

Transparent Glass Back

Xiaomi ကေတာ့ အခုလို Design ေၾကာင့္ နာမည္ေကာင္းရေနေပမယ့္ အၾကာႀကီးမခံလိုက္ပါဘူး။ Design က ထူးျခားေနတာေၾကာင့္ အေသးစိတ္စိတ္ဝင္စားသူေတြလည္း ရွိေနပါေသးတယ္။ ဖုန္းေနာက္ေက်ာက Glass ရဲ႕ အထဲမွာ ျမင္ေနရတဲ့ အတြင္းအစိတ္အပိုင္းေတြက သိပ္ကိုသပ္ရပ္ေနပါတယ္။ ရွင္းရွင္းလင္းလင္းလည္းျမင္ရတာကလည္း လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ပိုၿပီးျမင့္တက္ေစတာပါ။ 

The Logic Board Design of Mi 8 EE

Mi 8 Explorer Edition ကို အေသးစိတ္ေလ့လာၾကည့္ၾကတဲ့အခါ အျငင္းပြားစရာျဖစ္လာတာကလည္း Glass ေအာက္က Logic Board အပိုင္းပါပဲ။ Xioami ကေတာ့ ဖုန္းရဲ႕ အတြင္းထဲက အစိတ္အပိုင္းအစစ္ေတြလိုလို ေျပာသြားေပမယ့္ တကယ္တမ္းက Logic Board အစစ္မဟုတ္ပါဘူး။ Logic Board ရဲ႕ ေပၚမွာ ထပ္ထားတဲ့ အလႊာလြတ္တစ္ခုပါ။ အဲ့ဒီအလႊာက ေအာက္မွာရွိတဲ့ တကယ့္ Logic Board နဲ႔ အဆက္အသြယ္မရွိသလို အလုပ္လုပ္ေပးတဲ့အပိုင္းလည္း မဟုတ္ပါဘူး။ 

The Decorated Fake Logic Board Layer

Logic Board အေပၚမွာ ထပ္ထားတဲ့အလႊာက Logic Board မွာပါတဲ့ အစိတ္အပိုင္းေတြျဖစ္တဲ့ SoC ၊ RAM နဲ႔ AI Engine လိုမ်ိဳးေတြကို အျပင္ကျမင္ရသလို ျဖစ္ေအာင္ ေသခ်ာ Design ဆြဲထားတဲ့ Logic Board အပိုင္း အတုထက္ ဘာမွမပိုခဲ့ပါဘူး။ ဖုန္းကို ၾကည့္ရင္အျမင္ဆန္းၿပီးလွေနေအာင္ အလွဆင္ထားတာကလြဲလို႔ ေတာ္ေတာ္မ်ားမ်ား ထင္ေနၾကသလို Logic Board အစစ္မဟုတ္ပါဘူး။ ဖုန္းကို လွေစဖို႔နဲ႔ အမ်ားစိတ္ဝင္စားမႈကိုခံရေစဖို႔အတြက္နဲ႔ အခုလိုလုပ္တာကို Mi Fan ေတာ္ေတာ္မ်ားမ်ားကလည္း သိပ္ၿပီး မေက်နပ္ၾကပါဘူး။ Online Forum ေတြ၊ Group ေတြမွာလည္း အခုကိစၥနဲ႔ပတ္သက္လို႔ ေျပာဆိုေနၾကတုန္းပါ။ Xiaomi ကေတာ့ ဒီမွာပဲရပ္မလား၊ ေနာက္ဖုန္းအသစ္ေတြကိုေရာ ဒီလို Design မ်ိဳးကို ဆက္သံုးလာႏိုင္ဦးမလာဆိုတာကေတာ့ လက္ရွိေစ်းကြက္ေနရာရမႈအေပၚမူတည္ၿပီးေျပာင္းႏိုင္သလို Online ေပၚက လူေတြရဲ႕ ေဝဖန္သံေတြေၾကာင့္လည္း ေျပာင္းႏိုင္ပါေသးတယ္။ အခုအခ်ိန္မွာေတာ့ လူေျပာမ်ားေနတဲ့အေၾကာင္းအရာတစ္ခုအျဖစ္ Online ေပၚမွာ ျပန္႔ေနဦးမွာပါ။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

မာယာများပြီး ဖောက်ထွင်းမြင်ရတဲ့ Xiaomi Mi 8 Explorer Edition အကြောင်း

Xiaomi အနေနဲ့တော့ ဒီနှစ်အတွက် Apple နဲ့ Samsung ကိုလိုက်မှီလာပြီလို့ပြောလို့ရပါတယ်။ Flagship ဖုန်းကို သုံးမျိုးထုတ်ပြခဲ့တာ Mi 8 ၊ Mi 8 SE နဲ့ Mi 8 Explorer Edition ဆိုပြီး ဈေးကွက်မှာ စိတ်ဝင်စားမှုတွေရခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စိတ်ဝင်စားမှုအများဆုံးရခဲ့တာကတော့ Mi 8 Explorer Edition ပါ။

Xiaomi Mi 8 Explorer Edition

Explorer Edition ကတော့ Mi 8 ဖုန်းအားလုံးထဲမှာ အထူးခြားဆုံးဖြစ်သလို ဈေးအများဆုံးလည်းဖြစ်ပါတယ်။ Xiaomi ရဲ့ ပထမဦးဆုံး Transparent Glass နဲ့လာတဲ့ ထုတ်ကုန်အဖြစ်ထွက်လာတဲ့ Mi 8 Explorer Edition က တစ်ကမ္ဘာလုံးမှာရှိတဲ့ Mi Fan တွေကိုသာမက ဖုန်းစိတ်ဝင်စားသူတွေအများကြီးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နောက်ကျောဖက် Glass Cover ကို အတွင်းက အစိတ်အပိုင်းတချို့ကို ထွင်းဖောက်မြင်ရသလိုဖြစ်အောင်လုပ်ထားတဲ့ Design ကြောင့် Online Media တွေမှာလည်း သတင်းတွေ၊ ဓာတ်ပုံတွေ အများကြီးပွစာကျဲသွားခဲ့ပါသေးတယ်။ 

Transparent Glass Back

Xiaomi ကတော့ အခုလို Design ကြောင့် နာမည်ကောင်းရနေပေမယ့် အကြာကြီးမခံလိုက်ပါဘူး။ Design က ထူးခြားနေတာကြောင့် အသေးစိတ်စိတ်ဝင်စားသူတွေလည်း ရှိနေပါသေးတယ်။ ဖုန်းနောက်ကျောက Glass ရဲ့ အထဲမှာ မြင်နေရတဲ့ အတွင်းအစိတ်အပိုင်းတွေက သိပ်ကိုသပ်ရပ်နေပါတယ်။ ရှင်းရှင်းလင်းလင်းလည်းမြင်ရတာကလည်း လူအများရဲ့ စိတ်ဝင်စားမှုကို ပိုပြီးမြင့်တက်စေတာပါ။ 

The Logic Board Design of Mi 8 EE

Mi 8 Explorer Edition ကို အသေးစိတ်လေ့လာကြည့်ကြတဲ့အခါ အငြင်းပွားစရာဖြစ်လာတာကလည်း Glass အောက်က Logic Board အပိုင်းပါပဲ။ Xioami ကတော့ ဖုန်းရဲ့ အတွင်းထဲက အစိတ်အပိုင်းအစစ်တွေလိုလို ပြောသွားပေမယ့် တကယ်တမ်းက Logic Board အစစ်မဟုတ်ပါဘူး။ Logic Board ရဲ့ ပေါ်မှာ ထပ်ထားတဲ့ အလွှာလွတ်တစ်ခုပါ။ အဲ့ဒီအလွှာက အောက်မှာရှိတဲ့ တကယ့် Logic Board နဲ့ အဆက်အသွယ်မရှိသလို အလုပ်လုပ်ပေးတဲ့အပိုင်းလည်း မဟုတ်ပါဘူး။ 

The Decorated Fake Logic Board Layer

Logic Board အပေါ်မှာ ထပ်ထားတဲ့အလွှာက Logic Board မှာပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ SoC ၊ RAM နဲ့ AI Engine လိုမျိုးတွေကို အပြင်ကမြင်ရသလို ဖြစ်အောင် သေချာ Design ဆွဲထားတဲ့ Logic Board အပိုင်း အတုထက် ဘာမှမပိုခဲ့ပါဘူး။ ဖုန်းကို ကြည့်ရင်အမြင်ဆန်းပြီးလှနေအောင် အလှဆင်ထားတာကလွဲလို့ တော်တော်များများ ထင်နေကြသလို Logic Board အစစ်မဟုတ်ပါဘူး။ ဖုန်းကို လှစေဖို့နဲ့ အများစိတ်ဝင်စားမှုကိုခံရစေဖို့အတွက်နဲ့ အခုလိုလုပ်တာကို Mi Fan တော်တော်များများကလည်း သိပ်ပြီး မကျေနပ်ကြပါဘူး။ Online Forum တွေ၊ Group တွေမှာလည်း အခုကိစ္စနဲ့ပတ်သက်လို့ ပြောဆိုနေကြတုန်းပါ။ Xiaomi ကတော့ ဒီမှာပဲရပ်မလား၊ နောက်ဖုန်းအသစ်တွေကိုရော ဒီလို Design မျိုးကို ဆက်သုံးလာနိုင်ဦးမလာဆိုတာကတော့ လက်ရှိဈေးကွက်နေရာရမှုအပေါ်မူတည်ပြီးပြောင်းနိုင်သလို Online ပေါ်က လူတွေရဲ့ ဝေဖန်သံတွေကြောင့်လည်း ပြောင်းနိုင်ပါသေးတယ်။ အခုအချိန်မှာတော့ လူပြောများနေတဲ့အကြောင်းအရာတစ်ခုအဖြစ် Online ပေါ်မှာ ပြန့်နေဦးမှာပါ။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။