၂ဝ၁၈ကမၻာ့ဖလားကုိ လြဲေခ်ာ္ခဲ့ရတဲ့ နာမည္ေက်ာ္ကစားသမားမ်ား

The Stars Who Could Miss The 2018 World Cup
The Stars Who Could Miss The 2018 World Cup

[Zawgyi]

၂ဝ၁၈ကမၻာ့ဖလားကုိ လြဲေခ်ာ္ခဲ့ရတဲ့ နာမည္ေက်ာ္ကစားသမားမ်ား

၂ဝ၁၈ကမၻာ့ဖလားေျခစစ္ပြဲကာလဟာ ႏုိဝင္ဘာလ (၁၄) ရက္ေန႔မွာ ၿပီးဆုံးေတာ့မွာပါ။ ေစာေစာစီးစီးေျခစစ္ပြဲေအာင္သြားတဲ့ (၂၂) သင္းလည္း ထြက္ေပၚခဲ့သလုိ အိမ္ျပန္လက္မွတ္ရသြားတဲ့ အသင္းေတြလည္း ဒုနဲ႔ေဒးပါ။ ၂ဝ၁၈ကမၻာ့ဖလားမွာ နာမည္ေက်ာ္ကစားသမားေတြ အစုံအလင္ပါႏုိင္ပါ့မလား၊ ေျခစစ္ပြဲေရာ ေအာင္ၾကရဲ႕လားဆုိတဲ့ ေမးခြန္းကလည္း စိတ္ဝင္စားဖုိ႔ ေကာင္းပါတယ္။ ေျခစစ္ပြဲမေအာင္ခဲ့လုိ႔ ၂ဝ၁၈ကမၻာ့ဖလားကုိ လြဲေခ်ာ္ခဲ့ရတဲ့ နာမည္ေက်ာ္ကစားသမားေတြကုိ ေဖာ္ျပလုိက္ရပါတယ္။

၁။ ဂါးရက္ေဘးလ္ (Gareth Bale)

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ဂါးရက္ေဘးလ္ (Gareth Bale) ဟာ ၂ဝ၁၈ကမၻာ့ဖလားမွာ ပါဝင္ေတာ့မွာ မဟုတ္ပါဘူး။ ေအာက္တုိဘာလ (၉) ရက္ေန႔တုန္းက ဂါးရက္ေဘးလ္ ဦးေဆာင္တဲ့ ေဝးလ္အသင္းဟာ အုိင္ယာလန္အသင္းကုိ ၁ဂုိး – ဂုိးမရွိနဲ႔ ရႈံးနိမ့္ခဲ့လုိ႔ ကမၻာ့ဖလားအိပ္မက္ အသက္မဲ့ခဲ့ရပါတယ္။ ေဝးလ္အသင္းဟာ အုိင္ယာလန္အသင္းကုိ သေရကစားခဲ့ရင္ေတာင္ Play – Offs နဲ႔ ကမၻာ့ဖလားတက္ခြင့္ရွိပါေသးတယ္။

ဂါးရက္ေဘးလ္ (Gareth Bale)
ဂါးရက္ေဘးလ္ (Gareth Bale)

၂။ အာဂ်န္ေရာ္ဘင္ (Arjen Robben)

ဘုိင္ယန္ျမဴးနစ္ကလပ္နဲ႔ နယ္သာလန္လက္ေရြးစင္အသင္းတုိ႔ရဲ႕ ဂႏၱဝင္ကစားသမားႀကီး အာဂ်န္ေရာ္ဘင္ (Arjen Robben) ဟာ ၂ဝ၁၈ကမၻာ့ဖလားမွာ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။ ေျခစစ္ပြဲမွာ နယ္သာလန္အသင္းဟာ ဆြီဒင္အသင္းနဲ႔ ရမွတ္တူခဲ့ေပမယ့္ ဂုိးကြာျခားခ်က္ေၾကာင့္ ရုရွားလက္မွတ္ ေပ်ာက္ဆုံးခဲ့ရပါတယ္။ အေကာင္းဆုံးအေနအထားမွာ ရွိေသးေပမယ့္ ေျခစစ္ပြဲမေအာင္ျဖစ္ခဲ့တဲ့ ေရာ္ဘင္ဟာ (၃၃) ႏွစ္အရြယ္မွာပဲ ႏုိင္ငံတကာလက္ေရြးစင္ဘဝမွ အနားယူခဲ့ပါတယ္။

အာဂ်န္ေရာ္ဘင္ (Arjen Robben)
အာဂ်န္ေရာ္ဘင္ (Arjen Robben)

၃။ အလက္ဆစ္ဆန္းခ်က္ (Alexis Sánchez)

ဂါးရက္ေဘးလ္၊ အာဂ်န္ေရာ္ဘင္တုိ႔နဲ႔အတူ ၂ဝ၁၈ကမၻာ့ဖလားပြဲမွာ လြဲေခ်ာ္ရမယ့္ တျခားနာမည္ေက်ာ္ကစားသမားကေတာ့ ခ်ီလီတုိက္စစ္မွဴး အလက္ဆစ္ဆန္းခ်က္ (Alexis Sánchez) ပဲျဖစ္ပါတယ္။ အလက္ဆစ္ဆန္းခ်က္ ဦးေဆာင္ကစားေနတဲ့ ခ်ီလီအသင္းဟာ ပီရူးအသင္းနဲ႔ ရမွတ္တူေပမယ့္ ဂုိးကြာျခားခ်က္ေၾကာင့္ ကမၻာ့ဖလားအိပ္မက္ပ်က္စီးခဲ့ရပါတယ္။

အလက္ဆစ္ဆန္းခ်က္ (Alexis Sánchez)
အလက္ဆစ္ဆန္းခ်က္ (Alexis Sánchez)

၄။ အာတူရုိဗီဒယ္ (Arturo Vidal)

ခ်ီလီအသင္းရဲ႕ ကြင္းလယ္ကစားသမား အာတူရုိဗီဒယ္ (Arturo Vidal) ဟာလည္း ကမၻာ့ဖလားမွာ ျမင္ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။ ကမၻာ့ဖလားေျခစစ္ပြဲမွာ ခ်ီလီအသင္းကုိ ကြင္းလယ္ဖန္တီးရွင္ဘဝမွ အေကာင္းဆုံးထိန္းေက်ာင္းႏုိင္ခဲ့ေပမယ့္ ေျခစစ္ပြဲမေအာင္ျမင္ခဲ့တဲ့အတြက္ အသက္ (၃ဝ) သာရွိေသးတဲ့ ဗီဒယ္ဟာ ၾသဂုတ္လ (၃၁) ရက္ေန႔က ပါရာေဂြးအသင္းကုိ ၃ဂုိး – ဂုိးမရွိ ရႈံးနိမ့္ခဲ့ၿပီး ႏုိင္ငံတကာလက္ေရြးစင္ဘဝမွ အနားယူၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။ ခ်ီလီကြင္းလယ္ဖန္တီးရွင္ ဗီဒယ္ကုိ လက္ေရြးစင္အသင္းမွာ ဆက္လက္ေတြ႕ႏုိင္မလားဆုိတာ ဆက္လက္ေစာင့္ၾကည့္ၾကစုိ႔ရဲ႕။

အာတူရုိဗီဒယ္ (Arturo Vidal)
အာတူရုိဗီဒယ္ (Arturo Vidal)

၅။ အန္တုိနီယုိဗလင္စီယာ (Antonio Valencia)

မန္ခ်က္စတာယူႏုိက္တက္ကလပ္နဲ႔ အီေကြေဒါအသင္းတုိ႔ရဲ႕ ညာေတာင္ပံကစားသမား အန္တုိနီယုိဗလင္စီယာ (Antonio Valencia) ကုိလည္း ၂ဝ၁၈ကမၻာ့ဖလားပြဲမွာ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။ ဗလင္စီယာ ကစားေနတဲ့ အီေကြေဒါအသင္းဟာ ေတာင္အေမရိကန္ဇုန္ေျခစစ္ပြဲမွာ အဌမေနရာသာ ရရွိခဲ့တဲ့အတြက္ ကမၻာ့ဖလားဝင္ခြင့္ရေတာ့မွာ မဟုတ္ပါဘူး။ ဗလင္စီယာရဲ႕ေျခစြမ္းေတြကုိ မန္ခ်က္စတာယူႏုိက္တက္မွာသာ ဆက္လက္ရႈစားၾကစုိ႔ရဲ႕။

အန္တုိနီယုိဗလင္စီယာ (Antonio Valencia)
အန္တုိနီယုိဗလင္စီယာ (Antonio Valencia)

၆။ ေဒးဗစ္အယ္လာဘာ (David Alaba)

ဘုိင္ယန္ျမဴးနစ္ကလပ္မွာ ေျခစြမ္းျပေနတဲ့ ေဒးဗစ္အယ္လာဘာ (David Alaba) ဟာ ၂ဝ၁၈ကမၻာ့ဖလားပြဲမွာ ပါဝင္ခြင့္ရေတာ့မွာ မဟုတ္ပါဘူး။ ၾသစတီးယားအသင္းနဲ႔ ပါဝင္ကစားေနတဲ့ ေဒးဗစ္အယ္လာဘာဟာ ေျခစစ္ပြဲမေအာင္ခဲ့တာေၾကာင့္ ကမၻာ့ဖလားၿပိဳင္ပြဲကုိ တီဗီြကေနပဲ အားေပးရေတာ့မွာပါ။

ေဒးဗစ္အယ္လာဘာ (David Alaba)
ေဒးဗစ္အယ္လာဘာ (David Alaba)

ဒါ့အျပင္ ေဘာ့စ္နီးယားတုိက္စစ္မွဴး အီဒင္ဒီဇီကုိ (Edin Dzeko) ၊ နယ္သာလန္ ကြင္းလယ္ခံစစ္ ဒါေလဘလုိင္း (Daley Blind) ၊ စလိုေဗးနီးယား ဂုိးသမား ဂ်န္ေအာ့ဘလက္ (Jan Oblak) နဲ႔ အေမရိကန္ ဂုိးသမား တင္ေဟာင္းဝဒ္ (Tim Howard) နာမည္ေက်ာ္ေတြကုိလည္း ၂ဝ၁၈ကမၻာ့ဖလားမွာ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။

အီဒင္ဒီဇီကုိ (Edin Dzeko)
အီဒင္ဒီဇီကုိ (Edin Dzeko)

ေနာက္ၿပီးေတာ့ ခရုိေရးရွား ကြင္းလယ္လူ လူကာမုိဒရစ္ (Luca Modric) ၊ ခရုိးေရးရွား ကြင္းလယ္လူ အီဗန္ရာကီတစ္ (Ivan Rakitic) ၊ အီတလီဂုိးသမား ဘူဖြန္ (Buffon) ၊ အီတလီေနာက္ခံလူ ခ်ီလီနီ (Chiellini) တုိ႔လုိ နာမည္ေက်ာ္ေတြ ဦးေဆာင္တဲ့ လက္ေရြးစင္အသင္းေတြက အုပ္စုဒုတိယေနရာသာ ရခဲ့တဲ့အတြက္ Play – Offs မွာ အႏုိင္ရမွသာ ေျခစစ္ပြဲေအာင္မွာမုိ႔ ကမၻာ့ဖလားပြဲမွာ ေတြ႕ျမင္ရဖုိ႔ ၅ဝရာခုိင္ႏႈန္းပဲ ရွိပါေသးတယ္။  ရုရွားႏုိင္ငံမွာ က်င္းပမယ္ ၂ဝ၁၈ကမၻာ့ဖလားမွာ ဘယ္ကစားသမားက ေျခစြမ္းျပမယ္ထင္လဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရတဲ့ နာမည်ကျော်ကစားသမားများ

၂ဝ၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲကာလဟာ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ ပြီးဆုံးတော့မှာပါ။ စောစောစီးစီးခြေစစ်ပွဲအောင်သွားတဲ့ (၂၂) သင်းလည်း ထွက်ပေါ်ခဲ့သလို အိမ်ပြန်လက်မှတ်ရသွားတဲ့ အသင်းတွေလည်း ဒုနဲ့ဒေးပါ။ ၂ဝ၁၈ကမ္ဘာ့ဖလားမှာ နာမည်ကျော်ကစားသမားတွေ အစုံအလင်ပါနိုင်ပါ့မလား၊ ခြေစစ်ပွဲရော အောင်ကြရဲ့လားဆိုတဲ့ မေးခွန်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခြေစစ်ပွဲမအောင်ခဲ့လို့ ၂ဝ၁၈ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရတဲ့ နာမည်ကျော်ကစားသမားတွေကို ဖော်ပြလိုက်ရပါတယ်။

၁။ ဂါးရက်ဘေးလ် (Gareth Bale)

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါးရက်ဘေးလ် (Gareth Bale) ဟာ ၂ဝ၁၈ကမ္ဘာ့ဖလားမှာ ပါဝင်တော့မှာ မဟုတ်ပါဘူး။ အောက်တိုဘာလ (၉) ရက်နေ့တုန်းက ဂါးရက်ဘေးလ် ဦးဆောင်တဲ့ ဝေးလ်အသင်းဟာ အိုင်ယာလန်အသင်းကို ၁ဂိုး – ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလားအိပ်မက် အသက်မဲ့ခဲ့ရပါတယ်။ ဝေးလ်အသင်းဟာ အိုင်ယာလန်အသင်းကို သရေကစားခဲ့ရင်တောင် Play – Offs နဲ့ ကမ္ဘာ့ဖလားတက်ခွင့်ရှိပါသေးတယ်။

ဂါးရက်ဘေးလ် (Gareth Bale)
ဂါးရက်ဘေးလ် (Gareth Bale)

၂။ အာဂျန်ရော်ဘင် (Arjen Robben)

ဘိုင်ယန်မြူးနစ်ကလပ်နဲ့ နယ်သာလန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားကြီး အာဂျန်ရော်ဘင် (Arjen Robben) ဟာ ၂ဝ၁၈ကမ္ဘာ့ဖလားမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ခြေစစ်ပွဲမှာ နယ်သာလန်အသင်းဟာ ဆွီဒင်အသင်းနဲ့ ရမှတ်တူခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ရုရှားလက်မှတ် ပျောက်ဆုံးခဲ့ရပါတယ်။ အကောင်းဆုံးအနေအထားမှာ ရှိသေးပေမယ့် ခြေစစ်ပွဲမအောင်ဖြစ်ခဲ့တဲ့ ရော်ဘင်ဟာ (၃၃) နှစ်အရွယ်မှာပဲ နိုင်ငံတကာလက်ရွေးစင်ဘဝမှ အနားယူခဲ့ပါတယ်။

အာဂျန်ရော်ဘင် (Arjen Robben)
အာဂျန်ရော်ဘင် (Arjen Robben)

၃။ အလက်ဆစ်ဆန်းချက် (Alexis Sánchez)

ဂါးရက်ဘေးလ်၊ အာဂျန်ရော်ဘင်တို့နဲ့အတူ ၂ဝ၁၈ကမ္ဘာ့ဖလားပွဲမှာ လွဲချော်ရမယ့် တခြားနာမည်ကျော်ကစားသမားကတော့ ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက် (Alexis Sánchez) ပဲဖြစ်ပါတယ်။ အလက်ဆစ်ဆန်းချက် ဦးဆောင်ကစားနေတဲ့ ချီလီအသင်းဟာ ပီရူးအသင်းနဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် ကမ္ဘာ့ဖလားအိပ်မက်ပျက်စီးခဲ့ရပါတယ်။

အလက်ဆစ်ဆန်းချက် (Alexis Sánchez)
အလက်ဆစ်ဆန်းချက် (Alexis Sánchez)

၄။ အာတူရိုဗီဒယ် (Arturo Vidal)

ချီလီအသင်းရဲ့ ကွင်းလယ်ကစားသမား အာတူရိုဗီဒယ် (Arturo Vidal) ဟာလည်း ကမ္ဘာ့ဖလားမှာ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ချီလီအသင်းကို ကွင်းလယ်ဖန်တီးရှင်ဘဝမှ အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့ပေမယ့် ခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့အတွက် အသက် (၃ဝ) သာရှိသေးတဲ့ ဗီဒယ်ဟာ သြဂုတ်လ (၃၁) ရက်နေ့က ပါရာဂွေးအသင်းကို ၃ဂိုး – ဂိုးမရှိ ရှုံးနိမ့်ခဲ့ပြီး နိုင်ငံတကာလက်ရွေးစင်ဘဝမှ အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ချီလီကွင်းလယ်ဖန်တီးရှင် ဗီဒယ်ကို လက်ရွေးစင်အသင်းမှာ ဆက်လက်တွေ့နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ကြစို့ရဲ့။

အာတူရိုဗီဒယ် (Arturo Vidal)
အာတူရိုဗီဒယ် (Arturo Vidal)

၅။ အန်တိုနီယိုဗလင်စီယာ (Antonio Valencia)

မန်ချက်စတာယူနိုက်တက်ကလပ်နဲ့ အီကွေဒေါအသင်းတို့ရဲ့ ညာတောင်ပံကစားသမား အန်တိုနီယိုဗလင်စီယာ (Antonio Valencia) ကိုလည်း ၂ဝ၁၈ကမ္ဘာ့ဖလားပွဲမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဗလင်စီယာ ကစားနေတဲ့ အီကွေဒေါအသင်းဟာ တောင်အမေရိကန်ဇုန်ခြေစစ်ပွဲမှာ အဌမနေရာသာ ရရှိခဲ့တဲ့အတွက် ကမ္ဘာ့ဖလားဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဗလင်စီယာရဲ့ခြေစွမ်းတွေကို မန်ချက်စတာယူနိုက်တက်မှာသာ ဆက်လက်ရှုစားကြစို့ရဲ့။

အန်တိုနီယိုဗလင်စီယာ (Antonio Valencia)
အန်တိုနီယိုဗလင်စီယာ (Antonio Valencia)

၆။ ဒေးဗစ်အယ်လာဘာ (David Alaba)

ဘိုင်ယန်မြူးနစ်ကလပ်မှာ ခြေစွမ်းပြနေတဲ့ ဒေးဗစ်အယ်လာဘာ (David Alaba) ဟာ ၂ဝ၁၈ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ သြစတီးယားအသင်းနဲ့ ပါဝင်ကစားနေတဲ့ ဒေးဗစ်အယ်လာဘာဟာ ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တီဗွီကနေပဲ အားပေးရတော့မှာပါ။

ဒေးဗစ်အယ်လာဘာ (David Alaba)
ဒေးဗစ်အယ်လာဘာ (David Alaba)

ဒါ့အပြင် ဘော့စ်နီးယားတိုက်စစ်မှူး အီဒင်ဒီဇီကို (Edin Dzeko) ၊ နယ်သာလန် ကွင်းလယ်ခံစစ် ဒါလေဘလိုင်း (Daley Blind) ၊ စလိုဗေးနီးယား ဂိုးသမား ဂျန်အော့ဘလက် (Jan Oblak) နဲ့ အမေရိကန် ဂိုးသမား တင်ဟောင်းဝဒ် (Tim Howard) နာမည်ကျော်တွေကိုလည်း ၂ဝ၁၈ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

အီဒင်ဒီဇီကို (Edin Dzeko)
အီဒင်ဒီဇီကို (Edin Dzeko)

နောက်ပြီးတော့ ခရိုရေးရှား ကွင်းလယ်လူ လူကာမိုဒရစ် (Luca Modric) ၊ ခရိုးရေးရှား ကွင်းလယ်လူ အီဗန်ရာကီတစ် (Ivan Rakitic) ၊ အီတလီဂိုးသမား ဘူဖွန် (Buffon) ၊ အီတလီနောက်ခံလူ ချီလီနီ (Chiellini) တို့လို နာမည်ကျော်တွေ ဦးဆောင်တဲ့ လက်ရွေးစင်အသင်းတွေက အုပ်စုဒုတိယနေရာသာ ရခဲ့တဲ့အတွက် Play – Offs မှာ အနိုင်ရမှသာ ခြေစစ်ပွဲအောင်မှာမို့ ကမ္ဘာ့ဖလားပွဲမှာ တွေ့မြင်ရဖို့ ၅ဝရာခိုင်နှုန်းပဲ ရှိပါသေးတယ်။  ရုရှားနိုင်ငံမှာ ကျင်းပမယ် ၂ဝ၁၈ကမ္ဘာ့ဖလားမှာ ဘယ်ကစားသမားက ခြေစွမ်းပြမယ်ထင်လဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com