[Zawgyi]

အသက္(၃၀)ေက်ာ္အရြယ္မွာ ပရိသတ္ျမင္ကြင္းက ကြယ္ေပ်ာက္ခဲ့တဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ား

ေဘာလုံးသမားတစ္ဦးအတြက္ အသက္(၃၀)ေက်ာ္လာၿပီဆုိရင္ ကစားသမားဘ၀ ေန၀င္ခ်ိန္ေရာက္ဖုိ႔ နီးစပ္လာၿပီလုိ႔ ဆုိရမယ္။ ဘယ္ေလာက္ပဲ နာမည္ႀကီးတဲ့ကလပ္အသင္းမွာ ကစားသည္ျဖစ္ေစ၊ အဓိက ကစားသမားအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ႏုိင္ခဲ့သည္ျဖစ္ေစ အသက္(၃၀)ေက်ာ္လာၿပီဆုိတာနဲ႔ ကုိယ့္ေနရာကုိ ဖယ္ေပးဖုိ႔ ျပင္ဆင္ရေတာ့တာပါပဲ။ Clear Out The Old, Make Way For The New ဆုိတဲ့ စကားလုိေပါ့။ အခုရက္ပုိင္းအတြင္းမွာပဲ ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒုိ C Ronaldo က ပရိသတ္နဲ႔မိတ္ဆက္ပဲြမွာ အခုလုိေျပာခဲ့တယ္။ “ကၽြန္ေတာ့္အသက္အရြယ္ေလာက္ဆုိရင္ တျခားကစားသမားေတြဟာ ကာတာ ဒါမွမဟုတ္ တ႐ုတ္ကုိ သြားကစားေနၿပီျဖစ္ပါတယ္”။ ဟုတ္ပါတယ္။ဥေရာပ မဟုတ္တဲ့ ကလပ္အသင္းေတြမွာ လက္ရွိကစားေနၾကတဲ့ နာမည္ႀကီးကစားသမား အမ်ားႀကီးပါပဲ။

Cristiano-Ronaldo

Cristiano-Ronaldo

ဥပမာဆုိရင္ ဘာစီလုိနာအသင္းရဲ႕ ဂႏၳ၀င္ကစားသမား အင္နီေယစတာ Iniesta ကုိပဲ ၾကည့္ပါ။ ၿပီးခဲ့တဲ့ရာသီကုန္မွာ ဘာစီလုိနာအသင္းနဲ႔လမ္းခဲြခဲ့တဲ့ အင္နီေယစတာဟာ အခု ဂ်ပန္ကလပ္ ဗစ္ဆဲလ္ကုိေဘး Vissel Kobe မွာ ကစားေနပါၿပီ။

Iniesta

Iniesta

သူ႔လုိပဲ စပိန္၀ါရင့္တိုက္စစ္မွဴး ေတာရက္စ္ Torres ကလည္း ဂ်ပန္ကလပ္ Sagan Tosu အသင္းကုိ မၾကာေသးခင္ကမွ ေျပာင္းေရႊ႕ခဲ့တယ္။ သူတို႔ထက္အရင္ အာရွေရာက္ေနတာက ဘာစီလုိနာနဲ႔ စပိန္ဂႏၳ၀င္ကစားသမားတစ္ဦးပဲျဖစ္တဲ့ ဇာဗီ Xavi ပါ။

Torres

Torres

ဇာဗီဟာ ၂၀၁၅ ခုႏွစ္တုန္းက ဘာစီလုိနာနဲ႔ လမ္းခဲြခဲ့ၿပီးေနာက္မွာ ကာတာကလပ္ အယ္လ္ဆက္ဒ္ အသင္းဆီေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ကစားေနတုန္းပါပဲ။

Xavi-

Xavi-

သူတို႔လုိပဲ ဥေရာပမဟုတ္တဲ့ တျခားေသာလိဂ္ၿပိဳင္ပဲြေတြမွာ ကစားေနၾကတဲ့ နာမည္ေက်ာ္ၾကယ္ပြင့္ေဟာင္းႀကီးေတြ အမ်ားႀကီးရွိေနဆဲပါ။ တခ်ိဳ႕ၾကယ္ပြင့္ေတြကေတာ့ ေဘာလုံးသမားဘ၀က အနားယူၿပီး နည္းျပေလာကကုိ အသြင္ကူးေျပာင္းေနၾကပါၿပီ။ တစ္ခ်ိန္တုန္းက ေဘာလုံးေလာကမွာ ထင္ရွားခဲ့ေပမယ့္ ကစားသမားဘ၀ ေန၀င္ခ်ိန္မွာ မထင္မရွားျဖတ္သန္းေနရတဲ့ ၾကယ္ပြင့္ေဟာင္းႀကီးေတြရဲ႕ဘ၀က သံေ၀ဂ ရစရာေကာင္းတယ္လုိ႔ ဆုိရမွာပဲျဖစ္ပါတယ္။

ပရိသတ္ျမင္ကြင္းက ကြယ္ေပ်ာက္ခဲ့တဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ား

အင္နီေယစတာ(၃၄ႏွစ္) – ဗစ္ဆဲလ္ကုိေဘး (ဂ်ပန္)
ေတာရက္စ္(၃၄ႏွစ္) – Sagan Tosu (ဂ်ပန္)
ေဒးဗစ္ဗီလာ (၃၃ႏွစ္) – နယူးေယာက္စီးတီး (အေမရိကန္)
အီဘရာဟီမုိဗစ္ (၃၆ႏွစ္) – LA ဂလက္ဆီ (အေမရိကန္)
ဇာဗီ(၃၅ႏွစ္) – အယ္လ္ဆက္ဒ္ (ကာတာ)
ရွ၀ုိင္းစတုိင္ဂါ (၃၂ႏွစ္) – ခ်ီကာဂုိဖုိင္းယား (အေမရိကန္)

REF:Marca
Photo:Eleven Sports,Worldfootball,Reddit,Youtube,Football Tribe
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသက်(၃၀)ကျော်အရွယ်မှာ ပရိသတ်မြင်ကွင်းက ကွယ်ပျောက်ခဲ့တဲ့ နာမည်ကျော်ဘောလုံးသမားများ

ဘောလုံးသမားတစ်ဦးအတွက် အသက်(၃၀)ကျော်လာပြီဆိုရင် ကစားသမားဘ၀ နေဝင်ချိန်ရောက်ဖို့ နီးစပ်လာပြီလို့ ဆိုရမယ်။ ဘယ်လောက်ပဲ နာမည်ကြီးတဲ့ကလပ်အသင်းမှာ ကစားသည်ဖြစ်စေ၊ အဓိက ကစားသမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်ဖြစ်စေ အသက်(၃၀)ကျော်လာပြီဆိုတာနဲ့ ကိုယ့်နေရာကို ဖယ်ပေးဖို့ ပြင်ဆင်ရတော့တာပါပဲ။ Clear Out The Old, Make Way For The New ဆိုတဲ့ စကားလိုပေါ့။ အခုရက်ပိုင်းအတွင်းမှာပဲ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒို C Ronaldo က ပရိသတ်နဲ့မိတ်ဆက်ပွဲမှာ အခုလိုပြောခဲ့တယ်။ “ကျွန်တော့်အသက်အရွယ်လောက်ဆိုရင် တခြားကစားသမားတွေဟာ ကာတာ ဒါမှမဟုတ် တရုတ်ကို သွားကစားနေပြီဖြစ်ပါတယ်”။ ဟုတ်ပါတယ်။ဥရောပ မဟုတ်တဲ့ ကလပ်အသင်းတွေမှာ လက်ရှိကစားနေကြတဲ့ နာမည်ကြီးကစားသမား အများကြီးပါပဲ။

Cristiano-Ronaldo

Cristiano-Ronaldo

ဥပမာဆိုရင် ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမား အင်နီယေစတာ Iniesta ကိုပဲ ကြည့်ပါ။ ပြီးခဲ့တဲ့ရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့လမ်းခွဲခဲ့တဲ့ အင်နီယေစတာဟာ အခု ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေး Vissel Kobe မှာ ကစားနေပါပြီ။

Iniesta

Iniesta

သူ့လိုပဲ စပိန်ဝါရင့်တိုက်စစ်မှူး တောရက်စ် Torres ကလည်း ဂျပန်ကလပ် Sagan Tosu အသင်းကို မကြာသေးခင်ကမှ ပြောင်းရွှေ့ခဲ့တယ်။ သူတို့ထက်အရင် အာရှရောက်နေတာက ဘာစီလိုနာနဲ့ စပိန်ဂန္ထဝင်ကစားသမားတစ်ဦးပဲဖြစ်တဲ့ ဇာဗီ Xavi ပါ။

Torres

Torres

ဇာဗီဟာ ၂၀၁၅ ခုနှစ်တုန်းက ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ ကာတာကလပ် အယ်လ်ဆက်ဒ် အသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကစားနေတုန်းပါပဲ။

Xavi-

Xavi-

သူတို့လိုပဲ ဥရောပမဟုတ်တဲ့ တခြားသောလိဂ်ပြိုင်ပွဲတွေမှာ ကစားနေကြတဲ့ နာမည်ကျော်ကြယ်ပွင့်ဟောင်းကြီးတွေ အများကြီးရှိနေဆဲပါ။ တချို့ကြယ်ပွင့်တွေကတော့ ဘောလုံးသမားဘဝက အနားယူပြီး နည်းပြလောကကို အသွင်ကူးပြောင်းနေကြပါပြီ။ တစ်ချိန်တုန်းက ဘောလုံးလောကမှာ ထင်ရှားခဲ့ပေမယ့် ကစားသမားဘ၀ နေဝင်ချိန်မှာ မထင်မရှားဖြတ်သန်းနေရတဲ့ ကြယ်ပွင့်ဟောင်းကြီးတွေရဲ့ဘဝက သံဝေဂ ရစရာကောင်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

ပရိသတ်မြင်ကွင်းက ကွယ်ပျောက်ခဲ့တဲ့ နာမည်ကျော်ဘောလုံးသမားများ

အင်နီယေစတာ(၃၄နှစ်) – ဗစ်ဆဲလ်ကိုဘေး (ဂျပန်)
တောရက်စ်(၃၄နှစ်) – Sagan Tosu (ဂျပန်)
ဒေးဗစ်ဗီလာ (၃၃နှစ်) – နယူးယောက်စီးတီး (အမေရိကန်)
အီဘရာဟီမိုဗစ် (၃၆နှစ်) – LA ဂလက်ဆီ (အမေရိကန်)
ဇာဗီ(၃၅နှစ်) – အယ်လ်ဆက်ဒ် (ကာတာ)
ရှဝိုင်းစတိုင်ဂါ (၃၂နှစ်) – ချီကာဂိုဖိုင်းယား (အမေရိကန်)

REF:Marca
Photo:Eleven Sports,Worldfootball,Reddit,Youtube,Football Tribe
Naing Linn(Akhayar)
www.akhayar.com