[Zawgyi]

Spice Girls ေတြ တကယ္ျပန္ေပါင္းထုပ္ျပီး UK နဲ႔ US မွာ မၾကာခင္ေဖ်ာ္ေျဖေတာ့မည္

၉၀ ခုႏွစ္မ်ားရဲ့ ေရႊေရာင္ Pop Group ေတြထဲက တစ္ခုျဖစ္တဲ့ Spice Girls ကေတာ့ ျပန္လည္စုစည္းျပီး ရႈိးပြဲေတြ ေဖ်ာ္ေျဖဖို႔ ေသခ်ာသြားပါျပီ။ သတင္းေတြ အရဆိုရင္ Spice Girls ၅ ေယာက္ျဖစ္တဲ့ Victoria BeckhamMel BMel CEmma Bunton နဲ႔ Geri Horner တို႔ဟာ ျပန္လည္ေဖ်ာ္ေျဖဖို႔ အသီးသီးစာခ်ဳပ္မွာ လက္မွတ္ထိုးျပီးၾကျပီလို႔ ဆိုပါတယ္။

Spice Girls

သူတုိ႔ရဲ့ ေဖ်ာ္ေျဖပြဲေတြကို ျဗိတိန္ႏုိင္ငံနဲ႔ အေမရိကန္ႏုိင္ငံေတြမွာ ေဖ်ာ္ေျဖဖို႔ေတာ့ ေသခ်ာေနျပီး တျခားႏုိင္ငံေတြမွာ ေဖ်ာ္ေျဖဖို႔ကေတာ့ မေသခ်ာေသးပါဘူး။ ဒီလို ေဖ်ာ္ေျဖဖို႔ လုပ္ေဆာင္ခဲ့ရတာ လြယ္တဲ့ ကိစၥမဟုတ္ဘဲ ျပီးခဲ့တဲ့ ၅ ရက္ေလာက္တုန္းကဆိုရင္ Spice Girls အဖြဲ႔ဝင္တစ္ဦးလည္းျဖစ္၊ David Beckham ရဲ့ ကေတာ္လည္းျဖစ္တဲ့ Victoria က “ကၽြန္မတို႔ Tour ေတြ ေဖ်ာ္ေျဖျဖစ္မွာ မဟုတ္ပါဘူး” လို႔ Spice Girls ပရိသတ္ရဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ျဖိဳခြဲခဲ့ပါေသးတယ္။

Spice Girls

ဒါေပမယ့္ Spices အဖြဲ႔ဝင္ေဟာင္း Geri Horner ရဲ့ Hertfordshire အိမ္မွာ လုပ္တဲ့ ေတြ႔ဆံုမႈက်မွ သူတို႔ျပန္ေပါင္းထုပ္ျပီး အလုပ္ေတြလုပ္ဖို႔ အတည္ျပဳႏုိင္ခဲ့တာ ျဖစ္ပါတယ္။ “တျခားဘာေတြ လုပ္ဖို႔ ရွိေသးလဲ”လို႔ သတင္းမီဒီယာေတြက ေမးျမန္းတဲ့အခါမွာေတာ့ “အခုေတာ့ အၾကံဥာဏ္ေတြ စဥ္းစားေနတုန္းပါပဲ” လို႔ ျပန္ေျဖခဲ့ပါတယ္။

Posh Spice

၉၀ ခုႏွစ္ရဲ့ ေရႊေရာင္ ေပါ့ပ္စတားေတြျဖစ္တဲ့ Spice Girls ေတြရဲ့ အသက္ေတြကေတာ့ ခုဆို Melanie Brown (Scary Spice) ၄၂ႏွစ္၊ Emma Bunton (Baby Spice) ၄၂ ႏွစ္၊ Melanie Chisholm (Sporty Spice) ၄၄ ႏွစ္၊ Geri Horner (Ginger Spice) ၄၅ ႏွစ္နဲ႔ Victoria Beckham (Posh Spice) ၄၃ ႏွစ္အသီးသီးရွိၾကျပီျဖစ္တယ္။

Spice Girls ေတြရဲ့ တစုတစည္း ေဖ်ာ္ေျဖမႈကို ျပန္ျမင္ခ်င္တဲ့ သူတို႔ ပရိသတ္ေတြရဲ့ အိပ္မက္ေတာ့ အမွန္ျဖစ္လာျပီ ျဖစ္ပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Daily Mail
[Unicode]

Spice Girls တွေ တကယ်ပြန်ပေါင်းထုပ်ပြီး UK နဲ့ US မှာ မကြာခင်ဖျော်ဖြေတော့မည်

၉၀ ခုနှစ်များရဲ့ ရွှေရောင် Pop Group တွေထဲက တစ်ခုဖြစ်တဲ့ Spice Girls ကတော့ ပြန်လည်စုစည်းပြီး ရှိုးပွဲတွေ ဖျော်ဖြေဖို့ သေချာသွားပါပြီ။ သတင်းတွေ အရဆိုရင် Spice Girls ၅ ယောက်ဖြစ်တဲ့ Victoria BeckhamMel BMel CEmma Bunton နဲ့ Geri Horner တို့ဟာ ပြန်လည်ဖျော်ဖြေဖို့ အသီးသီးစာချုပ်မှာ လက်မှတ်ထိုးပြီးကြပြီလို့ ဆိုပါတယ်။

Spice Girls

သူတို့ရဲ့ ဖျော်ဖြေပွဲတွေကို ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ ဖျော်ဖြေဖို့တော့ သေချာနေပြီး တခြားနိုင်ငံတွေမှာ ဖျော်ဖြေဖို့ကတော့ မသေချာသေးပါဘူး။ ဒီလို ဖျော်ဖြေဖို့ လုပ်ဆောင်ခဲ့ရတာ လွယ်တဲ့ ကိစ္စမဟုတ်ဘဲ ပြီးခဲ့တဲ့ ၅ ရက်လောက်တုန်းကဆိုရင် Spice Girls အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ David Beckham ရဲ့ ကတော်လည်းဖြစ်တဲ့ Victoria က “ကျွန်မတို့ Tour တွေ ဖျော်ဖြေဖြစ်မှာ မဟုတ်ပါဘူး” လို့ Spice Girls ပရိသတ်ရဲ့ မျှော်လင့်ချက်တွေကို ဖြိုခွဲခဲ့ပါသေးတယ်။

Spice Girls

ဒါပေမယ့် Spices အဖွဲ့ဝင်ဟောင်း Geri Horner ရဲ့ Hertfordshire အိမ်မှာ လုပ်တဲ့ တွေ့ဆုံမှုကျမှ သူတို့ပြန်ပေါင်းထုပ်ပြီး အလုပ်တွေလုပ်ဖို့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ “တခြားဘာတွေ လုပ်ဖို့ ရှိသေးလဲ”လို့ သတင်းမီဒီယာတွေက မေးမြန်းတဲ့အခါမှာတော့ “အခုတော့ အကြံဉာဏ်တွေ စဉ်းစားနေတုန်းပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။

Posh Spice

၉၀ ခုနှစ်ရဲ့ ရွှေရောင် ပေါ့ပ်စတားတွေဖြစ်တဲ့ Spice Girls တွေရဲ့ အသက်တွေကတော့ ခုဆို Melanie Brown (Scary Spice) ၄၂နှစ်၊ Emma Bunton (Baby Spice) ၄၂ နှစ်၊ Melanie Chisholm (Sporty Spice) ၄၄ နှစ်၊ Geri Horner (Ginger Spice) ၄၅ နှစ်နဲ့ Victoria Beckham (Posh Spice) ၄၃ နှစ်အသီးသီးရှိကြပြီဖြစ်တယ်။

Spice Girls တွေရဲ့ တစုတစည်း ဖျော်ဖြေမှုကို ပြန်မြင်ချင်တဲ့ သူတို့ ပရိသတ်တွေရဲ့ အိပ်မက်တော့ အမှန်ဖြစ်လာပြီ ဖြစ်ပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Daily Mail