[Zawgyi]

၂၀၁၈ အတြက္ အေကာင္းဆံုး Qualcomm Mid-range Series ျဖစ္လာမယ့္ Snapdragon 710 ထြက္လာပါၿပီ

AR Emoji၊ Animoji နဲ႔ Face ID အစရွိတဲ့ Feature ေတြဟာ တန္ဖိုးႀကီးဖုန္းေတြမွာပဲပါႏိုင္တယ္လို႔က်ေနာ္တို႔ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ အဲ့အေတြးေတြကို Qualcomm ရဲ႕ Snapdragon 710 Chipset အသစ္ကေျပာင္းလဲေပးပါေတာ့မယ္။

ဟုတ္ပါတယ္၊ Qualcomm က စမတ္ဖုန္းကုမၸဏီေတြကို Mid-range စမတ္ဖုန္းေတြ ပိုၿပီး အဆင့္ျမင့္ေကာင္းမြန္လာေအာင္လုပ္ေပးလိုက္ပါၿပီ။ Mid-range ဖုန္းတစ္လံုးဟာ က်ေနာ္တို႔ျမင္ေနတာထက္၊ က်ေနာ္တို႔ထင္ထားတာထက္ ပိုၿပီးေကာင္းမြန္လာေတာ့မွာပါ။ အခုအသစ္မိတ္ဆက္လိုက္တဲ့ Snapdragon 710 Chipset ဟာ Multi-core AI Engine နဲ႔ Neural Network Processing၊ High-end Chipset ေတြမွာသာပါဝင္တဲ့ Image Signal Processors နဲ႔ Graphics Units ေတြပါဝင္မွာျဖစ္ပါတယ္။
Image Signal Processors (ISPs) ဟာ Dual Camera ေတြနဲ႔ဓါတ္ပံုရိုက္ယူၿပီးတဲ့အခါမွာ ပံုေပၚမွာျပန္ၿပီး Refocus လုပ္ႏိုင္ေအာင္အဓိကပံ့ပိုးေပးႏိုင္ပါတယ္။ Fast autofocus၊ ReFocus နဲ႔ Segmentation ဆိုတဲ့အခ်က္ေတြကိုလုပ္ေဆာင္ေပးပါတယ္။

Snapdragon 710 Chipset ရဲ႕ဖြဲ႔စည္းပံုစနစ္ဟာဟာ 10nm Architecture ျဖစ္တာေၾကာင့္ Battery Management ပိုင္းပိုမိုေကာင္းမြန္ၿပီး Battery သံုစြဲမႈသိသိသာသာနည္းပါးမွာျဖစ္ပါတယ္။ အဓိကဦးစားေပးလုပ္ေဆာင္မွာကေတာ့ Camera ပိုင္းျဖစ္ပါတယ္၊ Qualcomm ရဲ႕ ဒုတိယေျမာက္ မ်ိဳးဆက္သစ္ Image Procressors ျဖစ္တဲ့ Spectra 250 ISPs ဟာ Multi-Frame Noise Reduction လို႔ေခၚတဲ့ တူညီတဲ့ပံုရိပ္တစ္ခုကို အႀကိမ္ေပါင္းမ်ားစြာရိုက္ကူးၿပီး ျပန္ထပ္ကာ ၾကည္လည္ျပတ္သားမႈအရွိဆံုး ပံုရိပ္ကိုထုတ္ေပးႏိုင္တဲ့ နည္းပညာပါဝင္ပါတယ္၊ ဒါ့အျပင္ AI Camera Feature ကိုထည့္သြင္းေပးတာေၾကာင့္ Video ေတြကိုပါ Artificial Bokeh ေတြထည့္သြင္းေပးႏိုင္ပါတယ္။ Hexagon Digital Signal Processor ကိုပါထည့္သြင္းေပးထားတာေၾကာင့္ အထက္ပါ Feature ေတြကို လွ်င္ျမန္ေခ်ာေမြ႔စြာလုပ္ေဆာင္ႏုိင္မယ္လို႔ဆိုပါတယ္။

Snapdragon 710 Chipset ဟာ 4K HDR Playback ကိုလည္း Support လုပ္ေပးႏိုင္သလို ၄င္းမွာပါဝင္တဲ့ Adreno 616 GPU ကလည္း 4K Video ၾကည့္တာနဲ႔ ရုပ္ထြက္ျမင့္ Game ေတြကစားတဲ့အခါမွာ Battery အလြံအက်ြန္သံုးစြဲျခင္းမရွိေအာင္စီမံေပးႏိုင္မွာျဖစ္တယ္လို႔ဆိုပါတယ္။ ယခင္ Snapdragon 660 ထက္စာရင္ Battery သံုးစြဲမႈႏႈန္း ၄၀% ပိုမိုသက္သာမယ္လို႔ Qualcomm ရဲ႕ထုတ္ျပန္ခ်က္အရသိရွိရပါတယ္။ ဒါ့အျပင္ Quick Charge version 4+ ေၾကာင့္ ၁၅ မိနစ္အတြင္းမွာ Battery 50% ျပန္လည္ျဖည့္သြင္းေပးႏုိင္ဦးမွာပါ။

System Sheet

Network Speed ပိုင္းမွာလည္း X15 LTE Modern ကိုအသံုးျပဳထားတဲ့အတြက္ ျမန္ႏႈန္း 800MB နဲ႔အထက္မွာရွိမယ္လို႔ေဖာ္ျပထားပါတယ္။

အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ Qualcomm ဟာ 2018 မွာ Mid-range စမတ္ဖုန္းေစ်းကြက္အတြက္ အႀကီးမားဆံုးေျပာင္းလဲမႈေတြကို အစပ်ိဳးေပးလိုက္ၿပီလို႔ဆိုရမွာပါ။ ေနာင္လာမယ့္ အလယ္အလတ္တန္းဝင္ စမတ္ဖုန္းေတြမွာ Qualcomm ရဲ႕ Snapdragon 710 Chipset ကိုထည့္သြင္းအသံုးျပဳခဲ့မယ္ဆိုရင္ လက္ရွိ Mid-range စမတ္ဖုန္းေစ်းႏႈန္းေတြထက္ ၄/၅ ေသာင္းခန္႔ပိုမ်ားလာႏိုင္ၿပီး Performance၊ Battery၊ Camera နဲ႔ Feature ပိုင္းေတြမွာ ေမွ်ာ္လင့္ထားတာထက္ ပိုၿပီးေကာင္းမြန္လာမယ့္ အလားအလာရွိမယ္လို႔ဆိုရမွာျဖစ္ပါတယ္။

Ref;EndGadget
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ အတွက် အကောင်းဆုံး Qualcomm Mid-range Series ဖြစ်လာမယ့် Snapdragon 710 ထွက်လာပါပြီ

AR Emoji၊ Animoji နဲ့ Face ID အစရှိတဲ့ Feature တွေဟာ တန်ဖိုးကြီးဖုန်းတွေမှာပဲပါနိုင်တယ်လို့ကျနော်တို့ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့အတွေးတွေကို Qualcomm ရဲ့ Snapdragon 710 Chipset အသစ်ကပြောင်းလဲပေးပါတော့မယ်။

ဟုတ်ပါတယ်၊ Qualcomm က စမတ်ဖုန်းကုမ္ပဏီတွေကို Mid-range စမတ်ဖုန်းတွေ ပိုပြီး အဆင့်မြင့်ကောင်းမွန်လာအောင်လုပ်ပေးလိုက်ပါပြီ။ Mid-range ဖုန်းတစ်လုံးဟာ ကျနော်တို့မြင်နေတာထက်၊ ကျနော်တို့ထင်ထားတာထက် ပိုပြီးကောင်းမွန်လာတော့မှာပါ။ အခုအသစ်မိတ်ဆက်လိုက်တဲ့ Snapdragon 710 Chipset ဟာ Multi-core AI Engine နဲ့ Neural Network Processing၊ High-end Chipset တွေမှာသာပါဝင်တဲ့ Image Signal Processors နဲ့ Graphics Units တွေပါဝင်မှာဖြစ်ပါတယ်။
Image Signal Processors (ISPs) ဟာ Dual Camera တွေနဲ့ဓါတ်ပုံရိုက်ယူပြီးတဲ့အခါမှာ ပုံပေါ်မှာပြန်ပြီး Refocus လုပ်နိုင်အောင်အဓိကပံ့ပိုးပေးနိုင်ပါတယ်။ Fast autofocus၊ ReFocus နဲ့ Segmentation ဆိုတဲ့အချက်တွေကိုလုပ်ဆောင်ပေးပါတယ်။

Snapdragon 710 Chipset ရဲ့ဖွဲ့စည်းပုံစနစ်ဟာဟာ 10nm Architecture ဖြစ်တာကြောင့် Battery Management ပိုင်းပိုမိုကောင်းမွန်ပြီး Battery သုံစွဲမှုသိသိသာသာနည်းပါးမှာဖြစ်ပါတယ်။ အဓိကဦးစားပေးလုပ်ဆောင်မှာကတော့ Camera ပိုင်းဖြစ်ပါတယ်၊ Qualcomm ရဲ့ ဒုတိယမြောက် မျိုးဆက်သစ် Image Procressors ဖြစ်တဲ့ Spectra 250 ISPs ဟာ Multi-Frame Noise Reduction လို့ခေါ်တဲ့ တူညီတဲ့ပုံရိပ်တစ်ခုကို အကြိမ်ပေါင်းများစွာရိုက်ကူးပြီး ပြန်ထပ်ကာ ကြည်လည်ပြတ်သားမှုအရှိဆုံး ပုံရိပ်ကိုထုတ်ပေးနိုင်တဲ့ နည်းပညာပါဝင်ပါတယ်၊ ဒါ့အပြင် AI Camera Feature ကိုထည့်သွင်းပေးတာကြောင့် Video တွေကိုပါ Artificial Bokeh တွေထည့်သွင်းပေးနိုင်ပါတယ်။ Hexagon Digital Signal Processor ကိုပါထည့်သွင်းပေးထားတာကြောင့် အထက်ပါ Feature တွေကို လျှင်မြန်ချောမွေ့စွာလုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။

Snapdragon 710 Chipset ဟာ 4K HDR Playback ကိုလည်း Support လုပ်ပေးနိုင်သလို ၎င်းမှာပါဝင်တဲ့ Adreno 616 GPU ကလည်း 4K Video ကြည့်တာနဲ့ ရုပ်ထွက်မြင့် Game တွေကစားတဲ့အခါမှာ Battery အလွံအကျွန်သုံးစွဲခြင်းမရှိအောင်စီမံပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ယခင် Snapdragon 660 ထက်စာရင် Battery သုံးစွဲမှုနှုန်း ၄၀% ပိုမိုသက်သာမယ်လို့ Qualcomm ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ဒါ့အပြင် Quick Charge version 4+ ကြောင့် ၁၅ မိနစ်အတွင်းမှာ Battery 50% ပြန်လည်ဖြည့်သွင်းပေးနိုင်ဦးမှာပါ။

System Sheet

Network Speed ပိုင်းမှာလည်း X15 LTE Modern ကိုအသုံးပြုထားတဲ့အတွက် မြန်နှုန်း 800MB နဲ့အထက်မှာရှိမယ်လို့ဖော်ပြထားပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ Qualcomm ဟာ 2018 မှာ Mid-range စမတ်ဖုန်းဈေးကွက်အတွက် အကြီးမားဆုံးပြောင်းလဲမှုတွေကို အစပျိုးပေးလိုက်ပြီလို့ဆိုရမှာပါ။ နောင်လာမယ့် အလယ်အလတ်တန်းဝင် စမတ်ဖုန်းတွေမှာ Qualcomm ရဲ့ Snapdragon 710 Chipset ကိုထည့်သွင်းအသုံးပြုခဲ့မယ်ဆိုရင် လက်ရှိ Mid-range စမတ်ဖုန်းဈေးနှုန်းတွေထက် ၄/၅ သောင်းခန့်ပိုများလာနိုင်ပြီး Performance၊ Battery၊ Camera နဲ့ Feature ပိုင်းတွေမှာ မျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန်လာမယ့် အလားအလာရှိမယ်လို့ဆိုရမှာဖြစ်ပါတယ်။

Ref;EndGadget
Phone Hay Ko (Akhayar)
www.akhayar.com