[Zawgyi]

Battery Charging အယူအဆအမွားေတြ

သင့္ဖုန္း၊ ဒါမွမဟုတ္ Tablet ကိုတစ္ရက္ ဘယ္ႏွစ္ႀကိမ္ေလာက္ အားသြင္းျဖစ္သလဲ။ အားသြင္းရင္းေရာ အသံုးျပဳျဖစ္သလား။ Power Bank ေတြနဲ႔အားသြင္းျဖစ္သလား။ အဲ့ဒီေမးခြန္းေတြနဲ႔အတူ သင္ထင္ေနတဲ့ Battery အားသြင္းတာနဲ႔ပတ္သက္တဲ့အခ်က္ေတြကမွန္ရဲ႕လားဆိုတာဒီမွာဖတ္ၾကည့္ႏိုင္ပါတယ္။

-Night Charging

သင္ညတိုင္းနီးပါး သင့္ဖုန္းကို အားသြင္းႀကိဳးတပ္ၿပီးအားသြင္းျဖစ္မွာပါ။ အဲ့ဒီလိုလုပ္တာက သင့္ဖုန္းကိုဘာမွမျဖစ္ဖူးလို႔သင္ထင္ေနရင္ မွားပါတယ္။ ဖုန္းကိုအားသြင္းႀကိဳးထိုးၿပီး သင္အိပ္ေပ်ာ္သြားၿပီးေနာက္ပိုင္း သင့္ဖုန္းကအားျပည့္သြားမွာပါ။ ဒါေပမယ့္ အားျပည့္တာနဲ႔ဖုန္းက သင္ထင္သလိုအလိုလိုအားသြင္းတာရပ္သြားေပမယ့္ ဖုန္းမွာ Battery ကိုဆက္အသံုးျပဳေနေသးတာေၾကာင့္ ႀကိဳးတပ္ထားသေရြ႕  Battery က 99% ေရာက္သြားလိုက္ ဖုန္းကျပန္အားသြင္းလိုက္ လုပ္ေနတာေၾကာင့္ Battery ကိုအလုပ္ေပးသလိုျဖစ္ေနပါတယ္။ ဆိုးက်ိဳးအေနနဲ႔ Battery သက္တမ္းေလ ွ်ာ့ေစတာနဲ႔ ဖုန္းပူလာတာေတြျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္တစ္ညလံုးအားမသြင္းပဲထားတာပိုေကာင္းပါတယ္။

-Using While Charging

ဖုန္းကိုအားသြင္းရင္းအသံုးျပဳတာဘာမွမျဖစ္ဘူးလို႔မထင္ပါနဲ႔။ သင္အေနနဲ႔ေတာ့သိပ္သတိထားမိမွာမဟုတ္ေပမယ့္ အထဲမွာ Batterty နဲ႔ Logic Board ကို အပူမ်ားေစပါတယ္။ အပူမ်ားတာၾကာရင္ သင့္ဖုန္းရဲ႕အတြင္းအစိတ္အပိုင္းေတြထိခိုက္ႏိုင္တဲ့အတြက္ အားသြင္းေနခ်ိန္မွာ Game ေဆာ့တာမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။

-Charging With Power Banks

Game ေဆာ့တဲ့သူေတြမ်ားလာတာနဲ႔အမ ွ် Power Bank တန္းလန္းတပ္ေဆာ့တာေတြလည္းေတြ႔ရတာမ်ားလာပါတယ္။ Power Bank နဲ႔အားသြင္းတဲ့အခါ သင္သတိမထားမိတာကေတာ့ Ampere ပါပဲ။ Power Bank ေတာ္ေတာ္မ်ားမ်ားကေတာ့ 1A ပဲထုတ္ေပးေပမယ့္ အခ်ိဳ႕ Power Bank ေတြကေတာ့ 2A အတြက္ပါအေပါက္သတ္သတ္ပါတာေတြ႕ရပါတယ္။ ဖုန္းေတာ္ေတာ္မ်ားမ်ားကို 1A နဲ႔ပဲအားသြင္းတာပိုေကာင္းပါတယ္။ 2A နဲ႔သြင္းရင္ အခ်ိဳ႕ဖုန္းေတြ ပူလာတာေၾကာင့္ ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ေတြ႕ရပါတယ္။ မိမိဖုန္းက အားသြင္းရင္ 2A နဲ႔သြင္းလို႔ရလားဆိုတာသိထားရင္ပိုအဆင္ေျပပါတယ္။

-Cool is Good 

သင္အားသြင္းရင္ ဖုန္းကေအးေနတာေကာင္းတယ္လို႔ထင္ေနရင္ ဒါဟာလြဲမွားေနတဲ့အခ်က္လို႔ေျပာခ်င္ပါတယ္။ Battery ေတြကအရမ္းေအးတဲ့အေျခအေနေတြမွာ စြမ္းေဆာင္ရည္က်တာမ်ိဳးေတြရွိပါတယ္။ ဖုန္းတစ္လံုးစီမွာ သူတို႔ေကာင္းေကာင္းအလုပ္လုပ္ႏိုင္တဲ့ အပူခ်ိန္ဆိုတာရွိၿပီးသားပါ။ အဲ့တာေၾကာင့္ ဖုန္းကိုအားသြင္းရင္း Aircon နဲ႔တည့္တည့္မွာထားတာမ်ိဳးကိုေရွာင္သင့္ပါတယ္။

Akhayar ပရိတ္သတ္ႀကီးလည္း ကိုယ့္ဖုန္းေလးေတြကို ဂ႐ုစိုက္ႏိုင္ၾကပါေစလို႔။

Ref: PC Mag

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Battery Charging အယူအဆအမှားတွေ

သင့်ဖုန်း၊ ဒါမှမဟုတ် Tablet ကိုတစ်ရက် ဘယ်နှစ်ကြိမ်လောက် အားသွင်းဖြစ်သလဲ။ အားသွင်းရင်းရော အသုံးပြုဖြစ်သလား။ Power Bank တွေနဲ့အားသွင်းဖြစ်သလား။ အဲ့ဒီမေးခွန်းတွေနဲ့အတူ သင်ထင်နေတဲ့ Battery အားသွင်းတာနဲ့ပတ်သက်တဲ့အချက်တွေကမှန်ရဲ့လားဆိုတာဒီမှာဖတ်ကြည့်နိုင်ပါတယ်။

-Night Charging

သင်ညတိုင်းနီးပါး သင့်ဖုန်းကို အားသွင်းကြိုးတပ်ပြီးအားသွင်းဖြစ်မှာပါ။ အဲ့ဒီလိုလုပ်တာက သင့်ဖုန်းကိုဘာမှမဖြစ်ဖူးလို့သင်ထင်နေရင် မှားပါတယ်။ ဖုန်းကိုအားသွင်းကြိုးထိုးပြီး သင်အိပ်ပျော်သွားပြီးနောက်ပိုင်း သင့်ဖုန်းကအားပြည့်သွားမှာပါ။ ဒါပေမယ့် အားပြည့်တာနဲ့ဖုန်းက သင်ထင်သလိုအလိုလိုအားသွင်းတာရပ်သွားပေမယ့် ဖုန်းမှာ Battery ကိုဆက်အသုံးပြုနေသေးတာကြောင့် ကြိုးတပ်ထားသရွေ့  Battery က 99% ရောက်သွားလိုက် ဖုန်းကပြန်အားသွင်းလိုက် လုပ်နေတာကြောင့် Battery ကိုအလုပ်ပေးသလိုဖြစ်နေပါတယ်။ ဆိုးကျိုးအနေနဲ့ Battery သက်တမ်းလေ ျှာ့စေတာနဲ့ ဖုန်းပူလာတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တစ်ညလုံးအားမသွင်းပဲထားတာပိုကောင်းပါတယ်။

-Using While Charging

ဖုန်းကိုအားသွင်းရင်းအသုံးပြုတာဘာမှမဖြစ်ဘူးလို့မထင်ပါနဲ့။ သင်အနေနဲ့တော့သိပ်သတိထားမိမှာမဟုတ်ပေမယ့် အထဲမှာ Batterty နဲ့ Logic Board ကို အပူများစေပါတယ်။ အပူများတာကြာရင် သင့်ဖုန်းရဲ့အတွင်းအစိတ်အပိုင်းတွေထိခိုက်နိုင်တဲ့အတွက် အားသွင်းနေချိန်မှာ Game ဆော့တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

-Charging With Power Banks

Game ဆော့တဲ့သူတွေများလာတာနဲ့အမ ျှ Power Bank တန်းလန်းတပ်ဆော့တာတွေလည်းတွေ့ရတာများလာပါတယ်။ Power Bank နဲ့အားသွင်းတဲ့အခါ သင်သတိမထားမိတာကတော့ Ampere ပါပဲ။ Power Bank တော်တော်များများကတော့ 1A ပဲထုတ်ပေးပေမယ့် အချို့ Power Bank တွေကတော့ 2A အတွက်ပါအပေါက်သတ်သတ်ပါတာတွေ့ရပါတယ်။ ဖုန်းတော်တော်များများကို 1A နဲ့ပဲအားသွင်းတာပိုကောင်းပါတယ်။ 2A နဲ့သွင်းရင် အချို့ဖုန်းတွေ ပူလာတာကြောင့် ထိခိုက်ပျက်စီးမှုအချို့တွေ့ရပါတယ်။ မိမိဖုန်းက အားသွင်းရင် 2A နဲ့သွင်းလို့ရလားဆိုတာသိထားရင်ပိုအဆင်ပြေပါတယ်။

-Cool is Good 

သင်အားသွင်းရင် ဖုန်းကအေးနေတာကောင်းတယ်လို့ထင်နေရင် ဒါဟာလွဲမှားနေတဲ့အချက်လို့ပြောချင်ပါတယ်။ Battery တွေကအရမ်းအေးတဲ့အခြေအနေတွေမှာ စွမ်းဆောင်ရည်ကျတာမျိုးတွေရှိပါတယ်။ ဖုန်းတစ်လုံးစီမှာ သူတို့ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ အပူချိန်ဆိုတာရှိပြီးသားပါ။ အဲ့တာကြောင့် ဖုန်းကိုအားသွင်းရင်း Aircon နဲ့တည့်တည့်မှာထားတာမျိုးကိုရှောင်သင့်ပါတယ်။

Akhayar ပရိတ်သတ်ကြီးလည်း ကိုယ့်ဖုန်းလေးတွေကို ဂရုစိုက်နိုင်ကြပါစေလို့။

Ref: PC Mag

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။