[ZawGyi]

အရပ္ပုေပမယ့္ Fashion ေလာကရဲ႕ အေအာင္ျမင္ဆံုး ေမာ္ဒယ္လ္မ်ား

အေနာက္ႏိုင္ငံေတြက Fashion ေလာကရဲ႕ ထိပ္တန္းေမာ္ဒယ္လ္ေတြဆိုတာ အရပ္၊ အသားအေရ၊ ႐ုပ္ရည္ေခ်ာေမာမႈ အစစအရာရာ ေအာင္ျမင္ျပည့္စံုေနမွသာ ေလွ်ာက္လမ္းေပၚကေန ပရိသတ္တစ္ရပ္လံုးရဲ႕ အာရံုကို ဆြဲယူဖမ္းစားခြင့္ရတာပါ။ ဒါေပမယ့္ Modelling ေလာက ဆိုတာကလည္း ျပစ္မ်ိဳးမွဲ႕မထင္အရည္အခ်င္းျပည့္ဝ ထူးခြ်န္တဲ့ အေခ်ာအလွထိပ္တန္းေတြခ်ည္း စုေဝးေနတာဆိုရင္ေတာ့ အထင္နဲ႔အျမင္လြဲမွားစရာပါ။ တကယ့္ Fashion Modelling ေလာကမွာ နာမည္ႀကီးေနတဲ့ ဒီေမာ္ဒယ္လ္ေတြကေတာ့ သာမန္ ေမာ္ဒယ္လ္တစ္ေယာက္ရဲ႕ရွိသင့္တဲ့အရပ္ထက္ ပုေနေပမယ့္ ေအာင္ျမင္မႈကေတာ့ ေၾကာက္ခမန္းလိလိပါပဲ။ အာရွႏိုင္ငံေတြအတြက္ဆိုရင္ေတာ့ အရပ္ ၅ေပ ၇လက္မဝန္းက်င္ဆိုတာ အရပ္ရွည္တဲ့အရြယ္ေပမယ့္ အေနာက္ႏိုင္ငံလို အရပ္အနည္းဆံုး ၅ေပ၁၀လက္မအရြယ္ ေမာ္ဒယ္လ္မင္းသမီးေတြ အတြက္ေတာ့ ပုတယ္လို႔ဆိုရမွာပါ။ ဒီလို ဘုရားေပးတဲ့ အရပ္နဲ႔ေပမယ့္ ဒီေလာက္ကံေကာင္းတဲ့ ေမာ္ဒယ္လ္ဘဝကိုပိုင္ဆိုင္သူေတြကေတာ့-

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

( ၇) Devon Aoki

ျမန္မာပရိသတ္ေတြနဲ႔ မစိမ္းတဲ့ ဒီေမာ္ဒယ္လ္ေလးကေတာ့ Fast and Furious နဲ႔ ied or Alive (DOA) တို႔လို နာမည္ႀကီး ႐ုပ္ရွင္ကားေတြမွာ ပါဝင္ခဲ့သူျဖစ္ၿပီး အရပ္၅ေပ ၇လက္မဝန္းက်င္နဲ႔ေတာင္ ေလွ်ာက္လမ္းေပၚမွာ ေအာင္ျမင္ေနသူတစ္ေယာက္ပါ။ အသက္ ၁၃ ႏွစ္တည္းက ေမာ္ဒယ္လ္ဘဝနဲ႔စတင္ခဲ့သူျဖစ္ၿပီး အသက္ ၁၆ ႏွစ္မွာ Versace ရဲ႕ မ်က္ႏွာသစ္ေမာ္ဒယ္လ္အျဖစ္ Naomi Campbell ေနရာဝင္ေရာက္လာသူပါ။ ႐ုပ္ရွင္ကား ၁၃ ကားမွာပါဝင္ခဲ့ၿပီး သူ႕ကိုေတာ့ ႐ုပ္ရွင္ခ်စ္သူေတြသိၾကၿပီးျဖစ္မွာပါ။

Devon Aoki

(၆) Eva Pigford

Eva Marcille လို႔သိၾကတဲ့သူမကေတာ့ အေမရိကန္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး TV Host အျဖစ္ေရာ၊ စူပါေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ပါေအာင္ျမင္ေနတဲ့ သူတစ္ေယာက္ပါ။ အရပ္ပုေပမယ့္ အထာက်တဲ့ သူျဖစ္ၿပီး ေမာ္ဒယ္လ္အလုပ္ကိုေတာ့ America’s Next Top Model ရဲ႕ Third Cycle မွာ အႏိုင္ရၿပီးတည္းက စတင္ခဲ့သူပါ။

Eva Pigford

(၅) Georgia May Jagger

သူမကေတာ့ Rock and Roll အဆိုရွင္ႀကီး Rolling Stones အဖြဲ႕ဝင္ Mick Jagger ရဲ႕ သမီးျဖစ္ၿပီး အရပ္ ၅ေပ၇လက္မသာသာနဲ႔ ပုပုေသးသြယ္တဲ့ ခႏၶာကိုယ္ပိုင္ရွင္ေမာ္ဒယ္လ္ပါ။ အရပ္ပုေပမယ့္ Fendi၊ Louis Vuitton နဲ႔ Channel တို႔လို ထိပ္တန္း Fashion Show ေတြမွာ ေအာင္ျမင္ခဲ့သူပါ။

Georgia May Jagger

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၄) Cara Delevingne

ထိပ္တန္း ေမာ္ဒယ္လ္တစ္ဦးျဖစ္တဲ့ အရည္အေသြးအျပည့္ဝဆံုးနဲ႔ ေအာင္ျမင္မႈအျမင့္ဆံုး Cara ရဲ႕ အရပ္ဟာလည္း ၅ေပ၈လက္မပဲရွိေပမယ့္ Model ေလာကမွာေတာ့ ေတာ္ရံုမယွဥ္ႏိုင္ေအာင္ကို ေအာင္ျမင္တဲ့သူပါ။ လူေတြအမ်ားႀကီးေဝဖန္ၾကတာက ေလွ်ာက္လမ္းေပၚမွာ ကြ်န္မရဲ႕ အရပ္က ပုၿပီးေသးသြယ္ေနပါတယ္တဲ့။ ပုပုမပုပု ကြ်န္မကေတာ့ ဂ႐ုစိုက္မွာမဟုတ္ပါဘူး” လို႔ ထုတ္ေဖာ္ေျပာခဲ့တာပါ။

Georgia May Jagger

(၃) Laetita Casta

သူမကေတာ့ Dolce and Gabbana ရဲ႕ မ်က္ႏွာသစ္ ေမာ္ဒယ္လ္ဘဝကေန တဟုန္ထိုး ေအာင္ျမင္လာသူျဖစ္ၿပီး L’Oreal နဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ရံုသာမက Victoria’s Secret Angel အျဖစ္နဲ႔ Vogue ၊ Elle တို႔လိုမဂၢဇင္းေတြထက္ အစြမ္းကုန္ေနရာရလာသူပါ။ အရပ္ကေတာ့ အံ့ၾသေလာက္စရာပါပဲ။ ၅ေပ ၆လက္မသာသာပါတဲ့။

Laetita Casta

(၂) Kate Moss

နာမည္ႀကီး Fashion Queen တစ္ေယာက္ျဖစ္တဲ့ Kate Moss ကေတာ့ 1999 ခုႏွစ္တည္းက ေအာင္ျမင္ခဲ့သူျဖစ္ၿပီး Calvin Klein ၊Chanel နဲ႔ LV တို႔လို Runway Shows ေတြေပၚမွာ အေတာက္ပဆံုး ထြန္းလင္းခဲ့သူတစ္ဦးပါ။ Fashion မိခင္တစ္ေယာက္လို႔ဆိုရေလာက္ေအာင္ ေနာက္တက္ ေမာ္ဒယ္လ္ေလးတိုင္းရဲ႕ အားက်မႈကို ခံယူရတဲ့ သူမရဲ႕ အရပ္ကလည္း ၅ေပ၅လက္မသာသာပဲရွိပါတယ္တဲ့။

Kate Moss

(၁) Marilyn Monroe

အေမရိကန္ႏိုင္ငံရဲ႕ နာမည္အႀကီးဆံုး အဆိုေတာ္နဲ႔႐ုပ္သံမင္းသမီး Marilyn Monroe ကေတာ့ အရပ္ပုေပမယ့္အေအာင္ျမင္ဆံုး ေမာ္ဒယ္လ္မင္းသမီးေတြထဲမွာေတာ့ ထိပ္ဆံုးပါ။ အရပ္ ၅ေပ၅လက္မသာရွိေပမယ့္ ပုရိသတိုင္းအတြက္ေတာ့ ညိဳ႕ဓါတ္ျပင္းတဲ့ နတ္ဘုရားမတစ္ပါးပါပဲ။ သူမရဲ႕ အရပ္ပုျခင္းက ေအာင္ျမင္မႈအရွိန္အဟုန္အတြက္ နည္းနည္းေလးမွ အဟန္႔အတားေတာင္မျဖစ္ေစခဲ့ပါဘူး။

Marilyn Monroe

လူတစ္ေယာက္ရဲ႕ အရည္အေသြး အစစ္အမွန္ဟာ ႐ုပ္ရည္ေခ်ာေမာျခင္း၊ အရပ္ပုျခင္း ရွည္ျခင္းတို႔နဲ႔ တိုက္႐ိုက္မသက္ဆိုင္ဘဲ ကံ၊ ဉာဏ္၊ ဝိရိယနဲ႔ ႀကိဳးစားမႈတိုု႔အေပၚသာမူတည္ေၾကာင္းကို ဒီထိပ္တန္းေမာ္ဒယ္လ္ေတြက မီးေမာင္းထိုးျပေနသလိုပါပဲ။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

အရပ်ပုပေမယ့် Fashion လောကရဲ့ အအောင်မြင်ဆုံး မော်ဒယ်လ်များ

အနောက်နိုင်ငံတွေက Fashion လောကရဲ့ ထိပ်တန်းမော်ဒယ်လ်တွေဆိုတာ အရပ်၊ အသားအရေ၊ ရုပ်ရည်ချောမောမှု အစစအရာရာ အောင်မြင်ပြည့်စုံနေမှသာ လျှောက်လမ်းပေါ်ကနေ ပရိသတ်တစ်ရပ်လုံးရဲ့ အာရုံကို ဆွဲယူဖမ်းစားခွင့်ရတာပါ။ ဒါပေမယ့် Modelling လောက ဆိုတာကလည်း ပြစ်မျိုးမှဲ့မထင်အရည်အချင်းပြည့်ဝ ထူးချွန်တဲ့ အချောအလှထိပ်တန်းတွေချည်း စုဝေးနေတာဆိုရင်တော့ အထင်နဲ့အမြင်လွဲမှားစရာပါ။ တကယ့် Fashion Modelling လောကမှာ နာမည်ကြီးနေတဲ့ ဒီမော်ဒယ်လ်တွေကတော့ သာမန် မော်ဒယ်လ်တစ်ယောက်ရဲ့ရှိသင့်တဲ့အရပ်ထက် ပုနေပေမယ့် အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ အာရှနိုင်ငံတွေအတွက်ဆိုရင်တော့ အရပ် ၅ပေ ၇လက်မဝန်းကျင်ဆိုတာ အရပ်ရှည်တဲ့အရွယ်ပေမယ့် အနောက်နိုင်ငံလို အရပ်အနည်းဆုံး ၅ပေ၁၀လက်မအရွယ် မော်ဒယ်လ်မင်းသမီးတွေ အတွက်တော့ ပုတယ်လို့ဆိုရမှာပါ။ ဒီလို ဘုရားပေးတဲ့ အရပ်နဲ့ပေမယ့် ဒီလောက်ကံကောင်းတဲ့ မော်ဒယ်လ်ဘဝကိုပိုင်ဆိုင်သူတွေကတော့-

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

( ၇) Devon Aoki

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ဒီမော်ဒယ်လ်လေးကတော့ Fast and Furious နဲ့ ied or Alive (DOA) တို့လို နာမည်ကြီး ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး အရပ်၅ပေ ၇လက်မဝန်းကျင်နဲ့တောင် လျှောက်လမ်းပေါ်မှာ အောင်မြင်နေသူတစ်ယောက်ပါ။ အသက် ၁၃ နှစ်တည်းက မော်ဒယ်လ်ဘဝနဲ့စတင်ခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်မှာ Versace ရဲ့ မျက်နှာသစ်မော်ဒယ်လ်အဖြစ် Naomi Campbell နေရာဝင်ရောက်လာသူပါ။ ရုပ်ရှင်ကား ၁၃ ကားမှာပါဝင်ခဲ့ပြီး သူ့ကိုတော့ ရုပ်ရှင်ချစ်သူတွေသိကြပြီးဖြစ်မှာပါ။

Devon Aoki

(၆) Eva Pigford

Eva Marcille လို့သိကြတဲ့သူမကတော့ အမေရိကန် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး TV Host အဖြစ်ရော၊ စူပါမော်ဒယ်လ်တစ်ယောက်အဖြစ်ပါအောင်မြင်နေတဲ့ သူတစ်ယောက်ပါ။ အရပ်ပုပေမယ့် အထာကျတဲ့ သူဖြစ်ပြီး မော်ဒယ်လ်အလုပ်ကိုတော့ America’s Next Top Model ရဲ့ Third Cycle မှာ အနိုင်ရပြီးတည်းက စတင်ခဲ့သူပါ။

Eva Pigford

(၅) Georgia May Jagger

သူမကတော့ Rock and Roll အဆိုရှင်ကြီး Rolling Stones အဖွဲ့ဝင် Mick Jagger ရဲ့ သမီးဖြစ်ပြီး အရပ် ၅ပေ၇လက်မသာသာနဲ့ ပုပုသေးသွယ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်မော်ဒယ်လ်ပါ။ အရပ်ပုပေမယ့် Fendi၊ Louis Vuitton နဲ့ Channel တို့လို ထိပ်တန်း Fashion Show တွေမှာ အောင်မြင်ခဲ့သူပါ။

Georgia May Jagger

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၄) Cara Delevingne

ထိပ်တန်း မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ အရည်အသွေးအပြည့်ဝဆုံးနဲ့ အောင်မြင်မှုအမြင့်ဆုံး Cara ရဲ့ အရပ်ဟာလည်း ၅ပေ၈လက်မပဲရှိပေမယ့် Model လောကမှာတော့ တော်ရုံမယှဉ်နိုင်အောင်ကို အောင်မြင်တဲ့သူပါ။ လူတွေအများကြီးဝေဖန်ကြတာက လျှောက်လမ်းပေါ်မှာ ကျွန်မရဲ့ အရပ်က ပုပြီးသေးသွယ်နေပါတယ်တဲ့။ ပုပုမပုပု ကျွန်မကတော့ ဂရုစိုက်မှာမဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောခဲ့တာပါ။

Georgia May Jagger

(၃) Laetita Casta

သူမကတော့ Dolce and Gabbana ရဲ့ မျက်နှာသစ် မော်ဒယ်လ်ဘဝကနေ တဟုန်ထိုး အောင်မြင်လာသူဖြစ်ပြီး L’Oreal နဲ့ စာချုပ်ချုပ်ဆိုခဲ့ရုံသာမက Victoria’s Secret Angel အဖြစ်နဲ့ Vogue ၊ Elle တို့လိုမဂ္ဂဇင်းတွေထက် အစွမ်းကုန်နေရာရလာသူပါ။ အရပ်ကတော့ အံ့သြလောက်စရာပါပဲ။ ၅ပေ ၆လက်မသာသာပါတဲ့။

Laetita Casta

(၂) Kate Moss

နာမည်ကြီး Fashion Queen တစ်ယောက်ဖြစ်တဲ့ Kate Moss ကတော့ 1999 ခုနှစ်တည်းက အောင်မြင်ခဲ့သူဖြစ်ပြီး Calvin Klein ၊Chanel နဲ့ LV တို့လို Runway Shows တွေပေါ်မှာ အတောက်ပဆုံး ထွန်းလင်းခဲ့သူတစ်ဦးပါ။ Fashion မိခင်တစ်ယောက်လို့ဆိုရလောက်အောင် နောက်တက် မော်ဒယ်လ်လေးတိုင်းရဲ့ အားကျမှုကို ခံယူရတဲ့ သူမရဲ့ အရပ်ကလည်း ၅ပေ၅လက်မသာသာပဲရှိပါတယ်တဲ့။

Kate Moss

(၁) Marilyn Monroe

အမေရိကန်နိုင်ငံရဲ့ နာမည်အကြီးဆုံး အဆိုတော်နဲ့ရုပ်သံမင်းသမီး Marilyn Monroe ကတော့ အရပ်ပုပေမယ့်အအောင်မြင်ဆုံး မော်ဒယ်လ်မင်းသမီးတွေထဲမှာတော့ ထိပ်ဆုံးပါ။ အရပ် ၅ပေ၅လက်မသာရှိပေမယ့် ပုရိသတိုင်းအတွက်တော့ ညို့ဓါတ်ပြင်းတဲ့ နတ်ဘုရားမတစ်ပါးပါပဲ။ သူမရဲ့ အရပ်ပုခြင်းက အောင်မြင်မှုအရှိန်အဟုန်အတွက် နည်းနည်းလေးမှ အဟန့်အတားတောင်မဖြစ်စေခဲ့ပါဘူး။

Marilyn Monroe

လူတစ်ယောက်ရဲ့ အရည်အသွေး အစစ်အမှန်ဟာ ရုပ်ရည်ချောမောခြင်း၊ အရပ်ပုခြင်း ရှည်ခြင်းတို့နဲ့ တိုက်ရိုက်မသက်ဆိုင်ဘဲ ကံ၊ ဉာဏ်၊ ဝိရိယနဲ့ ကြိုးစားမှုတိုု့အပေါ်သာမူတည်ကြောင်းကို ဒီထိပ်တန်းမော်ဒယ်လ်တွေက မီးမောင်းထိုးပြနေသလိုပါပဲ။

EiEiKhineMinn ( Akhayar )

www.akhayar.com