[Zawgyi]

ေဘာလုံးေလာကေကာင္းကင္ယံမွာ လိေမၼာ္ေရာင္ေတြ ျပန္လည္ထြန္းလင္းလာၿပီလား

တစ္ခ်ိန္တုန္းက နယ္သာလန္အသင္းဆုိတာက လူ႐ုိေသ၊ ရွင္႐ုိေသသာ မဟုတ္ဘဲ ေဘာလုံးေလာကကုိ လႊမ္းမုိးထားႏုိင္တဲ့ အဆင့္ထိ ေရာက္ရွိခ့ဲဖူးတယ္။ ေရးနပ္စ္မီခ်ယ္လ္ Rinus Michel ရဲ႕ Total Football ကစားဟန္၊ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff ရဲ႕ ေမွာ္ဆန္တဲ့ေျခစြမ္း၊ ဗန္ဘက္စတန္ Van Basten ၊ ရီကတ္ Frank Rijkaard ၊ ဂူလစ္ Ruud Gullit စတဲ့ ရဲသုံးေဖာ္။ အဲဒီေနာက္ပုိင္း ေရာ္နယ္လ္ကုိးမန္း Ronald Koeman၊ ဒီဘုိး၀ါးညီေနာင္ ၊ ကလြိဳက္ဗတ္ Patrick Kluivert ၊ ဆီးေဒ့ါဖ္ Clarence Seedorf ၊ ဗန္ဒါဆား Edwin van der Sar ၊ အဂၢါဒါးဗစ္ Edgar Davids ၊ ဘားကမ့္ Dennis Bergkamp ၊ နစၥတယ္႐ြိဳင္း Ruud van Nistelrooy ၊ ဗန္ပါစီ Robin van Persie ၊ ဆႏုိက္ဒါ Wesley Sneijder ၊ ေရာ္ဘင္ Arjen Robben တို႔အထိ နယ္သာလန္အသင္းမွာ ကစားသမားေကာင္းေတြ အမ်ားႀကီး ထြက္ေပၚခဲ့ဖူးတယ္။

Netherlands-Team

Netherlands-Team

အဲဒီေနာက္ပုိင္း ေဘာလုံးမ်ိဳးဆက္ ျပတ္သြားတာနဲ႔အတူ နယ္သာလန္တို႔ရဲ႕ အရွိန္အ၀ါက်ဆင္းလာေပမယ့္ ၂၀၁၀ ကမၻာ႔ဖလားမွာ ဗုိလ္လုပဲြ၊ ၂၀၁၄ ကမၻာ႔ဖလားမွာ တတိယ ရခဲ့ေတာ့ ေဘာလုံးေလာကမွာ လိေမၼာ္ေရာင္ေတြ ျပန္လည္ႀကီးစုိးေတာ့မွာလားဆုိၿပီး အားလုံးက ေစာင့္ၾကည့္ခဲ့ၾကတယ္။

Wesley-Sneijder

Wesley-Sneijder

ဒါေပမဲ့ နယ္သာလန္အသင္းရဲ႕ ႐ုိလာကုိစတာခရီးစဥ္က ဆုိးရြားလာခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြေတာင္ မေအာင္ခဲ့ဘူး။ အခုအခ်ိန္မွာေတာ့ နာမည္ေက်ာ္ကစားသမားေဟာင္း ေရာ္နယ္လ္ကုိးမန္းရဲ႕ ဦးေဆာင္မႈနဲ႔အတူ နယ္သာလန္တို႔ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာၿပီလုိ႔ ေျပာရမယ္။ UEFA Nations League ၿပိဳင္ပဲြ အုပ္စုအဖြင့္ပဲြမွာ ျပင္သစ္အသင္းကုိ ႐ႈံးနိမ့္ခဲ့ေပမယ့္ ဂ်ာမနီကုိႏုိင္၊ ၊ ျပင္သစ္ကုိ အိမ္ကြင္း႐ႈံးေၾကြးဆပ္ခဲ့တဲ့အျပင္ အခုေနာက္ဆုံး ဂ်ာမနီကုိ အေ၀းကြင္းသေရက်ခဲ့လုိ႔ ဆီမီးဖုိင္နယ္အဆင့္ကုိ တက္ေရာက္ခဲ့ပါၿပီ။ ေရာ္နယ္လ္ကုိးမန္းလက္ထက္မွာ နယ္သာလန္အသင္း ဘာေတြေျပာင္းလဲသြားလည္းဆုိတာ ၾကည့္လုိက္ရေအာင္ . . .

စိတ္ခ်ရတဲ့ ဂုိးသမားေနရာ
နယ္သာလန္အသင္းရဲ႕ ဂုိးေပါက္ကုိ အေကာင္းဆုံး ကာကြယ္ေပးေနတာက ဘာစီလုိနာရဲ႕ အပယ္ခံ ဆီလက္ဆန္ Jasper Cillessen ပါပဲ။ သူ႔ရဲ႕ လ်င္ျမန္ဖ်တ္လတ္မႈ၊ အေတြ႕အႀကံဳေကာင္းေတြက နယ္သာလန္အသင္းအတြက္ အက်ိဳးအမ်ားႀကီးရွိေစခဲ့တယ္။

လူငယ္သြးသစ္ေတြနဲ႔ ခံစစ္
အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဒမ္ဖ႐ုိင္းစ္ Denzel Dumfries ၊ (၁၉)ႏွစ္အရြယ္ ဒီလိဂ္ Matthijs de Ligt တို႔ကို လက္ေရြးစင္အသင္းမွာ ရဲရဲ၀င့္၀င့္ေနရာေပးခဲ့တာက ေရာ္နယ္လ္ကုိးမန္းရဲ႕ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္လုိ႔ ေျပာရမယ္။

Virgil-van-Dijk

Virgil-van-Dijk

သူတို႔နဲ႔အတူ လီဗာပူးလ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဗန္ဒုိက္ Virgil van Dijk လည္းရွိေနလုိ႔ နယ္သာလန္ ခံစစ္က အားရစရာေကာငး္ေနတယ္။ ဒီကစားသမားေတြအျပင္ နာသန္အကီ Nathan Aké (၂၃ႏွစ္)၊ ဘလင္း Daley Blind (၂၈ႏွစ္)၊ ဒီဗာ့ခ်္ Stefan de Vrij (၂၆ႏွစ္) တို႔လုိ ကစားသမားေကာင္းေတြကလည္း အဆင္သင့္ရွိေနေသးတယ္။

ကြင္းလယ္ဗုိလ္ခ်ဳပ္ Frenkie

Frenkie-de-Jong

Frenkie-de-Jong

အသက္(၂၁)ႏွစ္သာ ရွိေသးေပမယ့္ ေအဂ်က္စ္ကြင္းလယ္လူ ဖရန္ကီဒီယြန္း Frenkie de Jong ဟာ နယ္သာလန္ ကြင္းလယ္တစ္ေနရာကုိ အပုိင္စားယူထားတယ္။ ကုိယ္တုိင္ ဂုိးသြင္းႏုိင္စြမ္းရွိသလုိ၊ Creativity ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ဒီလုိကစားသမားမ်ိဳးကုိ ဘာစီလုိနာအသင္းက ခ်ိတ္ဆက္ေနတာ သိပ္ေတာ့မထူးဆန္းပါဘူး။

တစ္ေက်ာ႔ျပန္ လင္းလက္လာတဲ့ ၾကယ္ပြင့္

Memphis-Depay

Memphis-Depay

နယ္သာလန္အသင္း ရလဒ္ေကာင္းေတြထဲမွာ ေျခစြမ္းျပန္ျပေနတဲ့ ဒီပုိင္း Memphis Depay ရဲ႕ အခန္းက႑ကုိလည္း ေမ့ထားလုိ႔မရဘူး။ မန္ယူအသင္းမွာ ငရဲခန္းျဖစ္ခဲ့တဲ့ ဒီပုိင္းအတြက္ လုိင္ယြန္အသင္းဟာ နားခုိရာအစစ္အမွန္ျဖစ္ခဲ့ၿပီး တစ္ေက်ာ႔ျပန္ေျခစြမ္းနဲ႔ ကလပ္အသင္းမွာေရာ၊ ႏုိင္ငံအသင္းမွာပါ အေကာင္းဆုံး စြမ္းေဆာင္ျပေနတယ္။

ေရာ္နယ္လ္ကုိးမန္းရဲ႕ Tactic
နယ္သာလန္အသင္းကုိ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလတုန္းက စတင္ကုိင္တြယ္ခဲ့တဲ့ ေရာ္နယ္လ္ကုိးမန္းဟာ (၁၀)ပဲြအၿပီးမွာ (၄)ပဲြႏုိင္၊ (၄)ပဲြသေရ၊ (၂)ပဲြ႐ႈံးရလဒ္ထြက္ေအာင္ စြမ္းေဆာင္ထားတယ္။ (၄-၂-၃-၁) ကစားကြက္ကုိ အေျခခံထားေပမယ့္ ပဲြအေျခအေနေပၚ မူတည္ၿပီး ကစားကြက္အေျပာင္းအလဲ လုပ္ေလ့ရွိသူပါ။ ဂ်ာမနီနဲ႔ (၂)ဂုိးစီသေရက်ခဲ့တဲ့ပဲြမွာ ေခ်ပဂုိးျပန္ရဖုိ႔အတြက္ ဒုတိယပုိင္း လက္က်န္မိနစ္မွာ ဗန္ဒုိက္ကုိ အေထာင္တိုက္စစ္မွဴးအျဖစ္ ကစားေစခဲ့ၿပီး အလွည့္အေျပာင္းလုပ္ခဲ့တာက ခ်ီးက်ဴးစရာပါပဲ။

Ronald-Koeman

Ronald-Koeman

ေရာ္နယ္လ္ကုိးမန္းရဲ႕အသင္းဟာ လူငယ္၊ လူႀကီးကုိ အခ်ိဳးညီညီေပါင္းစပ္ထားၿပီး ဟန္ခ်က္မွ်တတဲ့အသင္းျဖစ္လာတယ္။ ေရာ္နယ္လ္ကုိးမန္းဟာ ေျခစြမ္းျပေနတဲ့ ကစားသမားဆုိရင္ ျပန္ေရြးခ်ယ္ဖုိ႔ လက္မတံြ႕ဘဲ အခုအသင္းမွာ အသက္(၃၁)ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဘာဘဲလ္ Ryan Babel လုိ ကစားသမားမ်ိဳးကုိ ျပန္ေရြးထားတယ္။ လမး္ေၾကာင္းမွန္ေပၚ ျပန္ေရာက္လာတဲ့ လိေမၼာ္ေရာင္တပ္သားေတြ ေအာင္ျမင္မႈ ပန္းတိုင္ကုိ ဆက္လက္ခ်ီတက္ႏုိင္မလားဆုိတာကေတာ့ . . . .

REF:marca
Photo:Finger Lakes Times,Washington Post,EIF Soccer,BBC,NU.nl,Sportnieuws,Le10sport,FOX Sports Asia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကကောင်းကင်ယံမှာ လိမ္မော်ရောင်တွေ ပြန်လည်ထွန်းလင်းလာပြီလား

တစ်ချိန်တုန်းက နယ်သာလန်အသင်းဆိုတာက လူရိုသေ၊ ရှင်ရိုသေသာ မဟုတ်ဘဲ ဘောလုံးလောကကို လွှမ်းမိုးထားနိုင်တဲ့ အဆင့်ထိ ရောက်ရှိခဲ့ဖူးတယ်။ ရေးနပ်စ်မီချယ်လ် Rinus Michel ရဲ့ Total Football ကစားဟန်၊ ယိုဟန်ခရိုက်ဖ် Johan Cruyff ရဲ့ မှော်ဆန်တဲ့ခြေစွမ်း၊ ဗန်ဘက်စတန် Van Basten ၊ ရီကတ် Frank Rijkaard ၊ ဂူလစ် Ruud Gullit စတဲ့ ရဲသုံးဖော်။ အဲဒီနောက်ပိုင်း ရော်နယ်လ်ကိုးမန်း Ronald Koeman၊ ဒီဘိုးဝါးညီနောင် ၊ ကလွိုက်ဗတ် Patrick Kluivert ၊ ဆီးဒေ့ါဖ် Clarence Seedorf ၊ ဗန်ဒါဆား Edwin van der Sar ၊ အဂ္ဂါဒါးဗစ် Edgar Davids ၊ ဘားကမ့် Dennis Bergkamp ၊ နစ္စတယ်ရွိုင်း Ruud van Nistelrooy ၊ ဗန်ပါစီ Robin van Persie ၊ ဆနိုက်ဒါ Wesley Sneijder ၊ ရော်ဘင် Arjen Robben တို့အထိ နယ်သာလန်အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ထွက်ပေါ်ခဲ့ဖူးတယ်။

Netherlands-Team

Netherlands-Team

အဲဒီနောက်ပိုင်း ဘောလုံးမျိုးဆက် ပြတ်သွားတာနဲ့အတူ နယ်သာလန်တို့ရဲ့ အရှိန်အဝါကျဆင်းလာပေမယ့် ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ တတိယ ရခဲ့တော့ ဘောလုံးလောကမှာ လိမ္မော်ရောင်တွေ ပြန်လည်ကြီးစိုးတော့မှာလားဆိုပြီး အားလုံးက စောင့်ကြည့်ခဲ့ကြတယ်။

Wesley-Sneijder

Wesley-Sneijder

ဒါပေမဲ့ နယ်သာလန်အသင်းရဲ့ ရိုလာကိုစတာခရီးစဉ်က ဆိုးရွားလာခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် မအောင်ခဲ့ဘူး။ အခုအချိန်မှာတော့ နာမည်ကျော်ကစားသမားဟောင်း ရော်နယ်လ်ကိုးမန်းရဲ့ ဦးဆောင်မှုနဲ့အတူ နယ်သာလန်တို့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့ ပြောရမယ်။ UEFA Nations League ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဂျာမနီကိုနိုင်၊ ၊ ပြင်သစ်ကို အိမ်ကွင်းရှုံးကြွေးဆပ်ခဲ့တဲ့အပြင် အခုနောက်ဆုံး ဂျာမနီကို အဝေးကွင်းသရေကျခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါပြီ။ ရော်နယ်လ်ကိုးမန်းလက်ထက်မှာ နယ်သာလန်အသင်း ဘာတွေပြောင်းလဲသွားလည်းဆိုတာ ကြည့်လိုက်ရအောင် . . .

စိတ်ချရတဲ့ ဂိုးသမားနေရာ
နယ်သာလန်အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်ပေးနေတာက ဘာစီလိုနာရဲ့ အပယ်ခံ ဆီလက်ဆန် Jasper Cillessen ပါပဲ။ သူ့ရဲ့ လျင်မြန်ဖျတ်လတ်မှု၊ အတွေ့အကြုံကောင်းတွေက နယ်သာလန်အသင်းအတွက် အကျိုးအများကြီးရှိစေခဲ့တယ်။

လူငယ်သွးသစ်တွေနဲ့ ခံစစ်
အသက်(၂၂)နှစ်သာရှိသေးတဲ့ ဒမ်ဖရိုင်းစ် Denzel Dumfries ၊ (၁၉)နှစ်အရွယ် ဒီလိဂ် Matthijs de Ligt တို့ကို လက်ရွေးစင်အသင်းမှာ ရဲရဲဝင့်ဝင့်နေရာပေးခဲ့တာက ရော်နယ်လ်ကိုးမန်းရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ပြောရမယ်။

Virgil-van-Dijk

Virgil-van-Dijk

သူတို့နဲ့အတူ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဗန်ဒိုက် Virgil van Dijk လည်းရှိနေလို့ နယ်သာလန် ခံစစ်က အားရစရာကောင်းနေတယ်။ ဒီကစားသမားတွေအပြင် နာသန်အကီ Nathan Aké (၂၃နှစ်)၊ ဘလင်း Daley Blind (၂၈နှစ်)၊ ဒီဗာ့ချ် Stefan de Vrij (၂၆နှစ်) တို့လို ကစားသမားကောင်းတွေကလည်း အဆင်သင့်ရှိနေသေးတယ်။

ကွင်းလယ်ဗိုလ်ချုပ် Frenkie

Frenkie-de-Jong

Frenkie-de-Jong

အသက်(၂၁)နှစ်သာ ရှိသေးပေမယ့် အေဂျက်စ်ကွင်းလယ်လူ ဖရန်ကီဒီယွန်း Frenkie de Jong ဟာ နယ်သာလန် ကွင်းလယ်တစ်နေရာကို အပိုင်စားယူထားတယ်။ ကိုယ်တိုင် ဂိုးသွင်းနိုင်စွမ်းရှိသလို၊ Creativity ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုကစားသမားမျိုးကို ဘာစီလိုနာအသင်းက ချိတ်ဆက်နေတာ သိပ်တော့မထူးဆန်းပါဘူး။

တစ်ကျော့ပြန် လင်းလက်လာတဲ့ ကြယ်ပွင့်

Memphis-Depay

Memphis-Depay

နယ်သာလန်အသင်း ရလဒ်ကောင်းတွေထဲမှာ ခြေစွမ်းပြန်ပြနေတဲ့ ဒီပိုင်း Memphis Depay ရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့မရဘူး။ မန်ယူအသင်းမှာ ငရဲခန်းဖြစ်ခဲ့တဲ့ ဒီပိုင်းအတွက် လိုင်ယွန်အသင်းဟာ နားခိုရာအစစ်အမှန်ဖြစ်ခဲ့ပြီး တစ်ကျော့ပြန်ခြေစွမ်းနဲ့ ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ အကောင်းဆုံး စွမ်းဆောင်ပြနေတယ်။

ရော်နယ်လ်ကိုးမန်းရဲ့ Tactic
နယ်သာလန်အသင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စတင်ကိုင်တွယ်ခဲ့တဲ့ ရော်နယ်လ်ကိုးမန်းဟာ (၁၀)ပွဲအပြီးမှာ (၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ထွက်အောင် စွမ်းဆောင်ထားတယ်။ (၄-၂-၃-၁) ကစားကွက်ကို အခြေခံထားပေမယ့် ပွဲအခြေအနေပေါ် မူတည်ပြီး ကစားကွက်အပြောင်းအလဲ လုပ်လေ့ရှိသူပါ။ ဂျာမနီနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချေပဂိုးပြန်ရဖို့အတွက် ဒုတိယပိုင်း လက်ကျန်မိနစ်မှာ ဗန်ဒိုက်ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပြီး အလှည့်အပြောင်းလုပ်ခဲ့တာက ချီးကျူးစရာပါပဲ။

Ronald-Koeman

Ronald-Koeman

ရော်နယ်လ်ကိုးမန်းရဲ့အသင်းဟာ လူငယ်၊ လူကြီးကို အချိုးညီညီပေါင်းစပ်ထားပြီး ဟန်ချက်မျှတတဲ့အသင်းဖြစ်လာတယ်။ ရော်နယ်လ်ကိုးမန်းဟာ ခြေစွမ်းပြနေတဲ့ ကစားသမားဆိုရင် ပြန်ရွေးချယ်ဖို့ လက်မတွံ့ဘဲ အခုအသင်းမှာ အသက်(၃၁)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘာဘဲလ် Ryan Babel လို ကစားသမားမျိုးကို ပြန်ရွေးထားတယ်။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ လိမ္မော်ရောင်တပ်သားတွေ အောင်မြင်မှု ပန်းတိုင်ကို ဆက်လက်ချီတက်နိုင်မလားဆိုတာကတော့ . . . .

REF:marca
Photo:Finger Lakes Times,Washington Post,EIF Soccer,BBC,NU.nl,Sportnieuws,Le10sport,FOX Sports Asia
Naing Linn(Akhayar)
www.akhayar.com