ကေလးေတြ ဘယ္အသက္အရြယ္ကစၿပီး စမတ္ဖုန္းသံုးသင့္သလဲ

နည္းပညာေခတ္ႀကီးမွာ ကေလးေတြကို စမတ္ဖုန္းတစ္လံုးေပးကိုင္သင့္၊ မကိုင္သင့္ေတာ္ေတာ္အျငင္းပြားရသည္။ အိုင္တီေခတ္ႀကီးမွာ လံုးဝေပးမကိုင္ျပန္ရင္လည္း ကိုယ္ရဲ႕ကေလးေတြ ခပ္တုံုးတံုးျဖစ္သြားမွာလည္း စိုးရိမ္ရသည္။ ေပးကိုင္မယ္ဆိုရင္လည္း ဘယ္အသက္အရြယ္ကစၿပီးေပးကိုင္သင့္လဲဆိုတာစဥ္းစားရေတာ့မည္။

စမတ္ဖုန္္းေပးကိုင္တဲ့ေနရာမွာ ဖုန္းေခၚဖုန္းေျပာ၊ မက္ေဆ့ခ်္ ပို႔ေလာက္တာကေတာ့ ျပႆနာမရွိပါ။ ဒါေပမယ့္ စမတ္ဖုန္းဆိုတာနဲ႔ အင္တာနက္ဆိုတဲ့အရာပါ တြဲပါလာၿပီးသားျဖစ္သည္။ အဓိကေမႊမွာက အင္တာနက္ ျဖစ္သည္။ ကုိယ့္ရဲ႕ကေလးက ေကာင္းတာမြန္တာေတြကို ေလ့လာေနရင္ေတာ့ အက်ိဳးေက်းဇူးျဖစ္မွာမွန္ေပမယ့္ မဟုတ္က၊ ဟုတ္ကေတြေလ့လာေနရင္ေတာ့ ခက္ၿပီ။ ေကာင္းတာ၊ မြန္တာေတြေလ့လာဖို႔ဆိုတာကလည္း အကို၊အမ (ဒါမွမဟုတ္) မိဘက လမ္းညႊန္ျပေပးႏိုင္မွ အဆင္ေျပမည့္ အရာျဖစ္သည္။ ကေလးကို စမတ္ဖုန္းတစ္ဝယ္ေပးလိုက္တာကေတာ့ ဟုတ္သည္။ ေနာက္ထပ္စဥ္းစားရမွာက ဘယ္ႏွစ္နာရီ ေပးသံုးမလဲဆိုတဲ့အခ်က္ျဖစ္သည္။ တစ္ေနကုန္၊ တစ္ေနကန္းေပးထားလုိ႔က ကေလးလႈပ္ေတာင္လႈပ္ေတာ့ မည္မဟုတ္။ အခ်ိန္အကန္ု႔အသတ္တစ္ခု ထားကိုထားရမည္။

အေမရိကန္က လူတစ္ဦးရဲ႕ ပွ်မ္းမွ် စမတ္ဖုန္းအသံုးျပဳခ်ိန္က တစ္ေန႔ကို ငါးနာရီနီးပါးေလာက္ရွိတယ္လို႔ အဆိုကိစၥရပ္မ်ားကို ေလ့လာသံုးသပ္ေနတဲ့ Flurry Analytics ကေျပာခဲ့သလို Mobile App ေတြအသံုးျပဳမႈကလည္း တစ္ႏွစ္ကို ၁၁ ရာခိုင္ႏႈန္းတိုးလာေနတယ္လို႔ ေျပာၾကားထားသည္ကိုလည္း ေတြ႔႔ရသည္။ ဦးေႏွာက္ဖြံ႕ၿဖိဳးစအရြယ္ကေလးငယ္တစ္ေယာက္အေနနဲ႔ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ဖုန္းမ်က္ႏွာျပင္ကိုၾကည့္ရႈသင့္ပါသလဲ။ မိုဘုုိုင္းဖုန္းအသံုးျပဳဖို႔အတြက္ အသက္အရြယ္တစ္ခုဆိုတာ သတ္သတ္မွတ္မွတ္ရွိ သင့္သည့္ အရာတစ္ခုျဖစ္သည္။

အေနာက္ႏိုင္ငံမ်ားအရ သုေသသနအရ ကေလးတစ္ေယာက္ စမတ္ဖုန္းစကိုင္သည့္ ပွ်မ္းပွ်အရြယ္မွာ ၁၀.၃ ႏွစ္ျဖစ္သည္။ အခ်ိဳ႕သုေတသနမ်ားကေတာ့ ၁၂ ႏွစ္ဆိုၿပီး ႏိုင္ငံကိုလိုက္၍ အနည္းငယ္ကြဲျပားမႈရွိသည္။ စမတ္ဖုန္းအသံုးျပဳတဲ့ကေလးငယ္ေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းေလာက္က လူမႈကြန္ရက္ေတြျဖစ္တဲ့ Facebook တို႔၊Instagram တို႔ကို စတင္သံုးစြဲၾကျခင္းျဖစ္သည္။

ဘယ္မိဘေတြက ဘယ္လိုကန္႔သတ္ၾကတယ္ဆိုတာကို ေထြေထြထူးထူးမေျပာလိုေပမယ့္ နည္းပညာဘုရင္လို႔တင္စားရမယ့္ Microsoft ရဲ႕ဖခင္ႀကီး Bill Gates အေၾကာင္းေတာ့ နည္းနည္းေျပာျပခ်င္သည္။ သိပ္မၾကာေသးတဲ့အခ်ိန္က The Mirror နဲ႔အင္တာဗ်ဴးမွာ Bill Gates က “ကၽြန္ေတာ့္ရဲ႕သားသမီးေတြကို အသက္ ၁၄ ႏွစ္မျပည့္ခင္အထိ ဖုန္းတစ္လံုးကိုယ္ပိုင္မေပးထားပါဘူး” လို႔ေျဖၾကားခဲ့သည္။ သူ႔ရဲ႕သားသမီး ေတြက အခု ၂၀၊ ၁၇ နဲ႔ ၁၄ ႏွစ္တို႔ ရွိၾကၿပီ။ Bill Gates ရဲ႕ေျပာစကားကို အဓိပၸာယ္ေကာက္ရမယ္ဆိုရင္ ကေလးေတြကို အထက္တန္းအရြယ္ေလာက္ေရာက္မွ ကိုယ္ပိုင္ဖုန္းတစ္လံုး ဝယ္ေပးသင့္သည္ဆိုသည့္ သေဘာျဖစ္သည္။

ဒီလိုသတ္မွတ္မႈကို မိသားစုအေရး အသိပညာေပးစာေပမ်ားကို ေဖာ္ျပေနတဲ့ Commmon Sense Media ရဲ႕ CEO တစ္ဦးျဖစ္သူ James Steyer က ေရးသားခဲ့ဖူးသည္။ Steyer ရဲ႕မိသားစုမွာလည္း ကေလးေတြအေနနဲ႔ မိုဘိုင္းဖုန္းတစ္လံုးကိုယ္ပိုင္ကိုင္ဖို႔ အထက္တန္းအရြယ္ျဖစ္ေနဖို႔လုိသည္။ အထက္တန္းအရြယ္မွသာ ကုိယ့္ကိုကုိုယ္ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္သလို ဆက္သြယ္မႈရဲ႕အက်ိဳး ေက်းဇူးကို နားလည္မည္ျဖစ္သည္။ ျမန္မာႏိုင္ငံမွာေတာ့ နည္းနည္းေျပာရခက္သည္။ အမ်ားစုကေတာ့ Facebook မွာသာ ေပ်ာ္ေမြ႕ေနမည္ဟု ထင္သည္။

Steyer ေျပာတာကေတာ့ “ကေလးတစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ မတူႏိုင္ပါဘူး။ ကေလးတစ္ေယာက္ရဲ႕ အသက္အရြယ္နဲ႔ ဆံုးျဖတ္တာထက္စာရင္ သူရဲ႕တာဝန္ယူႏိုင္စြမ္းနဲ႔ ရင့္က်က္မႈအေပၚမူတည္ၿပီး ဆံုးျဖတ္သင့္ပါတယ္”တဲ့။

ကၽြန္ေတာ္တို႔အေနနဲ႔ ကေလးတစ္ေယာက္ကို ရင့္က်က္တယ္၊ မရင့္က်က္ဘူးဆိုတာကို လြယ္လြယ္နဲ႔ဆံုးျဖတ္ခက္သည္။ Bill Gate တို႔၊ Steyer တို႔ေျပာသလို ၁၄ ႏွစ္ဆိုတဲ့အရြယ္ကေတာ့ ကေလးတစ္ေယာက္ကို ဖုန္းတစ္လံုးေပးကိုင္ဖို႔အေကာင္းဆံုးအရြယ္လို႔ သတ္မွတ္ႏိုင္သည္။ Bill Gate မိသားစုရဲ႕ ဖုန္းအသံုးျပဳမႈ စည္းမ်ဥ္းမွာေတာ့ ကေလးေတြအတြက္ ဖုန္းသံုးစြဲခ်ိန္ကို ကန္႔သတ္ထားသလို မိသားစုထမင္းဝိုင္းမွာဆိုရင္ေတာ့ ဖုန္းအသံုးျပဳခြင့္မရွိ။ ဒါေတြက ေကာင္းမြန္တဲ့စည္းမ်ဥ္းေတြျဖစ္သည္။ ဒီေနရာမွာ အေၾကာင္းတိုက္ဆိုင္လို႔တစ္ခုေျပာခ်င္သည္။ Bill Gate ရဲ႕အိမ္မွာ Apple ထုတ္ကုန္ေတြကို အသံုးျပဳခြင့္မရွိပါတဲ့။

ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ ကေလးေတြကို ဖုန္းတစ္လံုးဝယ္ေပးထားတာက သိပ္မထူးဆန္းတဲ့ကိစၥလိုေနျဖစ္ေနသည္။ ကေလးတစ္ေယာက္အတြက္ အက်ိဳးေက်းဇူးမ်ားတဲ့အရာေတြကို အင္တာနက္ကေန ရွာေဖြအသံုးျပဳႏိုင္ဖို႔ဆိုတာက မိဘ၊ ဆရာေတြနဲ႔ အစ္ကို၊ အမေတြရဲ႕ လမ္းညႊန္မႈအမ်ားႀကီးလိုအပ္သည္။ မဟုတ္ရင္ေတာ့ Facebook လိုမ်ိဳးလူမႈကြန္ရက္ေပၚမွာ အခ်ိ္န္ေတြအမ်ားကုန္ဆံုးသြားႏိုင္သည္။ ေနာက္တစ္ခုက မိုဘိုင္းဂိမ္းေတြျဖစ္သည္။ ဂိမ္းေဆာ့တာက အခ်ိန္အမ်ားႀကီးကုန္တာကိုေတာ့ ေတာ္ေတာ္မ်ားမ်ားသိၿပီးသားျဖစ္မည္။ ဒါေပမယ့္ ပညာေရးနဲ႔ပက္သက္တဲ့ဂိမ္းေတြလည္းအမ်ားႀကီး ရွိပါသည္။ ဒါကလည္းေျပာရသာလြယ္ေပမယ့္္ လုပ္ရတာေတာ့နည္းနည္းခက္မည္။ Facebook စြဲေနတဲ့လူႀကီးေတြရွိသလို၊ ဂိမ္းေဆာ့ရတဲ့ႏွစ္ၿခိဳက္တဲ့ အစ္ကို၊အမေတြလည္း အမ်ားႀကီးရွိႏိုင္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ကေလးတစ္ေယာက္ကိုအသက္ ၁၄ ႏွစ္ေလာက္ (ဒါမွမဟုတ္) ရင့္က်က္ထားလို႔ထင္မွ ဖုန္းတစ္လံုး အပိုင္ဝယ္ေပးပါ။ ေကာင္းရာမြန္ရာ အသံုးျပဳတတ္ေအာင္လို႔ လမ္းညႊန္ေပးပါ။ တကၠသိုလ္ဝင္တန္းမေအာင္ခင္ အထိ ဖုန္းအသံုးျပဳခ်ိန္ကို အကန္႔အသတ္နဲ႔ခြင့္ျပဳေပးပါ။ ဦးေႏွာက္ဖြံ႕ၿဖိဳးေနတဲ့ ကေလးတစ္ေယာက္ကို ဖုန္းတစ္လံုးဝယ္ေပးတယ္ဆိုတာက ေကာင္းက်ိဳးနဲ႔ဆိုးက်ိဳး ဒြန္တြဲေနတာဆိုတာ မိဘတိုင္းသတိျပဳမိေစခ်င္ပါ သည္။

မင္းသုခ (အခရာ)

(www.akhayar.com)

Photo: Techcrush, Flurry

Ref:

(1) This is the ‘safest’ age to give your child a smartphone, according to Bill Gates

(2) https://www.commonsensemedia.org/#

(3) http://flurrymobile.tumblr.com/post/157921590345/us-consumers-time-spent-on-mobile-crosses-5

(4) https://techcrunch.com/2017/01/12/the-mobile-app-gold-rush-may-be-over/

(Unicode)

ကလေးတွေ ဘယ်အသက်အရွယ်ကစပြီး စမတ်ဖုန်းသုံးသင့်သလဲ

နည်းပညာခေတ်ကြီးမှာ ကလေးတွေကို စမတ်ဖုန်းတစ်လုံးပေးကိုင်သင့်၊ မကိုင်သင့်တော်တော်အငြင်းပွားရသည်။ အိုင်တီခေတ်ကြီးမှာ လုံးဝပေးမကိုင်ပြန်ရင်လည်း ကိုယ်ရဲ့ကလေးတွေ ခပ်တုံးတုံးဖြစ်သွားမှာလည်း စိုးရိမ်ရသည်။ ပေးကိုင်မယ်ဆိုရင်လည်း ဘယ်အသက်အရွယ်ကစပြီးပေးကိုင်သင့်လဲဆိုတာစဉ်းစားရတော့မည်။

စမတ်ဖုန်းပေးကိုင်တဲ့နေရာမှာ ဖုန်းခေါ်ဖုန်းပြော၊ မက်ဆေ့ချ် ပို့လောက်တာကတော့ ပြဿနာမရှိပါ။ ဒါပေမယ့် စမတ်ဖုန်းဆိုတာနဲ့ အင်တာနက်ဆိုတဲ့အရာပါ တွဲပါလာပြီးသားဖြစ်သည်။ အဓိကမွှေမှာက အင်တာနက် ဖြစ်သည်။ ကိုယ့်ရဲ့ကလေးက ကောင်းတာမွန်တာတွေကို လေ့လာနေရင်တော့ အကျိုးကျေးဇူးဖြစ်မှာမှန်ပေမယ့် မဟုတ်က၊ ဟုတ်ကတွေလေ့လာနေရင်တော့ ခက်ပြီ။ ကောင်းတာ၊ မွန်တာတွေလေ့လာဖို့ဆိုတာကလည်း အကို၊အမ (ဒါမှမဟုတ်) မိဘက လမ်းညွှန်ပြပေးနိုင်မှ အဆင်ပြေမည့် အရာဖြစ်သည်။ ကလေးကို စမတ်ဖုန်းတစ်ဝယ်ပေးလိုက်တာကတော့ ဟုတ်သည်။ နောက်ထပ်စဉ်းစားရမှာက ဘယ်နှစ်နာရီ ပေးသုံးမလဲဆိုတဲ့အချက်ဖြစ်သည်။ တစ်နေကုန်၊ တစ်နေကန်းပေးထားလို့က ကလေးလှုပ်တောင်လှုပ်တော့ မည်မဟုတ်။ အချိန်အကန်ု့အသတ်တစ်ခု ထားကိုထားရမည်။

အမေရိကန်က လူတစ်ဦးရဲ့ ပျှမ်းမျှ စမတ်ဖုန်းအသုံးပြုချိန်က တစ်နေ့ကို ငါးနာရီနီးပါးလောက်ရှိတယ်လို့ အဆိုကိစ္စရပ်များကို လေ့လာသုံးသပ်နေတဲ့ Flurry Analytics ကပြောခဲ့သလို Mobile App တွေအသုံးပြုမှုကလည်း တစ်နှစ်ကို ၁၁ ရာခိုင်နှုန်းတိုးလာနေတယ်လို့ ပြောကြားထားသည်ကိုလည်း တွေ့ရသည်။ ဦးနှောက်ဖွံ့ဖြိုးစအရွယ်ကလေးငယ်တစ်ယောက်အနေနဲ့ အချိန်ဘယ်လောက်ကြာကြာ ဖုန်းမျက်နှာပြင်ကိုကြည့်ရှုသင့်ပါသလဲ။ မိုဘိုုင်းဖုန်းအသုံးပြုဖို့အတွက် အသက်အရွယ်တစ်ခုဆိုတာ သတ်သတ်မှတ်မှတ်ရှိ သင့်သည့် အရာတစ်ခုဖြစ်သည်။

အနောက်နိုင်ငံများအရ သုသေသနအရ ကလေးတစ်ယောက် စမတ်ဖုန်းစကိုင်သည့် ပျှမ်းပျှအရွယ်မှာ ၁၀.၃ နှစ်ဖြစ်သည်။ အချို့သုတေသနများကတော့ ၁၂ နှစ်ဆိုပြီး နိုင်ငံကိုလိုက်၍ အနည်းငယ်ကွဲပြားမှုရှိသည်။ စမတ်ဖုန်းအသုံးပြုတဲ့ကလေးငယ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook တို့၊Instagram တို့ကို စတင်သုံးစွဲကြခြင်းဖြစ်သည်။

ဘယ်မိဘတွေက ဘယ်လိုကန့်သတ်ကြတယ်ဆိုတာကို ထွေထွေထူးထူးမပြောလိုပေမယ့် နည်းပညာဘုရင်လို့တင်စားရမယ့် Microsoft ရဲ့ဖခင်ကြီး Bill Gates အကြောင်းတော့ နည်းနည်းပြောပြချင်သည်။ သိပ်မကြာသေးတဲ့အချိန်က The Mirror နဲ့အင်တာဗျူးမှာ Bill Gates က “ကျွန်တော့်ရဲ့သားသမီးတွေကို အသက် ၁၄ နှစ်မပြည့်ခင်အထိ ဖုန်းတစ်လုံးကိုယ်ပိုင်မပေးထားပါဘူး” လို့ဖြေကြားခဲ့သည်။ သူ့ရဲ့သားသမီး တွေက အခု ၂၀၊ ၁၇ နဲ့ ၁၄ နှစ်တို့ ရှိကြပြီ။ Bill Gates ရဲ့ပြောစကားကို အဓိပ္ပာယ်ကောက်ရမယ်ဆိုရင် ကလေးတွေကို အထက်တန်းအရွယ်လောက်ရောက်မှ ကိုယ်ပိုင်ဖုန်းတစ်လုံး ဝယ်ပေးသင့်သည်ဆိုသည့် သဘောဖြစ်သည်။

ဒီလိုသတ်မှတ်မှုကို မိသားစုအရေး အသိပညာပေးစာပေများကို ဖော်ပြနေတဲ့ Commmon Sense Media ရဲ့ CEO တစ်ဦးဖြစ်သူ James Steyer က ရေးသားခဲ့ဖူးသည်။ Steyer ရဲ့မိသားစုမှာလည်း ကလေးတွေအနေနဲ့ မိုဘိုင်းဖုန်းတစ်လုံးကိုယ်ပိုင်ကိုင်ဖို့ အထက်တန်းအရွယ်ဖြစ်နေဖို့လိုသည်။ အထက်တန်းအရွယ်မှသာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မည်ဖြစ်သလို ဆက်သွယ်မှုရဲ့အကျိုး ကျေးဇူးကို နားလည်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ နည်းနည်းပြောရခက်သည်။ အများစုကတော့ Facebook မှာသာ ပျော်မွေ့နေမည်ဟု ထင်သည်။

Steyer ပြောတာကတော့ “ကလေးတစ်ယောက်နဲ့တစ်ယောက်နဲ့ မတူနိုင်ပါဘူး။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ ဆုံးဖြတ်တာထက်စာရင် သူရဲ့တာဝန်ယူနိုင်စွမ်းနဲ့ ရင့်ကျက်မှုအပေါ်မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်”တဲ့။

ကျွန်တော်တို့အနေနဲ့ ကလေးတစ်ယောက်ကို ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာကို လွယ်လွယ်နဲ့ဆုံးဖြတ်ခက်သည်။ Bill Gate တို့၊ Steyer တို့ပြောသလို ၁၄ နှစ်ဆိုတဲ့အရွယ်ကတော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးကိုင်ဖို့အကောင်းဆုံးအရွယ်လို့ သတ်မှတ်နိုင်သည်။ Bill Gate မိသားစုရဲ့ ဖုန်းအသုံးပြုမှု စည်းမျဉ်းမှာတော့ ကလေးတွေအတွက် ဖုန်းသုံးစွဲချိန်ကို ကန့်သတ်ထားသလို မိသားစုထမင်းဝိုင်းမှာဆိုရင်တော့ ဖုန်းအသုံးပြုခွင့်မရှိ။ ဒါတွေက ကောင်းမွန်တဲ့စည်းမျဉ်းတွေဖြစ်သည်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့တစ်ခုပြောချင်သည်။ Bill Gate ရဲ့အိမ်မှာ Apple ထုတ်ကုန်တွေကို အသုံးပြုခွင့်မရှိပါတဲ့။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကလေးတွေကို ဖုန်းတစ်လုံးဝယ်ပေးထားတာက သိပ်မထူးဆန်းတဲ့ကိစ္စလိုနေဖြစ်နေသည်။ ကလေးတစ်ယောက်အတွက် အကျိုးကျေးဇူးများတဲ့အရာတွေကို အင်တာနက်ကနေ ရှာဖွေအသုံးပြုနိုင်ဖို့ဆိုတာက မိဘ၊ ဆရာတွေနဲ့ အစ်ကို၊ အမတွေရဲ့ လမ်းညွှန်မှုအများကြီးလိုအပ်သည်။ မဟုတ်ရင်တော့ Facebook လိုမျိုးလူမှုကွန်ရက်ပေါ်မှာ အချိန်တွေအများကုန်ဆုံးသွားနိုင်သည်။ နောက်တစ်ခုက မိုဘိုင်းဂိမ်းတွေဖြစ်သည်။ ဂိမ်းဆော့တာက အချိန်အများကြီးကုန်တာကိုတော့ တော်တော်များများသိပြီးသားဖြစ်မည်။ ဒါပေမယ့် ပညာရေးနဲ့ပက်သက်တဲ့ဂိမ်းတွေလည်းအများကြီး ရှိပါသည်။ ဒါကလည်းပြောရသာလွယ်ပေမယ့်် လုပ်ရတာတော့နည်းနည်းခက်မည်။ Facebook စွဲနေတဲ့လူကြီးတွေရှိသလို၊ ဂိမ်းဆော့ရတဲ့နှစ်ခြိုက်တဲ့ အစ်ကို၊အမတွေလည်း အများကြီးရှိနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ်ကလေးတစ်ယောက်ကိုအသက် ၁၄ နှစ်လောက် (ဒါမှမဟုတ်) ရင့်ကျက်ထားလို့ထင်မှ ဖုန်းတစ်လုံး အပိုင်ဝယ်ပေးပါ။ ကောင်းရာမွန်ရာ အသုံးပြုတတ်အောင်လို့ လမ်းညွှန်ပေးပါ။ တက္ကသိုလ်ဝင်တန်းမအောင်ခင် အထိ ဖုန်းအသုံးပြုချိန်ကို အကန့်အသတ်နဲ့ခွင့်ပြုပေးပါ။ ဦးနှောက်ဖွံ့ဖြိုးနေတဲ့ ကလေးတစ်ယောက်ကို  ဖုန်းတစ်လုံးဝယ်ပေးတယ်ဆိုတာက ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတာဆိုတာ မိဘတိုင်းသတိပြုမိစေချင်ပါ သည်။

မင်းသုခ (အခရာ)

(www.akhayar.com)

Photo: Techcrush, Flurry

Ref:

(1) This is the ‘safest’ age to give your child a smartphone, according to Bill Gates

(2) https://www.commonsensemedia.org/#

(3) http://flurrymobile.tumblr.com/post/157921590345/us-consumers-time-spent-on-mobile-crosses-5

(4) https://techcrunch.com/2017/01/12/the-mobile-app-gold-rush-may-be-over/