[Zawgyi]

မေနတတ္မထိုင္တတ္လူမ်ိဳး မျဖစ္ေစဖို႔

ကိုယ္လုပ္တဲ့အျပဳအမူ၊ အေျပာအဆိုေတြအားလံုးဟာ ကိုယ္ဘယ္လိုလူစားမ်ိဳးလဲဆိုတာကို ေဖာ္ျပေပးေနတာပါေနာ္။ ဒါေၾကာင့္မို႔လို႔လည္း လူေတြအခ်င္းခ်င္း အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေပါင္းသင္းဆက္ဆံၾကတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ အျပဳအမူအေျပာအဆိုကို အရမ္းဂရုစိုက္ရပါလိမ့္မယ္။ တစ္ခါတေလက်ရင္လည္း ကိုယ္တိုင္သတိမထားမိဘဲနဲ႔ လုပ္လိုက္မိတဲ့အျပဳအမူအေျပာအဆိုေတြက ရိုင္းမွန္းမသိရိုင္းေနတတ္ပါတယ္။ အဲဒီလိုမ်ိဳးမျဖစ္သြားဖို႔ အဓိကဘယ္လိုအရာေတြကို ဂရုစိုက္ေပးရမလဲဆိုတာ သိရဲ႕လား။

တစ္ေယာက္နဲ႔ တစ္ေယာက္ အရမ္းနီးေအာင္ မရပ္ပါနဲ႔

တစ္ခါတေလ အခမ္းအနားေတြမွာပဲျဖစ္ျဖစ္၊ လမ္းမွာေတြ႕လို႔ ႏႈတ္ဆက္ရင္ပဲျဖစ္ျဖစ္ ေဘးခ်င္ယွဥ္ရပ္လိုက္တာမ်ိဳးေတြ၊ မ်က္ႏွာခ်င္းဆိုင္ မတ္တပ္ရပ္လိုက္တဲ့အခါမ်ိဳးေတြမွာ ခပ္ခြာခြာေလးရပ္သင့္ပါတယ္။ အရမ္းအနီးကပ္ႀကီးမတ္တပ္ရပ္ၿပီး စကားေျပာေနတာဟာ တျခားလူကို စိတ္အေႏွာက္အယွက္ျဖစ္ေစသလို အခန္႔မသင့္ရင္ တံေတြးစင္ေနပါဦးမယ္။ အရမ္းရင္းႏွီးတာမ်ိဳးမဟုတ္ဘဲ ပံုမွန္အသိမိတ္ေဆြေလာက္ဆို ခပ္ခြာခြာေလးရပ္ၿပီး စကားေျပာႏႈတ္ဆက္ၾကမယ္ေနာ္။

နာရီခဏခဏမၾကည့္ပါနဲ႔

အခမ္းအနားပြဲေတြထဲမွာ ဒါမွမဟုတ္ အစည္းအေ၀းထဲမွာ နာရီခဏခဏၾကည့္ေနမိတာဟာ စိတ္မရွည္မႈကို ေဖာ္ျပတယ္လို႔ ဆိုၾကပါတယ္။ စကားနဲ႔ ေျပာၾကမယ္ဆို “လွ်ာေၾကာရွည္လိုက္တာ၊ မၿပီးႏိုင္ေသးဘူးလား၊ ငါေတာ့ပ်င္းလာၿပီေနာ္၊ အာရံုေနာက္တယ္။” စတဲ့အဓိပၸာယ္ေတြကို ေပၚလြင္ေစပါတယ္။

တျခားဘာသာနဲ႔လည္း မဆဲပါနဲ႔

ျမန္မာႏိုင္ငံမွာ အဂၤလိပ္လို အာေမဋိတ္ေလးအသံျပဳၿပီး ဆဲလိုက္ရမွ ေခတ္မီတယ္လို႔ ထင္ၾကပါတယ္။ ကိုယ့္ဘာသာနဲ႔ မဟုတ္ေတာ့လည္း သိပ္မရိုင္းသလိုခံစားရမွာေပါ့။ အဲလိုမထင္လိုက္ပါနဲ႔။ ဘယ္ဘာသာနဲ႔ပဲဆဲဆဲ ဆဲတယ္ဆိုတာအကုန္ရိုင္းပါတယ္။ ဆဲၿပီးမွ ေတာင္းပန္တဲ့ “ေဆာရီးေနာ္” ဆိုတာက အသံုးမ၀င္ေတာ့ပါဘူး။ အေစာႀကီးကတည္းက ဘယ္လိုအေၾကာင္းျပခ်က္ေတြနဲ႔မွ လူေတြေရွ႕မွ မဆဲမိေအာင္ ႀကိဳးစားပါေနာ္။

လက္ပိုက္ၿပီးစကားမေျပာပါနဲ႔

လက္ပိုက္တယ္ဆိုတာ “ငါ ဆရာႀကီး” လို႔ ေျပာသလိုပါပဲ။ စကားမေျပာတတ္ရင္ ဆဲသလိုပဲဆိုတဲ့အတိုင္း အေနအထိုင္မတတ္ရင္လည္း အရမ္းရိုင္းပါတယ္။ ကိုယ္ကေတာ့ ဒီအတိုင္း သတိလက္လြတ္ လက္ပိုက္ၿပီးစကားေတြေျပာေနမိေပမယ့္ တစ္ဖက္ကလူက အလုိလုိစိတ္ကသိကေအာက္ျဖစ္ရမွာမို႔လို႔ လက္ပိုက္ၿပီး စကားမေျပာမိေအာင္ သတိထားပါ။

ဖုန္းသံုးေနတာကို သြားမၾကည့္ပါနဲ႔

တျခားလူက ကိုယ့္ရဲ႕ ေဘးနားမွာ ဖုန္းသံုးေနတာပဲျဖစ္ျဖစ္၊ တစ္ေယာက္ေယာက္နဲ႔ စာပို႔ေနတာမ်ိဳးေတြလုပ္ေနၿပီဆိုရင္ သြားမၾကည့္ပါနဲ႔။ ၿပီးေတာ့ Password ရိုက္ေနရင္ ပိုဆိုးပါတယ္။ မ်က္ႏွာလႊဲေပးထားရမွာပါေနာ္။ တျခားလူက Privacy နဲ႔ ပတ္သတ္တဲ့အရာေတြကို ကိုယ့္ဘက္က စည္းထားရမွာပါ။ ဘယ္ေလာက္ရင္းႏွီးေနပါေစ စပ္စုလို႔ မရပါဘူး။

ဒါေတြကေတာ့ အေျခခံက်ၿပီး အမ်ားစု ေမ့ေလ်ာ့ေနၾကတဲ့ ေနာက္ၿပီး သတိမထားမိတဲ့ အခ်က္ေလးေတြပါေနာ္။ မေနတတ္မထိုင္တတ္ဆိုတဲ့စကားက အလကားေပၚလာတာမဟုတ္ပါဘူးေနာ္။ ကိုယ္က မရည္ရြယ္ပါဘဲနဲ႔ မေကာင္းတဲ့အျပဳအမူမ်ိဳးျဖစ္သြားရင္ ပိုနစ္နာပါတယ္ေနာ္။ ဒါေၾကာင့္ သတိထားလို႔ရေအာင္ လာေျပာျပတာပါ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

မနေတတ်မထိုင်တတ်လူမျိုး မဖြစ်စေဖို့

ကိုယ်လုပ်တဲ့အပြုအမူ၊ အပြောအဆိုတွေအားလုံးဟာ ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာကို ဖော်ပြပေးနေတာပါနော်။ ဒါကြောင့်မို့လို့လည်း လူတွေအချင်းချင်း အကြောင်းအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံကြတဲ့အချိန်မှာ ကိုယ့်ရဲ့ အပြုအမူအပြောအဆိုကို အရမ်းဂရုစိုက်ရပါလိမ့်မယ်။ တစ်ခါတလေကျရင်လည်း ကိုယ်တိုင်သတိမထားမိဘဲနဲ့ လုပ်လိုက်မိတဲ့အပြုအမူအပြောအဆိုတွေက ရိုင်းမှန်းမသိရိုင်းနေတတ်ပါတယ်။ အဲဒီလိုမျိုးမဖြစ်သွားဖို့ အဓိကဘယ်လိုအရာတွေကို ဂရုစိုက်ပေးရမလဲဆိုတာ သိရဲ့လား။

တစ်ယောက်နဲ့ တစ်ယောက် အရမ်းနီးအောင် မရပ်ပါနဲ့

တစ်ခါတလေ အခမ်းအနားတွေမှာပဲဖြစ်ဖြစ်၊ လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်ပဲဖြစ်ဖြစ် ဘေးချင်ယှဉ်ရပ်လိုက်တာမျိုးတွေ၊ မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်တဲ့အခါမျိုးတွေမှာ ခပ်ခွာခွာလေးရပ်သင့်ပါတယ်။ အရမ်းအနီးကပ်ကြီးမတ်တပ်ရပ်ပြီး စကားပြောနေတာဟာ တခြားလူကို စိတ်အနှောက်အယှက်ဖြစ်စေသလို အခန့်မသင့်ရင် တံတွေးစင်နေပါဦးမယ်။ အရမ်းရင်းနှီးတာမျိုးမဟုတ်ဘဲ ပုံမှန်အသိမိတ်ဆွေလောက်ဆို ခပ်ခွာခွာလေးရပ်ပြီး စကားပြောနှုတ်ဆက်ကြမယ်နော်။

နာရီခဏခဏမကြည့်ပါနဲ့

အခမ်းအနားပွဲတွေထဲမှာ ဒါမှမဟုတ် အစည်းအဝေးထဲမှာ နာရီခဏခဏကြည့်နေမိတာဟာ စိတ်မရှည်မှုကို ဖော်ပြတယ်လို့ ဆိုကြပါတယ်။ စကားနဲ့ ပြောကြမယ်ဆို “လျှာကြောရှည်လိုက်တာ၊ မပြီးနိုင်သေးဘူးလား၊ ငါတော့ပျင်းလာပြီနော်၊ အာရုံနောက်တယ်။” စတဲ့အဓိပ္ပာယ်တွေကို ပေါ်လွင်စေပါတယ်။

တခြားဘာသာနဲ့လည်း မဆဲပါနဲ့

မြန်မာနိုင်ငံမှာ အင်္ဂလိပ်လို အာမေဋိတ်လေးအသံပြုပြီး ဆဲလိုက်ရမှ ခေတ်မီတယ်လို့ ထင်ကြပါတယ်။ ကိုယ့်ဘာသာနဲ့ မဟုတ်တော့လည်း သိပ်မရိုင်းသလိုခံစားရမှာပေါ့။ အဲလိုမထင်လိုက်ပါနဲ့။ ဘယ်ဘာသာနဲ့ပဲဆဲဆဲ ဆဲတယ်ဆိုတာအကုန်ရိုင်းပါတယ်။ ဆဲပြီးမှ တောင်းပန်တဲ့ “ဆောရီးနော်” ဆိုတာက အသုံးမဝင်တော့ပါဘူး။ အစောကြီးကတည်းက ဘယ်လိုအကြောင်းပြချက်တွေနဲ့မှ လူတွေရှေ့မှ မဆဲမိအောင် ကြိုးစားပါနော်။

လက်ပိုက်ပြီးစကားမပြောပါနဲ့

လက်ပိုက်တယ်ဆိုတာ “ငါ ဆရာကြီး” လို့ ပြောသလိုပါပဲ။ စကားမပြောတတ်ရင် ဆဲသလိုပဲဆိုတဲ့အတိုင်း အနေအထိုင်မတတ်ရင်လည်း အရမ်းရိုင်းပါတယ်။ ကိုယ်ကတော့ ဒီအတိုင်း သတိလက်လွတ် လက်ပိုက်ပြီးစကားတွေပြောနေမိပေမယ့် တစ်ဖက်ကလူက အလိုလိုစိတ်ကသိကအောက်ဖြစ်ရမှာမို့လို့ လက်ပိုက်ပြီး စကားမပြောမိအောင် သတိထားပါ။

ဖုန်းသုံးနေတာကို သွားမကြည့်ပါနဲ့

တခြားလူက ကိုယ့်ရဲ့ ဘေးနားမှာ ဖုန်းသုံးနေတာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်နဲ့ စာပို့နေတာမျိုးတွေလုပ်နေပြီဆိုရင် သွားမကြည့်ပါနဲ့။ ပြီးတော့ Password ရိုက်နေရင် ပိုဆိုးပါတယ်။ မျက်နှာလွှဲပေးထားရမှာပါနော်။ တခြားလူက Privacy နဲ့ ပတ်သတ်တဲ့အရာတွေကို ကိုယ့်ဘက်က စည်းထားရမှာပါ။ ဘယ်လောက်ရင်းနှီးနေပါစေ စပ်စုလို့ မရပါဘူး။

ဒါတွေကတော့ အခြေခံကျပြီး အများစု မေ့လျော့နေကြတဲ့ နောက်ပြီး သတိမထားမိတဲ့ အချက်လေးတွေပါနော်။ မနေတတ်မထိုင်တတ်ဆိုတဲ့စကားက အလကားပေါ်လာတာမဟုတ်ပါဘူးနော်။ ကိုယ်က မရည်ရွယ်ပါဘဲနဲ့ မကောင်းတဲ့အပြုအမူမျိုးဖြစ်သွားရင် ပိုနစ်နာပါတယ်နော်။ ဒါကြောင့် သတိထားလို့ရအောင် လာပြောပြတာပါ။

Moethaesay (Akhayar)

www.akhayar.com