[Zawgyi]

ဝင္ေငြအေကာင္းဆုံးနာမည္ေက်ာ္ေတြထဲမွာ လူခ်စ္လူခင္အမ်ားဆုံးျဖစ္တဲ့ Dwayne Johnson

ကမၻာေက်ာ္စီးပြားေရးမဂၢဇင္း Forbes ဟာ ၂ဝ၁၇ခုႏွစ္ ဇြန္လ (၁) ရက္ကေန ၂ဝ၁၈ခုႏွစ္ ဇြန္လ (၁) ရက္အတြင္း နာမည္ေက်ာ္ပုဂၢိဳလ္ေတြရဲ႕  အခြန္မေဆာင္ရေသးတဲ့ ဝင္ေငြပမာဏကုိ တြက္ခ်က္ၿပီး ဝင္ေငြအေကာင္းဆုံး(၁ဝဝ) ဦးကုိ ဇူလုိင္လ (၁၆) ရက္ေန႔တုန္းက ေၾကညာလုိက္တာ အားလုံးသိၾကမယ္ထင္ပါတယ္။ Floyd Mayweather (၂၈၅သန္း) ၊ George Clooney (၂၃၉သန္း) ၊ Kylie Jenner (၁၆၆.၅သန္း) ၊ Judy Sheindlin (၁၄၇သန္း) နဲ႔ Dwayne “The Rock” Johnson (၁၂၄သန္း) တုိ႔က ထိပ္ဆုံးမွာ ဦးေဆာင္ေနတာပါ။

ဝါရွင္တန္ဒီစီၿမိဳ႕ အေျခစုိက္ သုေတသနကုမၸဏီ Morning Consult ဟာ အေမရိကန္ႏုိင္ငံသား (၆,၆ဝ၉) ဦးကုိ စစ္တမ္းျပဳလုပ္ၿပီး Forbes မဂၢဇင္းက ထုတ္ျပန္ထားတဲ့ ၂ဝ၁၈ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံးနာမည္ေက်ာ္ (၁ဝဝ) ကုိ ေရြးခ်ယ္ေစပါတယ္။ အႏွစ္သက္ဆုံးနာမည္ေက်ာ္ကုိ စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ရွိၿပီး မႏွစ္သက္တဲ့ပုဂၢိဳလ္ကုိလည္း ထည့္ႏုိင္ပါေသးတယ္။

အသက္အရြယ္ပုိင္းျခားမ်ိဳးစုံပါဝင္တဲ့ (၆,၆ဝ၉) ဦးဟာ မင္းသားေခ်ာ Dwayne “The Rock” Johnson ကုိ အႏွစ္သက္ဆုံး၊ အခ်စ္ခင္ဆုံးအျဖစ္ မဲေပးၾကတာပါ။ စစ္တမ္းမွာပါတဲ့ လူဦးေရရဲ႕ (၈၂) ရာခုိင္ႏႈန္းက သူ႕ကုိ အခ်စ္ခင္ဆုံးအျဖစ္ ေရြးခ်ယ္ခဲ့တာပါ။ ဒုတိယေနရာမွာေတာ့ ေဟာင္ေကာင္မင္းသားႀကီး Jackie Chan က ရပ္တည္ေနၿပီး (၇၆) ရာခုိင္ႏႈန္းက ႏွစ္သက္တယ္လုိ႔ သိရပါတယ္။ မင္းသားေခ်ာ Will Smith က (၇၇) ရာခုိင္ႏႈန္း၊ ဂီတပညာရွင္ Paul McCartney က (၆၈) ရာခုိင္ႏႈန္းနဲ႔ ဟာသသရုပ္ေဆာင္ Adam Sandler က (၇၁) ရာခုိင္ႏႈန္းအထိ ရွိခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ဝင်ငွေအကောင်းဆုံးနာမည်ကျော်တွေထဲမှာ လူချစ်လူခင်အများဆုံးဖြစ်တဲ့ Dwayne Johnson

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes ဟာ ၂ဝ၁၇ခုနှစ် ဇွန်လ (၁) ရက်ကနေ ၂ဝ၁၈ခုနှစ် ဇွန်လ (၁) ရက်အတွင်း နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့  အခွန်မဆောင်ရသေးတဲ့ ဝင်ငွေပမာဏကို တွက်ချက်ပြီး ဝင်ငွေအကောင်းဆုံး(၁ဝဝ) ဦးကို ဇူလိုင်လ (၁၆) ရက်နေ့တုန်းက ကြေညာလိုက်တာ အားလုံးသိကြမယ်ထင်ပါတယ်။ Floyd Mayweather (၂၈၅သန်း) ၊ George Clooney (၂၃၉သန်း) ၊ Kylie Jenner (၁၆၆.၅သန်း) ၊ Judy Sheindlin (၁၄၇သန်း) နဲ့ Dwayne “The Rock” Johnson (၁၂၄သန်း) တို့က ထိပ်ဆုံးမှာ ဦးဆောင်နေတာပါ။

ဝါရှင်တန်ဒီစီမြို့ အခြေစိုက် သုတေသနကုမ္ပဏီ Morning Consult ဟာ အမေရိကန်နိုင်ငံသား (၆,၆ဝ၉) ဦးကို စစ်တမ်းပြုလုပ်ပြီး Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ ၂ဝ၁၈ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးနာမည်ကျော် (၁ဝဝ) ကို ရွေးချယ်စေပါတယ်။ အနှစ်သက်ဆုံးနာမည်ကျော်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပြီး မနှစ်သက်တဲ့ပုဂ္ဂိုလ်ကိုလည်း ထည့်နိုင်ပါသေးတယ်။

အသက်အရွယ်ပိုင်းခြားမျိုးစုံပါဝင်တဲ့ (၆,၆ဝ၉) ဦးဟာ မင်းသားချော Dwayne “The Rock” Johnson ကို အနှစ်သက်ဆုံး၊ အချစ်ခင်ဆုံးအဖြစ် မဲပေးကြတာပါ။ စစ်တမ်းမှာပါတဲ့ လူဦးရေရဲ့ (၈၂) ရာခိုင်နှုန်းက သူ့ကို အချစ်ခင်ဆုံးအဖြစ် ရွေးချယ်ခဲ့တာပါ။ ဒုတိယနေရာမှာတော့ ဟောင်ကောင်မင်းသားကြီး Jackie Chan က ရပ်တည်နေပြီး (၇၆) ရာခိုင်နှုန်းက နှစ်သက်တယ်လို့ သိရပါတယ်။ မင်းသားချော Will Smith က (၇၇) ရာခိုင်နှုန်း၊ ဂီတပညာရှင် Paul McCartney က (၆၈) ရာခိုင်နှုန်းနဲ့ ဟာသသရုပ်ဆောင် Adam Sandler က (၇၁) ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com