[Zawgyi]

“The Rock Edition” Headphone ကို အားကစားဝါသနာအိုးေတြအတြက္ ေၾကညာလိုက္တဲ့ Under Armour

မင္းသားႀကီး Dwayne “The Rock” Johnson ကေတာ့ Under Armour ရဲ႕ Sport Wireless Headphone နဲ႔ အားကစား လုပ္ရတာ ႏွစ္သက္သေဘာက်ခဲ့ပုံပါပဲ။ ဘာလို႔လဲဆိုေတာ့ အားကစားေလ့က်င္ခန္း လုပ္တဲ့အခါ မင္းသားႀကီး စိတ္ႀကိဳက္ျဖစ္ေအာင္ ေသေသခ်ာခ်ာ ဖန္တီးေပးထားသလို Under Armour က “Project Rock” ဆိုၿပီး အသံအရည္အသြးကိုပါ JBL နဲ႔ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

UA Sport Wireless Headphone

ဒီ UA Sport Wireless Headphone ရဲ႕ အဓိက အားသာခ်က္ဟာ IPX4 Standard ရွိတဲ့ Headphone Cups ပါဝင္တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အားကစားလုပ္တဲ့အခါ ေခြၽးစိုမွာ မပူရေတာ့သလို မေတာ္တဆ ေရဖိတ္စင္တာပဲ ျဖစ္ျဖစ္ Headphone Cup ထိခိုက္မိမွာ စိတ္မပူရေတာ့ပါဘူး။ တစ္ခုရွိမွာက IPX4 ေၾကာင့္ ေရစိုခံႏိုင္မွာ ျဖစ္ေပမယ့္ အၾကာႀကီးေတာ့ မရဘူးေပါ့ေနာ္၊ အမ်ားဆုံး ၅ မိနစ္အထိပဲ ခံမွာဆိုေတာ့ သတိထားဖို႔ေတာ့ လိုမွာပါ။ Armour ဆိုတဲ့အတိုင္း အၾကမ္းခံေအာင္ Headphone ကို Secondary Layer တစ္ခုနဲ႔ ကာကြယ္ေပးထားဦးမွာပါ။ အဲ့ဒါအျပင္ Headphone Cup ကို ဖုံးအုပ္ေပးထားတဲ့ ကူရွင္အစြပ္ကို အေျခာက္ခံရ၊ သန္႔ရွင္းေရး လုပ္ရလြယ္ကူေအာင္ ေလဝင္ေလထြက္အားေကာင္းတဲ့ ေမြ႕သားနဲ႔ လုပ္ထားတယ္လို႔ သိရပါတယ္။

A Breathable Supervent Cushion is being laced around interior Lining

Headphone ရဲ႕ ဘက္ထရီသိုေလွာင္အားနဲ႔ ပတ္သက္လို႔လည္း စိတ္အေႏွာက္ယွက္ျဖစ္စရာ မရွိဘူးလို႔ Under Armour က ဆိုထားပါတယ္။ ၅ မိနစ္ေလာက္ အားတစ္ခါ သြင္းထား႐ုံနဲ႔ တစ္နာရီ အသုံးခံမွာျဖစ္သလို အားအျပည့္သြင္းထားရင္ ၁၆ နာရီ ဆက္တိုက္ အသုံးခံမွာျဖစ္တယ္လို႔ သိရပါတယ္။ Headphone ရဲ႕ Control Button ေတြကိုလည္း အ႐ြယ္အစား ႀကီးႀကီး လုပ္ေပးထားတာျဖစ္လို႔ ခလုတ္လိုက္ရွာေနရမယ့္ ဒုကၡကင္းေဝးဦးမွာပါ။ ဒါ့အျပင္ ေဒၚလာ ၂၅၀ တန္ Headphone ရဲ႕ အသံအရည္အေသြးကို JBL က တာဝန္ယူထားတာျဖစ္လို႔ အားကစားလုပ္တဲ့အခါ “Charged Sound” Mode နဲ႔ ျမဴးျမဴးႂကြႂကြ သီခ်င္းေတြကို Bass သံ ေကာင္းေကာင္း Premium Sound Quality နဲ႔ နားဆင္ ခံစားႏိုင္ဦးမွာပါ။

It provides larger control button and active mic

ေနာက္ထပ္ Talk-Thru Technology ကိုပါ JBL က ထည့္သြင္းေပးထားတဲ့အတြက္ အားကစားလုပ္ရင္း စကားေျပာႏိုင္သလို Headphone ရဲ႕ Microphone က တစ္ဆင့္ Active Siri နဲ႔ Google Now Commands ေတြ သုံးလို႔ရဦးမွာပါ။ အဲ့ဒါေတြထက္ Headphone ဝယ္ယူၿပီးတဲ့အခါ နားဆင္ႏိုင္ဖို႔ မင္းသားႀကီးက Spotify Music Library ထဲမွာ “Iron Paradise Airwaves” Album ထည့္သြင္းေပးထားတဲ့အတြက္ Nicki Minaj ရဲ႕ “Chun-Li” ေတးသီခ်င္း၊ Rock ဘုရင္တစ္ပါးျဖစ္တဲ့ Godsmack ရဲ႕ “Rock Mountain Way” အစရွိတဲ့ ေတးသီခ်င္းေတြ နားဆင္ႏိုင္ဦးမွာပါ။

“Rock Edition” stars Bull logo on its ear cups

Under Armour က UA Sport Wireless Headphone ႏွစ္မ်ိဳး ေရာင္းခ်ေပးသြားမွာ ျဖစ္ၿပီး “Project Rock” Edition ကို Limited Product အေနနဲ႔ ကန္ေဒၚလာ ၂၅၀ နဲ႔ ဇူလိုင္လမွာ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။ ႐ိုး႐ိုး UA Sport Wireless Headphone ကိုေတာ့ အသံအနည္းငယ္ ျပန္ခ်ိန္ညႇိထားၿပီး ေနာက္လထဲ ဝယ္ယူႏိုင္မယ္ျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, Weartester

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“The Rock Edition” Headphone ကို အားကစားဝါသနာအိုးတွေအတွက် ကြေညာလိုက်တဲ့ Under Armour

မင်းသားကြီး Dwayne “The Rock” Johnson ကတော့ Under Armour ရဲ့ Sport Wireless Headphone နဲ့ အားကစား လုပ်ရတာ နှစ်သက်သဘောကျခဲ့ပုံပါပဲ။ ဘာလို့လဲဆိုတော့ အားကစားလေ့ကျင်ခန်း လုပ်တဲ့အခါ မင်းသားကြီး စိတ်ကြိုက်ဖြစ်အောင် သေသေချာချာ ဖန်တီးပေးထားသလို Under Armour က “Project Rock” ဆိုပြီး အသံအရည်အသွးကိုပါ JBL နဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

UA Sport Wireless Headphone

ဒီ UA Sport Wireless Headphone ရဲ့ အဓိက အားသာချက်ဟာ IPX4 Standard ရှိတဲ့ Headphone Cups ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့အခါ ချွေးစိုမှာ မပူရတော့သလို မတော်တဆ ရေဖိတ်စင်တာပဲ ဖြစ်ဖြစ် Headphone Cup ထိခိုက်မိမှာ စိတ်မပူရတော့ပါဘူး။ တစ်ခုရှိမှာက IPX4 ကြောင့် ရေစိုခံနိုင်မှာ ဖြစ်ပေမယ့် အကြာကြီးတော့ မရဘူးပေါ့နော်၊ အများဆုံး ၅ မိနစ်အထိပဲ ခံမှာဆိုတော့ သတိထားဖို့တော့ လိုမှာပါ။ Armour ဆိုတဲ့အတိုင်း အကြမ်းခံအောင် Headphone ကို Secondary Layer တစ်ခုနဲ့ ကာကွယ်ပေးထားဦးမှာပါ။ အဲ့ဒါအပြင် Headphone Cup ကို ဖုံးအုပ်ပေးထားတဲ့ ကူရှင်အစွပ်ကို အခြောက်ခံရ၊ သန့်ရှင်းရေး လုပ်ရလွယ်ကူအောင် လေဝင်လေထွက်အားကောင်းတဲ့ မွေ့သားနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။

A Breathable Supervent Cushion is being laced around interior Lining

Headphone ရဲ့ ဘက်ထရီသိုလှောင်အားနဲ့ ပတ်သက်လို့လည်း စိတ်အနှောက်ယှက်ဖြစ်စရာ မရှိဘူးလို့ Under Armour က ဆိုထားပါတယ်။ ၅ မိနစ်လောက် အားတစ်ခါ သွင်းထားရုံနဲ့ တစ်နာရီ အသုံးခံမှာဖြစ်သလို အားအပြည့်သွင်းထားရင် ၁၆ နာရီ ဆက်တိုက် အသုံးခံမှာဖြစ်တယ်လို့ သိရပါတယ်။ Headphone ရဲ့ Control Button တွေကိုလည်း အရွယ်အစား ကြီးကြီး လုပ်ပေးထားတာဖြစ်လို့ ခလုတ်လိုက်ရှာနေရမယ့် ဒုက္ခကင်းဝေးဦးမှာပါ။ ဒါ့အပြင် ဒေါ်လာ ၂၅၀ တန် Headphone ရဲ့ အသံအရည်အသွေးကို JBL က တာဝန်ယူထားတာဖြစ်လို့ အားကစားလုပ်တဲ့အခါ “Charged Sound” Mode နဲ့ မြူးမြူးကြွကြွ သီချင်းတွေကို Bass သံ ကောင်းကောင်း Premium Sound Quality နဲ့ နားဆင် ခံစားနိုင်ဦးမှာပါ။

It provides larger control button and active mic

နောက်ထပ် Talk-Thru Technology ကိုပါ JBL က ထည့်သွင်းပေးထားတဲ့အတွက် အားကစားလုပ်ရင်း စကားပြောနိုင်သလို Headphone ရဲ့ Microphone က တစ်ဆင့် Active Siri နဲ့ Google Now Commands တွေ သုံးလို့ရဦးမှာပါ။ အဲ့ဒါတွေထက် Headphone ဝယ်ယူပြီးတဲ့အခါ နားဆင်နိုင်ဖို့ မင်းသားကြီးက Spotify Music Library ထဲမှာ “Iron Paradise Airwaves” Album ထည့်သွင်းပေးထားတဲ့အတွက် Nicki Minaj ရဲ့ “Chun-Li” တေးသီချင်း၊ Rock ဘုရင်တစ်ပါးဖြစ်တဲ့ Godsmack ရဲ့ “Rock Mountain Way” အစရှိတဲ့ တေးသီချင်းတွေ နားဆင်နိုင်ဦးမှာပါ။

“Rock Edition” stars Bull logo on its ear cups

Under Armour က UA Sport Wireless Headphone နှစ်မျိုး ရောင်းချပေးသွားမှာ ဖြစ်ပြီး “Project Rock” Edition ကို Limited Product အနေနဲ့ ကန်ဒေါ်လာ ၂၅၀ နဲ့ ဇူလိုင်လမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ရိုးရိုး UA Sport Wireless Headphone ကိုတော့ အသံအနည်းငယ် ပြန်ချိန်ညှိထားပြီး နောက်လထဲ ဝယ်ယူနိုင်မယ်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, Weartester

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။