The Ring ရုပ္ရွင္ထဲက သရဲမကို ကိုယ့္ TV ကေန ထြက္လာေအာင္ AR နည္းပညာနဲ႔ လုပ္ျပခဲ့တဲ့ Developer

The Ring ရုပ္ရွင္ဟာ Horror နဲ႔ သရဲရုပ္ရွင္ေတြ ၾကည့္ေနၾကသူေတြအတြက္ကေတာ့ ဘယ္ေတာ့ပဲျဖစ္ျဖစ္ေမ့ႏုိင္မွာ မဟုတ္တဲ့ရုပ္ရွင္တစ္ခုပါ။ The Ring ရုပ္ရွင္ထဲမွာ ရုပ္ရွင္ၾကည့္ေနတုန္း တီဗၶီထဲကေန သရဲမထြက္လာတာဟာ အျခားေသာရုပ္ရွင္ေတြကေန ခြဲထြက္ေစခဲ့တဲ့ ဇတ္ဝင္ခန္းတစ္ခုျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Developer တစ္ဦးျဖစ္တဲ့ Abhishek Singh ကေန Augmented Reality – AR နည္းပညာေတြကို အသံုးျပဳျပီးေတာ့ The Ring ရုပ္ရွင္ထဲက Samara သရဲမကို တကယ္အျပင္မွာ တီဗီၶထဲကေန ထြက္လာေအာင္ျပဳလုပ္ခဲ့ပါတယ္။

Abhishek ရဲ႕ AR နည္းပညာဟာ Samara သရဲမက တီဗီၶမ်က္ႏွာျပင္ကေနတင္ အျပင္ကိုထြက္လာတာမဟုတ္ပဲ အခန္းထဲမွာပါ ေလွ်ာက္သြားေနျပီး ကိုယ့္ေနာက္ကို လိုက္လာေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေတာ္ေတာ္ေလးကို ပီျပင္ျပီး ေၾကာက္စရာေကာင္းတယ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

အျခား Developer တစ္ဦးျဖစ္တဲ့ Mike Woods ကလည္း AR Kits ကိုပဲ အသံုးျပဳျပီးေတာ့ The Ring ရုပ္ရွင္ကို AR နဲ႔ ျပန္လည္ဖန္တီးခဲ့ေပမယ့္ Abhishek Singh ရဲ႕ AR နည္းပညာကိုေတာ့ မွီခဲ့ျခင္းမရွိပါဘူး။

ကဲ… ကုိယ့္အိမ္မွာရွိတဲ့ တီဗီၶကေနေရာ The Ring ရုပ္ရွင္ထဲက သရဲမထြက္လာတာကို ၾကံုခ်င္ၾကေသးလား?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

The Ring ရုပ်ရှင်ဟာ Horror နဲ့ သရဲရုပ်ရှင်တွေ ကြည့်နေကြသူတွေအတွက်ကတော့ ဘယ်တော့ပဲဖြစ်ဖြစ်မေ့နိုင်မှာ မဟုတ်တဲ့ရုပ်ရှင်တစ်ခုပါ။ The Ring ရုပ်ရှင်ထဲမှာ ရုပ်ရှင်ကြည့်နေတုန်း တီဗ္ဓီထဲကနေ သရဲမထွက်လာတာဟာ အခြားသောရုပ်ရှင်တွေကနေ ခွဲထွက်စေခဲ့တဲ့ ဇတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Developer တစ်ဦးဖြစ်တဲ့ Abhishek Singh ကနေ Augmented Reality – AR နည်းပညာတွေကို အသုံးပြုပြီးတော့ The Ring ရုပ်ရှင်ထဲက Samara သရဲမကို တကယ်အပြင်မှာ တီဗ္ဓီထဲကနေ ထွက်လာအောင်ပြုလုပ်ခဲ့ပါတယ်။

Abhishek ရဲ့ AR နည်းပညာဟာ Samara သရဲမက တီဗ္ဓီမျက်နှာပြင်ကနေတင် အပြင်ကိုထွက်လာတာမဟုတ်ပဲ အခန်းထဲမှာပါ လျှောက်သွားနေပြီး ကိုယ့်နောက်ကို လိုက်လာနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တော်တော်လေးကို ပီပြင်ပြီး ကြောက်စရာကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။

အခြား Developer တစ်ဦးဖြစ်တဲ့ Mike Woods ကလည်း AR Kits ကိုပဲ အသုံးပြုပြီးတော့ The Ring ရုပ်ရှင်ကို AR နဲ့ ပြန်လည်ဖန်တီးခဲ့ပေမယ့် Abhishek Singh ရဲ့ AR နည်းပညာကိုတော့ မှီခဲ့ခြင်းမရှိပါဘူး။

ကဲ… ကိုယ့်အိမ်မှာရှိတဲ့ တီဗ္ဓီကနေရော The Ring ရုပ်ရှင်ထဲက သရဲမထွက်လာတာကို ကြုံချင်ကြသေးလား?

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com