[Zawgyi]
သူရိယနဲ့ ဆုအိမ့်စံ
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ အနုပညာရှင်ချစ်သူစုံတွဲများ
လိုက်ဖက်ညီပြီးတော့ ချစ်စရာကောင်းတဲ့ အနုပညာရှင် ချစ်သူစုံတွဲတွေရှိကြတဲ့ထဲမှ အနုပညာရှင်စုံတွဲတချို့ကို ဖော်ပြပေးချင်ပါတယ်။ သူတို့တွေ ကတစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြသလို ဝါသနာတူအနုပညာရှင်တွေဖြစ်ကြပြီး လိုက်ဖက်ညီတဲ့ ချစ်သူဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေကြသူတွေဖြစ်လို့ အခုလိုဖော်ပြလိုက်တာပါ။ သူတို့တွေကတော့ …..
လွှမ်းပိုင် နဲ့ Bobby Soxer
လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲဟာ ချစ်သက်တမ်းအနေနဲ့ဆိုရင်လည်း ၉ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ဝါသနာတူ ချစ်သူစုံတွဲတွေဖြစ်ကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ကူညီရိုင်းပင်းရင်း အနုပညာအလုပ်တွေကို တက်ညီလက်ညီလုပ်ကြတဲ့ စုံတွဲလို့တောင်သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။ အနုပညာရှင်စုံတွဲတွေထဲမှာတော့ သူတို့အတွဲကလည်း စံပြစုံတွဲတစ်တွဲပါပဲ။
ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ
အဆိုတော် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့နှစ်ယောက်ကလည်း လိုက်ဖက်ညီတဲ့ အနုပညာရှင် စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က အဆိုတော် ၊ တစ်ယောက်က မော်ဒယ်မင်းသမီး အဖြစ်နဲ့ တွေ့ဆုံခဲ့ကြပြီး အခုချိန်ထိလည်း ချစ်တဲ့လက်တွေ တွဲမြဲပြီး ချစ်ခရီးကို အတူတူဖြတ်သန်းနေကြသူနှစ်ဦးဖြစ်ပါတယ်။
လက်ထပ်ဖို့ ကိုတစ်ဦးနဲ့တစ်ဦး ရည်ရွယ်ထားပြီး အတူတူနေနိုင်ဖို့ကိုလည်း ကြိုးစားနေကြတဲ့ သူတွေဖြစ်ပါတယ်။
ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ
အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ အတွဲလေးကလည်း အရမ်းကို လိုက်ဖက်လွန်းတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတစ်ယောက်ကို စိတ်ကောက် စိတ်ဆိုးရင်တောင် ခဏပါပဲ။
သိပ်မကြာဘူးပြန်တည့်ကြတဲ့ အတွဲလို့ပဲပြောရမှာပါ။ သူတို့နှစ်ယောက်ကလည်း အနုပညာရှင် စုံတွဲတွေထဲမှာ ဆိုရင် လိုက်ဖက်ညီတဲ့ အတွဲတစ်တွဲပဲဖြစ်ပါတယ်။
သူရိယနဲ့ ဆုအိမ့်စံ
သရုပ်ဆောင်သူရိယ နဲ့ မင်းသမီးလေးဆုအိမ်စံတို့ကလည်း အင်မတန်ကို လိုက်ဖက်တဲ့ အနုပညာရှင်စုံတွဲတစ်တွဲ ပါ။
သူတို့နှစ်ယောက်ရဲ့ ဇာတ်ကားလေးတွေကိုကြည့်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပေးအယူကောင်းကောင်းနဲ့ သရုပ်ဆောင်နိုင်ကြတာတွေကိုတွေ့ရပါတယ်။ အသက်အရွယ်တူ ၊ ဝါသနာတူ ၊ လုပ်ငန်းတူ ချစ်သူစုံတွဲလေးတွေမို့ အားကျမိပြီး သူတို့နှစ်ယောက်ကလည်း ချစ်စရာကောင်းတဲ့ လိုက်ဖက်ညီစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။
Photo Credit: A Nyein Phyu Facebook (Amazing Grace)(Slun) ၊ Hsu Eaint San Facebook ၊ Bobby Soxer Facebook ၊ Kyaw Htut Swe Facebook
ကြည်သာ (Akhayar)
www.akhayar.com