[ZawGyi]

တစ္ကိုက္စားမိရင္ ေဆြမ်ိဳးေမ႔သြားႏိုင္တဲ႔ ဝက္သားပဲလိပ္ေလး

မၾကာခင္မွာ တရုတ္လူမ်ိဳးတုိ႔ရဲ႕ နွစ္သစ္ကူးအခါသမယကိုေရာက္ရွိပါေတာ႔မယ္။ တရုတ္လူမ်ိဳးေတြဟာ တရုတ္ႏွစ္သစ္ကူးခ်ိန္မွာ ဘယ္လိုအစားအေသာက္ေတြျပဳလုပ္ေလ႔ရွိၾကသလဲဆိုတာကိုေဖာ္ျပရင္း ႏွစ္သစ္ကူးခ်ိန္မွာ ခ်က္ျပဳတ္စားေသာက္လုိ႔ေကာင္းတဲ႔ ဟင္းလ်ာတစ္မ်ိဳးကိုလည္းမိတ္ဆက္ေပးလိုက္ပါတယ္။

တရုတ္လူမ်ိဳးတုိ႔ရဲ႕ႏွစ္သစ္ကူးအစားအေသာက္မ်ား

တရုတ္လူမ်ိဳးေတြအေနနဲ႔ ႏွစ္ကူးအခါသမယမွာ မိသားစုမ်က္နွာစံုညီေတြ႔ဆံုခြင္႔ရျခင္းကို အရမ္းတန္ဖိုးထားၾကပါတယ္။ ဘယ္ေနရာေရာက္ေနေန ႏွစ္ကူးခ်ိန္မွာေတာ႔ မိသားစုနဲ႔ေတြ႔ဆံုဖို႔ အေရာက္ျပန္လာတတ္ၾကပါတယ္။ ႏွစ္ကူးခ်ိန္မွာေတာ႔ တရုတ္ႏွစ္ကူးအစာအစာေတြျဖစ္တဲ႔ အီေကြ႔ ၊ အန္းကူး ၊ ေျမပဲယို၊ ႏွမ္းပ်စ္၊ သၾကားလံုး ေတြက မပါမျဖစ္ပါဝင္ရပါတယ္။ ကံေကာင္းျခင္းေတြေရာက္လာေစဖို႔ဆိုတဲ႔အဓိပၸါယ္နဲ႔စားေသာက္တဲ႔ အစားအေသာက္ေတြကေတာ႔ ငါး၊ ဖက္ထုပ္ ၊ ေကာ္ျပန္႕ေၾကာ္ ၊ အီေကြ႔ ၊ ဆန္မုန္႔လံုးခ်ိဳ ၊ ေခါက္ဆြဲ ၊ လိေမၼာ္သီးလိုမ်ိဳးအသီးအႏွံေတြျဖစ္ၾကပါတယ္။ ငါးရဲ႕တရုတ္အသံထြက္က က်န္ရွိတယ္ဆိုတဲ႔စကားလံုးနဲ႔အဓိပၸါယ္တူျပီး ေကာင္းေသာအရာေတြက်န္ရွိတယ္ဆိုတဲ႔အဓိပၸါယ္ျဖစ္ပါတယ္။ ဖက္ထုပ္နဲ႔ေကာ္ျပန္႔ေၾကာ္ေတြကေတာ႔ ခ်မ္းသာၾကြယ္ဝျခင္းဆိုတဲ႔ အနက္ရွိပါတယ္။ အီေကြ႔ကေတာ႔ တစ္နွစ္ထက္တစ္နွစ္ပိုတိုးတက္ပါေစ၊ လုပ္ငန္းေတြေအာင္ျမင္ပါေစ၊ ကေလးေတြဆိုရင္ေတာ႔ အရပ္ရွည္ျပီးပိုဖြ႔ံျဖိဳးပါေစ စာေမးပြဲေအာင္ျမင္ပါေစ ဆိုတဲ႔အဓိပၸါယ္ေတြသက္ေရာက္ပါတယ္။ မုန္႔လံုးခ်ိဳေတြက မိသားစုေပါင္းစည္းေနထိုင္ႏိုင္ျခင္း ၊ ေခါက္ဆြဲကေတာ႔ ေပ်ာ္ရႊင္မႈနဲ႔အသက္ရွည္ရွည္ေနထိုင္ႏိုင္ဖို႔ကိုယ္စားျပဳျပီး အသီးအႏွံေတြကေတာ႔ ျပည္႔စံုကံုလံုျခင္းကို ကိုယ္စားျပဳပါတယ္။ႏွစ္ကူးကာလမွာ တရုတ္ဟင္းလ်ာအမ်ိဳးမ်ိဳးကိုျပင္ဆင္ခ်က္ျပဳတ္ တည္ခင္းေလ႔ရွိတာကလည္း ႏွစ္ကူးရဲ႕အေလ႔အထပါပဲ။ ဒါေၾကာင္႔ ႏွစ္ကူးခ်ိန္မွာ ျပင္ဆင္စားေသာက္ႏိုင္ဖုိ႔ စားလို႔ေကာင္းတဲ႔ ဝက္သားပဲလိပ္ေလးျပဳလုပ္ပံုကိုေဖာ္ျပေပးလိုက္ပါတယ္။

တစ္ကိုက္စားမိရင္ ေဆြမ်ိဳးေမ႔သြားႏိုင္တဲ႔ ဝက္သားပဲလိပ္ေလး

တရုတ္လူမ်ိဳးတုိ႕ရဲ႕ အရသာရွိလွတဲ႔ ဟင္းလ်ာမ်ားစြာထဲမွာ ရိုးရာဟင္းလ်ာလုိ႔လည္းဆုိႏိုင္ျပီး ခ်က္ျပဳတ္ရလည္းလြယ္ကူတဲ႔ ဟင္းလ်ာဆိုရင္ ဝက္သားပဲလိပ္ေၾကာ္လည္း ပါဝင္ပါတယ္။ ႏုတ္ႏုတ္စင္းထားတဲ႔အရသာရွိလွတဲ႔အသားကို ၾကာဆံခ်က္ထဲထည္႔သံုးတဲ႔ ပဲျပားဖတ္နဲ႔လိပ္ျပီးေၾကာ္တဲ႔ ဒီဟင္းလ်ာဟာ ဒီအတိုင္းပဲစားစား ဟင္းပြဲအေနနဲ႔ပဲစားစား အဆင္ေျပပါတယ္။ ထမင္း၊ ေခါက္ဆြဲေၾကာ္တုိ႔ေတြနဲ႔လည္း လိုက္ဖက္တာကိုေတြ႔ရပါတယ္။ ဒီေတာ႔ ျပဳလုပ္ရလြယ္ကူျပီး အရသာရွိလွတဲ႔ဝက္သားပဲလိပ္ေလးကို စမ္းသပ္စားသံုးၾကည္႔ဖုိ႔ တိုက္တြန္းခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

စင္းထားတဲ႔ဝက္သား = ၃၀၀ ဂရမ္

သစ္အယ္သီး             = ၁၅ ခု (ႏုတ္ႏုတ္စင္းထားပါ)(စည္သြပ္ဘူးနဲ႔လည္းဝယ္လုိ႔ရပါတယ္)

ၾကက္သြန္နီ (လံုးေသး)  = ၈ လံုး (စင္းထားပါ)
မုန္လာဥနီ                = ၂ လံုး (ႏုတ္ႏုတ္စင္းထားပါ)

ပဲငံျပာရည္               = စားပြဲတင္ဇြန္း ၃ ဇြန္း

ခေနာ Oyster Sauce = အနည္းငယ္

ခေနာၾကက္သားမႈန္႔    = အနည္းငယ္

ေျပာင္းဖူးမႈန္႕           = စားပြဲတင္ဇြန္း ၂ ဇြန္း နဲ႔ ဇြန္း တစ္ဝက္

တရုတ္မဆလာ        = လက္ဖက္ရည္ဇြန္းရဲ႕ ေလးပံုတစ္ပံု (ငရုတ္ေကာင္းေျပာင္းထည္႔လုိ႔လည္းရပါတယ္)

ပဲျပားေျခာက္အရြက္ = ၇ ရြက္

(ပဲျပားေျခာက္အရြက္ေတြကို စူပါမားကက္ေတြမွာဝယ္ယူႏိုင္ျပီးေပ်ာ႔ေပ်ာင္းသြားရံု ေရခဏစိမ္ထားဖို႔လိုပါတယ္)

ေရ                          = ၁၀၀ မီလီ

ဆီ

တို႕လိုအပ္ပါတယ္။

ျပဳလုပ္ပံု

ဇလံုၾကီးထဲမွာ ဝက္သား ၊ သစ္အယ္သီး ၊ ၾကက္သြန္နီ ၊ မုန္လာဥနီ ၊ ၾကက္သားမႈန္႔ ၊ ပဲငံျပာရည္ ၊ Oyster Sauce အနည္းငယ္ ၊ ေျပာင္းဖူးမႈန္႔ ၊ တရုတ္မဆလာ (သို႔) ငရုတ္ေကာင္းတုိ႕ကိုေရာေႏွာပါ။ လက္အိတ္ဝတ္ျပီး လက္နဲ႔ေသေသခ်ာခ်ာနယ္ဖုိ႔လုိပါတယ္။

အသားနယ္ပါ

ေကာ္အတြက္ ျပင္ဆင္ပါမယ္။ က်န္တဲ႔ေျပာင္းဖူးမႈန္႔ စားပြဲတင္ဇြန္း တစ္ဝက္နဲ႔ ေရ ၁၀၀ မီလီနဲ႔ေဖ်ာ္ျပီး ေကာ္ပ်စ္ပ်စ္ေလး ျပဳလုပ္ထားပါ။

ေကာ္ျပဳလုပ္ပါ ေကာ္ျပဳလုပ္ပါ

ပဲျပားရြက္ေပၚကို စင္းထားတဲ႔အသားအေရာအေႏွာကိုတင္ျပီး ေလးဘက္ေလးတန္ကို ေကာ္သုတ္လိုက္ပါ။ ျပီးရင္ပံုမွာျပထားသလို ေခါက္လိပ္လိုက္ျပီး အျပီးမလိပ္ခင္အရြက္ကို ေကာ္ထပ္သုတ္ျပီး လိပ္လိုက္ပါ။

အသားလိပ္ပါမယ္ အသားလိပ္ပါမယ္

ေကာ္ကို ေနာက္ဆံုးအုပ္မယ္႔အရြက္မွာထပ္သုတ္ပါ ေကာ္ကို ေနာက္ဆံုးအုပ္မယ္႔အရြက္မွာထပ္သုတ္ပါ

အခုဆိုရင္ေတာ႔ ဝက္သားပဲျပားလိပ္ကို ရျပီမို႔ ဆီဆူေအာင္ထားျပီးေၾကာ္လို႔ရပါျပီ။ တစ္ဖက္စီ က်က္ေအာင္ေၾကာ္ေပးပါ။ အလိပ္ေလး ေရႊညိဳေရာင္သန္းလာရင္ က်က္ပါျပီ။

အရသာရွိလွတဲ႔ ဝက္သားပဲျပားလိပ္ေလးကို ခရမ္းခ်ဥ္သီးေဆာ႔စ္နဲ႔တုိ႔စားတာပဲျဖစ္ျဖစ္ ပဲငံျပာရည္နဲ႔တုိ႔ျပီးေတာ႔ပဲျဖစ္ျဖစ္ စားသံုးႏိုင္ပါျပီ။

Chicken-Powder Chicken-Powder

မွတ္ခ်က္ – ဆီနဲ႔ Deep Fry မေၾကာ္ခ်င္ဘူးဆိုရင္ ေပါင္းစားလုိ႔ရသလို Airfry နဲ႔လည္း ေၾကာ္ႏိုင္ပါတယ္။ Airfry လုပ္မယ္ဆုိရင္ အပူခ်ိန္ ၁၆၀ ဒီဂရီနဲ႔ ၁၁ မိနစ္ေလာက္ ေၾကာ္ဖုိ႔လုိပါတယ္။

Oyster-Sauce Oyster-Sauce

www.akhayar.com

စာဖတ္ပရိသတ္ၾကီးအေနနဲ႔ ေနာက္ထပ္ဟင္းလ်ာသစ္ေတြအေၾကာင္းသိရွိလိုရင္ပဲျဖစ္ျဖစ္ UFS ရဲ႕ ထုတ္ကုန္ေတြအေၾကာင္းနဲ႔ အျခားေသာဝန္ေဆာင္မႈေတြကို ရေစခ်င္တယ္ဆုိရင္ ဒီ Link ကေန ဝင္ေရာက္ျပီးစာရင္းေပးသြင္းႏိုင္ပါတယ္။

https://apps.facebook.com/my-surveys/ufssurveyjantomarch2018

[Unicode]

တစ်ကိုက်စားမိရင် ဆွေမျိုးမေ့သွားနိုင်တဲ့ ဝက်သားပဲလိပ်လေး

မကြာခင်မှာ တရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးအခါသမယကိုရောက်ရှိပါတော့မယ်။ တရုတ်လူမျိုးတွေဟာ တရုတ်နှစ်သစ်ကူးချိန်မှာ ဘယ်လိုအစားအသောက်တွေပြုလုပ်လေ့ရှိကြသလဲဆိုတာကိုဖော်ပြရင်း နှစ်သစ်ကူးချိန်မှာ ချက်ပြုတ်စားသောက်လို့ကောင်းတဲ့ ဟင်းလျာတစ်မျိုးကိုလည်းမိတ်ဆက်ပေးလိုက်ပါတယ်။

တရုတ်လူမျိုးတို့ရဲ့နှစ်သစ်ကူးအစားအသောက်များ

တရုတ်လူမျိုးတွေအနေနဲ့ နှစ်ကူးအခါသမယမှာ မိသားစုမျက်နှာစုံညီတွေ့ဆုံခွင့်ရခြင်းကို အရမ်းတန်ဖိုးထားကြပါတယ်။ ဘယ်နေရာရောက်နေနေ နှစ်ကူးချိန်မှာတော့ မိသားစုနဲ့တွေ့ဆုံဖို့ အရောက်ပြန်လာတတ်ကြပါတယ်။ နှစ်ကူးချိန်မှာတော့ တရုတ်နှစ်ကူးအစာအစာတွေဖြစ်တဲ့ အီကွေ့ ၊ အန်းကူး ၊ မြေပဲယို၊ နှမ်းပျစ်၊ သကြားလုံး တွေက မပါမဖြစ်ပါဝင်ရပါတယ်။ ကံကောင်းခြင်းတွေရောက်လာစေဖို့ဆိုတဲ့အဓိပ္ပါယ်နဲ့စားသောက်တဲ့ အစားအသောက်တွေကတော့ ငါး၊ ဖက်ထုပ် ၊ ကော်ပြန့်ကြော် ၊ အီကွေ့ ၊ ဆန်မုန့်လုံးချို ၊ ခေါက်ဆွဲ ၊ လိမ္မော်သီးလိုမျိုးအသီးအနှံတွေဖြစ်ကြပါတယ်။ ငါးရဲ့တရုတ်အသံထွက်က ကျန်ရှိတယ်ဆိုတဲ့စကားလုံးနဲ့အဓိပ္ပါယ်တူပြီး ကောင်းသောအရာတွေကျန်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဖက်ထုပ်နဲ့ကော်ပြန့်ကြော်တွေကတော့ ချမ်းသာကြွယ်ဝခြင်းဆိုတဲ့ အနက်ရှိပါတယ်။ အီကွေ့ကတော့ တစ်နှစ်ထက်တစ်နှစ်ပိုတိုးတက်ပါစေ၊ လုပ်ငန်းတွေအောင်မြင်ပါစေ၊ ကလေးတွေဆိုရင်တော့ အရပ်ရှည်ပြီးပိုဖွံ့ဖြိုးပါစေ စာမေးပွဲအောင်မြင်ပါစေ ဆိုတဲ့အဓိပ္ပါယ်တွေသက်ရောက်ပါတယ်။ မုန့်လုံးချိုတွေက မိသားစုပေါင်းစည်းနေထိုင်နိုင်ခြင်း ၊ ခေါက်ဆွဲကတော့ ပျော်ရွှင်မှုနဲ့အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ကိုယ်စားပြုပြီး အသီးအနှံတွေကတော့ ပြည့်စုံကုံလုံခြင်းကို ကိုယ်စားပြုပါတယ်။နှစ်ကူးကာလမှာ တရုတ်ဟင်းလျာအမျိုးမျိုးကိုပြင်ဆင်ချက်ပြုတ် တည်ခင်းလေ့ရှိတာကလည်း နှစ်ကူးရဲ့အလေ့အထပါပဲ။ ဒါကြောင့် နှစ်ကူးချိန်မှာ ပြင်ဆင်စားသောက်နိုင်ဖို့ စားလို့ကောင်းတဲ့ ဝက်သားပဲလိပ်လေးပြုလုပ်ပုံကိုဖော်ပြပေးလိုက်ပါတယ်။

တစ်ကိုက်စားမိရင် ဆွေမျိုးမေ့သွားနိုင်တဲ့ ဝက်သားပဲလိပ်လေး

တရုတ်လူမျိုးတို့ရဲ့ အရသာရှိလှတဲ့ ဟင်းလျာများစွာထဲမှာ ရိုးရာဟင်းလျာလို့လည်းဆိုနိုင်ပြီး ချက်ပြုတ်ရလည်းလွယ်ကူတဲ့ ဟင်းလျာဆိုရင် ဝက်သားပဲလိပ်ကြော်လည်း ပါဝင်ပါတယ်။ နုတ်နုတ်စင်းထားတဲ့အရသာရှိလှတဲ့အသားကို ကြာဆံချက်ထဲထည့်သုံးတဲ့ ပဲပြားဖတ်နဲ့လိပ်ပြီးကြော်တဲ့ ဒီဟင်းလျာဟာ ဒီအတိုင်းပဲစားစား ဟင်းပွဲအနေနဲ့ပဲစားစား အဆင်ပြေပါတယ်။ ထမင်း၊ ခေါက်ဆွဲကြော်တို့တွေနဲ့လည်း လိုက်ဖက်တာကိုတွေ့ရပါတယ်။ ဒီတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ဝက်သားပဲလိပ်လေးကို စမ်းသပ်စားသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ပါဝင်ပစ္စည်းများ

စင်းထားတဲ့ဝက်သား = ၃၀၀ ဂရမ်

သစ်အယ်သီး             = ၁၅ ခု (နုတ်နုတ်စင်းထားပါ)(စည်သွပ်ဘူးနဲ့လည်းဝယ်လို့ရပါတယ်)

ကြက်သွန်နီ (လုံးသေး)  = ၈ လုံး (စင်းထားပါ)
မုန်လာဥနီ                = ၂ လုံး (နုတ်နုတ်စင်းထားပါ)

ပဲငံပြာရည်               = စားပွဲတင်ဇွန်း ၃ ဇွန်း

ခနော Oyster Sauce = အနည်းငယ်

ခနောကြက်သားမှုန့်    = အနည်းငယ်

ပြောင်းဖူးမှုန့်           = စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ဇွန်း တစ်ဝက်

တရုတ်မဆလာ        = လက်ဖက်ရည်ဇွန်းရဲ့ လေးပုံတစ်ပုံ (ငရုတ်ကောင်းပြောင်းထည့်လို့လည်းရပါတယ်)

ပဲပြားခြောက်အရွက် = ၇ ရွက်

(ပဲပြားခြောက်အရွက်တွေကို စူပါမားကက်တွေမှာဝယ်ယူနိုင်ပြီးပျော့ပျောင်းသွားရုံ ရေခဏစိမ်ထားဖို့လိုပါတယ်)

ရေ                          = ၁၀၀ မီလီ

ဆီ

တို့လိုအပ်ပါတယ်။

ပြုလုပ်ပုံ

ဇလုံကြီးထဲမှာ ဝက်သား ၊ သစ်အယ်သီး ၊ ကြက်သွန်နီ ၊ မုန်လာဥနီ ၊ ကြက်သားမှုန့် ၊ ပဲငံပြာရည် ၊ Oyster Sauce အနည်းငယ် ၊ ပြောင်းဖူးမှုန့် ၊ တရုတ်မဆလာ (သို့) ငရုတ်ကောင်းတို့ကိုရောနှောပါ။ လက်အိတ်ဝတ်ပြီး လက်နဲ့သေသေချာချာနယ်ဖို့လိုပါတယ်။

အသားနယ်ပါ

ကော်အတွက် ပြင်ဆင်ပါမယ်။ ကျန်တဲ့ပြောင်းဖူးမှုန့် စားပွဲတင်ဇွန်း တစ်ဝက်နဲ့ ရေ ၁၀၀ မီလီနဲ့ဖျော်ပြီး ကော်ပျစ်ပျစ်လေး ပြုလုပ်ထားပါ။

ကော်ပြုလုပ်ပါ ကော်ပြုလုပ်ပါ

ပဲပြားရွက်ပေါ်ကို စင်းထားတဲ့အသားအရောအနှောကိုတင်ပြီး လေးဘက်လေးတန်ကို ကော်သုတ်လိုက်ပါ။ ပြီးရင်ပုံမှာပြထားသလို ခေါက်လိပ်လိုက်ပြီး အပြီးမလိပ်ခင်အရွက်ကို ကော်ထပ်သုတ်ပြီး လိပ်လိုက်ပါ။

အသားလိပ်ပါမယ် အသားလိပ်ပါမယ်

ကော်ကို နောက်ဆုံးအုပ်မယ့်အရွက်မှာထပ်သုတ်ပါ ကော်ကို နောက်ဆုံးအုပ်မယ့်အရွက်မှာထပ်သုတ်ပါ

အခုဆိုရင်တော့ ဝက်သားပဲပြားလိပ်ကို ရပြီမို့ ဆီဆူအောင်ထားပြီးကြော်လို့ရပါပြီ။ တစ်ဖက်စီ ကျက်အောင်ကြော်ပေးပါ။ အလိပ်လေး ရွှေညိုရောင်သန်းလာရင် ကျက်ပါပြီ။

အရသာရှိလှတဲ့ ဝက်သားပဲပြားလိပ်လေးကို ခရမ်းချဉ်သီးဆော့စ်နဲ့တို့စားတာပဲဖြစ်ဖြစ် ပဲငံပြာရည်နဲ့တို့ပြီးတော့ပဲဖြစ်ဖြစ် စားသုံးနိုင်ပါပြီ။

Chicken-Powder Chicken-Powder

မှတ်ချက် – ဆီနဲ့ Deep Fry မကြော်ချင်ဘူးဆိုရင် ပေါင်းစားလို့ရသလို Airfry နဲ့လည်း ကြော်နိုင်ပါတယ်။ Airfry လုပ်မယ်ဆိုရင် အပူချိန် ၁၆၀ ဒီဂရီနဲ့ ၁၁ မိနစ်လောက် ကြော်ဖို့လိုပါတယ်။

Oyster-Sauce Oyster-Sauce

www.akhayar.com

စာဖတ်ပရိသတ်ကြီးအနေနဲ့ နောက်ထပ်ဟင်းလျာသစ်တွေအကြောင်းသိရှိလိုရင်ပဲဖြစ်ဖြစ် UFS ရဲ့ ထုတ်ကုန်တွေအကြောင်းနဲ့ အခြားသောဝန်ဆောင်မှုတွေကို ရစေချင်တယ်ဆိုရင် ဒီ Link ကနေ ဝင်ရောက်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်။

https://apps.facebook.com/my-surveys/ufssurveyjantomarch2018