[Zawgyi]

ဖုန္းအသစ္ထြက္တိုင္း ဝယ္ကိုင္သင့္လား? အေဟာင္းကိုပဲဆက္သုံးသင့္လား?

အခုခ်ိန္ (၂၀၁၈) ထဲ ဖုန္းအသစ္ကိုင္ခ်င္တယ္ဆိုရင္ ေရြးခ်ယ္စရာ ေမာ္ဒယ္အမ်ားၾကီးပါ၊ ၾကည့္လိုက္ဗ်ာ အေရာင္းဆိုင္ၾကီးေတြမွာ iPhone အသစ္ေတြ၊ XS ၊ XR ဆိုျပီး ခ်စ္စရာအေရာင္ေတြနဲ႔ ဆြဲေဆာင္မႈရွိေနတယ္၊ Apple မကိုင္ခ်င္လို႔ Android ဖက္လည့္လိုက္မယ္ဆိုရင္လည္း Samsung Galaxy S9 ၊ Note 9 တို႔က လွပတဲ့ Display ေတြနဲ႔ ျမဴဆြယ္ေနျပန္တယ္၊ OnePlus ၊ Huawei ၊ OPPO တို႔ရဲ႕ Flagship စမတ္ဖုန္းေတြကလည္း သူ႔အလွပနဲ႔သူ ပရိသတ္အာရုံဖမ္းစားထာေသးတယ္။

Apple’s new iPhone XS Max & XS

ဒီလိုဆိုေတာ့ ဝယ္ကိုင္သင့္လား? Black Friday တို႔ Cyber Monday တို႔ Local Promotion တို႔နဲ႔ သြားတိုးလို႔ ဝယ္ကိုင္ထားျပီဆိုရင္ေတာ့ တ႑တေပါ့။ အဲ့လိုမဟုတ္ဘဲ ဖုန္းကေခတ္မေအာက္ေသးဘူး၊ Application သုံးရတာလည္း အဆင္ေျပေနေသးတယ္ဆိုရင္ေတာ့ ရွိျပီးသား ေမာ္ဒယ္အေဟာင္းေလးကိုပဲ ေပေပေတေတ အသုံးျပဳေပးလိုက္ပါ။ ဘာလို႔လဲ? ပိုက္ဆံက ေငြတြင္းထြက္ေနတယ္ဆိုရင္ မေျပာလိုပါဘူး၊ ဒါမယ့္ဘာလို႔ ဝယ္မကိုင္သင့္တာလဲ?

Samsung Galaxy S9 Plus

စဥ္းစားၾကည့္ဗ်ာ ဖုန္းတစ္လုံးကို $1,000 ေပးကိုင္ရတယ္၊ ဥပမာေပးရရင္ iPhone X လိုေပါ့။ အရင္တုန္းက iPhone တစ္လုံးကို အလြန္ဆုံးေပးရ $700 မေက်ာ္ဖူးဘူး၊ ဒါေတာင္ မ်ိဳးဆက္ေဟာင္းေတြနဲ႔ ယွဥ္ၾကည့္လိုက္ရင္ (iPhone 7 vs. 8) ထူးထူးျခားျခား ကြာေနတာမ်ိဳးမရွိဘူး။ 2017 iPhone X ကို $1,000 ေပးရလို႔ သူ႔နည္းပညာနဲ႔သူ Balance ျဖစ္ေနတယ္ထားဦး 2018 ေမာ္ဒယ္ေတြက ေစ်းပိုေျမာက္ေနတယ္၊ Resolution လည္းနိမ့္ Display Quality ကလည္း ခပ္ညံ့ညံ့ iPhone XR ေတာင္မွ $750 ရွိသတဲ့။ ဒါကိုင္မယ့္အစား $450 ပဲရွိေတာ့တဲ့ iPhone 7 ကိုင္မလား? စဥ္းစားစရာျဖစ္ေနျပီ။

iPhone 7 & 7 Plus

အခုလို iPhone ေတြ ေစ်းၾကီးလာေတာ့ Samsung တုိ႔ Pxiel ဖုန္းေတြပါ လိုက္တက္လာေရာ၊ ဘာမွမဟုတ္ဘဲ တန္ေၾကးျမင့္လာလိုက္တာ Galaxy Note 9 ဆိုရင္ $1000 ရွိတယ္၊ Pixel 3 ဆိုရင္လည္း အရင္ႏွစ္ Pixel 2 ထက္ $150 ($800) ျဖစ္သြားျပီ။ ဒီလိုပဲ တရုတ္ေစ်းကြက္မွာဆိုရင္လည္း Huawei Device ေတြ ေစ်းၾကီးလာတယ္၊ OPPO လည္းဒီလိုပဲ၊ Budget to Flagship တန္းမွာ Affordable Price နဲ႔ ေရာင္းခ်ေနတဲ့ Xiaomi ၊ OnePlus ကိုေတာ့ ထည့္ေျပာစရာမလိုေပမယ့္ သူတို႔ကိုလည္း စိတ္ခ်ထားလို႔ မရေသးဘူး၊ ေစ်းကသူတို႔ ပါးစပ္ထဲမွာပဲရွိတာဆိုေတာ့ လမ္းမမွားပါေစနဲ႔ပဲ ေမွ်ာ္လင့္ေပးရမွာေပါ့။

OnePlus 6 Avengers Edition

ဒီလိုဖုန္းက မတရားေစ်းၾကီးသြားလို႔ အရမ္းေကာင္းလြန္းေနလို႔လားဆိုေတာ့လည္း မဟုတ္ျပန္ဘူး။ iPhone X နဲ႔ XS ယွဥ္ၾကည့္မယ္ဆိုရင္ Performance မတိမ္းမယိမ္းရွိေနသလို အသစ္ပါလာတဲ့ နည္းပညာေတြက အားရစရာမရွိဘူး ျဖစ္ေနတယ္၊ ဆိုလိုတာ အထင္ၾကီးစရာျဖစ္လာတာ မရွိဘူးေပါ့၊ ကင္မရာေလး နည္းနည္းေျပာင္းထားမယ္၊ Security အတြက္ FaceID အသစ္သုံးထားမယ္။ မဆိုစေလာက္ေလးပဲ ေျပာင္းလဲသြားတာဆိုေတာ့ ေတာ္ရုံလူေတာင္ iPhone ေျပာင္းကိုင္ဖို႔ စိတ္ကူးမရွိၾကေတာ့ဘူး။ အဲ့ေတာ့ အထိနာျပီေလး iPhone XR ထုတ္တာ ရပ္နားလိုက္ရျပီး အရင္ႏွစ္ iPhone X ကိုပဲ ဆက္ထုတ္ေနရတယ္။ ဒီလိုပဲ Laptop တစ္လုံးနီးနီး စြမ္းေဆာင္ရည္ေကာင္းတဲ့ iPad Pro 2018 ေတြေတာင္ ထင္သေလာက္ မေအာင္ျမင္ေနဘူးတဲ့၊ ဘာလို႔လဲဆိုတာ ျဖည့္ေတြးၾကည့္လို႔ရမယ္ထင္ပါတယ္၊ ျပီးခဲ့တဲ့ ေမာ္ဒယ္နဲ႔ ထူးထူးျခားျခား ေျပာင္းလဲလာတာမရွိလို႔ ဝယ္လိုအားက်ေနတယ္ေျပာတာပဲ။

iPhone XR

ဒီလိုပဲ Galaxy S9 တုန္းက ဒီဇိုင္းလည္းအတူတူ၊ ကင္မရာပိုင္းလည္း အရမ္းမကြာ၊ စြမ္းေဆာင္ရည္လည္း မတိမ္းမယိမ္းျဖစ္ေနလို႔ ထင္သေလာက္ ေရာင္းအားမေကာင္းဘူးေလး၊ သူ႔ထက္ေတာင္ ေစ်းသက္သာေနတဲ့ Galaxy S8 အဝယ္သြက္ေနလို႔ ၂၀၁၈ ႏွစ္လယ္ပိုင္းအထိ အလုံးေရ 56 သန္းေက်ာ္ေရာင္းခဲ့ရတယ္။ ဒီေတာ့ေျပာခ်င္တာက လြန္ခဲ့တဲ့ ၂ နွစ္အတြင္း ထြက္ရွိထားတဲ့ စမတ္ဖုန္းတစ္လုံးဝယ္ထားျပီးျပီဆိုရင္ေတာ့ ေျပာင္းကိုင္ဖို႔ စိတ္မကူးေသးပါနဲ႔။

Galaxy S8 with Lamborghini Huracan Case

၂၀၁၅ အေစာပိုင္းတုန္းက ေက်ာ္ၾကားခဲ့တဲ့ iPhone 6 ေတာင္ အခုခ်ိန္ထိ Latest iOS တင္သုံးႏိုင္တယ္၊ Apps ေတြလည္း ေကာင္းေကာင္း Run ႏိုင္ေသးတယ္။ ဒီလိုပဲ ၂၀၁၆ တုန္းက ထုတ္လုပ္ထားတဲ့ Mobile Chip ေတြဟာလည္း အခုခ်ိန္ထိ Application ေတြကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ေသးတယ္၊ ဘက္ထရီမခံလို႔ အသစ္လည္းသုံးမယ္ဆိုရင္ေတာင္ ဘာျပႆမရွိဘဲ သုံးႏိုင္ေသးတာမလို႔ အသစ္ေျပာင္းသုံးဖို႔ စိတ္မကူးပါေသးနဲ႔ဦး၊ ပထမအခ်က္က Notch ဆိုတာၾကီးကို ၾကိဳက္ရဲ႕လား? ဘယ္ဖုန္းမဆိုၾကည့္လိုက္ Samsung နဲ႔ Sony ကလႊဲလို႔ က်န္တဲ့ဖုန္းအားလုံး Notch ေတြနဲ႔ခ်ည္းပဲ၊ ေသးတာ၊ ၾကီးတာလြဲလို႔ေပါ့။

Razer Phone 2

ဒါေၾကာင့္ ေငြလည္းေခြ်တာမိေအာင္၊ မလိုအပ္ပဲ ပိုက္ဆံမျဖဳန္းမိေအာင္၊ ေနာက္ဆုံး iPhone XS Max တို႔ Google Pixel 3 တို႔ Camera ေကာင္းတယ္ထားဦး $1200 ေလာက္ေပးမယ့္အစား အရည္ေသြးေကာင္းတဲ့ Camera တစ္လုံးဝယ္ထားလိုက္တာက ေက်ေ်က်နပ္နပ္ ဓာတ္ပုံရိုက္ႏိုင္ပါဦးမယ္။ ဒီလိုဆိုေတာ့ ေမာ္ဒယ္ေဟာင္းေလးကိုပဲ လက္ကိုင္ထားျပီး ဘက္ထရီလဲသင့္ရင္လဲ၊ အရမ္းဟမ္းလာခဲ့ရင္ေတာင္ Factory Reset ခ်ျပီး အသစ္တိုင္းျပန္သုံးႏိုင္တာမလို႔ ေလာေလာဆယ္ ဖုန္းကအေရးမၾကီးေသးဘူး၊ ဝယ္ဖို႔စိတ္ကူးေနရင္ေတာင္ ဖုန္းအတြက္ကုန္က်မယ့္အစား အက်ိဳးရွိတာတခုခုသုံးလိုက္တာက ပိုသင့္ေတာ္ပါတယ္လို႔ေျပာရင္း နိဂုံးခ်ဳပ္လိုက္ရပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

ဖုန်းအသစ်ထွက်တိုင်း ဝယ်ကိုင်သင့်လား? အဟောင်းကိုပဲဆက်သုံးသင့်လား?

အခုချိန် (၂၀၁၈) ထဲ ဖုန်းအသစ်ကိုင်ချင်တယ်ဆိုရင် ရွေးချယ်စရာ မော်ဒယ်အများကြီးပါ၊ ကြည့်လိုက်ဗျာ အရောင်းဆိုင်ကြီးတွေမှာ iPhone အသစ်တွေ၊ XS ၊ XR ဆိုပြီး ချစ်စရာအရောင်တွေနဲ့ ဆွဲဆောင်မှုရှိနေတယ်၊ Apple မကိုင်ချင်လို့ Android ဖက်လည့်လိုက်မယ်ဆိုရင်လည်း Samsung Galaxy S9 ၊ Note 9 တို့က လှပတဲ့ Display တွေနဲ့ မြူဆွယ်နေပြန်တယ်၊ OnePlus ၊ Huawei ၊ OPPO တို့ရဲ့ Flagship စမတ်ဖုန်းတွေကလည်း သူ့အလှပနဲ့သူ ပရိသတ်အာရုံဖမ်းစားထာသေးတယ်။

Apple’s new iPhone XS Max & XS

ဒီလိုဆိုတော့ ဝယ်ကိုင်သင့်လား? Black Friday တို့ Cyber Monday တို့ Local Promotion တို့နဲ့ သွားတိုးလို့ ဝယ်ကိုင်ထားပြီဆိုရင်တော့ တဏ္ဍတပေါ့။ အဲ့လိုမဟုတ်ဘဲ ဖုန်းကခေတ်မအောက်သေးဘူး၊ Application သုံးရတာလည်း အဆင်ပြေနေသေးတယ်ဆိုရင်တော့ ရှိပြီးသား မော်ဒယ်အဟောင်းလေးကိုပဲ ပေပေတေတေ အသုံးပြုပေးလိုက်ပါ။ ဘာလို့လဲ? ပိုက်ဆံက ငွေတွင်းထွက်နေတယ်ဆိုရင် မပြောလိုပါဘူး၊ ဒါမယ့်ဘာလို့ ဝယ်မကိုင်သင့်တာလဲ?

Samsung Galaxy S9 Plus

စဉ်းစားကြည့်ဗျာ ဖုန်းတစ်လုံးကို $1,000 ပေးကိုင်ရတယ်၊ ဥပမာပေးရရင် iPhone X လိုပေါ့။ အရင်တုန်းက iPhone တစ်လုံးကို အလွန်ဆုံးပေးရ $700 မကျော်ဖူးဘူး၊ ဒါတောင် မျိုးဆက်ဟောင်းတွေနဲ့ ယှဉ်ကြည့်လိုက်ရင် (iPhone 7 vs. 8) ထူးထူးခြားခြား ကွာနေတာမျိုးမရှိဘူး။ 2017 iPhone X ကို $1,000 ပေးရလို့ သူ့နည်းပညာနဲ့သူ Balance ဖြစ်နေတယ်ထားဦး 2018 မော်ဒယ်တွေက ဈေးပိုမြောက်နေတယ်၊ Resolution လည်းနိမ့် Display Quality ကလည်း ခပ်ညံ့ညံ့ iPhone XR တောင်မှ $750 ရှိသတဲ့။ ဒါကိုင်မယ့်အစား $450 ပဲရှိတော့တဲ့ iPhone 7 ကိုင်မလား? စဉ်းစားစရာဖြစ်နေပြီ။

iPhone 7 & 7 Plus

အခုလို iPhone တွေ ဈေးကြီးလာတော့ Samsung တို့ Pxiel ဖုန်းတွေပါ လိုက်တက်လာရော၊ ဘာမှမဟုတ်ဘဲ တန်ကြေးမြင့်လာလိုက်တာ Galaxy Note 9 ဆိုရင် $1000 ရှိတယ်၊ Pixel 3 ဆိုရင်လည်း အရင်နှစ် Pixel 2 ထက် $150 ($800) ဖြစ်သွားပြီ။ ဒီလိုပဲ တရုတ်ဈေးကွက်မှာဆိုရင်လည်း Huawei Device တွေ ဈေးကြီးလာတယ်၊ OPPO လည်းဒီလိုပဲ၊ Budget to Flagship တန်းမှာ Affordable Price နဲ့ ရောင်းချနေတဲ့ Xiaomi ၊ OnePlus ကိုတော့ ထည့်ပြောစရာမလိုပေမယ့် သူတို့ကိုလည်း စိတ်ချထားလို့ မရသေးဘူး၊ ဈေးကသူတို့ ပါးစပ်ထဲမှာပဲရှိတာဆိုတော့ လမ်းမမှားပါစေနဲ့ပဲ မျှော်လင့်ပေးရမှာပေါ့။

OnePlus 6 Avengers Edition

ဒီလိုဖုန်းက မတရားဈေးကြီးသွားလို့ အရမ်းကောင်းလွန်းနေလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ iPhone X နဲ့ XS ယှဉ်ကြည့်မယ်ဆိုရင် Performance မတိမ်းမယိမ်းရှိနေသလို အသစ်ပါလာတဲ့ နည်းပညာတွေက အားရစရာမရှိဘူး ဖြစ်နေတယ်၊ ဆိုလိုတာ အထင်ကြီးစရာဖြစ်လာတာ မရှိဘူးပေါ့၊ ကင်မရာလေး နည်းနည်းပြောင်းထားမယ်၊ Security အတွက် FaceID အသစ်သုံးထားမယ်။ မဆိုစလောက်လေးပဲ ပြောင်းလဲသွားတာဆိုတော့ တော်ရုံလူတောင် iPhone ပြောင်းကိုင်ဖို့ စိတ်ကူးမရှိကြတော့ဘူး။ အဲ့တော့ အထိနာပြီလေး iPhone XR ထုတ်တာ ရပ်နားလိုက်ရပြီး အရင်နှစ် iPhone X ကိုပဲ ဆက်ထုတ်နေရတယ်။ ဒီလိုပဲ Laptop တစ်လုံးနီးနီး စွမ်းဆောင်ရည်ကောင်းတဲ့ iPad Pro 2018 တွေတောင် ထင်သလောက် မအောင်မြင်နေဘူးတဲ့၊ ဘာလို့လဲဆိုတာ ဖြည့်တွေးကြည့်လို့ရမယ်ထင်ပါတယ်၊ ပြီးခဲ့တဲ့ မော်ဒယ်နဲ့ ထူးထူးခြားခြား ပြောင်းလဲလာတာမရှိလို့ ဝယ်လိုအားကျနေတယ်ပြောတာပဲ။

iPhone XR

ဒီလိုပဲ Galaxy S9 တုန်းက ဒီဇိုင်းလည်းအတူတူ၊ ကင်မရာပိုင်းလည်း အရမ်းမကွာ၊ စွမ်းဆောင်ရည်လည်း မတိမ်းမယိမ်းဖြစ်နေလို့ ထင်သလောက် ရောင်းအားမကောင်းဘူးလေး၊ သူ့ထက်တောင် ဈေးသက်သာနေတဲ့ Galaxy S8 အဝယ်သွက်နေလို့ ၂၀၁၈ နှစ်လယ်ပိုင်းအထိ အလုံးရေ 56 သန်းကျော်ရောင်းခဲ့ရတယ်။ ဒီတော့ပြောချင်တာက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထွက်ရှိထားတဲ့ စမတ်ဖုန်းတစ်လုံးဝယ်ထားပြီးပြီဆိုရင်တော့ ပြောင်းကိုင်ဖို့ စိတ်မကူးသေးပါနဲ့။

Galaxy S8 with Lamborghini Huracan Case

၂၀၁၅ အစောပိုင်းတုန်းက ကျော်ကြားခဲ့တဲ့ iPhone 6 တောင် အခုချိန်ထိ Latest iOS တင်သုံးနိုင်တယ်၊ Apps တွေလည်း ကောင်းကောင်း Run နိုင်သေးတယ်။ ဒီလိုပဲ ၂၀၁၆ တုန်းက ထုတ်လုပ်ထားတဲ့ Mobile Chip တွေဟာလည်း အခုချိန်ထိ Application တွေကို ကောင်းကောင်းကိုင်တွယ်နိုင်သေးတယ်၊ ဘက်ထရီမခံလို့ အသစ်လည်းသုံးမယ်ဆိုရင်တောင် ဘာပြဿမရှိဘဲ သုံးနိုင်သေးတာမလို့ အသစ်ပြောင်းသုံးဖို့ စိတ်မကူးပါသေးနဲ့ဦး၊ ပထမအချက်က Notch ဆိုတာကြီးကို ကြိုက်ရဲ့လား? ဘယ်ဖုန်းမဆိုကြည့်လိုက် Samsung နဲ့ Sony ကလွှဲလို့ ကျန်တဲ့ဖုန်းအားလုံး Notch တွေနဲ့ချည်းပဲ၊ သေးတာ၊ ကြီးတာလွဲလို့ပေါ့။

Razer Phone 2

ဒါကြောင့် ငွေလည်းချွေတာမိအောင်၊ မလိုအပ်ပဲ ပိုက်ဆံမဖြုန်းမိအောင်၊ နောက်ဆုံး iPhone XS Max တို့ Google Pixel 3 တို့ Camera ကောင်းတယ်ထားဦး $1200 လောက်ပေးမယ့်အစား အရည်သွေးကောင်းတဲ့ Camera တစ်လုံးဝယ်ထားလိုက်တာက ကျေေျကျနပ်နပ် ဓာတ်ပုံရိုက်နိုင်ပါဦးမယ်။ ဒီလိုဆိုတော့ မော်ဒယ်ဟောင်းလေးကိုပဲ လက်ကိုင်ထားပြီး ဘက်ထရီလဲသင့်ရင်လဲ၊ အရမ်းဟမ်းလာခဲ့ရင်တောင် Factory Reset ချပြီး အသစ်တိုင်းပြန်သုံးနိုင်တာမလို့ လောလောဆယ် ဖုန်းကအရေးမကြီးသေးဘူး၊ ဝယ်ဖို့စိတ်ကူးနေရင်တောင် ဖုန်းအတွက်ကုန်ကျမယ့်အစား အကျိုးရှိတာတခုခုသုံးလိုက်တာက ပိုသင့်တော်ပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။

2B (Akhayar)
www.akhayar.com