[Zawgyi]

လိေမၼာ္သီးကို ဘာေၾကာင္႔ အနီေရာင္ပိုက္ကြန္အိတ္နဲ႔ ထည္႔ေရာင္းတာလဲ

အသီးအႏွံေစ်းတန္းေတြမွာ အသီးအႏွံသြားဝယ္တဲ႔အခါ လိေမၼာ္သီးေတြကို အနီေရာင္ပိုက္ကြန္အိတ္ေလးေတြနဲ႔ ထည္႔ၿပီးေရာင္းတာကုိ သတိထားမိၾကမွာပါ။ လိေမၼာ္သီးေတြကို ဘာေၾကာင္႔ အနီေရာင္ပိုက္ကြန္အိတ္နဲ႔ ထည္႔ၿပီးေရာင္းသလဲဆိုတာကို စဥ္းစားမိဖူးပါသလား။ အနီေရာင္ပိုက္ကြန္အိတ္ေတြနဲ႔ထည္႔တာက စတိုးဆိုင္ေတြကျပဳလုပ္တဲ႔ စီးပြားေရးဗ်ဴဟာတစ္ခု ျဖစ္ပါတယ္။ အိတ္အနီေတြနဲ႔ လိေမၼာ္သီးကို ထည့္လိုက္တဲ႔အခါ လိေမၼာ္ေရာင္က ပိုမိုေပၚလြင္လာၿပီး ဝယ္သူေတြက လိေမၼာ္သီးေတြကို ပိုမိုသတိထားမိလာေစပါတယ္။

လိေမၼာ္သီးကုိ ဆန္႔က်င္ဘက္အေရာင္ျဖစ္တဲ႔ အနီေရာင္အိတ္နဲ႔ထည္႔ၿပီး ဝယ္သူရဲ႕စိတ္ကို လွည္႔စားလိုက္တဲ့အခါ လိေမၼာ္သီးက ေစ်းဝယ္သူရဲ႕မ်က္လံုးမွာ ပိုမိုေပၚလြင္လာၿပီး ဝယ္္ယူခ်င္စိတ္ျဖစ္လာေအာင္ လႈံေဆာ္ေပးလုိက္သလို ျဖစ္သြားပါတယ္။ ဒီလွည္႔ကြက္က ခ်ဥ္တဲ႔အရသာရွိတဲ့ ပ်ားလိေမၼာ္လိုလိေမၼာ္သီးအေသးေလးေတြနဲ႔ ဂရိတ္ဖရုလိုမ်ဴိး လိေမၼာ္ေရာင္ရွိတဲ႔ အသီးေတြအတြက္ အလုပ္ျဖစ္ေစပါတယ္။ ေရွာက္သီး၊ သံပုရာသီး စိုက္ပ်ဳိးသူေတြနဲ႔ ကုန္စံုဆိုင္ပိုင္ရွင္ေတြက ေရွာက္သီး၊ သံပုရာသီးနဲ႔ အလားတူတဲ႔ အသီးေတြကို ေရာင္းခ်တဲ႔အခါမွာ အဝါေရာင္ (သို႔) အစိမ္းေရာင္အိတ္ေတြနဲ႔ထည္႔ကာ အဝါေရာင္ကို ပိုေပၚလြင္ေအာင္ ျပဳလုပ္ၿပီး ေရာင္းခ်တတ္ၾကပါတယ္။ တကယ္ေတာ႔ ေရွာက္သီးနဲ႔ သံပုရာသီးေတြကို အနီေရာင္ပိုက္ကြန္အိတ္နဲ႔ထည္႔ေရာင္းတဲ႔အခါမွာေတာ့ လိေမၼာ္ေရာင္အေနနဲ႔ပုိၿပီးေပၚလြင္ေနပါလိမ္႔မယ္။ တခ်ဳိ႕ေတြကေတာ႔ လိေမၼာ္သီးနဲ႔ အျခားအသီးေတြကို အိတ္နဲ႔ထည္႔တဲ႔အခါ ေရာင္းပန္းလွေစဖို႔နဲ႔ အေရာင္ပုိေပၚလြင္ေစဖို႔ဆိုၿပီး အသီးေတြကို အေရာင္ဆိုးထားတတ္ၾကပါေသးတယ္။ ဒီလုိေဆးဆုိးထားတာကို မဝယ္မိေစဖုိ႔ လိေမၼာ္သီးေတြဝယ္တဲ႔အခါ စင္ေပၚမွာရွ္ိတဲ႔ လိေမၼာ္သီးေတြကို ဝယ္တာမ်ဳိး၊ အိတ္ထဲမွာရွိတဲ႔ လိေမၼာ္သီးေတြဆိုရင္လည္း အိတ္ကိုဖြင္႔ၾကည္႔ၿပီး ေသခ်ာစစ္ေဆးၾကည္႔တာမ်ဳိး ျပဳလုပ္ၿပီးမွ ဝယ္ယူသင့္ပါတယ္။

ဒီလုိအေရာင္နဲ႔ပတ္သက္တဲ႔ဗ်ဴဟာေတြအျပင္ ေစ်းဝယ္တဲ႔အခါမွာလည္း ဝယ္သူက လက္တြန္းလွည္းထဲကို ပစၥည္းေတြအမ်ားႀကီး ေကာက္ထည္႔ခ်င္လာေအာင္ ျပဳလုပ္တဲ႔ နည္းလမ္းေတြလည္းရွိပါတယ္။ ဥပမာအေနနဲ႔ဆိုရင္ေတာ႔ အနံ႔အရသာနဲ႔ျပည္႔စံုတဲ့ ေပါင္မုန္႔တို႔ ကိတ္မုန္႔တို႔ကို ဆိုင္ရဲ႕မ်က္ႏွာစာမွာထားၿပီး ေစ်းဝယ္သူကိုဆဲြေဆာင္ကာ ႏြားႏို႔ေတြကိုေတာ့ ဆိုင္ရဲ႕အေနာက္ဘက္မွာ ခင္းက်င္းထားတဲ႔ နည္းလမ္းေတြကိုသံုးပါတယ္။ ေစ်းဝယ္သူက ေပါင္မုန္႔ကိုဝယ္ၿပီးတဲ႔အခါမွာ ႏြားႏို႔နဲ႔ တဲြေသာက္မွပဲလို႔ ေတြးမိၿပီး ႏြားႏို႔ဝယ္ဖုိ႔အတြက္ ဆိုင္ထဲကိုဝင္ျဖစ္သြားပါတယ္။ ဒီလိုနဲ႕တျခားပစၥည္းေတြေရာ၊ေပါင္မုန္႔နဲ႔ႏြားႏို႔ကိုပါ ဝယ္ျဖစ္သြားေအာင္ ေရာင္းခ်လိုက္ျခင္းပဲ ျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လိမ္မော်သီးကို ဘာကြောင့် အနီရောင်ပိုက်ကွန်အိတ်နဲ့ ထည့်ရောင်းတာလဲ

အသီးအနှံဈေးတန်းတွေမှာ အသီးအနှံသွားဝယ်တဲ့အခါ လိမ္မော်သီးတွေကို အနီရောင်ပိုက်ကွန်အိတ်လေးတွေနဲ့ ထည့်ပြီးရောင်းတာကို သတိထားမိကြမှာပါ။ လိမ္မော်သီးတွေကို ဘာကြောင့် အနီရောင်ပိုက်ကွန်အိတ်နဲ့ ထည့်ပြီးရောင်းသလဲဆိုတာကို စဉ်းစားမိဖူးပါသလား။ အနီရောင်ပိုက်ကွန်အိတ်တွေနဲ့ထည့်တာက စတိုးဆိုင်တွေကပြုလုပ်တဲ့ စီးပွားရေးဗျူဟာတစ်ခု ဖြစ်ပါတယ်။ အိတ်အနီတွေနဲ့ လိမ္မော်သီးကို ထည့်လိုက်တဲ့အခါ လိမ္မော်ရောင်က ပိုမိုပေါ်လွင်လာပြီး ဝယ်သူတွေက လိမ္မော်သီးတွေကို ပိုမိုသတိထားမိလာစေပါတယ်။

လိမ္မော်သီးကို ဆန့်ကျင်ဘက်အရောင်ဖြစ်တဲ့ အနီရောင်အိတ်နဲ့ထည့်ပြီး ဝယ်သူရဲ့စိတ်ကို လှည့်စားလိုက်တဲ့အခါ လိမ္မော်သီးက ဈေးဝယ်သူရဲ့မျက်လုံးမှာ ပိုမိုပေါ်လွင်လာပြီး ဝယ်ယူချင်စိတ်ဖြစ်လာအောင် လှုံဆော်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလှည့်ကွက်က ချဉ်တဲ့အရသာရှိတဲ့ ပျားလိမ္မော်လိုလိမ္မော်သီးအသေးလေးတွေနဲ့ ဂရိတ်ဖရုလိုမျိူး လိမ္မော်ရောင်ရှိတဲ့ အသီးတွေအတွက် အလုပ်ဖြစ်စေပါတယ်။ ရှောက်သီး၊ သံပုရာသီး စိုက်ပျိုးသူတွေနဲ့ ကုန်စုံဆိုင်ပိုင်ရှင်တွေက ရှောက်သီး၊ သံပုရာသီးနဲ့ အလားတူတဲ့ အသီးတွေကို ရောင်းချတဲ့အခါမှာ အဝါရောင် (သို့) အစိမ်းရောင်အိတ်တွေနဲ့ထည့်ကာ အဝါရောင်ကို ပိုပေါ်လွင်အောင် ပြုလုပ်ပြီး ရောင်းချတတ်ကြပါတယ်။ တကယ်တော့ ရှောက်သီးနဲ့ သံပုရာသီးတွေကို အနီရောင်ပိုက်ကွန်အိတ်နဲ့ထည့်ရောင်းတဲ့အခါမှာတော့ လိမ္မော်ရောင်အနေနဲ့ပိုပြီးပေါ်လွင်နေပါလိမ့်မယ်။ တချို့တွေကတော့ လိမ္မော်သီးနဲ့ အခြားအသီးတွေကို အိတ်နဲ့ထည့်တဲ့အခါ ရောင်းပန်းလှစေဖို့နဲ့ အရောင်ပိုပေါ်လွင်စေဖို့ဆိုပြီး အသီးတွေကို အရောင်ဆိုးထားတတ်ကြပါသေးတယ်။ ဒီလိုဆေးဆိုးထားတာကို မဝယ်မိစေဖို့ လိမ္မော်သီးတွေဝယ်တဲ့အခါ စင်ပေါ်မှာရှိတဲ့ လိမ္မော်သီးတွေကို ဝယ်တာမျိုး၊ အိတ်ထဲမှာရှိတဲ့ လိမ္မော်သီးတွေဆိုရင်လည်း အိတ်ကိုဖွင့်ကြည့်ပြီး သေချာစစ်ဆေးကြည့်တာမျိုး ပြုလုပ်ပြီးမှ ဝယ်ယူသင့်ပါတယ်။

ဒီလိုအရောင်နဲ့ပတ်သက်တဲ့ဗျူဟာတွေအပြင် ဈေးဝယ်တဲ့အခါမှာလည်း ဝယ်သူက လက်တွန်းလှည်းထဲကို ပစ္စည်းတွေအများကြီး ကောက်ထည့်ချင်လာအောင် ပြုလုပ်တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပေါင်မုန့်တို့ ကိတ်မုန့်တို့ကို ဆိုင်ရဲ့မျက်နှာစာမှာထားပြီး ဈေးဝယ်သူကိုဆွဲဆောင်ကာ နွားနို့တွေကိုတော့ ဆိုင်ရဲ့အနောက်ဘက်မှာ ခင်းကျင်းထားတဲ့ နည်းလမ်းတွေကိုသုံးပါတယ်။ ဈေးဝယ်သူက ပေါင်မုန့်ကိုဝယ်ပြီးတဲ့အခါမှာ နွားနို့နဲ့ တွဲသောက်မှပဲလို့ တွေးမိပြီး နွားနို့ဝယ်ဖို့အတွက် ဆိုင်ထဲကိုဝင်ဖြစ်သွားပါတယ်။ ဒီလိုနဲ့တခြားပစ္စည်းတွေရော၊ပေါင်မုန့်နဲ့နွားနို့ကိုပါ ဝယ်ဖြစ်သွားအောင် ရောင်းချလိုက်ခြင်းပဲ ဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။