[Zawgyi]

ၿဗိတိသ်ွဘုရင္မႀကီးအဲလိဇဘက္ Facebook သုံးလား

၁၉၂၆ခုႏွစ္ ဧၿပီ ၂၁ရက္ေန႔မွာ ေမြးဖြားတဲ့ ၿဗိတိသ်ွဘုရင္မႀကီးအဲလိဇဘက္ (Queen Elizabeth II) ဟာ အခုဆုိရင္ (၉၁) ႏွစ္ရွိၿပီျဖစ္ပါတယ္။ ၁၉၅၂ခုႏွစ္ ေဖေဖာ္ဝါရီ (၆) ရက္ေန႔မွာ နန္းတက္ခဲ့တဲ့အတြက္ အခုဆုိရင္ နန္းသက္ဟာ (၆၅) ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ အဂၤလန္၊ ေဝးလ္၊ ေျမာက္အုိင္ယာလန္၊ စေကာ့တလန္၊ ကေနဒါ၊ ၾသစေတးလ်နဲ႔ နယူးဇီလန္ႏုိင္ငံေတြရဲ႕ အထြတ္အျမတ္ထားရာ ဘုရင္မႀကီးတစ္ေယာက္ျဖစ္တဲ့အတြက္ အေျပာအဆုိ၊ အေနအထုိင္ကအစ ေတာ္ဝင္နန္းထုိက္ပါေပတယ္။ အဲလိဇဘက္ဟာ အဘြားႀကီးျဖစ္ေပမယ့္ နည္းပညာအေၾကာင္းကုိ နားမလည္ဘူးလုိ႔ ထင္လုိက္ရင္ေတာ့ မွားသြားပါလိမ့္မယ္။

iPad ႀကိဳက္တဲ့ ဘုရင္မႀကီး

iPad ႀကိဳက္တဲ့ ဘုရင္မႀကီး

အဲလိဇဘက္ဟာ iPad တစ္လုံး၊ Laptop တစ္လုံးနဲ႔ စမတ္ဖုန္းတစ္လုံးရွိပါတယ္။ စမတ္ဖုန္းဟာ အိတ္ထဲထည့္လုိ႔ရတဲ့အထိ ေသးငယ္ေပါ့ပါးၿပီး Hack လုိ႔မရေအာင္ လုံျခံဳမႈစနစ္ျမွင့္တင္ထားပါတယ္။ ဘတၳရီ ရာခုိင္ႏႈန္း ၁ဝဝအထိ အခ်ိန္တုိင္းျပည့္ေနေအာင္ ကုိယ္ေရးအရာရွိျဖစ္သူ အမ္ဂီလာ ကယ္လီ (Angela Kelly) က အားသြင္းေပးထားရပါတယ္။

မိသားစုနဲ႔

မိသားစုနဲ႔

ဘုရင္မႀကီး ဖုန္းအမ်ားဆုံးေျပာျဖစ္တဲ့သူေတြက သမီးေတာ္မင္းသမီး အန္နီ (Prince Anne) နဲ႔ အေျပးနည္းျပ ဂြ်န္ဝါရန္ (John Warren) တုိ႔ပဲျဖစ္ပါတယ္။ နည္းပညာပစၥည္းေတြကုိ ဘယ္လုိသုံးရမွန္းနားမလည္တဲ့အခါ နည္းပညာကြ်မ္းက်င္တဲ့ ေျမးျဖစ္သူ မင္းသား ပီတာဖီးလစ္ (Peter Phillips) နဲ႔ ေျမးမ မင္းသမီး ဇာရာ (Zara) တုိ႔ကုိ ေမးျမန္းေလ့ရွိပါတယ္။

နည္းပညာ လုိက္စားတဲ့ ဘုရင္မႀကီး

နည္းပညာ လုိက္စားတဲ့ ဘုရင္မႀကီး

ဘုရင္မႀကီးဟာ Facebook Account ရွိၿပီး Page တစ္ခုေတာင္ ကုိယ္တုိင္ေထာင္ထားပါေသးတယ္။ သူငယ္ခ်င္းေတြနဲ႔ Messenger ကေန စကားစျမည္ေျပာေလ့ရွိတယ္လုိ႔ ေတာ္ဝင္မိသားစုရဲ႕ဂ်ာနယ္လစ္သမား ဘရုိင္ယန္ ဟုိေရး (Brian Hoey) ကဆုိပါတယ္။

နာမည္တူ အေကာင့္

နာမည္တူ အေကာင့္

နာမည္အျပည့္အစုံ “Elizabeth Windsor” ဆုိၿပီး Facebook မွာရုိက္ရွာလုိက္တဲ့အခါ Account ၃ခု ေတြ႕ရေပမယ့္ ဘုရင္မႀကီးရဲ႕ Facebook Account ဟာ ဘယ္ Account ျဖစ္တယ္ဆုိတာရယ္ Facebook Friend ဘယ္ႏွစ္ေယာက္ရွိတယ္ဆုိတာကေတာ့ ေတာ္ဝင္မိသားစုဝင္ေတြကလြဲလုိ႔ ဘယ္သူမွ မသိပါဘူး။ ကဲ . . . (၉၁) ႏွစ္ေတာင္ရွိၿပီျဖစ္တဲ့ ဘုရင္မႀကီးေတာင္ Facebook သုံးေသးတယ္ဆုိေတာ့ ကုိယ္ေတြလုိ ဆယ္ေက်ာ္သက္ေတြ Facebook သုံးတာ မလြန္ပါဘူးေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဗြိတိသျှဘုရင်မကြီးအဲလိဇဘက် Facebook သုံးလား

၁၉၂၆ခုနှစ် ဧပြီ ၂၁ရက်နေ့မှာ မွေးဖွားတဲ့ ဗြိတိသျှဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II) ဟာ အခုဆိုရင် (၉၁) နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီ (၆) ရက်နေ့မှာ နန်းတက်ခဲ့တဲ့အတွက် အခုဆိုရင် နန်းသက်ဟာ (၆၅) နှစ်ကျော်လာပြီဖြစ်ပါတယ်။ အင်္ဂလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်၊ စကော့တလန်၊ ကနေဒါ၊ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေရဲ့ အထွတ်အမြတ်ထားရာ ဘုရင်မကြီးတစ်ယောက်ဖြစ်တဲ့အတွက် အပြောအဆို၊ အနေအထိုင်ကအစ တော်ဝင်နန်းထိုက်ပါပေတယ်။ အဲလိဇဘက်ဟာ အဘွားကြီးဖြစ်ပေမယ့် နည်းပညာအကြောင်းကို နားမလည်ဘူးလို့ ထင်လိုက်ရင်တော့ မှားသွားပါလိမ့်မယ်။

iPad ကြိုက်တဲ့ ဘုရင်မကြီး

iPad ကြိုက်တဲ့ ဘုရင်မကြီး

အဲလိဇဘက်ဟာ iPad တစ်လုံး၊ Laptop တစ်လုံးနဲ့ စမတ်ဖုန်းတစ်လုံးရှိပါတယ်။ စမတ်ဖုန်းဟာ အိတ်ထဲထည့်လို့ရတဲ့အထိ သေးငယ်ပေါ့ပါးပြီး Hack လို့မရအောင် လုံခြုံမှုစနစ်မြှင့်တင်ထားပါတယ်။ ဘတ္ထရီ ရာခိုင်နှုန်း ၁ဝဝအထိ အချိန်တိုင်းပြည့်နေအောင် ကိုယ်ရေးအရာရှိဖြစ်သူ အမ်ဂီလာ ကယ်လီ (Angela Kelly) က အားသွင်းပေးထားရပါတယ်။

မိသားစုနဲ့

မိသားစုနဲ့

ဘုရင်မကြီး ဖုန်းအများဆုံးပြောဖြစ်တဲ့သူတွေက သမီးတော်မင်းသမီး အန်နီ (Prince Anne) နဲ့ အပြေးနည်းပြ ဂျွန်ဝါရန် (John Warren) တို့ပဲဖြစ်ပါတယ်။ နည်းပညာပစ္စည်းတွေကို ဘယ်လိုသုံးရမှန်းနားမလည်တဲ့အခါ နည်းပညာကျွမ်းကျင်တဲ့ မြေးဖြစ်သူ မင်းသား ပီတာဖီးလစ် (Peter Phillips) နဲ့ မြေးမ မင်းသမီး ဇာရာ (Zara) တို့ကို မေးမြန်းလေ့ရှိပါတယ်။

နည်းပညာ လိုက်စားတဲ့ ဘုရင်မကြီး

နည်းပညာ လိုက်စားတဲ့ ဘုရင်မကြီး

ဘုရင်မကြီးဟာ Facebook Account ရှိပြီး Page တစ်ခုတောင် ကိုယ်တိုင်ထောင်ထားပါသေးတယ်။ သူငယ်ချင်းတွေနဲ့ Messenger ကနေ စကားစမြည်ပြောလေ့ရှိတယ်လို့ တော်ဝင်မိသားစုရဲ့ဂျာနယ်လစ်သမား ဘရိုင်ယန် ဟိုရေး (Brian Hoey) ကဆိုပါတယ်။

နာမည်တူ အကောင့်

နာမည်တူ အကောင့်

နာမည်အပြည့်အစုံ “Elizabeth Windsor” ဆိုပြီး Facebook မှာရိုက်ရှာလိုက်တဲ့အခါ Account ၃ခု တွေ့ရပေမယ့် ဘုရင်မကြီးရဲ့ Facebook Account ဟာ ဘယ် Account ဖြစ်တယ်ဆိုတာရယ် Facebook Friend ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကတော့ တော်ဝင်မိသားစုဝင်တွေကလွဲလို့ ဘယ်သူမှ မသိပါဘူး။ ကဲ . . . (၉၁)နှစ်တောင်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးတောင် Facebook သုံးသေးတယ်ဆိုတော့ ကိုယ်တွေလို ဆယ်ကျော်သက်တွေ Facebook သုံးတာ မလွန်ပါဘူးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com