[ZawGyi]

လုပ္ေဖာ္ကိုင္ဖက္ခ်င္း ဘာေၾကာင္႔ခ်စ္ၾကိဳက္လြယ္တာလဲ

အိုးခ်င္းထားအိုးခ်င္းထိ ၾကိဳးခ်င္းထားၾကိဳးခ်င္းျငိရယ္လုိ႔ အေနနီးရင္ ျငိတြယ္သြားတတ္တဲ႔သေဘာေတြကို ေရွးေရွးကေရာ ခုေရာနားလည္လက္ခံထားၾကပါတယ္။ အေနနီးတယ္ဆုိတဲ႔ေနရာမွာမွ လုပ္ငန္းခြင္ထဲမွာအေနနီးသူေတြဟာ ပိုျပီးေတာ႔ျငိတြယ္လြယ္တယ္လုိ႔ စိတ္ပညာရွင္ေတြကဆိုထားပါတယ္။

Work Relationships ဆိုတာတကယ္ေတာ႔ထူးဆန္းတဲ႔အရာေတာ႔မဟုတ္ပါဘူး။ လူေတြမွာ ပံုမွန္အလုပ္ခ်ိန္ ၉ နာရီကေန ၅ နာရီရွိတာမုိ႔ အလုပ္လုပ္ေနတဲ႔သူေတြတုိင္းဟာ အလုပ္ထဲကလူေတြနဲ႔သာ ေတြ႔ရခ်ိန္မ်ားပါတယ္။ အိမ္ကမိသားစု၊ ရပ္ကြက္ထဲကလူေတြ၊ သူငယ္ခ်င္းေတြထက္စာရင္ အလုပ္ထဲကလူေတြနဲ႔သာေတြ႔ဆံုေနရတာပါ။ ေလ႔လာခ်က္ေတြအရ အလုပ္လုပ္ေနတဲ႔သူေတြထဲက ၁၇% ေလာက္ဟာ အလုပ္ထဲမွာ သြားေဖာ္လာေဖာ္၊ အလုပ္အေၾကာင္းရင္ဖြင္႔ေဖာ္တစ္ေယာက္ကေတာ႔ရွိၾကျပီး ၂၂% ကအလုပ္ထဲမွာခ်စ္သူရွာေတြ႔ခဲ႔ၾကတယ္လုိ႔ဆုိပါတယ္။
လူငယ္ေတြခ်စ္သူရသြားၾကတာက အြန္လုိင္းမွာေတြ႔ဆံုျပီးအျပင္မွာတကယ္ခ်စ္ၾကိဳက္သြားတာက ၁၃% ၊ သူငယ္ခ်င္းေတြက မိတ္ဆက္ေပးလို႔ခ်စ္ၾကိဳက္သြားတာက ၁၈%၊ အမွတ္မထင္ဆံုစည္းခ်စ္ၾကိဳက္သြားတာက ၁၀% ရွိတယ္လုိ႔ဆုိၾကပါတယ္။
အခုေခတ္မွာ အရြယ္ေရာက္လာတဲ႔လူငယ္ေတြတုိင္းဟာ အလုပ္လုပ္ေနၾကျပီး တစ္ႏွစ္မွာ နာရီ ၁၆၈၀ ေလာက္ကိုလုပ္ငန္းခြင္အတြင္းမွာ ကုန္ဆံုးေနၾကရတာပါ။ လုပ္ေဖာ္ကိုင္ဖက္ခ်င္းခ်စ္ၾကိဳက္သြားႏိုင္တဲ႔ အဓိကအေၾကာင္းအခ်က္တစ္ခုထဲမွာ ဝါသနာတူ အၾကိဳက္တူတာကလည္း အဓိကက်တဲ႔အခ်က္ပဲျဖစ္ပါတယ္။

office-romance

office-romance

ေနာက္တစ္ခ်က္က အရည္အခ်င္းကိုျမင္ရလုိ႔ပါတဲ႔။ အလုပ္မွာျပႆနာတစ္ခုခုျဖစ္လာတဲ႔အခါ သူ႔ရဲ႕ေျဖရွင္းႏိုင္တဲ႔စြမ္းရည္၊ ေခါင္းေဆာင္ႏိုင္မႈစြမ္းရည္နဲ႔ တု႔ံျပန္ပံုေတြကိုသိရတာမို႔ အထင္ၾကီးေလးစားရာကေနခ်စ္ခင္တတ္လာတာျဖစ္ပါတယ္။
အလုပ္ထဲမွာခ်စ္ၾကိဳက္သြားတတ္တဲ႔လူေတြထဲမွာမွ ေန႔လယ္စာထမင္းစားခ်ိန္မွာ သြားလာစားေသာက္ရင္းခ်စ္ၾကိဳက္သြားႏိုင္ေျခက ၁၁% ၊ ရံုးဆင္းခ်ိန္ ညေနဘက္ေတြ သြားလာစားေသာက္ရင္ခင္မင္ခ်စ္ၾကိဳက္သြားႏိုင္ေျခက ၁၀% ၊ ရံုးပါတီေတြမွာအတူဆင္ႏႊဲရင္းခ်စ္ၾကိဳက္သြားႏိုင္ေျခက ၁၂% ရွိတယ္လို႔ ဆိုထားပါတယ္။
UK မွာေတာ႔ ဝန္ထမ္း ၃ ေယာက္မွာ ၂ ေယာက္ကလုပ္ေဖာ္ကိုင္ဖက္ခ်င္းခ်စ္သူရည္စားျဖစ္ဖုိ႔ကိုေမွ်ာ္လင္႔ၾကျပီး က်န္သူေတြကေတာ႔ အလုပ္နဲ႔အခ်စ္ေရးေရာေႏွာတာမ်ိဳးကိုလံုးဝလံုးဝ သေဘာမက်ဘူးလို႔ ဆိုထားပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ခ်င္းရည္းစားမထားရဆုိတဲ႔ စည္းမ်ဥ္းကလည္း တခ်ိဳ႕ေသာအလုပ္ေတြမွာ အသက္ဝင္ေနဆဲပါ။ ဒီလုိစည္းမ်ဥ္းထားရျခင္းရဲ႕ အေၾကာင္းရင္းေတြကလည္းအမ်ားၾကီးပါ။ အလုပ္မွာ အဆင္မေျပျဖစ္လာမယ္၊ အခ်စ္ေရးအဆင္မေျပရင္ စိတ္ဆိုးစိတ္ေကာက္ၾကရင္ အလုပ္ကိုထိခိုက္လာမယ္၊ အလုပ္လုပ္ရတာအဆင္မေျပေပမယ္႔ ေနာက္ပိုင္းလူမႈေရးမွာအဆင္မေျပျဖစ္တာနဲ႔တင္ အလုပ္ကထြက္ခြာခ်င္လာမယ္ စတဲ႔အေၾကာင္းခ်က္ေတြအမ်ားၾကီးရွိပါတယ္။
တကယ္လို႔မ်ားလုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို စိတ္ဝင္စားမိသြားလုိ႔ေရွ႕တုိးမလားစဥ္းစားမိေနရင္ ဒီအခ်က္ေတြကိုေတာ႔ သတိထားရပါမယ္။
-အလုပ္ကိုထိခိုက္မလားဆုိတဲ႔အခ်က္ကို အရင္ဆံုးစဥ္းစားရပါမယ္။
-သူ႔ေနာက္ေၾကာင္းကိုတိက်ေသခ်ာေအာင္စံုစမ္းပါ။ အဓိကကအိမ္ေထာင္ရွိမရွိကို ေသခ်ာရွင္းလင္းေအာင္စံုစမ္းဖို႔လုိပါတယ္။
-တကယ္လုိ႔ခ်စ္ၾကိဳက္သြားျပီဆိုရင္ သိုသိုသိပ္သိပ္ေနထိုင္ဖုိ႔လုိပါတယ္။ ကိုယ္႔အခ်စ္ေရးကို လုပ္ေဖာ္ကိုင္ဖက္ေတြကိုမေျပာျပသင္႔ပါဘူး။
– အလုပ္ထဲကျပႆနာရပ္ေတြနဲ႔အတြင္းေရးေတြကို ခ်စ္သူခ်င္းမေျပာမိေအာင္ေနရပါမယ္ တဲ႔။

ဒီေတာ႔ လူေတြဟာလုပ္ငန္းခြင္တြင္းမွာ ကိုယ္႔ဘဝလက္တြဲေဖာ္ကိုရွာေတြ႔တတ္ၾကတာမ်ားတာမုိ႔ Single ျဖစ္ေနေသးသူေတြလည္း အားမငယ္ပါနဲ႔လုိ႔။ တစ္လုပ္မေကာင္းတစ္လုပ္ေျပာင္းရင္း ၾကင္ေဖာ္ပါေတြ႔သြားႏိုင္ပါတယ္လုိ႔ အားေပးစကားဆုိပါရေစ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

လုပ်ဖော်ကိုင်ဖက်ချင်း ဘာကြောင့်ချစ်ကြိုက်လွယ်တာလဲ

အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိရယ်လို့ အနေနီးရင် ငြိတွယ်သွားတတ်တဲ့သဘောတွေကို ရှေးရှေးကရော ခုရောနားလည်လက်ခံထားကြပါတယ်။ အနေနီးတယ်ဆိုတဲ့နေရာမှာမှ လုပ်ငန်းခွင်ထဲမှာအနေနီးသူတွေဟာ ပိုပြီးတော့ငြိတွယ်လွယ်တယ်လို့ စိတ်ပညာရှင်တွေကဆိုထားပါတယ်။

Work Relationships ဆိုတာတကယ်တော့ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ လူတွေမှာ ပုံမှန်အလုပ်ချိန် ၉ နာရီကနေ ၅ နာရီရှိတာမို့ အလုပ်လုပ်နေတဲ့သူတွေတိုင်းဟာ အလုပ်ထဲကလူတွေနဲ့သာ တွေ့ရချိန်များပါတယ်။ အိမ်ကမိသားစု၊ ရပ်ကွက်ထဲကလူတွေ၊ သူငယ်ချင်းတွေထက်စာရင် အလုပ်ထဲကလူတွေနဲ့သာတွေ့ဆုံနေရတာပါ။ လေ့လာချက်တွေအရ အလုပ်လုပ်နေတဲ့သူတွေထဲက ၁၇% လောက်ဟာ အလုပ်ထဲမှာ သွားဖော်လာဖော်၊ အလုပ်အကြောင်းရင်ဖွင့်ဖော်တစ်ယောက်ကတော့ရှိကြပြီး ၂၂% ကအလုပ်ထဲမှာချစ်သူရှာတွေ့ခဲ့ကြတယ်လို့ဆိုပါတယ်။
လူငယ်တွေချစ်သူရသွားကြတာက အွန်လိုင်းမှာတွေ့ဆုံပြီးအပြင်မှာတကယ်ချစ်ကြိုက်သွားတာက ၁၃% ၊ သူငယ်ချင်းတွေက မိတ်ဆက်ပေးလို့ချစ်ကြိုက်သွားတာက ၁၈%၊ အမှတ်မထင်ဆုံစည်းချစ်ကြိုက်သွားတာက ၁၀% ရှိတယ်လို့ဆိုကြပါတယ်။
အခုခေတ်မှာ အရွယ်ရောက်လာတဲ့လူငယ်တွေတိုင်းဟာ အလုပ်လုပ်နေကြပြီး တစ်နှစ်မှာ နာရီ ၁၆၈၀ လောက်ကိုလုပ်ငန်းခွင်အတွင်းမှာ ကုန်ဆုံးနေကြရတာပါ။ လုပ်ဖော်ကိုင်ဖက်ချင်းချစ်ကြိုက်သွားနိုင်တဲ့ အဓိကအကြောင်းအချက်တစ်ခုထဲမှာ ဝါသနာတူ အကြိုက်တူတာကလည်း အဓိကကျတဲ့အချက်ပဲဖြစ်ပါတယ်။

office-romance

office-romance

နောက်တစ်ချက်က အရည်အချင်းကိုမြင်ရလို့ပါတဲ့။ အလုပ်မှာပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ သူ့ရဲ့ဖြေရှင်းနိုင်တဲ့စွမ်းရည်၊ ခေါင်းဆောင်နိုင်မှုစွမ်းရည်နဲ့ တုံ့ပြန်ပုံတွေကိုသိရတာမို့ အထင်ကြီးလေးစားရာကနေချစ်ခင်တတ်လာတာဖြစ်ပါတယ်။
အလုပ်ထဲမှာချစ်ကြိုက်သွားတတ်တဲ့လူတွေထဲမှာမှ နေ့လယ်စာထမင်းစားချိန်မှာ သွားလာစားသောက်ရင်းချစ်ကြိုက်သွားနိုင်ခြေက ၁၁% ၊ ရုံးဆင်းချိန် ညနေဘက်တွေ သွားလာစားသောက်ရင်ခင်မင်ချစ်ကြိုက်သွားနိုင်ခြေက ၁၀% ၊ ရုံးပါတီတွေမှာအတူဆင်နွှဲရင်းချစ်ကြိုက်သွားနိုင်ခြေက ၁၂% ရှိတယ်လို့ ဆိုထားပါတယ်။
UK မှာတော့ ဝန်ထမ်း ၃ ယောက်မှာ ၂ ယောက်ကလုပ်ဖော်ကိုင်ဖက်ချင်းချစ်သူရည်စားဖြစ်ဖို့ကိုမျှော်လင့်ကြပြီး ကျန်သူတွေကတော့ အလုပ်နဲ့အချစ်ရေးရောနှောတာမျိုးကိုလုံးဝလုံးဝ သဘောမကျဘူးလို့ ဆိုထားပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းရည်းစားမထားရဆိုတဲ့ စည်းမျဉ်းကလည်း တချို့သောအလုပ်တွေမှာ အသက်ဝင်နေဆဲပါ။ ဒီလိုစည်းမျဉ်းထားရခြင်းရဲ့ အကြောင်းရင်းတွေကလည်းအများကြီးပါ။ အလုပ်မှာ အဆင်မပြေဖြစ်လာမယ်၊ အချစ်ရေးအဆင်မပြေရင် စိတ်ဆိုးစိတ်ကောက်ကြရင် အလုပ်ကိုထိခိုက်လာမယ်၊ အလုပ်လုပ်ရတာအဆင်မပြေပေမယ့် နောက်ပိုင်းလူမှုရေးမှာအဆင်မပြေဖြစ်တာနဲ့တင် အလုပ်ကထွက်ခွာချင်လာမယ် စတဲ့အကြောင်းချက်တွေအများကြီးရှိပါတယ်။
တကယ်လို့များလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို စိတ်ဝင်စားမိသွားလို့ရှေ့တိုးမလားစဉ်းစားမိနေရင် ဒီအချက်တွေကိုတော့ သတိထားရပါမယ်။
-အလုပ်ကိုထိခိုက်မလားဆိုတဲ့အချက်ကို အရင်ဆုံးစဉ်းစားရပါမယ်။
-သူ့နောက်ကြောင်းကိုတိကျသေချာအောင်စုံစမ်းပါ။ အဓိကကအိမ်ထောင်ရှိမရှိကို သေချာရှင်းလင်းအောင်စုံစမ်းဖို့လိုပါတယ်။
-တကယ်လို့ချစ်ကြိုက်သွားပြီဆိုရင် သိုသိုသိပ်သိပ်နေထိုင်ဖို့လိုပါတယ်။ ကိုယ့်အချစ်ရေးကို လုပ်ဖော်ကိုင်ဖက်တွေကိုမပြောပြသင့်ပါဘူး။
– အလုပ်ထဲကပြဿနာရပ်တွေနဲ့အတွင်းရေးတွေကို ချစ်သူချင်းမပြောမိအောင်နေရပါမယ် တဲ့။

ဒီတော့ လူတွေဟာလုပ်ငန်းခွင်တွင်းမှာ ကိုယ့်ဘဝလက်တွဲဖော်ကိုရှာတွေ့တတ်ကြတာများတာမို့ Single ဖြစ်နေသေးသူတွေလည်း အားမငယ်ပါနဲ့လို့။ တစ်လုပ်မကောင်းတစ်လုပ်ပြောင်းရင်း ကြင်ဖော်ပါတွေ့သွားနိုင်ပါတယ်လို့ အားပေးစကားဆိုပါရစေ။

ဂျူဂျူး(Akhayar)

www.akhayar.com