[Zawgyi]

Artist ေတြ ရွင္သန္ရတဲ့ ဘ၀ဆိုတာ

အႏုပညာကို လူတိုင္းခ်စ္ျမတ္ႏိုးၾကပါတယ္။ စိတ္၀င္တစားနဲ႔လည္း ေလ့လာၾကတဲ့သူေတြလည္းရွိၾကပါတယ္။ ဒီလို ေလ့လာမိရင္း အႏုပညာကို ဖက္တြယ္မိျပီး ဘဝဆက္ေနၾကတဲ့သူေတြလညး္ရွိသလို ေရစုန္ေမ်ာသြားတဲ့သူေတြလည္း ရွိၾကပါတယ္။ အခုေျပာေနတဲ့အႏုပညာဆိုတဲ့ စကားလံုးမွာ သရုပ္ေဆာင္ေတြနဲ႔ အဆိုေတာ္ေတြကိုပဲ ညႊန္းျပေနတာမဟုတ္ခဲ့ပါဘူး။ အခုသံုးႏႈန္းေနတဲ့ အႏုပညာဆိုတာ Art ပါ။ Art ကို ခံစားမိတဲ့ Artist (အႏုပညာရွင္) တိုင္းကို ရည္ညႊန္းတာျဖစ္ပါတယ္။ ပန္းခ်ီဆရာ၊ လက္မႈဆရာ၊ အဆိုေတာ္ေတြ၊ ပန္းထိုးတ့ဲသူေတြ အားလံုးနဲ႔ ဓာတ္ပံုပညာရွင္၊ Photo Model ၊ Makeup Artist ၊ ဖက္ရွင္ ဒီဇိုင္နာေတြ ကို ရည္ညႊန္းခ်င္တာျဖစ္ပါတယ္။

ေနာက္တစ္နည္းနဲ႔ ေခၚမယ္ဆိုရင္လည္း Art ကို ခံစားမိတဲ့သူတိုင္း္ ကိုယ္ခံစားမိသလို ပံုေဖာ္ေနၾကသူတိုင္းကို Artist လို႔ ေခၚလို႔ရပါတယ္။ ကိုယ္က Artist တစ္ေယာက္လာဆိုတာကို ဘယ္လိုသိႏုိင္မလဲ၊ ခြဲျခားႏိုင္မလဲလို႔ ေမးလာႏိုင္ပါတယ္။ Artist ေတြရဲ႕ ရွင္သန္ေနထိုင္ပံုက အမ်ားနဲ႔ မတူပါဘူး။ သာမန္ထဲက လူတစ္ေယာက္လို ဝတ္စားေနႏိုင္ေနေပမယ့္လည္း တကယ္တမ္း ခင္မင္ရင္းႏွီးၾကည့္တဲ့အခ်ိန္မွာ သူတို႔ရဲ႕ ေတြးေခၚပံုေတြ၊ စကားေျပာပံုဆိုပံုေတြက လံုးဝမတူညီၾကပါဘူး။ သူတို႔နဲ႔ မတူညီတဲ့ Art ကို မခံစားႏိုင္တဲ့သူေတြနဲ႔ စကားေျပာေနရခဲ့ရင္ေတာင္ သူတို႔ရဲ႕ အသံုးအႏႈန္းေတြကို ေျပာင္းပစ္လိုက္တာမ်ိဳးမရွိခဲ့ပါဘူး။ စကားလံုးတစ္လံုးတိုင္းမွာ အဓိပၸါယ္ေတြအမ်ားၾကီးပါတယ္။ ရည္ရြယ္ခ်က္ေတြ အမ်ားၾကီးနဲ႔ ခ်ိတ္ဆက္ေနတာေတြကို ေတြ႕ရတယ္။ ဒါေတြဟာ သူတို႔ရဲ႕ ကြာျခားခ်က္ပါ။ အခ်ိဳ႕က်ေတာ့လည္း သူတို႔ ဝတ္ပံုစားပံုကေန ခ်က္ခ်င္းခန္႔မွန္းလို႔ရနိုင္တာမ်ိဳးေတြရွိပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္

ဒီလိုမ်ိဳးအမ်ားနဲ႔ ကြဲျပားေနတာက သူတို႔အတြက္ အခက္အခဲေတြရွိလားလို႔ေမးခဲ့ရင္ေတာ့ ထင္တာထက္ကို အမ်ားၾကီးရွိေနတယ္လို႔ပဲ ေျဖရမွာပါ။ လူေတြက သာမန္ပံုစံေတြထဲကခြဲထြက္ေနရင္ လက္မခံခ်င္ၾကေတာ့ပါဘူး။ အေဝးကို တြန္းထုတ္ခ်င္ၾကတယ္။ ေခ်ာင္ထဲထိုးထားခ်င္ၾကတယ္။ အမ်ားနဲ႔ မတူညီတဲ့အတြက္ တန္းတူမဆက္ဆံနိုင္ဘူးဆိုျပီး ပစ္ပယ္ၾကပါတယ္။ ဒီလိုပစ္ပယ္ခံရတဲ့အတြက္ Art ကို ခိုကိုးရာလူမရွိေတာ့ဘူးဆိုတဲ့စိတ္နဲ႔ ပုိျပီး ဖက္တြယ္လာၾကတဲ့သူေတြလည္းရွိသလို Art ေၾကာင့္လူရာမဝင္ခဲ့ေလဘူး ဆိုတဲ့စိတ္နဲ႔ ကိုယ္ခ်စ္တဲ့ Art ကို ရြံရွာသြားၾကတဲ့သူေတြလည္း ရွိၾကပါတယ္။ သူတို႔ ေဝဒနာေတြ ရွင္သန္ခဲ့ရတဲ့အခက္အခဲေတြက ဒီေလာက္ေလးပဲလားဆိုရင္ မဟုတ္ပါဘူး။ “ငါခ်စ္တဲ့ Art ၊ ရူးသြပ္တဲ့ Art ကို မထီမဲ့ျမင္လုပ္ၾကတယ္ဆိုျပီး ကိုယ့္အသက္ကိုေတာင္ စေတးပစ္တဲ့သူေတြရွိပါတယ္။ အသက္ထက္ Art ကို ပိုျပီး ျမတ္ႏိုးခဲ့သူေတြေပါ့။”

အသက္ဆက္ရွင္ျပီး အခက္အခဲေတြၾကားထဲမွာ ရုန္းကန္ေနတဲ့သူေတြကေတာ့ အခုအခ်ိန္အထိ ရုန္းကန္ေနရေသးတဲ့သူေတြရွိသလို ရုန္းရင္းကန္ရင္းနဲ႔ ေနရာတစ္ခုကို ေရာက္သြားတဲ့သူေတြလည္းရွိခဲ့ပါတယ္။ ေနရာတစ္ေနရာကို မေရာက္ခင္ လမ္းခုလတ္မွာလည္း သူတို႔ေတြ ဒီလိုမ်ိဳးျဖတ္သန္းခဲ့ရပါတယ္။ တန္းတူမဆက္ဆံခံရတဲ့သူေတြျဖစ္တဲ့အတြက္ အေထာက္အပံ့မရခဲ့ဘူး။ စိတ္ဓာတ္ေတြ အေခါက္တစ္သိန္းမက ရိုက္ခ်ိဳးခံရတယ္။ ဒီလိုရိုက္ခ်ိဳးခံရတဲ့ၾကားထဲကမွ ကိုယ့္ကိုယ္ကို ျပန္ထူျပီး အေထာက္အပံ့ရေအာင္ရွာခဲ့ရတယ္။ ရိုက္ခ်ိဳးခံရတဲ့ အၾကိမ္တစ္သိန္းေတြရဲ႕ ႏွစ္ဆေလာက္ ျပန္ျပီး ကိုယ့္ကိုယ္ကို အားေပးရတယ္။ အေထာက္အပံ့ကိုလည္း ကိုယ့္ရဲ႕ လုပ္အားေတြကို ထုတ္ျပျပီးေတာ့မွ တေရႊ႕ေရႊ႕နဲ႔ တစ္လွမ္းခ်င္းလွမ္းခဲ့ရတယ္။

ဒီလိုေျခလွမ္းလွမ္းေနရင္းနဲ႔လည္း ေခ်ာက္ကမး္ပါးထဲက်လုလုနီး လွမ္းေနတဲ့သူေတြရွိသလို ေခ်ာက္ကမ္းပါးထဲ က်သြားခဲ့ရတဲ့သူေတြလည္းရွိပါတယ္။ ေခ်ာက္ကမ္းပါးကို ေက်ာ္ႏိုင္ခဲ့တဲ့သူေတြကိုကေတာ့ ေနရာတစ္ေနရာကို ေရာက္ေအာင္သြားနိုင္ခဲ့ၾကပါတယ္။ ေခ်ာက္ကမ္းပါးထဲေရာက္ျပီး အဲဒီေခ်ာက္ကမ္းပါးကိုပဲ ေပ်ာ္ေမြ႕သြားၾကတဲ့သူေတြကေတာ့ ေလာကရဲ႕ တစ္ဖက္ကမ္းကို ေရာက္သြားၾကပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Art ကို ခ်စ္ျမတ္ႏိုးမိတဲ့ လူသားတစ္ေယာက္အတြက္၊ Artist တစ္ေယာက္အတြက္ သာမန္လူေတြရွင္သန္ေနတယ္ဆိုတဲ့ ေလာကၾကီးမွာ အတူတူရွင္သန္သြားလာေနဖို႔ဆိုတာ မလြယ္ကူလွပါဘူး။ ကိုယ့္ကိုယ္ကို အမ်ားၾကီး အားတင္းထားႏိုင္မွသာ ကိုယ္ရည္မွန္းထားတဲ့ေနရာတစ္ခုကို လက္လွမ္းမွီနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီလိုမ်ိဳးရွင္သန္ရတဲ့သူေတြကိုယ့္ရဲ႕ေဘးမွာ ရွိေနခဲ့တယ္၊ ျမင္ေတြ႔ဖူးတယ္ဆိုရင္ သူတို႔ေတြကို တတ္ႏို္င္သေလာက္ ေဖးမေပးပါ။ ကူညီေပးပါ။ ဖိအားအရမ္းမေပးပါနဲ႔။ အားမေပးခ်င္ရင္ေတာင္ ဒီေလာကမွာ Artist ေတြအတြက္ ရွင္သန္ဖို႔ေနရာေတြရွိပါတယ္ဆိုတာကို သူတို႔သိေအာင္ ျပသေပးရံုပါပဲ။ Art ဆိုတာ ေပ်ာ့ညံ့တဲ့သူေတြအတြက္ စိတ္ထြက္ေပါက္မဟုတ္ခဲ့ဘူးဆိုတာ အားလံုးကို သက္ေသျပရံုသက္သက္အတြက္သာ သူတို႔ရွင္သန္ေနတာ၊ ၾကိဳးစားျပေနတာျဖစ္တဲ့အတြက္ သူတို႔ကို ေဖးမေပးလိုက္တာက အသက္တစ္ေခ်ာင္းကယ္ေပးလိုက္တာနဲ႔ တန္ဖိုးညီပါတယ္ေနာ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Artist တွေ ရှင်သန်ရတဲ့ ဘဝဆိုတာ

အနုပညာကို လူတိုင်းချစ်မြတ်နိုးကြပါတယ်။ စိတ်ဝင်တစားနဲ့လည်း လေ့လာကြတဲ့သူတွေလည်းရှိကြပါတယ်။ ဒီလို လေ့လာမိရင်း အနုပညာကို ဖက်တွယ်မိပြီး ဘဝဆက်နေကြတဲ့သူတွေလည်းရှိသလို ရေစုန်မျောသွားတဲ့သူတွေလည်း ရှိကြပါတယ်။ အခုပြောနေတဲ့အနုပညာဆိုတဲ့ စကားလုံးမှာ သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကိုပဲ ညွှန်းပြနေတာမဟုတ်ခဲ့ပါဘူး။ အခုသုံးနှုန်းနေတဲ့ အနုပညာဆိုတာ Art ပါ။ Art ကို ခံစားမိတဲ့ Artist (အနုပညာရှင်) တိုင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ ပန်းချီဆရာ၊ လက်မှုဆရာ၊ အဆိုတော်တွေ၊ ပန်းထိုးတဲ့သူတွေ အားလုံးနဲ့ ဓာတ်ပုံပညာရှင်၊ Photo Model ၊ Makeup Artist ၊ ဖက်ရှင် ဒီဇိုင်နာတွေ ကို ရည်ညွှန်းချင်တာဖြစ်ပါတယ်။

နောက်တစ်နည်းနဲ့ ခေါ်မယ်ဆိုရင်လည်း Art ကို ခံစားမိတဲ့သူတိုင်း ကိုယ်ခံစားမိသလို ပုံဖော်နေကြသူတိုင်းကို Artist လို့ ခေါ်လို့ရပါတယ်။ ကိုယ်က Artist တစ်ယောက်လာဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ ခွဲခြားနိုင်မလဲလို့ မေးလာနိုင်ပါတယ်။ Artist တွေရဲ့ ရှင်သန်နေထိုင်ပုံက အများနဲ့ မတူပါဘူး။ သာမန်ထဲက လူတစ်ယောက်လို ဝတ်စားနေနိုင်နေပေမယ့်လည်း တကယ်တမ်း ခင်မင်ရင်းနှီးကြည့်တဲ့အချိန်မှာ သူတို့ရဲ့ တွေးခေါ်ပုံတွေ၊ စကားပြောပုံဆိုပုံတွေက လုံးဝမတူညီကြပါဘူး။ သူတို့နဲ့ မတူညီတဲ့ Art ကို မခံစားနိုင်တဲ့သူတွေနဲ့ စကားပြောနေရခဲ့ရင်တောင် သူတို့ရဲ့ အသုံးအနှုန်းတွေကို ပြောင်းပစ်လိုက်တာမျိုးမရှိခဲ့ပါဘူး။ စကားလုံးတစ်လုံးတိုင်းမှာ အဓိပ္ပါယ်တွေအများကြီးပါတယ်။ ရည်ရွယ်ချက်တွေ အများကြီးနဲ့ ချိတ်ဆက်နေတာတွေကို တွေ့ရတယ်။ ဒါတွေဟာ သူတို့ရဲ့ ကွာခြားချက်ပါ။ အချို့ကျတော့လည်း သူတို့ ဝတ်ပုံစားပုံကနေ ချက်ချင်းခန့်မှန်းလို့ရနိုင်တာမျိုးတွေရှိပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန်

ဒီလိုမျိုးအများနဲ့ ကွဲပြားနေတာက သူတို့အတွက် အခက်အခဲတွေရှိလားလို့မေးခဲ့ရင်တော့ ထင်တာထက်ကို အများကြီးရှိနေတယ်လို့ပဲ ဖြေရမှာပါ။ လူတွေက သာမန်ပုံစံတွေထဲကခွဲထွက်နေရင် လက်မခံချင်ကြတော့ပါဘူး။ အဝေးကို တွန်းထုတ်ချင်ကြတယ်။ ချောင်ထဲထိုးထားချင်ကြတယ်။ အများနဲ့ မတူညီတဲ့အတွက် တန်းတူမဆက်ဆံနိုင်ဘူးဆိုပြီး ပစ်ပယ်ကြပါတယ်။ ဒီလိုပစ်ပယ်ခံရတဲ့အတွက် Art ကို ခိုကိုးရာလူမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ ပိုပြီး ဖက်တွယ်လာကြတဲ့သူတွေလည်းရှိသလို Art ကြောင့်လူရာမဝင်ခဲ့လေဘူး ဆိုတဲ့စိတ်နဲ့ ကိုယ်ချစ်တဲ့ Art ကို ရွံရှာသွားကြတဲ့သူတွေလည်း ရှိကြပါတယ်။ သူတို့ ဝေဒနာတွေ ရှင်သန်ခဲ့ရတဲ့အခက်အခဲတွေက ဒီလောက်လေးပဲလားဆိုရင် မဟုတ်ပါဘူး။ “ငါချစ်တဲ့ Art ၊ ရူးသွပ်တဲ့ Art ကို မထီမဲ့မြင်လုပ်ကြတယ်ဆိုပြီး ကိုယ့်အသက်ကိုတောင် စတေးပစ်တဲ့သူတွေရှိပါတယ်။ အသက်ထက် Art ကို ပိုပြီး မြတ်နိုးခဲ့သူတွေပေါ့။”

အသက်ဆက်ရှင်ပြီး အခက်အခဲတွေကြားထဲမှာ ရုန်းကန်နေတဲ့သူတွေကတော့ အခုအချိန်အထိ ရုန်းကန်နေရသေးတဲ့သူတွေရှိသလို ရုန်းရင်းကန်ရင်းနဲ့ နေရာတစ်ခုကို ရောက်သွားတဲ့သူတွေလည်းရှိခဲ့ပါတယ်။ နေရာတစ်နေရာကို မရောက်ခင် လမ်းခုလတ်မှာလည်း သူတို့တွေ ဒီလိုမျိုးဖြတ်သန်းခဲ့ရပါတယ်။ တန်းတူမဆက်ဆံခံရတဲ့သူတွေဖြစ်တဲ့အတွက် အထောက်အပံ့မရခဲ့ဘူး။ စိတ်ဓာတ်တွေ အခေါက်တစ်သိန်းမက ရိုက်ချိုးခံရတယ်။ ဒီလိုရိုက်ချိုးခံရတဲ့ကြားထဲကမှ ကိုယ့်ကိုယ်ကို ပြန်ထူပြီး အထောက်အပံ့ရအောင်ရှာခဲ့ရတယ်။ ရိုက်ချိုးခံရတဲ့ အကြိမ်တစ်သိန်းတွေရဲ့ နှစ်ဆလောက် ပြန်ပြီး ကိုယ့်ကိုယ်ကို အားပေးရတယ်။ အထောက်အပံ့ကိုလည်း ကိုယ့်ရဲ့ လုပ်အားတွေကို ထုတ်ပြပြီးတော့မှ တရွှေ့ရွှေ့နဲ့ တစ်လှမ်းချင်းလှမ်းခဲ့ရတယ်။

ဒီလိုခြေလှမ်းလှမ်းနေရင်းနဲ့လည်း ချောက်ကမ်းပါးထဲကျလုလုနီး လှမ်းနေတဲ့သူတွေရှိသလို ချောက်ကမ်းပါးထဲ ကျသွားခဲ့ရတဲ့သူတွေလည်းရှိပါတယ်။ ချောက်ကမ်းပါးကို ကျော်နိုင်ခဲ့တဲ့သူတွေကိုကတော့ နေရာတစ်နေရာကို ရောက်အောင်သွားနိုင်ခဲ့ကြပါတယ်။ ချောက်ကမ်းပါးထဲရောက်ပြီး အဲဒီချောက်ကမ်းပါးကိုပဲ ပျော်မွေ့သွားကြတဲ့သူတွေကတော့ လောကရဲ့ တစ်ဖက်ကမ်းကို ရောက်သွားကြပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

Art ကို ချစ်မြတ်နိုးမိတဲ့ လူသားတစ်ယောက်အတွက်၊ Artist တစ်ယောက်အတွက် သာမန်လူတွေရှင်သန်နေတယ်ဆိုတဲ့ လောကကြီးမှာ အတူတူရှင်သန်သွားလာနေဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကိုယ့်ကိုယ်ကို အများကြီး အားတင်းထားနိုင်မှသာ ကိုယ်ရည်မှန်းထားတဲ့နေရာတစ်ခုကို လက်လှမ်းမှီနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးရှင်သန်ရတဲ့သူတွေကိုယ့်ရဲ့ဘေးမှာ ရှိနေခဲ့တယ်၊ မြင်တွေ့ဖူးတယ်ဆိုရင် သူတို့တွေကို တတ်နိုင်သလောက် ဖေးမပေးပါ။ ကူညီပေးပါ။ ဖိအားအရမ်းမပေးပါနဲ့။ အားမပေးချင်ရင်တောင် ဒီလောကမှာ Artist တွေအတွက် ရှင်သန်ဖို့နေရာတွေရှိပါတယ်ဆိုတာကို သူတို့သိအောင် ပြသပေးရုံပါပဲ။ Art ဆိုတာ ပျော့ညံ့တဲ့သူတွေအတွက် စိတ်ထွက်ပေါက်မဟုတ်ခဲ့ဘူးဆိုတာ အားလုံးကို သက်သေပြရုံသက်သက်အတွက်သာ သူတို့ရှင်သန်နေတာ၊ ကြိုးစားပြနေတာဖြစ်တဲ့အတွက် သူတို့ကို ဖေးမပေးလိုက်တာက အသက်တစ်ချောင်းကယ်ပေးလိုက်တာနဲ့ တန်ဖိုးညီပါတယ်နော်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။