[Zawgyi]

အေမရိကန္သမၼတေတြရဲ႕  လက္သုံးကား The Beast (Cadillac One)

သမၼတႀကီး Donald Trump က သူစီးတဲ့ The Beast ကားႀကီးကုိ လုိက္ျပၿပီး Kim Jong-un ကုိ ၾကြားခဲ့ပါေသးတယ္။ အေမရိကန္ႏုိင္ငံသမၼတေတြ စီးတဲ့ကားကုိေတာ့ The Beast (Cadillac One) လုိ႔ ေခၚၾကပါတယ္။ အိမ္ျဖဴေတာ္မွာေတာ့ (၁၂) စီးေလာက္ရွိတယ္လုိ႔ သိရပါတယ္။ အေမရိကန္သမၼတေတြဟာ အရင္တုန္းက ျပည္သူလူထုဆီကုိ ခ်ီတက္တဲ့အခါမွာ အမုိးဖြင့္ကားေတြကုိ အသုံးျပဳခဲ့ေပမယ့္ John F. Kennedy (၁၉၆၃ခုႏွစ္ ႏုိဝင္ဘာလ ၂၂ရက္) လုပ္ၾကံခံရၿပီးေနာက္ပုိင္း လုံျခံဳေရးကုိ ပုိသတိထားလာတဲ့သေဘာပါ။

အေမရိကန္သမၼတေတြ စီးၾကတဲ့ကားေတြကုိ ဘယ္ကုမၸဏီက ထုတ္လုပ္တယ္ဆုိတာ တရားဝင္ထုတ္ျပန္တာမ်ိဳး မရွိေပမယ့္ Fox News ရဲ႕အဆုိအရ General Motors က ထုတ္လုပ္တယ္လုိ႔ သိရပါတယ္။ ကားရဲ႕ကာလတန္ေၾကးဟာ အေမရိကန္ေဒၚလာ ၁.၅ သန္းရွိပါတယ္။

The Beast

The Beast

ေသနတ္ဒဏ္ေတြက ကာကြယ္ဖုိ႔ ငါးလက္မထူတဲ့ က်ည္ကာမွန္ေတြကုိ အသုံးျပဳထားတဲ့အျပင္ ကားတံခါးေတြက ရွစ္လက္မအထူရွိတဲ့ သံမဏိေတြနဲ႔ ျပဳလုပ္ထားၿပီး တံခါးတစ္ခ်ပ္ဟာ Boeing 747 ဂ်က္ေလယာဥ္ရဲ႕တံခါးနဲ႔ အေလးခ်ိန္အတူတူပဲလုိ႔ေတာင္ ဆုိထားပါတယ္။

The Beast

The Beast

လမ္းမွာ ေထာင္ထားတဲ့ ဗုံးဒဏ္ကုိ ကာကြယ္ႏုိင္ေစဖုိ႔ Frame ေတြကုိ စနစ္တက်တည္ေဆာက္ထားတဲ့အတြက္ ကားရဲ႕အေလးခ်ိန္က (၈) တန္အထိ ရွိတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အျပင္ဘက္မွာ ဓာတုပစၥည္းနဲ႔ တုိက္ခုိက္မယ္ဆုိရင္ေတာင္ ကားအခန္းထဲမွာေနရင္ အႏၱရာယ္ျဖစ္မွာ မဟုတ္ပါဘူး။

The Beast

The Beast

ဆီတုိင္ကီကုိ က်ည္ကာတစ္ထပ္ခံထားတဲ့အတြက္ ဗုံးမွန္မယ္ဆုိရင္ေတာင္ ေပါက္သြားမွာ မဟုတ္ပါဘူး။ ကားရဲ႕အလ်ားဟာ (၁၈) ေပရွည္တယ္လုိ႔ သိရပါတယ္။ အေရးေပၚအေျခအေနမွာ အသုံးျပဳႏုိင္ဖုိ႔ ကားထဲမွာ သမၼတနဲ႔အမ်ိဳးအစားတူတဲ့ ေသြးႏွစ္ပုိင့္ (၉၄၆ မီလီလီတာ) ကုိ သယ္ေဆာင္လာပါတယ္။ မ်က္ရည္ယိုဗုံး၊ ေသနတ္၊ မီးသတ္ေဆးဘူးနဲ႔ ညၾကည့္မ်က္မွန္ေတြ ပါဝင္ပါတယ္။ ကားကုိ ညၾကည့္ကင္မရာနဲ႔ GPS စနစ္ေတြ တပ္ဆင္ထားၿပီး ၿဂိဳလ္တုကေန ကားရဲ႕လမ္းေၾကာင္းကုိ ဌာနခ်ဳပ္ထံ သတင္းပုိ႔ေနတာျဖစ္ပါတယ္။ ကားကုိ ျပင္ဆင္တဲ့အခါမွာလည္း ပုဂၢလိကဆုိင္ေတြမွာ မအပ္ဘဲနဲ႔ United States Secret Service ကပဲ တာဝန္ယူရတာျဖစ္ပါတယ္။

The Beast

The Beast

သမၼတရဲ႕ The Beast ကားဟာ စက္ခ်ိဳ႕ယြင္းဖုိ႔ မလြယ္ကူလွေပမယ့္ ၂ဝ၁၃ခုႏွစ္ ေမလ (၂ဝ) ရက္ေန႔ Barack Obama ရဲ႕ အစၥေရးႏုိင္ငံခရီးစဥ္မွာ ယာဥ္ေမာင္းက ဓာတ္ဆီအစား ဒီဇယ္ဆီကုိ ထည့္ခဲ့မိလုိ႔ ကားပ်က္ဖူးပါေသးတယ္။ အခုေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြက ႏုိင္ငံေခါင္းေဆာင္ႏွစ္ေယာက္ စီးေနတဲ့ က်ည္ကာကားေတြရဲ႕အေၾကာင္းကုိ လက္လွမ္းမီသေလာက္ တင္ဆင္ေပးသြားတာျဖစ္ပါတယ္။ စာဖတ္သူေတြအေနနဲ႔ သေဘာက်ႏွစ္ခ်ိဳက္ၾကမယ္လုိ႔ သုံးသပ္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အမေရိကန်သမ္မတတွေရဲ့  လက်သုံးကား The Beast (Cadillac One)

သမ္မတကြီး Donald Trump က သူစီးတဲ့ The Beast ကားကြီးကို လိုက်ပြပြီး Kim Jong-un ကို ကြွားခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံသမ္မတတွေ စီးတဲ့ကားကိုတော့ The Beast (Cadillac One) လို့ ခေါ်ကြပါတယ်။ အိမ်ဖြူတော်မှာတော့ (၁၂) စီးလောက်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတတွေဟာ အရင်တုန်းက ပြည်သူလူထုဆီကို ချီတက်တဲ့အခါမှာ အမိုးဖွင့်ကားတွေကို အသုံးပြုခဲ့ပေမယ့် John F. Kennedy (၁၉၆၃ခုနှစ် နိုဝင်ဘာလ ၂၂ရက်) လုပ်ကြံခံရပြီးနောက်ပိုင်း လုံခြုံရေးကို ပိုသတိထားလာတဲ့သဘောပါ။

အမေရိကန်သမ္မတတွေ စီးကြတဲ့ကားတွေကို ဘယ်ကုမ္ပဏီက ထုတ်လုပ်တယ်ဆိုတာ တရားဝင်ထုတ်ပြန်တာမျိုး မရှိပေမယ့် Fox News ရဲ့အဆိုအရ General Motors က ထုတ်လုပ်တယ်လို့ သိရပါတယ်။ ကားရဲ့ကာလတန်ကြေးဟာ အမေရိကန်ဒေါ်လာ ၁.၅ သန်းရှိပါတယ်။

The Beast

The Beast

သေနတ်ဒဏ်တွေက ကာကွယ်ဖို့ ငါးလက်မထူတဲ့ ကျည်ကာမှန်တွေကို အသုံးပြုထားတဲ့အပြင် ကားတံခါးတွေက ရှစ်လက်မအထူရှိတဲ့ သံမဏိတွေနဲ့ ပြုလုပ်ထားပြီး တံခါးတစ်ချပ်ဟာ Boeing 747 ဂျက်လေယာဉ်ရဲ့တံခါးနဲ့ အလေးချိန်အတူတူပဲလို့တောင် ဆိုထားပါတယ်။

The Beast

The Beast

လမ်းမှာ ထောင်ထားတဲ့ ဗုံးဒဏ်ကို ကာကွယ်နိုင်စေဖို့ Frame တွေကို စနစ်တကျတည်ဆောက်ထားတဲ့အတွက် ကားရဲ့အလေးချိန်က (၈) တန်အထိ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာ ဓာတုပစ္စည်းနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် ကားအခန်းထဲမှာနေရင် အန္တရာယ်ဖြစ်မှာ မဟုတ်ပါဘူး။

The Beast

The Beast

ဆီတိုင်ကီကို ကျည်ကာတစ်ထပ်ခံထားတဲ့အတွက် ဗုံးမှန်မယ်ဆိုရင်တောင် ပေါက်သွားမှာ မဟုတ်ပါဘူး။ ကားရဲ့အလျားဟာ (၁၈) ပေရှည်တယ်လို့ သိရပါတယ်။ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ဖို့ ကားထဲမှာ သမ္မတနဲ့အမျိုးအစားတူတဲ့ သွေးနှစ်ပိုင့် (၉၄၆ မီလီလီတာ) ကို သယ်ဆောင်လာပါတယ်။ မျက်ရည်ယိုဗုံး၊ သေနတ်၊ မီးသတ်ဆေးဘူးနဲ့ ညကြည့်မျက်မှန်တွေ ပါဝင်ပါတယ်။ ကားကို ညကြည့်ကင်မရာနဲ့ GPS စနစ်တွေ တပ်ဆင်ထားပြီး ဂြိုလ်တုကနေ ကားရဲ့လမ်းကြောင်းကို ဌာနချုပ်ထံ သတင်းပို့နေတာဖြစ်ပါတယ်။ ကားကို ပြင်ဆင်တဲ့အခါမှာလည်း ပုဂ္ဂလိကဆိုင်တွေမှာ မအပ်ဘဲနဲ့ United States Secret Service ကပဲ တာဝန်ယူရတာဖြစ်ပါတယ်။

The Beast

The Beast

သမ္မတရဲ့ The Beast ကားဟာ စက်ချို့ယွင်းဖို့ မလွယ်ကူလှပေမယ့် ၂ဝ၁၃ခုနှစ် မေလ (၂ဝ) ရက်နေ့ Barack Obama ရဲ့ အစ္စရေးနိုင်ငံခရီးစဉ်မှာ ယာဉ်မောင်းက ဓာတ်ဆီအစား ဒီဇယ်ဆီကို ထည့်ခဲ့မိလို့ ကားပျက်ဖူးပါသေးတယ်။ အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေက နိုင်ငံခေါင်းဆောင်နှစ်ယောက် စီးနေတဲ့ ကျည်ကာကားတွေရဲ့အကြောင်းကို လက်လှမ်းမီသလောက် တင်ဆင်ပေးသွားတာဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ သဘောကျနှစ်ချိုက်ကြမယ်လို့ သုံးသပ်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com