[Zawgyi]

ပရီးမီးယားလိဂ္မွာ အသင္းႀကီးနဲ႔ အသင္းငယ္ေတြၾကား ကြာဟခ်က္ ႀကီးမားေနၿပီလား

ပရီးမီးယားလိဂ္ဆုိတာက တျခားလိဂ္ေတြလုိ မဟုတ္ဘဲ အသင္းတစ္သင္းနဲ႔ တစ္သင္းၾကား ၿပိဳင္ဆုိင္မႈ ျပင္းထန္ၿပီး မထင္မွတ္တဲ့ ရလဒ္ေတြ ထြက္ေပၚေလ့ရွိလုိ႔ အႀကိတ္အနယ္အရွိဆုံး လိဂ္ၿပိဳင္ပဲြအျဖစ္ သတ္မွတ္ခံထားရတယ္။ ၂၀၁၅-၁၆ ရာသီမွာ လက္စတာလုိအသင္းမ်ိဳးက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တာကုိ ၾကည့္ရင္ ပရီးမီးယားလိဂ္ရဲ႕ ျပင္းထန္တဲ့ ၿပိဳင္ဆုိင္မႈကုိ ေတြ႕ႏုိင္တယ္။ ဒါေပမဲ့ အဲဒီေနာက္ပုိင္းႏွ္စ္ေတြမွာ အသင္းႀကီးနဲ႔ အသင္းငယ္ေတြၾကားမွာ ကြာဟခ်က္ႀကီးမားလားဆုိၿပီး ေမးခြန္းထုတ္ရေတာ့မယ္။

2015-16-Premier-League-Champion-Leicester

2015-16-Premier-League-Champion-Leicester

ဒီရာသီ ပုိဆုိးတယ္။ အဆင့္(၇)က စၿပီး အဆင့္(၂၀)အသင္းေတြရဲ႕ ေပးဂုိးဟာ ၿပီးခဲ့တဲ့ရာသီက သူတို႔ သြင္းယူခဲ့တဲ့ ဂုိးအေရအတြက္ထက္ ပုိမ်ားေနတယ္။ ဒီရာသီ ပရီးမီးယားလိဂ္က ပဲြစဥ္(၁၂)အထိ ကစားၿပီးပါၿပီ။ ပဲြစဥ္(၁၂)အၿပီး အသင္း(၃)သင္း (မန္စီးတီး၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီး) ႐ႈံးပဲြမရွိတာက ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ပါပဲ။ အဆင့္(၄)ေနရာက စပါးအသင္းဟာ ဒီရာသီမွာ အသင္းသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး ရာသီအစရလဒ္ေတြကုိ ပုိင္ဆုိင္ထားတယ္။ (၇)ပဲြႏုိင္၊ (၃)ပဲြသေရ၊ (၂)ပဲြ႐ႈံးၿပီး အဆင့္(၅)ေနရာမွာ ရပ္တည္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ ရလဒ္ေတြဟာ သမုိင္းတစ္ေလွ်ာက္ ပဲြစဥ္ (၁၂)အၿပီး အဆင့္(၅)ေနရာရခဲ့တဲ့ အသင္းေတြထဲမွာ အေကာင္းဆုံး ရလဒ္ပါပဲ။

Premier-League-Table

Premier-League-Table

ဒီရာသီမွာ အမွတ္ေပးဇယား ထိပ္ဆုံး(၅)သင္းဟာ အမွတ္ေပးဇယား ေအာက္ေျခ(၅)သင္းနဲ႔ အႀကိမ္(၂၀)ဆုံေတြ႕ခဲ့ၿပီး ပဲြတိုင္းကို အႏုိင္ရခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္စံခ်ိန္တင္ ရမွတ္ျဖစ္တဲ့ အမွတ္(၁၀၀)န႔ဲ ဗုိလ္စဲြခဲ့တဲ့အျပင္ ရာသီအစကတည္းက (၂၂)ပဲြဆက္တိုက္ ႐ႈံးပဲြမရွိခဲ့ဘူး။ ဒါ့အျပင္ အဲဒီ ပဲြေတြမွာ (၄)ဂုိးနဲ႔အထက္ ႏုိင္ပဲြရခဲ့တာက (၁၃)ပဲြအထိရွိခဲ့တယ္။

2017-18-Premier-League-Champion-Man-City

2017-18-Premier-League-Champion-Man-City

ပရီးမီးယားလိဂ္သမုိင္းမွာ ထိပ္ဆုံးအသင္းနဲ႔ က်န္တဲ့အသင္းေတြရဲ႕ၾကားက ကြာဟခ်က္က ဒီေလာက္အထိ တစ္ခါမွ မႀကီးမားခဲ့ဖူးဘူး။ ဒါဟာ ပရီးမီးယားလိဂ္ၿပိဳင္ပဲြရဲ႕ ၿပိဳင္ဆုိင္မႈျပင္းထန္တယ္ဆုိတဲ့ မွတ္တမ္းေကာင္းကုိ ထိခုိက္ေစတဲ့ အခ်က္ပါပဲ။

Manchester-United

Manchester-United

၁၉၉၉ တုန္းက ဖလား(၃)လုံး ဆြတ္ခူးခဲ့ၿပီး သမုိင္း၀င္ေအာင္ျမင္မႈ ရခဲ့တဲ့ မန္ယူအသင္းေတာင္ အဲဒီရာသီ ပရီးမီးယားလိဂ္မွာ အမွတ္ဆုံး႐ႈံးခဲ့တဲ့ပဲြက (၁၆)ပဲြအထိရွိခဲ့တယ္။ အခုျဖစ္လာတာက ပရီးမီးယားလိဂ္ရဲ႕ Big Six အသင္းအခ်င္းခ်င္း ဆုံေတြ႕တဲ့ပဲြေတြသာ ၿပိဳင္ဆုိင္မႈျပင္းထန္ေလ့ရွိၿပီး က်န္တဲ့ပဲြအမ်ားစုက အမွတ္လွဴတဲ့ပဲြေတြ ျဖစ္လာတယ္။ ဒီရာသီမွာ Big Six အသင္းေတြကုိ က်န္တဲ့အသင္းေတြ အႏုိင္ရတဲ့ပဲြက လက္ခ်ိဳးေရလုိ႔ေတာင္ ရေနၿပီ။ ဒီလုိျဖစ္ေနတာက ေငြေၾကးေၾကာင့္ မဟုတ္တာေတာ့ အေသအခ်ာပါပဲ။

Liverpool-vs-Fulham

Liverpool-vs-Fulham

ဘာျဖစ္လုိ႔လဲဆုိေတာ့ အဲဗာတန္၊ ဖူလ္ဟမ္၊ ၀က္စ္ဟမ္းတို႔ရဲ႕ အေျပာင္းအေရႊ႕ အသုံးစရိတ္က ေပါင္သန္း(၁၀၀)နဲ႔အထက္ ရွိခဲ့ၿပီး ဒီလုိ ေငြေတြ သုံးတာေတာင္ အသင္းႀကီးနဲ႔ အသင္းငယ္ေတြၾကား ကြာဟခ်က္ ႀကီးမားလာတာက မယုံႏုိင္စရာပါ။ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကုိ ကမၻာတစ္၀ွမ္းက ပရိသတ္ေတြ ႀကိဳက္ၾကတယ္ဆုိတာက ၿပိဳင္ဆုိင္မႈျပင္းထန္မႈေၾကာင့္ျဖစ္ပါတယ္။

Chelsea

Chelsea

ပရီးမီးယားလိဂ္ အသင္းႀကီးေတြနဲ႔ က်န္တ့ဲအသင္းေတြၾကား Gap က ပုိႀကီးမားလာမယ္ဆုိရင္ေတာ့ ႏွစ္ေပါင္းမ်ားစြာ တည္တ့ံလာတဲ့ ၿပိဳင္ဆုိင္မႈ ျပင္းထန္တယ္ဆုိတဲ့ ဂုဏ္ပုဒ္ကုိ လက္လႊတ္ရမယ့္အေနအထားလုိ႔ပဲ ဆုိပါရေစ . . .

REF:.dreamteamfc
Photo:ExtraTips.com,Dhaka Tribune,Sports Illustrated,DHL InMotion,Fox Sports,We Ain’t Got No History
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်မှာ အသင်းကြီးနဲ့ အသင်းငယ်တွေကြား ကွာဟချက် ကြီးမားနေပြီလား

ပရီးမီးယားလိဂ်ဆိုတာက တခြားလိဂ်တွေလို မဟုတ်ဘဲ အသင်းတစ်သင်းနဲ့ တစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်ပြီး မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်လေ့ရှိလို့ အကြိတ်အနယ်အရှိဆုံး လိဂ်ပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရတယ်။ ၂၀၁၅-၁၆ ရာသီမှာ လက်စတာလိုအသင်းမျိုးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာကို ကြည့်ရင် ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို တွေ့နိုင်တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းနှ်စ်တွေမှာ အသင်းကြီးနဲ့ အသင်းငယ်တွေကြားမှာ ကွာဟချက်ကြီးမားလားဆိုပြီး မေးခွန်းထုတ်ရတော့မယ်။

2015-16-Premier-League-Champion-Leicester

2015-16-Premier-League-Champion-Leicester

ဒီရာသီ ပိုဆိုးတယ်။ အဆင့်(၇)က စပြီး အဆင့်(၂၀)အသင်းတွေရဲ့ ပေးဂိုးဟာ ပြီးခဲ့တဲ့ရာသီက သူတို့ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ထက် ပိုများနေတယ်။ ဒီရာသီ ပရီးမီးယားလိဂ်က ပွဲစဉ်(၁၂)အထိ ကစားပြီးပါပြီ။ ပွဲစဉ်(၁၂)အပြီး အသင်း(၃)သင်း (မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး) ရှုံးပွဲမရှိတာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပါပဲ။ အဆင့်(၄)နေရာက စပါးအသင်းဟာ ဒီရာသီမှာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ရာသီအစရလဒ်တွေကို ပိုင်ဆိုင်ထားတယ်။ (၇)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၂)ပွဲရှုံးပြီး အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းရဲ့ ရလဒ်တွေဟာ သမိုင်းတစ်လျှောက် ပွဲစဉ် (၁၂)အပြီး အဆင့်(၅)နေရာရခဲ့တဲ့ အသင်းတွေထဲမှာ အကောင်းဆုံး ရလဒ်ပါပဲ။

Premier-League-Table

Premier-League-Table

ဒီရာသီမှာ အမှတ်ပေးဇယား ထိပ်ဆုံး(၅)သင်းဟာ အမှတ်ပေးဇယား အောက်ခြေ(၅)သင်းနဲ့ အကြိမ်(၂၀)ဆုံတွေ့ခဲ့ပြီး ပွဲတိုင်းကို အနိုင်ရခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်စံချိန်တင် ရမှတ်ဖြစ်တဲ့ အမှတ်(၁၀၀)နဲ့ ဗိုလ်စွဲခဲ့တဲ့အပြင် ရာသီအစကတည်းက (၂၂)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဒါ့အပြင် အဲဒီ ပွဲတွေမှာ (၄)ဂိုးနဲ့အထက် နိုင်ပွဲရခဲ့တာက (၁၃)ပွဲအထိရှိခဲ့တယ်။

2017-18-Premier-League-Champion-Man-City

2017-18-Premier-League-Champion-Man-City

ပရီးမီးယားလိဂ်သမိုင်းမှာ ထိပ်ဆုံးအသင်းနဲ့ ကျန်တဲ့အသင်းတွေရဲ့ကြားက ကွာဟချက်က ဒီလောက်အထိ တစ်ခါမှ မကြီးမားခဲ့ဖူးဘူး။ ဒါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ထိခိုက်စေတဲ့ အချက်ပါပဲ။

Manchester-United

Manchester-United

၁၉၉၉ တုန်းက ဖလား(၃)လုံး ဆွတ်ခူးခဲ့ပြီး သမိုင်းဝင်အောင်မြင်မှု ရခဲ့တဲ့ မန်ယူအသင်းတောင် အဲဒီရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ဆုံးရှုံးခဲ့တဲ့ပွဲက (၁၆)ပွဲအထိရှိခဲ့တယ်။ အခုဖြစ်လာတာက ပရီးမီးယားလိဂ်ရဲ့ Big Six အသင်းအချင်းချင်း ဆုံတွေ့တဲ့ပွဲတွေသာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး ကျန်တဲ့ပွဲအများစုက အမှတ်လှူတဲ့ပွဲတွေ ဖြစ်လာတယ်။ ဒီရာသီမှာ Big Six အသင်းတွေကို ကျန်တဲ့အသင်းတွေ အနိုင်ရတဲ့ပွဲက လက်ချိုးရေလို့တောင် ရနေပြီ။ ဒီလိုဖြစ်နေတာက ငွေကြေးကြောင့် မဟုတ်တာတော့ အသေအချာပါပဲ။

Liverpool-vs-Fulham

Liverpool-vs-Fulham

ဘာဖြစ်လို့လဲဆိုတော့ အဲဗာတန်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းတို့ရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်က ပေါင်သန်း(၁၀၀)နဲ့အထက် ရှိခဲ့ပြီး ဒီလို ငွေတွေ သုံးတာတောင် အသင်းကြီးနဲ့ အသင်းငယ်တွေကြား ကွာဟချက် ကြီးမားလာတာက မယုံနိုင်စရာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတာက ပြိုင်ဆိုင်မှုပြင်းထန်မှုကြောင့်ဖြစ်ပါတယ်။

Chelsea

Chelsea

ပရီးမီးယားလိဂ် အသင်းကြီးတွေနဲ့ ကျန်တဲ့အသင်းတွေကြား Gap က ပိုကြီးမားလာမယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ တည်တံ့လာတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်ရမယ့်အနေအထားလို့ပဲ ဆိုပါရစေ . . .

REF:.dreamteamfc
Photo:ExtraTips.com,Dhaka Tribune,Sports Illustrated,DHL InMotion,Fox Sports,We Ain’t Got No History
Naing Linn(Akhayar)
www.akhayar.com