[Zawgyi]

ဟာဝိုင္အီထိသြားစရာမလိုဘဲ စားရေတာ့မယ့္ ရန္ကုန္မွာတစ္ဆိုင္တည္းရွိတဲ့ ဟာဝိုင္အီထမင္းသုပ္

ဟာဝိုင္အီထမင္းသုပ္တဲ့? တစ္သက္နဲ႔တစ္ကိုယ္ ရန္ကုန္မွာ တခါမွ မစားဘူး၊ မၾကားဘူးတဲ့ အစားအစာကို ဟိုး ဟာဝိုင္အီေရာက္မွ စားရမယ္ထင္ရင္ မွားၿပီသာမွတ္ေတာ့ဗ်ိဳ႕။

ရန္ကုန္ၿမိဳ႕မွာမွ ဓမၼေစတီလမ္းက Time Link Shopping Mall ထဲမွာ ဟာဝိုင္အီ႐ိုးရာ ထမင္းသုပ္တစ္မ်ိဳးတည္းေရာင္းတဲ့ဆိုင္ေလး ဒီေန႔မွဖြင့္တာတဲ့။ ဟာဝိုင္အီလူမ်ိဳးေတြစြဲစြဲၿမဲၿမဲစားၾကတဲ့၊ ႏိုင္ငံျခားသားေတြအရမ္းႀကိဳက္ၾကတဲ့ ဟာဝိုင္အီထမင္းသုပ္က ဘာလို႔ဒီေလာက္ေတာင္ နာမည္ႀကီးလည္း ဆိုတာ သိခ်င္ၾကၿပီဆိုရင္ အခရာနဲ႔ လိုက္စားလိုက္ၾကစို႔။

ထမင္းကို အသားေတြ၊ အသီးေတြအျပင္၊ ေဆာ့စ္နဲ႔ အေပၚက Topping ေလးေတြထည့္ၿပီး နယ္ဖတ္စားရတဲ့ ထမင္းသုပ္မ်ိဳးေပါ့။ ထူးဆန္းတာက ဒီထမင္းသုပ္ထဲမွာ အသီးေတြပါထည့္သုပ္ၾကတာတဲ့။ အရသာမရွိေလာက္ဘူး၊ မစားတတ္ေလာက္ဘူးထင္တဲ့ ကိုယ္ေတြလို အစားတလိုင္းေတာင္ ေႂကြသြားရေအာင္ အရသာဆန္းဆန္းေလးနဲ႔ ေကာင္းသဗ်ား။

ဆိုင္ေလးနာမည္က The Poke Bar တဲ့။ U.S.A ကေန Franchise လုပ္ထားတဲ့ ဒီဆိုင္ေလးမွာ ထမင္းသုပ္တစ္မ်ိဳးတည္းကို ဟာဝိုင္အီ အရသာမ်ိဳး သုပ္ၿပီးနယ္ဖတ္စားရတာ။

ကဲ…စားခ်င္လွပါၿပီတဲ့။ အရသာရွိတဲ့ထမင္းသုပ္ေလးရဖို႔ ဆိုင္မွာ ဘယ္လိုမွာၿပီး ဘယ္လိုေရြးခ်ယ္ရမလဲဆိုတာ အခရာက ေျပာျပေပးမယ္ေနာ္။

(၁) ပထမဆံုးက အသားကိုေရြးရတာ။ သူတို႔ဆီမွာ ၾကက္သားက ၅၀၀၀ နဲ႔ေစ်းအနည္းဆံုးပဲ။ အဲ့အသားနဲ႔ေစ်းႏႈန္းက တစ္ပြဲစာလံုးေစ်းႏႈန္းကိုေျပာတာတဲ့။ က်န္တာေတြထပ္ထည့္တြက္စရာမလိုေတာ့ဘူး။ တျခား ပုစြန္၊ တူနာ၊ ဆယ္လ္မြန္၊ တိုဖူးတို႔လည္းရွိတယ္။ ပြဲအေသး၊ အႀကီးလည္း ေရြးလို႔ရတယ္။

(၂) ၿပီးရင္ထမင္းေရြးရတယ္။ ထမင္းညိဳနဲ႔ အျဖဴ ၂မ်ိဳးရတယ္။ Diet သမားေတြ၊ Healthy Meal စားခ်င္သူေတြကေတာ့ အညိဳေရြးေပါ့။ ကိုယ္ေတြကေတာ့ အေကာင္းႀကိဳက္ေတာ့ ဆန္ေစးေစးျဖဴျဖဴေလးမွ။

(၃) ၿပီးရင္ ကိုယ္ထည့္မယ့္အသီးေရြးရမယ္။ စပ္စပ္ေလးႀကိဳက္တဲ့သူေတြအတြက္ေတာ့ င႐ုတ္သီးစိမ္းေလးပါေအာင္ေရြးေနာ္။ ေထာပတ္သီး၊ သရက္၊ နာနတ္၊ ပဲစိမ္းေတာင့္၊ ေရညွိ၊ ၾကက္သြန္နီကြင္း၊ သခြားသီး၊ မုန္လာဥနီႀကိဳက္တဲ့ အမ်ိဳး ၅ မ်ိဳးေရြးရတယ္။

(၄) ဒီတခါေဆာ့စ္ေရြးကလွည့္။ ႐ိုး႐ိုးအဆိမ့္ေလး၊ ကေလးေတြအတြက္ဆို Classic Citrus။ စပ္စပ္၊ ေလးေလး၊ ဆိမ့္ဆိမ့္ေလးဆို Spicy Aioli ၊ ႏွမ္းဆီနဲ႔ ရွိန္းတိန္းတိန္းေလးဆို Sesame Ginger၊ ပူပူစပ္စပ္ဆို Vocalno၊ ဝါဆာဘီႀကိဳက္ရင္ Wasabi Aioli ၊ တျခား Teriyaki ၊ Kimchi အရသာအစံုလင္ပဲ။ ကိုယ္ကေတာ့ စပ္စပ္ေလးစားခ်င္ရင္ေတာ့ Spicy Aioli မွာခဲ့တယ္။ ေရြးခ်ယ္မႈကေတာ့ သိပ္မွန္ပဲ။

(၅) အေပၚက ထည့္ဖို႔ Topping ၂မ်ိဳးေရြးရတဲ့ထဲမွာ Tempura အေၾကာ္ေလးေတြရယ္၊ ငါးဥရယ္၊ ၾကက္သြန္ကြင္းေၾကာ္နဲ႔ ႏွမ္းေလးေတြထဲက ေရြးရတယ္။ ကိုယ္ကေတာ့ ငါးဥနဲ႔ တန္ပူရာေၾကာ္ေလးေရြးလိုက္တယ္။

ကဲ…ခနေနေတာ့ ေရာက္ခ်လာပါၿပီ။ အေရာင္စံု၊ အႏွစ္ေတြအိေနတဲ့ ထမင္းသုပ္ပြဲေလး။ ပံုထဲကအတိုင္း ကိုယ့္မ်က္စိေရွ႕ေရာက္ခ်လာတာ။ အဲ့ခ်ိန္ထိ ဘယ္လိုအရသာမ်ိဳးလဲလို႔ သိခ်င္စိတ္ကအငမ္းမရပဲ။

ဓါတ္ပံု႐ိုက္ၿပီး ေမႊတယ္။ ေရာတယ္။ သမတယ္။ ေနာက္ဆံုးႏွံ႔ၿပီထင္လို႔ စားၾကည့္လိုက္မွ အိုးးးးးထမင္းေစးေစးေလးကို mustard လိုေဆာ့စ္ဆိမ့္ဆိမ့္စပ္စပ္ေလးနဲ႔ ေရညွိေတြ ေထာပတ္၊ သရက္၊ နာနတ္သီးေတြေရာတဲ့အခ်ိဳေလးရယ္၊ငါးဥေလးေတြက ဝါးလိုက္တိုင္းတေဖာက္ေဖာက္နဲ႔ အလြန္အက်ဴးပဲ။ အရသာအားလံုးပါးစပ္ထဲေပ်ာ္ဝင္သြားေတာ့မွ တကယ့္ လတ္လတ္ဆတ္ဆတ္ က်န္းမာေရးနဲ႔ညီတဲ့ထမင္းသုပ္တစ္ပြဲကို ေႂကြမိေတာ့တယ္။ ေဆာ့စ္က တကယ့္အသက္ပဲ။ဆိမ့္ဆိမ့္ေလးေလးစပ္စပ္ႀကိဳက္တဲ့သူေတြအတြက္ လံုးဝ အထိအမိအၿငိပဲ။ ေဆာ့စ္လိုရင္လည္း ထပ္ေတာင္းရင္ ထည့္ေပးေသးတယ္။

တကယ္ပါ။ Diet သမားေတြ၊ လံုးဝသန္႔ရွင္းၿပီး က်န္းမာေရးနဲ႔ညီတဲ့ အစားအစာကိုမွ စားခ်င္တဲ့သူေတြအတြက္ လံုးဝ Recommend ေပးပါတယ္။ ေစ်းေတာ့ ပံုမွန္ ထမင္းတစ္ပြဲထက္စာရင္ ေစ်းႀကီးတယ္ထင္ရတယ္။ ဒါေပမယ့္ တိုဟူး၊ ၾကက္နဲ႔ ပုစြန္ကေတာ့ ေစ်းသက္သာတယ္ေျပာရမယ္။ တူနာနဲ႔ ဆယ္လ္မြန္က တစ္ေသာင္းဝန္းက်င္နားေရာက္သြားၿပီေလ။ ဒါေပမယ့္ အသားေတြလတ္ဆတ္တယ္။

အဓိကက တစ္ဆိုင္လံုး သန္႔ျပန္႔ေနတာပဲ။ ဝန္ထမ္းေကာင္မေလးေတြကိုက အစ သန္႔ရွင္းေရးကို ေသခ်ာဂ႐ုစိုက္ထားေပးတယ္။ စားပြဲေလးေတြနဲ႔ ဆိုင္ေလးကက်ဥ္းေပမယ့္ ေတာ္ေတာ္သန္႔ၿပီး လင္းလင္းထင္းထင္းထိုင္လို႔ေကာင္းတယ္။ Healthy Meal ႀကီးေတြကို အရသာမရွိဘဲ ဒုကၡခံစားေနရတဲ့သူေတြအတြက္ ဒီဟာဝိုင္အီထမင္းသုပ္ေလးက တကယ့္ နတ္အစားစာပဲလို႔ ၫႊန္းခ်င္မိတယ္။

လင့္လမ္းနဲ႔ဓမၼေစတီလမ္းေထာင့္က Time Link Shopping Mall အလယ္ Krispy Kreme ဆိုင္ေနာက္ဘက္မွာ The Poke Bar ဆိုတဲ့ ဟာဝိုင္အီထမင္းသုပ္ဆိုင္ေလးရွိတယ္ေနာ္။ မနက္ ၁၀နာရီကေန ည ၉ ေလာက္ထိဖြင့္တယ္တဲ့။

ဟာဝိုင္အီမေရာက္ဖူးေသးသေရြ႕ေတာ့ ရန္ကုန္မွာ ဟာဝိုင္အီထမင္းသုပ္ဆိုင္ေလးေရာက္တုန္း တစ္သက္မွာတစ္ခါ ဟာဝိုင္အီေရာက္ေနတယ္အမွတ္နဲ႔ စိတ္ကူးယဥ္ၿပီး စားၾကည့္လိုက္ပါဦးဗ်ိဳ႕။

[Unicode]

ဟာဝိုင်အီထိသွားစရာမလိုဘဲ စားရတော့မယ့် ရန်ကုန်မှာတစ်ဆိုင်တည်းရှိတဲ့ ဟာဝိုင်အီထမင်းသုပ်

ဟာဝိုင်အီထမင်းသုပ်တဲ့? တစ်သက်နဲ့တစ်ကိုယ် ရန်ကုန်မှာ တခါမှ မစားဘူး၊ မကြားဘူးတဲ့ အစားအစာကို ဟိုး ဟာဝိုင်အီရောက်မှ စားရမယ်ထင်ရင် မှားပြီသာမှတ်တော့ဗျို့။

ရန်ကုန်မြို့မှာမှ ဓမ္မစေတီလမ်းက Time Link Shopping Mall ထဲမှာ ဟာဝိုင်အီရိုးရာ ထမင်းသုပ်တစ်မျိုးတည်းရောင်းတဲ့ဆိုင်လေး ဒီနေ့မှဖွင့်တာတဲ့။ ဟာဝိုင်အီလူမျိုးတွေစွဲစွဲမြဲမြဲစားကြတဲ့၊ နိုင်ငံခြားသားတွေအရမ်းကြိုက်ကြတဲ့ ဟာဝိုင်အီထမင်းသုပ်က ဘာလို့ဒီလောက်တောင် နာမည်ကြီးလည်း ဆိုတာ သိချင်ကြပြီဆိုရင် အခရာနဲ့ လိုက်စားလိုက်ကြစို့။

ထမင်းကို အသားတွေ၊ အသီးတွေအပြင်၊ ဆော့စ်နဲ့ အပေါ်က Topping လေးတွေထည့်ပြီး နယ်ဖတ်စားရတဲ့ ထမင်းသုပ်မျိုးပေါ့။ ထူးဆန်းတာက ဒီထမင်းသုပ်ထဲမှာ အသီးတွေပါထည့်သုပ်ကြတာတဲ့။ အရသာမရှိလောက်ဘူး၊ မစားတတ်လောက်ဘူးထင်တဲ့ ကိုယ်တွေလို အစားတလိုင်းတောင် ကြွေသွားရအောင် အရသာဆန်းဆန်းလေးနဲ့ ကောင်းသဗျား။

ဆိုင်လေးနာမည်က The Poke Bar တဲ့။ U.S.A ကနေ Franchise လုပ်ထားတဲ့ ဒီဆိုင်လေးမှာ ထမင်းသုပ်တစ်မျိုးတည်းကို ဟာဝိုင်အီ အရသာမျိုး သုပ်ပြီးနယ်ဖတ်စားရတာ။

ကဲ…စားချင်လှပါပြီတဲ့။ အရသာရှိတဲ့ထမင်းသုပ်လေးရဖို့ ဆိုင်မှာ ဘယ်လိုမှာပြီး ဘယ်လိုရွေးချယ်ရမလဲဆိုတာ အခရာက ပြောပြပေးမယ်နော်။

(၁) ပထမဆုံးက အသားကိုရွေးရတာ။ သူတို့ဆီမှာ ကြက်သားက ၅၀၀၀ နဲ့ဈေးအနည်းဆုံးပဲ။ အဲ့အသားနဲ့ဈေးနှုန်းက တစ်ပွဲစာလုံးဈေးနှုန်းကိုပြောတာတဲ့။ ကျန်တာတွေထပ်ထည့်တွက်စရာမလိုတော့ဘူး။ တခြား ပုစွန်၊ တူနာ၊ ဆယ်လ်မွန်၊ တိုဖူးတို့လည်းရှိတယ်။ ပွဲအသေး၊ အကြီးလည်း ရွေးလို့ရတယ်။

(၂) ပြီးရင်ထမင်းရွေးရတယ်။ ထမင်းညိုနဲ့ အဖြူ ၂မျိုးရတယ်။ Diet သမားတွေ၊ Healthy Meal စားချင်သူတွေကတော့ အညိုရွေးပေါ့။ ကိုယ်တွေကတော့ အကောင်းကြိုက်တော့ ဆန်စေးစေးဖြူဖြူလေးမှ။

(၃) ပြီးရင် ကိုယ်ထည့်မယ့်အသီးရွေးရမယ်။ စပ်စပ်လေးကြိုက်တဲ့သူတွေအတွက်တော့ ငရုတ်သီးစိမ်းလေးပါအောင်ရွေးနော်။ ထောပတ်သီး၊ သရက်၊ နာနတ်၊ ပဲစိမ်းတောင့်၊ ရေညှိ၊ ကြက်သွန်နီကွင်း၊ သခွားသီး၊ မုန်လာဥနီကြိုက်တဲ့ အမျိုး ၅ မျိုးရွေးရတယ်။

(၄) ဒီတခါဆော့စ်ရွေးကလှည့်။ ရိုးရိုးအဆိမ့်လေး၊ ကလေးတွေအတွက်ဆို Classic Citrus။ စပ်စပ်၊ လေးလေး၊ ဆိမ့်ဆိမ့်လေးဆို Spicy Aioli ၊ နှမ်းဆီနဲ့ ရှိန်းတိန်းတိန်းလေးဆို Sesame Ginger၊ ပူပူစပ်စပ်ဆို Vocalno၊ ဝါဆာဘီကြိုက်ရင် Wasabi Aioli ၊ တခြား Teriyaki ၊ Kimchi အရသာအစုံလင်ပဲ။ ကိုယ်ကတော့ စပ်စပ်လေးစားချင်ရင်တော့ Spicy Aioli မှာခဲ့တယ်။ ရွေးချယ်မှုကတော့ သိပ်မှန်ပဲ။

(၅) အပေါ်က ထည့်ဖို့ Topping ၂မျိုးရွေးရတဲ့ထဲမှာ Tempura အကြော်လေးတွေရယ်၊ ငါးဥရယ်၊ ကြက်သွန်ကွင်းကြော်နဲ့ နှမ်းလေးတွေထဲက ရွေးရတယ်။ ကိုယ်ကတော့ ငါးဥနဲ့ တန်ပူရာကြော်လေးရွေးလိုက်တယ်။

ကဲ…ခနနေတော့ ရောက်ချလာပါပြီ။ အရောင်စုံ၊ အနှစ်တွေအိနေတဲ့ ထမင်းသုပ်ပွဲလေး။ ပုံထဲကအတိုင်း ကိုယ့်မျက်စိရှေ့ရောက်ချလာတာ။ အဲ့ချိန်ထိ ဘယ်လိုအရသာမျိုးလဲလို့ သိချင်စိတ်ကအငမ်းမရပဲ။

ဓါတ်ပုံရိုက်ပြီး မွှေတယ်။ ရောတယ်။ သမတယ်။ နောက်ဆုံးနှံ့ပြီထင်လို့ စားကြည့်လိုက်မှ အိုးးးးးထမင်းစေးစေးလေးကို mustard လိုဆော့စ်ဆိမ့်ဆိမ့်စပ်စပ်လေးနဲ့ ရေညှိတွေ ထောပတ်၊ သရက်၊ နာနတ်သီးတွေရောတဲ့အချိုလေးရယ်၊ငါးဥလေးတွေက ဝါးလိုက်တိုင်းတဖောက်ဖောက်နဲ့ အလွန်အကျူးပဲ။ အရသာအားလုံးပါးစပ်ထဲပျော်ဝင်သွားတော့မှ တကယ့် လတ်လတ်ဆတ်ဆတ် ကျန်းမာရေးနဲ့ညီတဲ့ထမင်းသုပ်တစ်ပွဲကို ကြွေမိတော့တယ်။ ဆော့စ်က တကယ့်အသက်ပဲ။ဆိမ့်ဆိမ့်လေးလေးစပ်စပ်ကြိုက်တဲ့သူတွေအတွက် လုံးဝ အထိအမိအငြိပဲ။ ဆော့စ်လိုရင်လည်း ထပ်တောင်းရင် ထည့်ပေးသေးတယ်။

တကယ်ပါ။ Diet သမားတွေ၊ လုံးဝသန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီတဲ့ အစားအစာကိုမှ စားချင်တဲ့သူတွေအတွက် လုံးဝ Recommend ပေးပါတယ်။ ဈေးတော့ ပုံမှန် ထမင်းတစ်ပွဲထက်စာရင် ဈေးကြီးတယ်ထင်ရတယ်။ ဒါပေမယ့် တိုဟူး၊ ကြက်နဲ့ ပုစွန်ကတော့ ဈေးသက်သာတယ်ပြောရမယ်။ တူနာနဲ့ ဆယ်လ်မွန်က တစ်သောင်းဝန်းကျင်နားရောက်သွားပြီလေ။ ဒါပေမယ့် အသားတွေလတ်ဆတ်တယ်။

အဓိကက တစ်ဆိုင်လုံး သန့်ပြန့်နေတာပဲ။ ဝန်ထမ်းကောင်မလေးတွေကိုက အစ သန့်ရှင်းရေးကို သေချာဂရုစိုက်ထားပေးတယ်။ စားပွဲလေးတွေနဲ့ ဆိုင်လေးကကျဉ်းပေမယ့် တော်တော်သန့်ပြီး လင်းလင်းထင်းထင်းထိုင်လို့ကောင်းတယ်။ Healthy Meal ကြီးတွေကို အရသာမရှိဘဲ ဒုက္ခခံစားနေရတဲ့သူတွေအတွက် ဒီဟာဝိုင်အီထမင်းသုပ်လေးက တကယ့် နတ်အစားစာပဲလို့ ညွှန်းချင်မိတယ်။

လင့်လမ်းနဲ့ဓမ္မစေတီလမ်းထောင့်က Time Link Shopping Mall အလယ် Krispy Kreme ဆိုင်နောက်ဘက်မှာ The Poke Bar ဆိုတဲ့ ဟာဝိုင်အီထမင်းသုပ်ဆိုင်လေးရှိတယ်နော်။ မနက် ၁၀နာရီကနေ ည ၉ လောက်ထိဖွင့်တယ်တဲ့။

ဟာဝိုင်အီမရောက်ဖူးသေးသရွေ့တော့ ရန်ကုန်မှာ ဟာဝိုင်အီထမင်းသုပ်ဆိုင်လေးရောက်တုန်း တစ်သက်မှာတစ်ခါ ဟာဝိုင်အီရောက်နေတယ်အမှတ်နဲ့ စိတ်ကူးယဉ်ပြီး စားကြည့်လိုက်ပါဦးဗျို့။