နောက်ဆုံးမှာတော့ Sony ဟာ အသုံးပြုသူ တွေအများဆုံးတောင်းဆိုထားတဲ့ Feature တစ်ခုကိုထည့်သွင်းလိုက်ပါတယ်။ ခုချိန်ကစပြီး အသုံးပြုသူတွေဟာ သူတို့ရဲ့ Online Name တွေကိုပြောင်းလဲလို့ရတော့မှာပါ။ PlayStation 4 ရဲ့ Online Service ဖြစ်တဲ့ PlayStation Network (PSN)ဟာ Sony ရဲ့ အရင် PlayStation Console စထွက်ခဲ့ကတည်းက အသုံးပြုသူတွေကို Username ပြောင်းခွင့်မပြုခဲ့ပါဘူး။

ဒါ့ကြောင့် Upload လုပ်ထားတဲ့ Cloud Saves တွေ၊ ဝယ်ယူထားတဲ့ Games တွေ၊ Friends တွေအားလုံးဟာ User တွေ Signed Up လုပ်ထားတဲ့ PSN ID နဲ့လာလာငြိနေပါတယ်။ အသစ်တစ်ခုလုပ်လိုက်ရင်လည်း ဝယ်ထားသမျှတွေ၊ saves တွေအားလုံးပါသွားမှာဖြစ်တဲ့အတွက် သိပ်အဆင်မပြေလှပါဘူး။ ဒါ့ကြောင့် Sony က PSN Names တွေ Change ခွင့်ပေးလိုက်တဲ့ကိစ္စဟာ ပွက်လောရိုက်နေတာပါ။

April 10ရက်နေ့ကနေစပြီးတော့ Playstation 4 နဲ့ PSN ID ရှိသူတိုင်း နာမည် တစ်ခါ Free ပြောင်းခွင့်ရမှာဖြစ်ပြီး နောက်ပိုင်းပြောင်းချင်ရင်တော့ တစ်ခါပြောင်းရင် $10 ကျသင့်မှာဖြစ်ပါတယ်။

နာမည်ပြောင်းချင်ရင်တော့ PlayStation 4 Console ဒါမှမဟုတ် Web Browser တစ်ခုခုကနေပြောင်းလို့ရမှာပါ။ PlayStation 3 နဲ့ Vita Consoles တွေကိုသုံးပြီးပြောင်းလို့ရမှာတော့မဟုတ်ပါဘူး။

PlayStation Network ရဲ့တည်ဆောက်ပုံကြောင့် နာမည်ပြောင်းတဲ့ အခါ သတိပေးချက်တချို့နဲ့ကြုံရပါတယ်။ ဒီထဲကတစ်ချက်ကတော့ April 1, 2018 မတိုင်ခင် ထုတ်ထားတဲ့ Game တွေနဲ့ပတ်သက်ပြီး နာမည် Change မယ်ဆိုရင် မူမမှန်တဲ့ ကိစ္စတွေနဲ့ကြုံတွေ့ရနိုင်တယ် ဆိုတဲ့အချက်ပါပဲ။ Blog Post တစ်ခုမှာ ဒီနာမည် Change ခွင့်ပြုလိုက်တဲ့အကြောင်းကို အသိပေးထုတ်ပြန်ခဲ့ပြီး PS 4 Game အများစု မှာ နာမည် Change တာကို အခက်အခဲမရှိလုပ်ဆောင်နိုင်သွားမှာဖြစ်ပြီး တချို့ Game တွေမှာတော့ နာမည် Change တဲ့အခါ ပြဿနာအကြီးစားလေးတွေပေါ်လာနိုင်တယ် လို့ ပြောသွားခဲ့ပါတယ်။

ဒါဆိုဒီ ပြဿနာအကြီးစားလေး တွေက ဘာတွေလဲ။

-အချို့ Area တွေမှာ သင့် Online ID အဟောင်းကို သင်ရော သူများတွေပါ မြင်ရနိုင်ပါတယ်။

– Saved ထားတဲ့ Dataတွေ, Leaderboard Dataတွေ၊ Trophies တွေ စတဲ့ Ingame Processes တွေကိုဆုံးရှုံးနိုင်ပါတယ်။

– Online ဖြစ်ဖြစ် Offline ဖြစ်ဖြစ် Game နဲ့ Application ရဲ့ အချို့နေရာတွေဟာ ပုံမှန်အလုပ်လုပ်မှာမဟုတ်ပါဘူး။

– Game အတွက် Add-ons, Virtual Currency စတဲ့ Content တွေကိုဆုံးရှုံးသွားနိုင်ပါတယ်။

Ref; Business Insider

SiD (Akhayar)

www.akhayar.com