[Zawgyi]

ထိပ္ဆုံးေနရာကုိ ေရာက္ဖုိ႔အတြက္ ပုိင္ဆုိင္သမွ်ေတြကုိ စြန္႔လႊတ္ခဲ့ရတဲ့ အီသာရစ္ခ်္ Etheridge

ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ မတူညီတဲ့ႏုိင္ငံေပါင္း (၆၆)ႏုိင္ငံက ကစားသမားေတြ ပါ၀င္ကစားေနၿပီး အဲဒီထဲကမွ ပရိသတ္ေတြ အာ႐ုံစုိက္ခံေနရတဲ့ ကစားသမားတစ္ဦးရွိပါတယ္။ အဲဒီကစားသမားကေတာ့ တန္းတက္ ကာဒဖ္စ္အသငး္က ဖိလစ္ပုိင္လက္ေရြးစင္ဂုိးသမား အီသာရစ္ခ်္ Etheridge ပါပဲ။ အဂၤလိပ္လူမ်ိဳး ဖခင္နဲ႔ ဖိလစ္ပုိင္လူမ်ိဳး မိခင္ဆီကေန ေမြးဖြားလာတ့ဲ အီသာရစ္ခ်္ဟာ လန္ဒန္မွာ ေမြးဖြားႀကီးျပင္းခဲ့သူျဖစ္ေပမယ့္ မိခင္ျဖစ္သူ Filipina Merlinda Dula ရဲ႕ ဖိလစ္ပုိင္ႏုိင္ငံအတြက္ ကုိယ္စားျပဳကစားဖုိ႔ ေရြးခ်ယ္ခဲ့သူျဖစ္ပါတယ္။ အီသာရစ္ခ်္ဟာ ပရီးမီးယားလိဂ္လုိ အဂၤလန္ထိပ္တန္းအဆင့္ၿပိဳင္ပဲြမွာ ပါ၀င္ကစားခြင့္ရဖုိ႔ သူ ေလွ်ာက္လွမ္းခဲ့ရတဲ့ ခရီးက ၾကမ္းတန္းလြန္းခဲ့တယ္။ ေဘာလုံးအားကစားနည္းကုိ ၀ါသနာ ပါလြန္းလုိ႔ သူပုိင္ဆုိင္တဲ့ အိမ္၊ ကားေတြကုိ ေရာင္းခ်ၿပီး ေဘာလုံးသမားဘ၀ကုိ အသက္ဆက္ႏုိင္ေအာင္ ႀကိဳးပမ္းခဲ့ရသူပါ။

Philippine-goalkeeper-Neil-Etheridge

Philippine-goalkeeper-Neil-Etheridge

၂၀၁၄ ေႏြရာသီမွာ သူ႔ ေဘာလုံးသမားဘ၀ စတင္ခဲ့တဲ့ ဖူလ္ဟမ္အသင္းနဲ႔ လမ္းခဲြခဲ့ရတဲ့ေနာက္ အီသာရစ္ခ်္ရဲ႕ ရည္မွန္းခ်က္ေတြက အဆုံးသတ္လုနီးပါးျဖစ္ခဲ့ရဖူးတယ္။ ဒါေပမဲ့ အီသာရစ္ခ်္ကေတာ့ သူ႔ရဲ႕အိပ္မက္ေတြကုိ လြယ္လြယ္နဲ႔ မလႊတ္ခ်ခဲ့ဘူး။ “အသင္းလက္မဲ့ဘ၀နဲ႔ ကၽြန္ေတာ္ (၅)လေလာက္ ျဖတ္သန္းခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ကၽြန္ေတာ့္ရဲ႕ Career ကုိ လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ႀကိဳးစားခဲ့ရၿပီး ခ်ာလ္တန္အသင္းမွာ ေလ့က်င့္ခြင့္ရဖုိ႔အတြက္ ကၽြန္ေတာ္ ေငြေပးခဲ့ရတယ္။ အဲဒီအခ်ိန္ကာလတုန္းက ကၽြန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ေတြအတြက္ အစြမ္းကုန္ႀကိဳးပမ္းခဲ့ရပါတယ္။ အိမ္ကုိ ေရာင္းခဲ့တယ္၊ ကားကုိလည္း ေရာင္းခဲ့ရတယ္။ အဂၤလန္ေျမကုိေတာင္ စြန္႔ခြာၿပီး ဖိလစ္ပုိင္ႏုိင္ငံကုိ ျပန္ဖုိ႔အထိ စဥ္းစားခဲ့တာပါ။ ဒါေပမဲ့ ကံေကာင္းေထာက္မလုိ႔ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ကုိ အုိးလ္ဟမ္းအသင္းက အရန္ဂုိးသမားအျဖစ္ စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ကမ္းလွမ္းခဲ့တာေၾကာင့္ ခ်က္ခ်င္းလက္ခံခဲ့တယ္။ အဲဒီမတိုင္ခင္ကဆုိရင္ မန္ခ်က္စတာမွာရွိတဲ့ သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ သြားေနခဲ့ရၿပီး အိပ္စရာေနရာမရွိလုိ႔ ဆုိဖာေပၚမွာ အိပ္ခဲ့ရတဲ့ဘ၀ပါ”လုိ႔ အီသာရစ္ခ်္က ေနာက္ေၾကာင္းျပန္ခဲ့ပါတယ္။

Etheridge-shakes-hands-with-a-participant-of-his-Goalkeeping-School

Etheridge-shakes-hands-with-a-participant-of-his-Goalkeeping-School

အီသာရစ္ခ်္က အုိးလ္ဟမ္းအသင္းအတြက္ တစ္ပဲြသာကစားခဲ့ရၿပီး သိပ္မၾကာခင္မွာပဲ သူ အငွားနဲ႔ကစားခဲ့ဖူးတဲ့ ခ်ာလ္တန္အသင္းက ျပန္လည္ေခၚယူခဲ့တယ္။ အီသာရစ္ခ်္က “အဲဒီတုန္းက ႀကံဳေတြ႕ခဲ့ရတဲ့ အေတြ႕အႀကံဳေတြက ကၽြန္ေတာ့္ကုိ စိတ္ဓာတ္ ႀကံ့ခုိင္လာေအာင္ ဖန္တီးေပးခဲ့တယ္။ အဲဒီကာလေတြဟာ အတိတ္မွာ က်န္ခဲ့ၿပီျဖစ္ေပမယ့္ ကၽြန္ေတာ္ ဘယ္ေတာ့မွ ေမ့ႏုိင္မွာ မဟုတ္ပါဘူး”လုိ႔ ဆုိခဲ့တယ္။

A-difficult-start-to-his-career-meant-that-he-was-forced-to-sell-his-house-and-his-car

A-difficult-start-to-his-career-meant-that-he-was-forced-to-sell-his-house-and-his-car

ဘ၀ဆုိတာက ‘ေရစီးတစ္ခါ ေရသာတစ္လွည့္’ ဆုိတဲ့အတုိင္းပဲ အီသာရစ္ခ်္အတြက္ ကံၾကမၼာက မ်က္ႏွာသာ ေပးတ့ဲအလွည့္ကုိ ေရာက္ရွိခဲ့ပါၿပီ။ ၂၀၁၅ ခုႏွစ္မွာ ၀ါေဆာလ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့ၿပီး (၂)ႏွစ္အၾကာမွာပဲ ကာဒစ္ဖ္အသင္းဆီ ေရာက္ရွိခဲ့တယ္။ ကာဒစ္ဖ္အသင္းကုိ စတင္ေရာက္ရွိခဲ့တဲ့အခ်ိန္က စလုိ႔ အီသာရစ္ခ်္ဟာ လက္စြမ္းျပကစားႏုိင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ လိဂ္ခ်န္ပီယံရွစ္မွာ (၄၅)ပဲြကစား၊ Clean Sheet (၁၉)ပဲြရေအာင္ စြမ္းေဆာင္ခဲ့တဲ့အျပင္ ကာဒစ္ဖ္အသင္း ပရီးမီးယားလိဂ္ၿပိဳင္ပဲြကုိ တစ္ေက်ာ႔ျပန္တက္လွမ္းခဲ့တာမွာ အီသာရစ္ခ်္ရဲ႕ လက္စြမ္းက အဓိကက်ခဲ့တယ္။ ဒါ့အျပင္ အေရွ႕ေတာင္အာရွေဘာလုံးေလာက အတြက္ ဂုဏ္ယူစရာမွတ္တမ္းျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ ကစားခြင့္ရခဲ့တဲ့ ပထမဆုံး ဖိလစ္ပုိင္ကစားသမားဆုိတဲ့ ဂုဏ္ပုဒ္ကုိ ဘုန္းေမာက္နဲ႔ပဲြအၿပီးမွာ စုိက္ထူႏုိင္ခဲ့တယ္။

Etheridge-saves-Kenedy-penalty-to-deny-10-man-Newcastle-victory

Etheridge-saves-Kenedy-penalty-to-deny-10-man-Newcastle-victory

ေနာက္ၿပီး ဘုန္းေမာက္နဲ႔ပဲြမွာ ပယ္နယ္တီ ကာကြယ္ႏုိင္ခဲ့တဲ့အတြက္လည္း ၂၀၁၃ ခုႏွစ္က ဟားလ္စီးတီးဂုိးသမား မက္ဂရီေဂၚ McGregor ေနာကပ္ပုိင္း ပရီးမီးယားလိဂ္ပဲြဦးထြက္မွာ ပယ္နယ္တီ ကာကြယ္ႏုိင္ခဲ့သူအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး၊ နယူးကာဆယ္နဲ႔ပဲြမွာလည္း ပယ္နယ္တီ ကာကြယ္ႏုိင္ခဲ့ၿပီး ကာဒစ္ဖ္အသင္းအတြက္ ဒီရာသီ ပထမဆုံး တစ္မွတ္ကုိ ရယူေပးခဲ့တယ္။ အီသာရစ္ခ်္က “၂၀၁၈ ခုႏွစ္က ကၽြန္ေတာ့္အတြက္ ေအာင္ျမင္တဲ့ ႏွစ္တစ္ႏွစ္လုိ႔ ဆုိရမယ္။ ကၽြန္ေတာ္တို႔အသင္း ပရီးမီးယားလိဂ္ကုိ ျပန္ေရာက္လာခဲ့တယ္၊ ဖိလစ္ပုိင္အသင္းကလည္း အသင္းသမုိင္းတစ္ေလွ်ာက္မွာ ပထမဆုံးအႀကိမ္ အာရွဖလားေျခစစ္ပဲြ ေအာင္ျမင္ခဲ့တယ္။ ကၽြန္ေတာ္ကုိယ္တိုင္ကလည္း ပရီးမီးယားလိဂ္မွာ ကစားခြင့္ရခဲ့တဲ့ ပထမဆုံး ဖိလစ္ပုိင္ႏုိင္ငံသား၊ ပထမဆုံး အေရွ႕ေတာင္အာရွ ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ဒီလုိ မွတ္တမ္း၀င္ဖို႔ ခရီးရွည္ႀကီးကုိ ကၽြန္ေတာ္ ေလွ်ာက္လွမ္းခဲ့ရတာျဖစ္လုိ႔ တကယ့္ကုိ ဂုဏ္ယူစရာပါပဲ”လုိ႔ ေျပာၾကားခဲ့တယ္။

Etheridge-became-the-first-player-from-the-Philippines-to-play-in-the-English-League-

Etheridge-became-the-first-player-from-the-Philippines-to-play-in-the-English-League-

ပရိသတ္ႀကီးေရ . . . ေအာင္ျမင္မႈပန္းတိုင္ဆုိတာက လြယ္လြယ္ကူ ရယူႏုိင္မယ့္အရာ မဟုတ္ဘူးဆုိတာ အားလုံးအသိပါပဲ။ အခုအခ်ိန္မွာ အီသာရစ္ခ်္က ထုိက္သင့္တဲ့ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီဆုိေပမယ့္ အဆင့္အတန္းတစ္ခုကုိ ေရာက္ဖုိ႔ဆုိရင္ေတာ့ ေနာက္ထပ္ အမ်ားႀကီး ႀကိဳးစားရပါဦးမယ္။ ဘာပဲျဖစ္ျဖစ္ ကုိယ့္ရဲ႕ အိပ္မက္ေတြကုိ ယုံၾကည္ခ်က္အျပည့္နဲ႔ ဖန္တီးေနတဲ့ အီသာရစ္ခ်္ကုိေတာ့ ကၽြန္ေတာ္တို႔ေတြ ခ်ီးက်ဴးဂုဏ္ျပဳရမွာပဲျဖစ္ပါေတာ့တယ္ . . . .

REF:Marca
Photo:Cardiff City,ESPN,ABS-CBN News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ထိပ်ဆုံးနေရာကို ရောက်ဖို့အတွက် ပိုင်ဆိုင်သမျှတွေကို စွန့်လွှတ်ခဲ့ရတဲ့ အီသာရစ်ချ် Etheridge

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့နိုင်ငံပေါင်း (၆၆)နိုင်ငံက ကစားသမားတွေ ပါဝင်ကစားနေပြီး အဲဒီထဲကမှ ပရိသတ်တွေ အာရုံစိုက်ခံနေရတဲ့ ကစားသမားတစ်ဦးရှိပါတယ်။ အဲဒီကစားသမားကတော့ တန်းတက် ကာဒဖ်စ်အသင်းက ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား အီသာရစ်ချ် Etheridge ပါပဲ။ အင်္ဂလိပ်လူမျိုး ဖခင်နဲ့ ဖိလစ်ပိုင်လူမျိုး မိခင်ဆီကနေ မွေးဖွားလာတဲ့ အီသာရစ်ချ်ဟာ လန်ဒန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပေမယ့် မိခင်ဖြစ်သူ Filipina Merlinda Dula ရဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ကိုယ်စားပြုကစားဖို့ ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ အီသာရစ်ချ်ဟာ ပရီးမီးယားလိဂ်လို အင်္ဂလန်ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ သူ လျှောက်လှမ်းခဲ့ရတဲ့ ခရီးက ကြမ်းတန်းလွန်းခဲ့တယ်။ ဘောလုံးအားကစားနည်းကို ဝါသနာ ပါလွန်းလို့ သူပိုင်ဆိုင်တဲ့ အိမ်၊ ကားတွေကို ရောင်းချပြီး ဘောလုံးသမားဘဝကို အသက်ဆက်နိုင်အောင် ကြိုးပမ်းခဲ့ရသူပါ။

Philippine-goalkeeper-Neil-Etheridge

Philippine-goalkeeper-Neil-Etheridge

၂၀၁၄ နွေရာသီမှာ သူ့ ဘောလုံးသမားဘ၀ စတင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့နောက် အီသာရစ်ချ်ရဲ့ ရည်မှန်းချက်တွေက အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရဖူးတယ်။ ဒါပေမဲ့ အီသာရစ်ချ်ကတော့ သူ့ရဲ့အိပ်မက်တွေကို လွယ်လွယ်နဲ့ မလွှတ်ချခဲ့ဘူး။ “အသင်းလက်မဲ့ဘဝနဲ့ ကျွန်တော် (၅)လလောက် ဖြတ်သန်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ Career ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကြိုးစားခဲ့ရပြီး ချာလ်တန်အသင်းမှာ လေ့ကျင့်ခွင့်ရဖို့အတွက် ကျွန်တော် ငွေပေးခဲ့ရတယ်။ အဲဒီအချိန်ကာလတုန်းက ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ရပါတယ်။ အိမ်ကို ရောင်းခဲ့တယ်၊ ကားကိုလည်း ရောင်းခဲ့ရတယ်။ အင်္ဂလန်မြေကိုတောင် စွန့်ခွာပြီး ဖိလစ်ပိုင်နိုင်ငံကို ပြန်ဖို့အထိ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ကံကောင်းထောက်မလို့ အဲဒီအချိန်မှာ ကျွန်တော့်ကို အိုးလ်ဟမ်းအသင်းက အရန်ဂိုးသမားအဖြစ် စာချုပ်ချုပ်ဆိုဖို့ကမ်းလှမ်းခဲ့တာကြောင့် ချက်ချင်းလက်ခံခဲ့တယ်။ အဲဒီမတိုင်ခင်ကဆိုရင် မန်ချက်စတာမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားနေခဲ့ရပြီး အိပ်စရာနေရာမရှိလို့ ဆိုဖာပေါ်မှာ အိပ်ခဲ့ရတဲ့ဘဝပါ”လို့ အီသာရစ်ချ်က နောက်ကြောင်းပြန်ခဲ့ပါတယ်။

Etheridge-shakes-hands-with-a-participant-of-his-Goalkeeping-School

Etheridge-shakes-hands-with-a-participant-of-his-Goalkeeping-School

အီသာရစ်ချ်က အိုးလ်ဟမ်းအသင်းအတွက် တစ်ပွဲသာကစားခဲ့ရပြီး သိပ်မကြာခင်မှာပဲ သူ အငှားနဲ့ကစားခဲ့ဖူးတဲ့ ချာလ်တန်အသင်းက ပြန်လည်ခေါ်ယူခဲ့တယ်။ အီသာရစ်ချ်က “အဲဒီတုန်းက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်တော့်ကို စိတ်ဓာတ် ကြံ့ခိုင်လာအောင် ဖန်တီးပေးခဲ့တယ်။ အဲဒီကာလတွေဟာ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပေမယ့် ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့တယ်။

A-difficult-start-to-his-career-meant-that-he-was-forced-to-sell-his-house-and-his-car

A-difficult-start-to-his-career-meant-that-he-was-forced-to-sell-his-house-and-his-car

ဘဝဆိုတာက ‘ရေစီးတစ်ခါ ရေသာတစ်လှည့်’ ဆိုတဲ့အတိုင်းပဲ အီသာရစ်ချ်အတွက် ကံကြမ္မာက မျက်နှာသာ ပေးတဲ့အလှည့်ကို ရောက်ရှိခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်မှာ ဝါဆောလ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်အကြာမှာပဲ ကာဒစ်ဖ်အသင်းဆီ ရောက်ရှိခဲ့တယ်။ ကာဒစ်ဖ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့အချိန်က စလို့ အီသာရစ်ချ်ဟာ လက်စွမ်းပြကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ လိဂ်ချန်ပီယံရှစ်မှာ (၄၅)ပွဲကစား၊ Clean Sheet (၁၉)ပွဲရအောင် စွမ်းဆောင်ခဲ့တဲ့အပြင် ကာဒစ်ဖ်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန်တက်လှမ်းခဲ့တာမှာ အီသာရစ်ချ်ရဲ့ လက်စွမ်းက အဓိကကျခဲ့တယ်။ ဒါ့အပြင် အရှေ့တောင်အာရှဘောလုံးလောက အတွက် ဂုဏ်ယူစရာမှတ်တမ်းဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရခဲ့တဲ့ ပထမဆုံး ဖိလစ်ပိုင်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဘုန်းမောက်နဲ့ပွဲအပြီးမှာ စိုက်ထူနိုင်ခဲ့တယ်။

Etheridge-saves-Kenedy-penalty-to-deny-10-man-Newcastle-victory

Etheridge-saves-Kenedy-penalty-to-deny-10-man-Newcastle-victory

နောက်ပြီး ဘုန်းမောက်နဲ့ပွဲမှာ ပယ်နယ်တီ ကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း ၂၀၁၃ ခုနှစ်က ဟားလ်စီးတီးဂိုးသမား မက်ဂရီဂေါ် McGregor နောကပ်ပိုင်း ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ပယ်နယ်တီ ကာကွယ်နိုင်ခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ နယူးကာဆယ်နဲ့ပွဲမှာလည်း ပယ်နယ်တီ ကာကွယ်နိုင်ခဲ့ပြီး ကာဒစ်ဖ်အသင်းအတွက် ဒီရာသီ ပထမဆုံး တစ်မှတ်ကို ရယူပေးခဲ့တယ်။ အီသာရစ်ချ်က “၂၀၁၈ ခုနှစ်က ကျွန်တော့်အတွက် အောင်မြင်တဲ့ နှစ်တစ်နှစ်လို့ ဆိုရမယ်။ ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့တယ်၊ ဖိလစ်ပိုင်အသင်းကလည်း အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ကစားခွင့်ရခဲ့တဲ့ ပထမဆုံး ဖိလစ်ပိုင်နိုင်ငံသား၊ ပထမဆုံး အရှေ့တောင်အာရှ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလို မှတ်တမ်းဝင်ဖို့ ခရီးရှည်ကြီးကို ကျွန်တော် လျှောက်လှမ်းခဲ့ရတာဖြစ်လို့ တကယ့်ကို ဂုဏ်ယူစရာပါပဲ”လို့ ပြောကြားခဲ့တယ်။

Etheridge-became-the-first-player-from-the-Philippines-to-play-in-the-English-League-

Etheridge-became-the-first-player-from-the-Philippines-to-play-in-the-English-League-

ပရိသတ်ကြီးရေ . . . အောင်မြင်မှုပန်းတိုင်ဆိုတာက လွယ်လွယ်ကူ ရယူနိုင်မယ့်အရာ မဟုတ်ဘူးဆိုတာ အားလုံးအသိပါပဲ။ အခုအချိန်မှာ အီသာရစ်ချ်က ထိုက်သင့်တဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုပေမယ့် အဆင့်အတန်းတစ်ခုကို ရောက်ဖို့ဆိုရင်တော့ နောက်ထပ် အများကြီး ကြိုးစားရပါဦးမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိပ်မက်တွေကို ယုံကြည်ချက်အပြည့်နဲ့ ဖန်တီးနေတဲ့ အီသာရစ်ချ်ကိုတော့ ကျွန်တော်တို့တွေ ချီးကျူးဂုဏ်ပြုရမှာပဲဖြစ်ပါတော့တယ် . . . .

REF:Marca
Photo:Cardiff City,ESPN,ABS-CBN News
Naing Linn(Akhayar)
www.akhayar.com