[Zawgyi]

မိဘထက္ ပိုေတာ္ၿပီး ေလာကကိုအက်ိဳးျပဳတဲ႔ မ်ိဳးဆက္သာ ျဖစ္ေစခ်င္တယ္

သားသမီးဟာ မိဘေတြရဲ႕အနာဂတ္ဆိုတဲ႔ စကားကို ငယ္ငယ္ကတည္းက ၾကားခဲ႔ဖူးတယ္။ ဒါကိုု နားလည္တဲ႔မိဘ ဘယ္ေလာက္ရွိသလဲေတာ႔ မသိပါဘူး။

နားလည္မိၾကတာကေတာ႔ မိဘကေန ကိုယ္႔ထက္ေတာ္တဲ႔ သားသမီးကို ေမြးထုတ္ႏုိင္မွ တိုုင္းျပည္ရဲ႕အနာဂတ္၊ မ်ိဳးဆက္ရဲ႕ အနာဂတ္က ပိုေကာင္းလာမွာလို႔ နားလည္မိတယ္။

အဲဒီလို နားလည္တဲ႔အတြက္ ဝင္ေငြေကာင္းတဲ႔မိဘေတြက သား၊ သမီးေတြကိုု ကိုယ္႔တုန္းကထက္ ပိုုၿပီး ပိုက္ဆံေပးရတဲ႔ ပိုကာင္းတယ္လို႔ သူတို႔ယူဆတဲ႔ေက်ာင္းေတြမွာ သားသမီးေတြကိုထားၿပီး ပညာသင္ေပးၾကတယ္။

သူတိုု႔ ယံုုၾကည္တာ ပညာပိုတတ္မွာ လူရာဝင္မွာ၊ ပညာပိုတတ္တဲ႔သူကမွ အလုပ္ေကာင္းေကာင္းရၿပီး ပိုက္ဆံမ်ားမ်ားပိုရွာႏိုင္မွာလို႔ ထင္မွတ္ၾကတဲ႔မိဘေတြလည္း မနည္းပါဘူး။

အဲဒါေၾကာင္႔ ေက်ာင္းစာနဲ႔ သားသမီးရဲ႕ပညာေရးမွာ ရင္းႏွီးျမွဳပ္ႏွံလိုက္ၾကတာပါ။ အဲလိုပဲ ဝင္ေငြနည္းတဲ႔မိဘေတြကလည္း သူ႔အတိုင္းအတာနဲ႔သူ သားသမီးကို မိဘထက္ေတာ႔ ပညာပိုေတာ္ေအာင္ ပညာေရးကို အားေပးလာတာ ေတြ႔ရပါတယ္။

ဒါကလည္း ေခတ္အေျခအေနအရ ပညာတတ္မွျဖစ္မယ္။ ပညာတတ္ျခင္းဆိုတာကို ေက်ာင္းေကာင္းေကာင္းထားႏိုင္ျခင္းနဲ႔ ဘြဲ႔ေကာင္းေကာင္းရျခင္းလို႔လည္း နားလည္ထားၾကတာကိုး အဲဒါေၾကာင္႔ မိဘထက္ပိုေတာ္ဖို႔ ပညာေရးမွာ ကိုယ္႔သားသမီးကိုု ရင္းႏွီးျမွဳပ္ႏွံၾကတာပါပဲ။ ဒါကိုလည္း မွားတယ္လိုု႔ မဆိုႏုုိင္ပါဘူး။

ကၽြန္မအေနနဲ႔ စဥ္းစားမိတာကေတာ႔ မိဘေတြအေနနဲ႔ သားသမီးကိုေမြးျမဴတဲ႔အခါ ပိုေတာ္ေအာင္ ေမြးျမဴသင္႔သလိုု၊ တစ္ဘက္ကလည္း မိဘထက္ပိုေကာင္းတဲ႔ သားသမီးမ်ိဳးျဖစ္ေအာင္လည္း ေမြးသင္႔တယ္လို႔ ျမင္မိပါတယ္။

ဘာေၾကာင္႔လဲဆိုေတာ႔ ေလာကမွာ ေတာ္တဲ႔သူထက္၊ ေကာင္းတဲ႔သူ ပိုမ်ားမွသာ ေလာကႀကီးသာယာႏိုင္လို႔ပါ။ ဥပမာေျပာရရင္ေတာ႔ ေတာ္တဲ႔သူေတြက ပိုေကာင္းတဲ႔လက္နက္ေတြကို ထုတ္လုပ္ၿပီး ေရာင္းဝယ္ေဖာက္ကားႏိုင္ၾကတယ္။ ေကာင္းတဲ႔သူေတြက လူေတြၿငိမ္းခ်မ္းဖို႔ ႀကိဳးစားၾကပါတယ္။

လူတစ္ေယာက္ဟာ ထူးခြ်န္ဖို႔ ေတာ္ဖို႔တင္ အေရးႀကီးတာမဟုုတ္ပါဘူး။ စိတ္ထားေကာင္းမြန္ဖို႔နဲ႔ ေလာကအေပၚ အက်ိဳးျပဳလိုစိတ္ရွိဖိုု႔ကလည္း အေရးႀကီးတယ္လိုု႔ ယူဆမိတယ္။

တစ္ခါတုုန္းက ကၽြန္မကို လူတစ္ေယာက္က ေမးဖူးတယ္။ “မေမ ခင္ဗ်ားက လူတစ္ေယာက္ပဲ ေရြးခြင္႔ ရွိမယ္ဆိုရင္ ဘယ္လိုလူမ်ိဳးကိုု ေရြးမလဲ၊ ေတာ္တဲ႔သူလား ေကာင္းတဲ႔သူလား” တဲ႔။ ေကာင္းတဲ႔ သူကိုုပါလို႔ ေျပာလိုက္မိတယ္။ ကၽြန္မတိုု႔အေနနဲ႔ ပညာရပ္တစ္ခုခုုမွာ ေတာ္ေအာင္ ထူးခြ်န္ေအာင္ ေလ႔က်င္႔လို႔ရပါတယ္။ အေလ႔အက်င္႔မ်ားလာတာနဲ႔အမွ် အဲဒီပညာရပ္မွာ ကၽြမ္းက်င္လာမယ္။ ဆက္ၿပီး ေလ႔က်င္႔တဲ႔အခါ ထူးခြ်န္ၿပီး ေတာ္လာပါတယ္။

ေကာင္းဖို႔ကေတာ႔ ႏွလံုးသားနဲ႔ဆိုင္ပါတယ္။ အေျခခံစိတ္ထားေကာင္းျခင္းကစၿပီး ကိုယ္က်င္႔တရားေကာင္းျခင္းနဲ႔ အမ်ားအေပၚစာနာနားလည္ႏိုင္ျခင္း အဆံုးအစမရွိ ေလာကႀကီးအတြက္ ေပးဆပ္မယ္ဆိုတဲ႔ ရည္မွန္းခ်က္မ်ိဳးရွိဖို႔လည္း လိုအပ္ပါတယ္။

လူတစ္ေယာက္ဟာ ေလာကကို အက်ိဳးျပဳတဲ႔အဆင္႔ထိေရာက္ေအာင္ ေကာင္းဖိုု႔ဆိုတာကေတာ႔ သိပ္မလြယ္ပါဘူး။ ေတာ္ၿပီး မေကာင္းတဲ႔ ေတာ္ၿပီး ဆိုးတဲ႔သူေတြ အမ်ားႀကီးရွိေနလို႔သာ ဒီကေန႔ ျမန္မာျပည္ဟာ ဖ်က္ဆီးျခင္း၊ ဆင္းရဲျခင္း၊ ႏွိမ္႔က်ျခင္းေတြနဲ႔ၾကံဳေနရတာပါ။

တကယ္ပဲ ေတာ္ၿပီးေကာင္းတဲ႔သူေတြမ်ားေနမယ္ဆိုရင္ေတာ႔ ျမန္မာႏိုင္ငံသားေတြ ႏိုင္ငံျခားမွာ ကၽြန္သြားခံစရာ မလိုုပါဘူး။ တကယ္ပဲ ကၽြန္မတို႔တုိင္းျပည္က လူေတာ္ေတြရွိတယ္။ ေတာ္တယ္။ ကၽြမ္းက်င္တာကို ေကာင္းတဲ႔ေနရာမွာ အသံုးမျပဳဘဲနဲ႔ မေကာင္းတဲ႔ေနရာမွာ ထူးခြ်န္တဲ႔အတြက္ သူ႔ရဲ႕အရည္အေသြးကို ကိုယ္က်ိဳးအတြက္သာ အသံုုးျပဳၿပီး၊ အျခားသူေတြကို နိမ္႔က်ေစခဲ႔တာပါ။

ဘယ္ေလာက္ပဲ ေတာ္ပါေစ၊ ထူးခြ်န္ပါေစ အဲဒီလူဟာ ကိုုယ္႔ရဲ႕အတၱနဲ႔ ကိုယ္႔အက်ိဳးစီးပြားအတြက္သာ သူ႔ကိုယ္သူ အသံုးျပဳမယ္ဆိုရင္ သူဟာ ေလာကႀကီးအတြက္ အသံုးမဝင္တဲ႔သူ၊ ေလာကကို သူ႔အတြက္သာ သံုးတတ္တဲ႔သူေတြ ျဖစ္လာႏိုင္မွာပါ။

ပိုဆိုးႏိုင္တာက သူကေတာ္တဲ႔အတြက္ ယုတ္မာတဲ႔အခါမွာလည္း သာမန္လူထက္ပိုၿပီး ယုတ္မာေကာက္က်စ္ႏိုုင္ပါတယ္။ ပညာျပတဲ႔အခါမွာလည္း ပိုၿပီးထိခိုုက္ေအာင္ ပညာျပတတ္ပါတယ္။ ဒါေၾကာင္႔ စိတ္သေဘာထားေကာင္းမြန္ၿပီး ေတာ္တဲ႔ မ်ိဳးဆက္ကသာ ပိုေကာင္းတဲ႔ေလာကကို ဖန္တီးႏိုင္မွာလို႔ ကၽြန္မက ယူဆယံုၾကည္ပါတယ္။

ဒါေၾကာင္႔ သားနဲ႔သမီးေတြကို ထူးခၽြန္ေအာင္၊ ေတာ္ေအာင္ ေလ႔က်င္႔သင္ၾကားေပးရသလိုု၊ စိတ္ထား ေကာင္းမြန္ဖို႔၊ ေလာကႀကီးကိုု အက်ိဳးျပဳခ်င္တဲ႔စိတ္ေစတနာနဲ႔ ရည္မွန္းခ်က္ရွိဖို႔နဲ႔ ကရုဏာတရားႀကီးမားတဲ႔သူေတြျဖစ္ဖို႔လည္း ေလ႔က်င္႔သြန္သင္ရပါေသးတယ္။

အေဖထက္ ေတာ္တဲ႔သား၊ အေမထက္ ေတာ္တဲ႔သမီးေတြကသာ ကၽြန္မတို႔ရဲ႕ အနာဂတ္ေတြလို႔ ေျပာမယ္ဆိုရင္ အေဖထက္ပိုေတာ္ၿပီး ပိုေကာင္းေအာင္လုုပ္ႏိုုင္တဲ႔သား၊ အေမထက္ပိုေတာ္ၿပီး အေမထက္ ပိုေကာင္းတဲ႔ အက်ိဳးျပဳလုပ္ငန္းေတြကိုလုပ္ႏိုင္တဲ႔ သားသမီးေတြကိုပဲ ေမြးျမဴေပးၾကပါလိုု႔ တိုက္တြန္းလိုုပါတယ္ရွင္။

ေက်းဇူးတင္ပါတယ္။

မတူညီတဲ႔အျမင္မ်ားကိုုလည္း ေဆြးေႏြးဖိုု႔ ဖိတ္ေခၚပါတယ္ရွင္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

www.akhayar.com

[Unicode]

မိဘထက် ပိုတော်ပြီး လောကကိုအကျိုးပြုတဲ့ မျိုးဆက်သာ ဖြစ်စေချင်တယ်

သားသမီးဟာ မိဘတွေရဲ့အနာဂတ်ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတယ်။ ဒါကို နားလည်တဲ့မိဘ ဘယ်လောက်ရှိသလဲတော့ မသိပါဘူး။

နားလည်မိကြတာကတော့ မိဘကနေ ကိုယ့်ထက်တော်တဲ့ သားသမီးကို မွေးထုတ်နိုင်မှ တိုင်းပြည်ရဲ့အနာဂတ်၊ မျိုးဆက်ရဲ့ အနာဂတ်က ပိုကောင်းလာမှာလို့ နားလည်မိတယ်။

အဲဒီလို နားလည်တဲ့အတွက် ဝင်ငွေကောင်းတဲ့မိဘတွေက သား၊ သမီးတွေကို ကိုယ့်တုန်းကထက် ပိုပြီး ပိုက်ဆံပေးရတဲ့ ပိုကာင်းတယ်လို့ သူတို့ယူဆတဲ့ကျောင်းတွေမှာ သားသမီးတွေကိုထားပြီး ပညာသင်ပေးကြတယ်။

သူတို့ ယုံကြည်တာ ပညာပိုတတ်မှာ လူရာဝင်မှာ၊ ပညာပိုတတ်တဲ့သူကမှ အလုပ်ကောင်းကောင်းရပြီး ပိုက်ဆံများများပိုရှာနိုင်မှာလို့ ထင်မှတ်ကြတဲ့မိဘတွေလည်း မနည်းပါဘူး။

အဲဒါကြောင့် ကျောင်းစာနဲ့ သားသမီးရဲ့ပညာရေးမှာ ရင်းနှီးမြှုပ်နှံလိုက်ကြတာပါ။ အဲလိုပဲ ဝင်ငွေနည်းတဲ့မိဘတွေကလည်း သူ့အတိုင်းအတာနဲ့သူ သားသမီးကို မိဘထက်တော့ ပညာပိုတော်အောင် ပညာရေးကို အားပေးလာတာ တွေ့ရပါတယ်။

ဒါကလည်း ခေတ်အခြေအနေအရ ပညာတတ်မှဖြစ်မယ်။ ပညာတတ်ခြင်းဆိုတာကို ကျောင်းကောင်းကောင်းထားနိုင်ခြင်းနဲ့ ဘွဲ့ကောင်းကောင်းရခြင်းလို့လည်း နားလည်ထားကြတာကိုး အဲဒါကြောင့် မိဘထက်ပိုတော်ဖို့ ပညာရေးမှာ ကိုယ့်သားသမီးကို ရင်းနှီးမြှုပ်နှံကြတာပါပဲ။ ဒါကိုလည်း မှားတယ်လို့ မဆိုနိုင်ပါဘူး။

ကျွန်မအနေနဲ့ စဉ်းစားမိတာကတော့ မိဘတွေအနေနဲ့ သားသမီးကိုမွေးမြူတဲ့အခါ ပိုတော်အောင် မွေးမြူသင့်သလို၊ တစ်ဘက်ကလည်း မိဘထက်ပိုကောင်းတဲ့ သားသမီးမျိုးဖြစ်အောင်လည်း မွေးသင့်တယ်လို့ မြင်မိပါတယ်။

ဘာကြောင့်လဲဆိုတော့ လောကမှာ တော်တဲ့သူထက်၊ ကောင်းတဲ့သူ ပိုများမှသာ လောကကြီးသာယာနိုင်လို့ပါ။ ဥပမာပြောရရင်တော့ တော်တဲ့သူတွေက ပိုကောင်းတဲ့လက်နက်တွေကို ထုတ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားနိုင်ကြတယ်။ ကောင်းတဲ့သူတွေက လူတွေငြိမ်းချမ်းဖို့ ကြိုးစားကြပါတယ်။

လူတစ်ယောက်ဟာ ထူးချွန်ဖို့ တော်ဖို့တင် အရေးကြီးတာမဟုတ်ပါဘူး။ စိတ်ထားကောင်းမွန်ဖို့နဲ့ လောကအပေါ် အကျိုးပြုလိုစိတ်ရှိဖို့ကလည်း အရေးကြီးတယ်လို့ ယူဆမိတယ်။

တစ်ခါတုန်းက ကျွန်မကို လူတစ်ယောက်က မေးဖူးတယ်။ “မမေ ခင်ဗျားက လူတစ်ယောက်ပဲ ရွေးခွင့် ရှိမယ်ဆိုရင် ဘယ်လိုလူမျိုးကို ရွေးမလဲ၊ တော်တဲ့သူလား ကောင်းတဲ့သူလား” တဲ့။ ကောင်းတဲ့ သူကိုပါလို့ ပြောလိုက်မိတယ်။ ကျွန်မတို့အနေနဲ့ ပညာရပ်တစ်ခုခုမှာ တော်အောင် ထူးချွန်အောင် လေ့ကျင့်လို့ရပါတယ်။ အလေ့အကျင့်များလာတာနဲ့အမျှ အဲဒီပညာရပ်မှာ ကျွမ်းကျင်လာမယ်။ ဆက်ပြီး လေ့ကျင့်တဲ့အခါ ထူးချွန်ပြီး တော်လာပါတယ်။

ကောင်းဖို့ကတော့ နှလုံးသားနဲ့ဆိုင်ပါတယ်။ အခြေခံစိတ်ထားကောင်းခြင်းကစပြီး ကိုယ်ကျင့်တရားကောင်းခြင်းနဲ့ အများအပေါ်စာနာနားလည်နိုင်ခြင်း အဆုံးအစမရှိ လောကကြီးအတွက် ပေးဆပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးရှိဖို့လည်း လိုအပ်ပါတယ်။

လူတစ်ယောက်ဟာ လောကကို အကျိုးပြုတဲ့အဆင့်ထိရောက်အောင် ကောင်းဖို့ဆိုတာကတော့ သိပ်မလွယ်ပါဘူး။ တော်ပြီး မကောင်းတဲ့ တော်ပြီး ဆိုးတဲ့သူတွေ အများကြီးရှိနေလို့သာ ဒီကနေ့ မြန်မာပြည်ဟာ ဖျက်ဆီးခြင်း၊ ဆင်းရဲခြင်း၊ နှိမ့်ကျခြင်းတွေနဲ့ကြုံနေရတာပါ။

တကယ်ပဲ တော်ပြီးကောင်းတဲ့သူတွေများနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားမှာ ကျွန်သွားခံစရာ မလိုပါဘူး။ တကယ်ပဲ ကျွန်မတို့တိုင်းပြည်က လူတော်တွေရှိတယ်။ တော်တယ်။ ကျွမ်းကျင်တာကို ကောင်းတဲ့နေရာမှာ အသုံးမပြုဘဲနဲ့ မကောင်းတဲ့နေရာမှာ ထူးချွန်တဲ့အတွက် သူ့ရဲ့အရည်အသွေးကို ကိုယ်ကျိုးအတွက်သာ အသုံးပြုပြီး၊ အခြားသူတွေကို နိမ့်ကျစေခဲ့တာပါ။

ဘယ်လောက်ပဲ တော်ပါစေ၊ ထူးချွန်ပါစေ အဲဒီလူဟာ ကိုယ့်ရဲ့အတ္တနဲ့ ကိုယ့်အကျိုးစီးပွားအတွက်သာ သူ့ကိုယ်သူ အသုံးပြုမယ်ဆိုရင် သူဟာ လောကကြီးအတွက် အသုံးမဝင်တဲ့သူ၊ လောကကို သူ့အတွက်သာ သုံးတတ်တဲ့သူတွေ ဖြစ်လာနိုင်မှာပါ။

ပိုဆိုးနိုင်တာက သူကတော်တဲ့အတွက် ယုတ်မာတဲ့အခါမှာလည်း သာမန်လူထက်ပိုပြီး ယုတ်မာကောက်ကျစ်နိုင်ပါတယ်။ ပညာပြတဲ့အခါမှာလည်း ပိုပြီးထိခိုက်အောင် ပညာပြတတ်ပါတယ်။ ဒါကြောင့် စိတ်သဘောထားကောင်းမွန်ပြီး တော်တဲ့ မျိုးဆက်ကသာ ပိုကောင်းတဲ့လောကကို ဖန်တီးနိုင်မှာလို့ ကျွန်မက ယူဆယုံကြည်ပါတယ်။

ဒါကြောင့် သားနဲ့သမီးတွေကို ထူးချွန်အောင်၊ တော်အောင် လေ့ကျင့်သင်ကြားပေးရသလို၊ စိတ်ထား ကောင်းမွန်ဖို့၊ လောကကြီးကို အကျိုးပြုချင်တဲ့စိတ်စေတနာနဲ့ ရည်မှန်းချက်ရှိဖို့နဲ့ ကရုဏာတရားကြီးမားတဲ့သူတွေဖြစ်ဖို့လည်း လေ့ကျင့်သွန်သင်ရပါသေးတယ်။

အဖေထက် တော်တဲ့သား၊ အမေထက် တော်တဲ့သမီးတွေကသာ ကျွန်မတို့ရဲ့ အနာဂတ်တွေလို့ ပြောမယ်ဆိုရင် အဖေထက်ပိုတော်ပြီး ပိုကောင်းအောင်လုပ်နိုင်တဲ့သား၊ အမေထက်ပိုတော်ပြီး အမေထက် ပိုကောင်းတဲ့ အကျိုးပြုလုပ်ငန်းတွေကိုလုပ်နိုင်တဲ့ သားသမီးတွေကိုပဲ မွေးမြူပေးကြပါလို့ တိုက်တွန်းလိုပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။

မတူညီတဲ့အမြင်များကိုလည်း ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

မေသြင်္ကန်ဟိန် (မြစ်မခ)

www.akhayar.com