[Zawgyi]

Halloween Day ဘယ္ကစ

ဒီလကေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ား ႏွစ္သက္ၾကတဲ့ပါတီပြဲရွိတဲ့လေလးလို႔ သတ္မွတ္ပါရေစ။ အရမ္းေဂၚလြန္းတဲ့ ၀တ္စံုေတြ ၀တ္ဆင္ၿပီး ထူးျခားတဲ့မိတ္ကပ္အျပင္အဆင္ေတြနဲ႔ ႏိုင္ငံတကာမွာ ပြဲေတာ္ေတြ၊ ပါတီေတြက်င္းပၾကတယ္။ သရဲတေစၦပံုစံေတြ၊ သူရဲေကာင္း၀တ္စံုေတြအျပည့္ ၀တ္ဆင္ၿပီး တျခားဘယ္ပါတီနဲ႔မွမတူေအာင္ မိတ္ကပ္ျပင္ဆင္မႈေတြအျပင္ ေရႊဖရံုသီးေတြဟာ ဒီပြဲေတာ္ႀကီးတစ္ခုလံုးကို ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ အသက္၀င္လာေစပါတယ္။ ဒီပြဲေတာ္ရဲ႕ နာမည္ကေတာ့ Halloween လို႔ ေခၚပါတယ္ေနာ္။ အမွန္တကယ္ေတာ့ ဒီပြဲေတာ္ရဲ႕ ရိုးရာဓေလ့ဟာ ျမန္မာႏိုင္ငံနဲ႔ေတာ့ သိပ္ဆက္ႏြယ္မႈမရွိလွလို႔ လူငယ္ေတြကလြဲလို႔ လူအမ်ား သိပ္သတိမထားမိၾကေပမယ့္လည္း လူငယ္ေတြၾကားမွာေတာ့ ေပ်ာ္စရာေကာင္းတဲ့ပါတီပြဲေတြအျဖစ္ မ်က္ႏွာပြင့္တဲ့ ဒီ Halloween ဆိုတာ ဘယ္ကစလဲ၊ ဘယ္မွာဆံုးမွာလဲဆိုတာ သိႏိုင္ဖို႔အတြက္ ေျပာျပပါရေစေနာ္။

Halloween ဆိုတာ ဘာလဲ

Halloween ဆိုတာ ႏိုင္ငံတကာမွာေတာ့ ထင္ရွားတဲ့ပြဲေတာ္ရက္တစ္ရက္ပါ။ ဒီႏွစ္မွာကေတာ့ ေအာက္တိုဘာလ ၃၁ရက္ေန႔က ဗုဒၶဟူးေန႔ က်ပါတယ္။ တကယ္ေတာ့ ဒီ Halloween ဆိုတာ ေရွးေဟာင္း Celt လူမ်ိဳးေတြရဲ႕ ေကာက္ရိတ္သိမ္းပြဲက စတာလို႔ ေျပာရမွာပါပဲ။ (Celt လူမ်ိဳးဆိုတာ ဥေရာပမွာ ၁၂၀၀ဘီစီ၀န္းက်င္က စတင္ေနထိုင္ခဲ့တဲ့ Indo-European လူမ်ိဳးေတြပဲျဖစ္ပါတယ္။) ၁၈ရာစုတုန္းက Pope Gregory III ဟာ ႏို၀င္ဘာလ ၁ရက္ေန႔ကို သူေတာ္စင္မ်ားအတြက္ ေန႔ထူးရက္ျမတ္အျဖစ္ All Saints Day လို႔ သတ္မွတ္ေပးခဲ့ပါတယ္။ ေနာက္ၿပီး အဲဒီ့ ႏုိ၀င္ဘာလ ၁ရက္ေန႔ဟာ Celt လူမ်ိဳးေတြရဲ႕ ႏွစ္သစ္ကူးေန႔လည္း ျဖစ္ပါတယ္။ သူေတာ္စင္မ်ားေန႔မတိုင္ခင္တစ္ရက္ျဖစ္တဲ့ ေအာက္တိုဘာလ ၃၁ရက္ေန႔ကိုေတာ့ All Hallows Eve လို႔ ေခၚၾကရာကေန ေခတ္ကာလာ ေရြ႕လ်ားလာရာကေန Halloween လို႔ လူသိမ်ားလာတာပါ။

Halloween Day ဘယ္လိုစျဖစ္လာတာလဲ

Celt ေတြဟာ ၁၈ရာစုကေနစၿပီး ေကာက္ရိတ္သိမ္းခ်ိန္ေရာက္ၿပီဆိုတာနဲ႔ မီးပံုႀကီးေတြထြန္းညွိ၊ ရိုးရာ၀တ္စံုေတြ၀တ္ဆင္ၿပီး သရဲတေစၱေတြရန္ကေန ကာကြယ္ခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ အဲဒီ့ေကာက္ရိတ္သိမ္းခ်ိန္ဟာ ေႏြအကုန္ေဆာင္အကူးကာလျဖစ္ၿပီး ေအးျမတဲ့ေလေျပေလညွင္းေလးေတြနဲ႔အတူတူ အေမွာင္ထုကလည္း အခ်ိန္ေစာၿပီး စတင္၀င္ေရာက္လာတဲ့အခ်ိန္ျဖစ္ေလေတာ့ Celt လူမ်ိဳးေတြက ဒီလိုအခ်ိန္မ်ိဳးေတြဟာ လူေတြမျမင္ႏိုင္၊ မၾကားႏိုင္တဲ့ ပရေလာကနဲ႔ ဆက္ႏြယ္မႈတစ္စံုတစ္ရာရွိေနတယ္လို႔ ယူဆၿပီး ဒါ့အျပင္ကိုမွ သူေတာ္စင္မ်ားေန႔ မေရာက္ခင္ ေအာက္တိုဘာလ ၃၁ရက္ေန႔ညေနမွာဆိုရင္ လူ႔ေလာကနဲ႔ ပရေလာကၾကားမွာ ပိုင္းျခားထားတဲ့စည္းေတြက ေ၀၀ါးေပ်ာက္ကြယ္လုမတတ္ ပါးလွ်ေနတဲ့အခ်ိန္လို႔ ယူဆၾကပါတယ္။ ေနာက္ၿပီး အခုေျပာသလို စည္းေတြပါးလြန္းတဲ့အတြက္ေၾကာင့္မို႔လို႔ ေအာက္တိုဘာလ ၃၁ရက္ေန႔မွာဆိုရင္ ပရေလာကက မေကာင္းဆိုး၀ါးေတြက ကမာၻေျမႀကီးေပၚ တဖန္ျပန္လည္ႏိုးထရွင္သန္လာႏိုင္တယ္လို႔လည္း သူတို႔ ယံုၾကည္ၾကပါတယ္။ ဒါ့အျပင္ မၾကာခင္မွာလည္း ေကာက္ရိတ္သိမ္းေတာ့မွာျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔ရဲ႕ သီးႏွံေတြကို တိရစာၦန္ေတြမဖ်က္ဆီးသြားဖို႔အတြက္လည္း တာ၀န္ရွိျပန္ေတာ့ Celt ေတြဟာ ဥာဏ္ေကာင္းေကာင္းနဲ႔ သီးႏွံစိုက္ခင္းေတြနားမွာ ရြာသားေတြ ၀ိုင္း၀န္းစုဖြဲ႕ေနၾကၿပီး မီးပံုႀကီးေတြဖို၊ ရိုးရာ၀တ္စံုေတြကိုယ္စီ၀တ္ရင္း သူတို႔ရဲ႕ သီးႏွံစိုက္ခင္းေတြကို ေစာင့္ေရွာက္ၾကတယ္။ ဘာသာေရးေခါင္းေဆာင္ေတြ၊ ဘုန္းေတာ္ႀကီးေတြက ကေလးေတြနဲ႔ လူငယ္ေတြကို ေရွ႕ ျဖစ္ေဟာေပးၾကတယ္။ ဒီလိုနဲ႔ပဲ တျဖည္းျဖည္းေရာက္လာတဲ့အေအးဒဏ္ကို အံတုရင္း ပြဲေတာ္ေလးတစ္ခုလို ဆင္ႏႊဲခဲ့ၾကတာေပါ့။ အဲဒီကေနစတင္ၿပီး Halloween Day၊ Halloween Party ဆိုတာေလးေတြ စတင္အသက္၀င္လႈပ္ရွားလာခဲ့ျခင္းပဲ ျဖစ္ပါတယ္ေနာ္။

လက္ရွိေခတ္ရဲ႕ Halloween Party

ဒီလိုနဲ႔ပဲ Halloween အစဥ္အလာက ဥေရာပကေနတစ္ဆင့္ အေမရိကအထိ ကူးစက္လာေတာ့တာပါပဲ။ ေရွးတုန္းက Celt ေတြဟာ တိရစာၦန္ရဲ႕ ေခါင္းေတြနဲ႔ သားေရေတြကို အသံုးျပဳၿပီး ခ်ဳပ္လုပ္ထားတဲ့ အထူးစပါယ္ရွယ္၀တ္စံုေတြကို Halloween Day မွာ ၀တ္ဆင္ခဲ့ၾကေပမယ့္ ေခတ္ကာလေတြေျပာင္းေရႊ႕လာတဲ့အခါ ပရေလာကသားေတြလို၊ ရုပ္ရွင္ေတြကာတြန္းေတြထဲကလို ေၾကာက္စရာ၊ ခ်စ္စရာ၊ ရယ္စရာအမ်ိဳးမ်ိဳးေသာ ၀တ္စံုေတြကို ဖန္တီး၀တ္ဆင္လာၾကၿပီး အခုဆိုရင္ Halloween Makeup Look ဆိုၿပီး တစ္မူထူးျခားထားတဲ့ မိတ္ကပ္ပံုစံေတြကိုပါ ဖန္တီးျခယ္သလာတာကို ေတြ႕ ၾကမွာပါ။

Trick or Treat ယဥ္ေက်းမႈ

ႏိုင္ငံတကာမွာေတာ့ Halloween Day ေရာက္ၿပီဆိုရင္ Trick or Treat ဆိုတဲ့ လႈပ္ရွားမႈေလးေတြကို ေတြ႕ရပါတယ္။ က်က်နန၀တ္စားထားတဲ့ကေလးေတြနဲ႔ လူငယ္ေလးေတြဟာ တစ္အိမ္တက္တစ္အိမ္ဆင္း Trick or Treat လို႔ လိုက္ေအာ္ေနၾကၿပီး မုန္႔ဖိုး ဒါမွမဟုတ္ မုန္႔ေတြကို ေတာင္းေလ့ရွိၾကပါတယ္။ ေပ်ာ္စရာလႈပ္ရွားမႈေလးတစ္ခုပါပဲ။ အရင္ေခတ္တုန္းကေတာ့ မိန္းမပ်ိဳေလးေတြဟာ Halloween Day မွာ သူတို႔ရဲ႕ အနာဂတ္ခင္ပြန္းေလာင္းကို ခ်ည္လံုးေတြ၊ ပန္းသီးခြံေတြ၊ မွန္ေတြကိုအသံုးျပဳၿပီး ခန္႔မွန္းၾကတယ္လို႔လည္း ေျပာၾကပါတယ္။

Halloween နဲ႔ Black Cat

ေနာက္အယူအဆတစ္ခုရွိပါေသးတယ္။ အဲဒါကေတာ့ Halloween နဲ႔ ေၾကာင္နက္ အယူအဆပါပဲ။ Celt ေတြရဲ႕ အယူအဆအရဆိုရင္ Halloween Day မွာ အနက္ေရာင္ေၾကာင္ေတြနဲ႔ မေတြ႕မိေအာင္ ေရွာင္ၾကတာပါပဲ။ ဘာေၾကာင့္လဲဆိုရင္ အဲဒီ့ေန႔မွာ ေၾကာင္နက္နဲ႔ တစ္လမ္းတည္းသြားရျခင္းက သူတို႔ကို ကံဆိုးေစပါသတဲ့ေနာ္။ သိတဲ့အတိုင္းပဲေလ စုန္းမေတြဟာ ေၾကာင္နက္ေယာင္ေဆာင္ၿပီး လူၾကားထဲသြားလာတတ္ၾကတယ္ဆိုတဲ့ယံုၾကည္မႈေၾကာင့္ ဒီလိုေၾကာင္နက္ေတြကို သိပ္ေၾကာက္ၾကပါတယ္။ ဒါတင္မကေသးပါဘူး။ Halloween Day မွာ ယံုၾကည္မႈျပင္းထန္တဲ့ဘာသာ၀င္ေတြက မွန္ကြဲတာ၊ ကြဲအက္ေနတဲ့လမ္းေတြေပၚေလွ်ာက္တာနဲ႔ ဆားေတြျပန္႔က်ဲၿပီးေမွာက္က်တာေတြမျဖစ္ေအာင္ ေရွာင္တတ္ၾကပါေသးတယ္ေနာ္။

ေရႊဖရံုသီးမီးပံုးေတြရဲ႕ အစ

Halloween နဲ႔ ေရႊဖရံုသီးဆိုတာ ခြဲျခားရခက္တယ္ဆိုေပမယ့္လည္း အဲဒီ့ေရႊဖရံုသီးအေလ့အထကေတာ့ Celt ေတြေခတ္တုန္းကတည္းက ရွိခဲ့တယ္လို႔ မဖတ္ရပါဘူး။ အေမရိကကို Halloween ယဥ္ေက်းမႈကူးစက္ျပန္႔ပြားၿပီးေနာက္ပိုင္းမွာ ေျမာက္အေမရိက ကေန စတယ္လို႔ပဲ သိရပါတယ္။ ၁၈၆၆ခုနစ္မွ စတင္တယ္လို႔လည္း ဆိုထားၿပီး အေမရိကန္လယ္သမားေတြဟာ သူတို႔ရဲ႕ စိုက္ခင္းထဲက ေရႊဖရံုသီးေတြကို Halloween Day မွာ အလွဆင္မြန္းမံဖို႔အတြက္ စစ္ေဆးမႈေတြျပဳလုပ္ၾကၿပီး တန္း၀င္တဲ့ ေရႊဖရံုသီးကိုမွ ေရြးခ်ယ္ၾကေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။

Halloween ပြဲေတာ္ကို အခုဆိုရင္ ႏိုင္ငံအႏွံ႔အျပားမွာ က်င္းပေနၿပီဆိုေတာ့ သူနဲ႔သက္ဆိုင္တဲ့ ဓေလ့ထံုးတမ္းေတြ၊ ယံုၾကည္သက္၀င္မႈေတြနဲ႔ အယူအဆေတြဟာ ႏုိင္ငံတစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ကြဲျပားတာေၾကာင့္လည္း ေျပာလို႔ေတာင္ ကုန္ႏုိင္မွာမဟုတ္ပါဘူး။ ေနာက္ၿပီး မူကြဲေတြလည္း အမ်ားႀကီးရွိေနတဲ့အတြက္ အခုေျပာျပခဲ့တာေတြဟာ ႏိုင္ငံတကာမွာ အမ်ားစုလက္ခံၾကတဲ့ မူကြဲထဲကတစ္ခုပဲျဖစ္ပါတယ္ေနာ္။ လက္ရွိကေတာ့ Halloween ဆိုတာ ေၾကာက္စရာေန႔ရက္တစ္ခုမဟုတ္ဘဲ ေပ်ာ္ရႊင္စရာပြဲေတာ္တစ္ခုအျဖစ္ က်င္းပလွ်က္ရွိပါတယ္။ အေမရိကမွာဆိုရင္ Halloween Day ဟာ Christmas ၿပီးရင္ ဒုတိယအႀကီးဆံုး အားလပ္ရက္ပြဲေတာ္ေန႔တစ္ခုျဖစ္ၿပီး စည္ကားသိုက္ၿမိဳက္စြာက်င္းပေလ့ရွိၾကပါတယ္။

Ref: www.history.com

Moethaesay (Akhayar)

www.akhayar.com

[Unicode]

Halloween Day ဘယ်ကစ

ဒီလကတော့ လူငယ်တော်တော်များများ နှစ်သက်ကြတဲ့ပါတီပွဲရှိတဲ့လလေးလို့ သတ်မှတ်ပါရစေ။ အရမ်းဂေါ်လွန်းတဲ့ ဝတ်စုံတွေ ဝတ်ဆင်ပြီး ထူးခြားတဲ့မိတ်ကပ်အပြင်အဆင်တွေနဲ့ နိုင်ငံတကာမှာ ပွဲတော်တွေ၊ ပါတီတွေကျင်းပကြတယ်။ သရဲတစ္ဆေပုံစံတွေ၊ သူရဲကောင်းဝတ်စုံတွေအပြည့် ဝတ်ဆင်ပြီး တခြားဘယ်ပါတီနဲ့မှမတူအောင် မိတ်ကပ်ပြင်ဆင်မှုတွေအပြင် ရွှေဖရုံသီးတွေဟာ ဒီပွဲတော်ကြီးတစ်ခုလုံးကို အောက်တိုဘာလ ၃၁ရက်နေ့မှာ အသက်ဝင်လာစေပါတယ်။ ဒီပွဲတော်ရဲ့ နာမည်ကတော့ Halloween လို့ ခေါ်ပါတယ်နော်။ အမှန်တကယ်တော့ ဒီပွဲတော်ရဲ့ ရိုးရာဓလေ့ဟာ မြန်မာနိုင်ငံနဲ့တော့ သိပ်ဆက်နွယ်မှုမရှိလှလို့ လူငယ်တွေကလွဲလို့ လူအများ သိပ်သတိမထားမိကြပေမယ့်လည်း လူငယ်တွေကြားမှာတော့ ပျော်စရာကောင်းတဲ့ပါတီပွဲတွေအဖြစ် မျက်နှာပွင့်တဲ့ ဒီ Halloween ဆိုတာ ဘယ်ကစလဲ၊ ဘယ်မှာဆုံးမှာလဲဆိုတာ သိနိုင်ဖို့အတွက် ပြောပြပါရစေနော်။

Halloween ဆိုတာ ဘာလဲ

Halloween ဆိုတာ နိုင်ငံတကာမှာတော့ ထင်ရှားတဲ့ပွဲတော်ရက်တစ်ရက်ပါ။ ဒီနှစ်မှာကတော့ အောက်တိုဘာလ ၃၁ရက်နေ့က ဗုဒ္ဓဟူးနေ့ ကျပါတယ်။ တကယ်တော့ ဒီ Halloween ဆိုတာ ရှေးဟောင်း Celt လူမျိုးတွေရဲ့ ကောက်ရိတ်သိမ်းပွဲက စတာလို့ ပြောရမှာပါပဲ။ (Celt လူမျိုးဆိုတာ ဥရောပမှာ ၁၂၀၀ဘီစီဝန်းကျင်က စတင်နေထိုင်ခဲ့တဲ့ Indo-European လူမျိုးတွေပဲဖြစ်ပါတယ်။) ၁၈ရာစုတုန်းက Pope Gregory III ဟာ နိုဝင်ဘာလ ၁ရက်နေ့ကို သူတော်စင်များအတွက် နေ့ထူးရက်မြတ်အဖြစ် All Saints Day လို့ သတ်မှတ်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီ့ နိုဝင်ဘာလ ၁ရက်နေ့ဟာ Celt လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့လည်း ဖြစ်ပါတယ်။ သူတော်စင်များနေ့မတိုင်ခင်တစ်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၃၁ရက်နေ့ကိုတော့ All Hallows Eve လို့ ခေါ်ကြရာကနေ ခေတ်ကာလာ ရွေ့လျားလာရာကနေ Halloween လို့ လူသိများလာတာပါ။

Halloween Day ဘယ်လိုစဖြစ်လာတာလဲ

Celt တွေဟာ ၁၈ရာစုကနေစပြီး ကောက်ရိတ်သိမ်းချိန်ရောက်ပြီဆိုတာနဲ့ မီးပုံကြီးတွေထွန်းညှိ၊ ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး သရဲတစ္တေတွေရန်ကနေ ကာကွယ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အဲဒီ့ကောက်ရိတ်သိမ်းချိန်ဟာ နွေအကုန်ဆောင်အကူးကာလဖြစ်ပြီး အေးမြတဲ့လေပြေလေညှင်းလေးတွေနဲ့အတူတူ အမှောင်ထုကလည်း အချိန်စောပြီး စတင်ဝင်ရောက်လာတဲ့အချိန်ဖြစ်လေတော့ Celt လူမျိုးတွေက ဒီလိုအချိန်မျိုးတွေဟာ လူတွေမမြင်နိုင်၊ မကြားနိုင်တဲ့ ပရလောကနဲ့ ဆက်နွယ်မှုတစ်စုံတစ်ရာရှိနေတယ်လို့ ယူဆပြီး ဒါ့အပြင်ကိုမှ သူတော်စင်များနေ့ မရောက်ခင် အောက်တိုဘာလ ၃၁ရက်နေ့ညနေမှာဆိုရင် လူ့လောကနဲ့ ပရလောကကြားမှာ ပိုင်းခြားထားတဲ့စည်းတွေက ေ၀ဝါးပျောက်ကွယ်လုမတတ် ပါးလျှနေတဲ့အချိန်လို့ ယူဆကြပါတယ်။ နောက်ပြီး အခုပြောသလို စည်းတွေပါးလွန်းတဲ့အတွက်ကြောင့်မို့လို့ အောက်တိုဘာလ ၃၁ရက်နေ့မှာဆိုရင် ပရလောကက မကောင်းဆိုးဝါးတွေက ကမ္ဘာမြေကြီးပေါ် တဖန်ပြန်လည်နိုးထရှင်သန်လာနိုင်တယ်လို့လည်း သူတို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် မကြာခင်မှာလည်း ကောက်ရိတ်သိမ်းတော့မှာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ သီးနှံတွေကို တိရစ္ဆာန်တွေမဖျက်ဆီးသွားဖို့အတွက်လည်း တာဝန်ရှိပြန်တော့ Celt တွေဟာ ဉာဏ်ကောင်းကောင်းနဲ့ သီးနှံစိုက်ခင်းတွေနားမှာ ရွာသားတွေ ဝိုင်းဝန်းစုဖွဲ့နေကြပြီး မီးပုံကြီးတွေဖို၊ ရိုးရာဝတ်စုံတွေကိုယ်စီဝတ်ရင်း သူတို့ရဲ့ သီးနှံစိုက်ခင်းတွေကို စောင့်ရှောက်ကြတယ်။ ဘာသာရေးခေါင်းဆောင်တွေ၊ ဘုန်းတော်ကြီးတွေက ကလေးတွေနဲ့ လူငယ်တွေကို ရှေ့ ဖြစ်ဟောပေးကြတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းရောက်လာတဲ့အအေးဒဏ်ကို အံတုရင်း ပွဲတော်လေးတစ်ခုလို ဆင်နွှဲခဲ့ကြတာပေါ့။ အဲဒီကနေစတင်ပြီး Halloween Day၊ Halloween Party ဆိုတာလေးတွေ စတင်အသက်ဝင်လှုပ်ရှားလာခဲ့ခြင်းပဲ ဖြစ်ပါတယ်နော်။

လက်ရှိခေတ်ရဲ့ Halloween Party

ဒီလိုနဲ့ပဲ Halloween အစဉ်အလာက ဥရောပကနေတစ်ဆင့် အမေရိကအထိ ကူးစက်လာတော့တာပါပဲ။ ရှေးတုန်းက Celt တွေဟာ တိရစ္ဆာန်ရဲ့ ခေါင်းတွေနဲ့ သားရေတွေကို အသုံးပြုပြီး ချုပ်လုပ်ထားတဲ့ အထူးစပါယ်ရှယ်ဝတ်စုံတွေကို Halloween Day မှာ ဝတ်ဆင်ခဲ့ကြပေမယ့် ခေတ်ကာလတွေပြောင်းရွှေ့လာတဲ့အခါ ပရလောကသားတွေလို၊ ရုပ်ရှင်တွေကာတွန်းတွေထဲကလို ကြောက်စရာ၊ ချစ်စရာ၊ ရယ်စရာအမျိုးမျိုးသော ဝတ်စုံတွေကို ဖန်တီးဝတ်ဆင်လာကြပြီး အခုဆိုရင် Halloween Makeup Look ဆိုပြီး တစ်မူထူးခြားထားတဲ့ မိတ်ကပ်ပုံစံတွေကိုပါ ဖန်တီးခြယ်သလာတာကို တွေ့ ကြမှာပါ။

Trick or Treat ယဉ်ကျေးမှု

နိုင်ငံတကာမှာတော့ Halloween Day ရောက်ပြီဆိုရင် Trick or Treat ဆိုတဲ့ လှုပ်ရှားမှုလေးတွေကို တွေ့ရပါတယ်။ ကျကျနနဝတ်စားထားတဲ့ကလေးတွေနဲ့ လူငယ်လေးတွေဟာ တစ်အိမ်တက်တစ်အိမ်ဆင်း Trick or Treat လို့ လိုက်အော်နေကြပြီး မုန့်ဖိုး ဒါမှမဟုတ် မုန့်တွေကို တောင်းလေ့ရှိကြပါတယ်။ ပျော်စရာလှုပ်ရှားမှုလေးတစ်ခုပါပဲ။ အရင်ခေတ်တုန်းကတော့ မိန်းမပျိုလေးတွေဟာ Halloween Day မှာ သူတို့ရဲ့ အနာဂတ်ခင်ပွန်းလောင်းကို ချည်လုံးတွေ၊ ပန်းသီးခွံတွေ၊ မှန်တွေကိုအသုံးပြုပြီး ခန့်မှန်းကြတယ်လို့လည်း ပြောကြပါတယ်။

Halloween နဲ့ Black Cat

နောက်အယူအဆတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Halloween နဲ့ ကြောင်နက် အယူအဆပါပဲ။ Celt တွေရဲ့ အယူအဆအရဆိုရင် Halloween Day မှာ အနက်ရောင်ကြောင်တွေနဲ့ မတွေ့မိအောင် ရှောင်ကြတာပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီ့နေ့မှာ ကြောင်နက်နဲ့ တစ်လမ်းတည်းသွားရခြင်းက သူတို့ကို ကံဆိုးစေပါသတဲ့နော်။ သိတဲ့အတိုင်းပဲလေ စုန်းမတွေဟာ ကြောင်နက်ယောင်ဆောင်ပြီး လူကြားထဲသွားလာတတ်ကြတယ်ဆိုတဲ့ယုံကြည်မှုကြောင့် ဒီလိုကြောင်နက်တွေကို သိပ်ကြောက်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ Halloween Day မှာ ယုံကြည်မှုပြင်းထန်တဲ့ဘာသာဝင်တွေက မှန်ကွဲတာ၊ ကွဲအက်နေတဲ့လမ်းတွေပေါ်လျှောက်တာနဲ့ ဆားတွေပြန့်ကျဲပြီးမှောက်ကျတာတွေမဖြစ်အောင် ရှောင်တတ်ကြပါသေးတယ်နော်။

ရွှေဖရုံသီးမီးပုံးတွေရဲ့ အစ

Halloween နဲ့ ရွှေဖရုံသီးဆိုတာ ခွဲခြားရခက်တယ်ဆိုပေမယ့်လည်း အဲဒီ့ရွှေဖရုံသီးအလေ့အထကတော့ Celt တွေခေတ်တုန်းကတည်းက ရှိခဲ့တယ်လို့ မဖတ်ရပါဘူး။ အမေရိကကို Halloween ယဉ်ကျေးမှုကူးစက်ပြန့်ပွားပြီးနောက်ပိုင်းမှာ မြောက်အမေရိက ကနေ စတယ်လို့ပဲ သိရပါတယ်။ ၁၈၆၆ခုနစ်မှ စတင်တယ်လို့လည်း ဆိုထားပြီး အမေရိကန်လယ်သမားတွေဟာ သူတို့ရဲ့ စိုက်ခင်းထဲက ရွှေဖရုံသီးတွေကို Halloween Day မှာ အလှဆင်မွန်းမံဖို့အတွက် စစ်ဆေးမှုတွေပြုလုပ်ကြပြီး တန်းဝင်တဲ့ ရွှေဖရုံသီးကိုမှ ရွေးချယ်ကြလေ့ရှိတယ်လို့ ဆိုကြပါတယ်။

Halloween ပွဲတော်ကို အခုဆိုရင် နိုင်ငံအနှံ့အပြားမှာ ကျင်းပနေပြီဆိုတော့ သူနဲ့သက်ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေ၊ ယုံကြည်သက်ဝင်မှုတွေနဲ့ အယူအဆတွေဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွဲပြားတာကြောင့်လည်း ပြောလို့တောင် ကုန်နိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး မူကွဲတွေလည်း အများကြီးရှိနေတဲ့အတွက် အခုပြောပြခဲ့တာတွေဟာ နိုင်ငံတကာမှာ အများစုလက်ခံကြတဲ့ မူကွဲထဲကတစ်ခုပဲဖြစ်ပါတယ်နော်။ လက်ရှိကတော့ Halloween ဆိုတာ ကြောက်စရာနေ့ရက်တစ်ခုမဟုတ်ဘဲ ပျော်ရွှင်စရာပွဲတော်တစ်ခုအဖြစ် ကျင်းပလျှက်ရှိပါတယ်။ အမေရိကမှာဆိုရင် Halloween Day ဟာ Christmas ပြီးရင် ဒုတိယအကြီးဆုံး အားလပ်ရက်ပွဲတော်နေ့တစ်ခုဖြစ်ပြီး စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပါတယ်။

Ref: www.history.com

Moethaesay (Akhayar)

www.akhayar.com