[Zawgyi]

ဒီဘ႐ုိင္းနား De Bruyne ကုိ မန္စီးတီး လြမ္းေနေလာက္ၿပီလား

အခုအခ်ိန္မွာ မန္စီးတီးပရိသတ္ေတြ အျဖစ္ခ်င္ဆုံး ဆႏၵကုိေျပာပါဆုိရင္ ဒီဘ႐ုိင္းနား De Bruyne အျမန္ဆုံး ေဘာလုံးျပန္ကစားႏုိင္ဖုိ႔ပဲ ျဖစ္ပါလိမ့္မယ္။ ဒီဘ႐ုိင္းနားဟာ အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး လအနည္းငယ္ၾကာေအာင္ အနားယူရဖုိ႔ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ရာသီက ဒီဘ႐ုိင္းနားဟာ ႏုိင္ငံနဲ႔ကလပ္အသင္းအတြက္ ဂုိးဖန္တီးမႈ (၂၁)ႀကိမ္ျပဳလုပ္ခဲ့ၿပီး (၁၂)ဂုိးသြင္းယူခဲ့တယ္။ မန္စီးတီး တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆု၊ Premier League Playmaker of the Season ဆုေတြ ရရွိခဲ့ၿပီး ပရိးမီးယားလိဂ္၊ လိဂ္ဖလားေတြလည္း ရယူႏုိင္ခဲ့တယ္။ မန္စီးတီးလုိ ကြင္းလယ္ကစားသမား ေပါမ်ားတဲ့ အသင္းမွာ ဒီဘ႐ုိင္းနားေနရာ အစား၀င္ႏုိင္မယ့္သူက အဆင့္သင့္ဆုိေပမယ့္ သူ႔လုိ စြမ္းေဆာင္ႏုိင္ပါ့မလားဆုိတာေတာ့ ေမးခြန္ထုတ္စရာပါပဲ။ ဒါေၾကာင့္ သူပါတဲ့ ပဲြနဲ႔ မပါတဲ့ပဲြေတြမွာ မန္စီးတီးအသင္းရဲ႕ အေနအထားကုိ စစ္တမ္းထုတ္ ၾကည့္လုိက္ရေအာင္ . . .

De-Bruyne-Stats

De-Bruyne-Stats

ဒီ စစ္တမ္းကုိ အမွတ္တမဲ့ၾကည့္လုိက္ရင္ေတာ့ ဒီဘ႐ုိင္းနား မပါႏုိင္လည္း သိပ္ မသိသာဘူးလုိ႔ ထင္စရာပါပဲ။ ဒါေပမဲ့ တစ္ခ်က္ခ်င္းစီ ျပန္ၾကည့္ရင္ေတာ့ ကြာျခားခ်က္ကုိ ပရိသတ္ေတြ သတိျပဳမိပါလိမ့္မယ္။ ပ်မ္းမ် အႏုိင္ရာခုိင္ႏႈန္းက ဒီဘ႐ုိင္းနား မပါရင္ (၆၀)ရာခုိင္ႏႈန္း၊ သူ ပါ၀င္ကစားႏုိင္ရင္ (၆၅)ရာခုိင္ႏႈန္းအထိ ရွိတယ္။ သူ ကစားခဲ့တဲ့ (၉၁)ပဲြမွာ (၁၁)ပဲြသာ ႐ႈံးနိမ့္ခဲ့ေပမယ့္ မပါႏုိင္ခဲ့တဲ့ ပဲြ(၂၀)မွာေတာ့ (၇)ပဲြအထိ ႐ႈံးနိမ့္ခဲ့တာပါ။ အသိသာဆုံးက ၂၀၁၆-၁၇ ရာသီတုန္းက လိဂ္ဖလား ဆီမီးဖုိင္နယ္ အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပဲြမွာ ဒီဘ႐ုိင္းနား ဒူးဒဏ္ရာရခဲ့လုိ႔ (၁၂)ပဲြေလာက္ မကစားႏုိင္ေတာ့ခ်ိန္မွာ မန္စီးတီးအသင္း ႐ုန္းကန္ခဲ့ရၿပီး ဖလားလက္မဲ့ ျဖစ္ခ့ဲရတာက သက္ေသပါပဲ။ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြစဥ္(၃)မွာ မန္စီးတီးအသင္းဟာ တန္းတက္ ၀ုလ္ဗ္ကုိ အႏုိင္မကစားႏုိင္ခဲ့ဘဲ သေရတစ္မွတ္သာရရွိခဲ့တယ္။ ဒါဟာ မန္စီးတီးအသင္းအတြက္ Shock Result လုိ႔ ဆုိရမယ္။

De-Bruyne-Injury

De-Bruyne-Injury

ပဲြစဥ္(၃)အၿပီးမွာ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ စပါး၊ ၀က္ဖုိ႔ဒ္အသင္းေတြနဲ႔ (၂)မွတ္ စတင္ ကြာဟသြားၿပီ။ ၀က္ဖုိ႔ဒ္နဲ႔ အမွတ္ကြာတာက မေျပာပေလာက္ေပမယ့္ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ စပါး တို႔လုိ Level တူ အသင္းေတြနဲ႔ အမွတ္ကြာတာက Danger ပါပဲ။ မန္စီးတီးအသင္းဆုိတာ ဒီဘ႐ုိင္းနားတစ္ေယာက္ထဲနဲ႔ တည္ေဆာက္ထားတာ မဟုတ္ေပမယ့္ ေအာင္ျမင္မႈေတြအတြက္ ဒီဘ႐ုိင္းနားက အဓိက အခန္းက႑မွာ ပါ၀င္ေနတယ္ဆုိတာ ဘယ္သူမွ မျငင္းႏုိင္ပါဘူး။ အခုအခ်ိန္မွာ မန္စီးတီးပရိသတ္ေတြ ေမွ်ာ္လင့္ရမွာက ဒီဘ႐ုိင္းနား အျမန္ဆုံး ေဘာလုံးျပန္ကစားႏုိင္ဖုိ႔ပဲ ျဖစ္ပါေတာ့တယ္ . . .

REF:Talk Sports
Photo:The Telegraph,Talk Sports,mancitycore
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီဘရိုင်းနား De Bruyne ကို မန်စီးတီး လွမ်းနေလောက်ပြီလား

အခုအချိန်မှာ မန်စီးတီးပရိသတ်တွေ အဖြစ်ချင်ဆုံး ဆန္ဒကိုပြောပါဆိုရင် ဒီဘရိုင်းနား De Bruyne အမြန်ဆုံး ဘောလုံးပြန်ကစားနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒီဘရိုင်းနားဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လအနည်းငယ်ကြာအောင် အနားယူရဖို့ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီက ဒီဘရိုင်းနားဟာ နိုင်ငံနဲ့ကလပ်အသင်းအတွက် ဂိုးဖန်တီးမှု (၂၁)ကြိမ်ပြုလုပ်ခဲ့ပြီး (၁၂)ဂိုးသွင်းယူခဲ့တယ်။ မန်စီးတီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ Premier League Playmaker of the Season ဆုတွေ ရရှိခဲ့ပြီး ပရိးမီးယားလိဂ်၊ လိဂ်ဖလားတွေလည်း ရယူနိုင်ခဲ့တယ်။ မန်စီးတီးလို ကွင်းလယ်ကစားသမား ပေါများတဲ့ အသင်းမှာ ဒီဘရိုင်းနားနေရာ အစားဝင်နိုင်မယ့်သူက အဆင့်သင့်ဆိုပေမယ့် သူ့လို စွမ်းဆောင်နိုင်ပါ့မလားဆိုတာတော့ မေးခွန်ထုတ်စရာပါပဲ။ ဒါကြောင့် သူပါတဲ့ ပွဲနဲ့ မပါတဲ့ပွဲတွေမှာ မန်စီးတီးအသင်းရဲ့ အနေအထားကို စစ်တမ်းထုတ် ကြည့်လိုက်ရအောင် . . .

De-Bruyne-Stats

De-Bruyne-Stats

ဒီ စစ်တမ်းကို အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ဒီဘရိုင်းနား မပါနိုင်လည်း သိပ် မသိသာဘူးလို့ ထင်စရာပါပဲ။ ဒါပေမဲ့ တစ်ချက်ချင်းစီ ပြန်ကြည့်ရင်တော့ ကွာခြားချက်ကို ပရိသတ်တွေ သတိပြုမိပါလိမ့်မယ်။ ပျမ်းမျ အနိုင်ရာခိုင်နှုန်းက ဒီဘရိုင်းနား မပါရင် (၆၀)ရာခိုင်နှုန်း၊ သူ ပါဝင်ကစားနိုင်ရင် (၆၅)ရာခိုင်နှုန်းအထိ ရှိတယ်။ သူ ကစားခဲ့တဲ့ (၉၁)ပွဲမှာ (၁၁)ပွဲသာ ရှုံးနိမ့်ခဲ့ပေမယ့် မပါနိုင်ခဲ့တဲ့ ပွဲ(၂၀)မှာတော့ (၇)ပွဲအထိ ရှုံးနိမ့်ခဲ့တာပါ။ အသိသာဆုံးက ၂၀၁၆-၁၇ ရာသီတုန်းက လိဂ်ဖလား ဆီမီးဖိုင်နယ် အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒီဘရိုင်းနား ဒူးဒဏ်ရာရခဲ့လို့ (၁၂)ပွဲလောက် မကစားနိုင်တော့ချိန်မှာ မန်စီးတီးအသင်း ရုန်းကန်ခဲ့ရပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတာက သက်သေပါပဲ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ မန်စီးတီးအသင်းဟာ တန်းတက် ဝုလ်ဗ်ကို အနိုင်မကစားနိုင်ခဲ့ဘဲ သရေတစ်မှတ်သာရရှိခဲ့တယ်။ ဒါဟာ မန်စီးတီးအသင်းအတွက် Shock Result လို့ ဆိုရမယ်။

De-Bruyne-Injury

De-Bruyne-Injury

ပွဲစဉ်(၃)အပြီးမှာ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါး၊ ဝက်ဖို့ဒ်အသင်းတွေနဲ့ (၂)မှတ် စတင် ကွာဟသွားပြီ။ ဝက်ဖို့ဒ်နဲ့ အမှတ်ကွာတာက မပြောပလောက်ပေမယ့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါး တို့လို Level တူ အသင်းတွေနဲ့ အမှတ်ကွာတာက Danger ပါပဲ။ မန်စီးတီးအသင်းဆိုတာ ဒီဘရိုင်းနားတစ်ယောက်ထဲနဲ့ တည်ဆောက်ထားတာ မဟုတ်ပေမယ့် အောင်မြင်မှုတွေအတွက် ဒီဘရိုင်းနားက အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အခုအချိန်မှာ မန်စီးတီးပရိသတ်တွေ မျှော်လင့်ရမှာက ဒီဘရိုင်းနား အမြန်ဆုံး ဘောလုံးပြန်ကစားနိုင်ဖို့ပဲ ဖြစ်ပါတော့တယ် . . .

REF:Talk Sports
Photo:The Telegraph,Talk Sports,mancitycore
Naing Linn(Akhayar)
www.akhayar.com