[Zawgyi] 

၂၀၁၈ အတြက္ Apple ထုတ္ျပမယ့္ iPhone အသစ္ေတြကို စိတ္ဝင္စားေနၾကသူေတြ အမ်ားႀကီးပါ။ ၿပီးခဲ့တဲ့ စက္တင္ဘာက iPhone X ၊ iPhone 8 နဲ႔ iPhone 8 Plus ေတြကိုထုတ္ျပခဲ့ေပမယ့္ iPhone X ေလာက္ေတာ့ ဘယ္ဖုန္းမွ စိတ္ဝင္စာမႈမရခဲ့ပါဘူး။ Design ေျပာင္းတာကလည္း iPhone သမိုင္းတစ္ေလွ်ာက္လံုးမွာ အသိသာဆံုးျဖစ္သလို လူအမ်ားသေဘာက်တဲ့ Full Screen Design ျဖစ္ေနတာေၾကာင့္ ေစ်းကြက္ထဲမွာ ေအာင္ျမင္မႈႀကီးႀကီးရခဲ့ပါတယ္။ 

iPhone X

Design ပိုင္းမွာ ေျပာင္းလဲမႈအမ်ားဆံုးျဖစ္သလို OLED Display ကိုသံုးလာတဲ့ ပထမဦးဆံုး iPhone လည္းျဖစ္လာပါတယ္။ OLED Display နဲ႔အတူ Face ID လို 3D Face Scanning နည္းပညာေတြက iPhone X ကို ေစ်းအႀကီးဆံုး iPhone တစ္လံုးအျဖစ္ သမိုင္းမွာ မွတ္္တမ္းဝင္သြားေစခဲ့ျပန္ပါတယ္။ “$1000 တန္ iPhone” ဆိုတာနဲ႔စတဲ့ သတင္းေတြ၊ ေဆာင္းပါးေတြ၊ သေရာ္တာေတြက Online မွာ အမ်ားႀကီးျဖစ္သြားခဲ့ပါေသးတယ္။ ေစ်းႀကီးေပမယ့္ Apple Fan ေတြအပါအဝင္ တန္ဖိုးႀကီးဖုန္းကိုင္ရတာ သေဘာက်သူေတြနဲ႔ Apple ရဲ႕ အေကာင္းဆံုး iPhone ကိုမွ ကိုင္ခ်င္တယ္ဆိုသူေတြကေတာ့ ေစ်းမ်ားတာ၊ နည္းတာ ဂ႐ုမစိုက္ဘဲ ဝယ္ယူသံုးစြဲၾကပါတယ္။ 

iPhone X Notch and Camera Design

Performance ပိုင္းမွာလည္း ထြက္ခဲ့သမွ် iPhone ေတြထဲမွာ အေကာင္းဆံုျဖစ္တာေၾကာင့္ အခုအခ်ိန္အထိ ေစ်းကြက္ထဲမွာ ေနရာရေနတုန္းပါပဲ။ ေနာက္ iPhone အသစ္ေတြနဲ႔ပတ္သက္လို႔ သတင္းေပါက္တာေတြ၊ ေကာလဟလေတြ ေတာက္ေလွ်ာက္ထြက္ေနေပမယ့္လည္း iPhone X ဟာ ေစ်းကြက္ထဲမွာ စိတ္ဝင္စားစရာအေကာင္းဆံုး iPhone အျဖစ္ က်န္ေနပါေသးတယ္။ အခုတစ္ေခါက္လည္း ေနာက္ထြက္မယ့္ iPhone X Plus လို႔ယူဆရတဲ့ iPhone အသစ္နဲ႔ ပတ္သက္လို႔ သတင္းေပါက္လာပါတယ္။ Dispaly က လက္ရွိ iPhone X က ထြက္ခဲ့သမွ် iPhone ေတြအားလံုးထဲမွာ အႀကီးဆံုးျဖစ္ေပမယ့္ ပရိတ္သတ္ထဲမွာ iPhone X ထက္ပိုႀကီးတဲ့ Display ကို လိုခ်င္ေနသူေတြ ရွိေနပါေသးတယ္။ 

Display ႀကီးတာကိုလိုခ်င္ရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ Notch ေၾကာင့္ပါ။ Ntoch က သိပ္ၿပီး အေႏွာက္အယွက္မျဖစ္ဘူးဆိုေပမယ့္ Landscape Mode မွာဆိုရင္ Video ၾကည့္တဲ့အခါ အဆင္မေျပျဖစ္တယ္လို႔ User ေတာ္ေတာ္မ်ားမ်ားက Complaint တက္ၾကပါတယ္။ Video ကို Screen အျပည့္ေပၚေအာင္ လုပ္ၾကည့္ရင္လည္း Notch ကကြယ္ေနတာေၾကာင့္ သာမန္ 16:9 Ratio နဲ႔ၾကည့္တဲ့အခါ Video က iPhone 8 လို 4.7 Inch Screen မွာၾကည့္ရသလို ေသးေနတာမ်ိဳးျဖစ္ေနတာေၾကာင့္ပါ။ 16:9 နဲ႔ ၾကည့္တဲ့အခါ Video ရဲ႕ ဘယ္ညာ ႏွစ္ဖက္မွာ ဘာမွမေပၚတဲ့ ေနရာလြတ္ေတြရွိေနတာေၾကာင့္ Dispaly ႀကီးေပမယ့္ ႀကီးတယ္လို႔ မခံစားရပါဘူး။ အဲ့ဒီအတြက္ေၾကာင့္ လက္ရွိ iPhone X ထက္ ပိုႀကီးတဲ့ Display ကို လိုခ်င္လာၾကတာပါ။ 

iPhone X Dummies

Apple အေနနဲ႔ အခုႏွစ္အတြက္ iPhone ၃ မ်ိဳးဆက္ထုတ္သြားမွာျဖစ္တယ္ဆိုတာ သတင္းကထြက္ထားၿပီးျဖစ္ေနပါတယ္။ လာမယ့္ စက္တင္ဘာမွာေတာ့ iPhone X Plus ကိုေတြ႕ရႏိုင္ၿပီး လက္ရွိ iPhone X ထက္ ပိုပါးတဲ့ Display Bezel ေတြနဲ႔ ေတြ႕ရႏိုင္ပါတယ္။ Notch ေဘးမွာလည္း ေနရာပိုက်ယ္သြားတာေၾကာင့္ လက္ရွိ iPhone X မွာ မျပေပးတဲ့ Battery Percentage ကိုလည္း ျပန္ထည့္ေပးလာႏိုင္မယ္လို႔ ယူဆရပါတယ္။ iPhone X စထြက္တဲ့အခ်ိန္တုန္းကေတာ့ Battery Percentage ကို Notch ေဘးမွာ မျပေပးေတာ့တဲ့အခ်က္ကို Complaint တက္ခဲ့ၾကသူေတြ အမ်ားႀကီးပါ။ 

Leaked Photo of iPhone X Plus Render

iPhone X မွာ Apple ေနာက္ထပ္ခ်န္ထားခဲ့တဲ့ Feature တစ္ခုကေတာ့ iPhone 8 Plus အထိပါလာတဲ့ Landscape Mode ပါ။ Home Screen အပါအဝင္ System App အားလံုးကို iPad ေတြမွာလို Landscape Mode အျပည့္ကို iPhone X မွာ ထည့္ေပးမထားပါဘူး။ ဒီ Feature ကို ေနာက္ထြက္မယ့္ iPhone X Plus မွာ ျပန္ထည့္ေပးလာမယ္လို႔ယူဆရပါတယ္။ ဒီနွစ္ အတြက္ေတာ့ သာမန္ ေစ်းသက္သာတဲ့ iPhone အပါအဝင္ iPhone X အသစ္ႏွစ္မ်ိဳးကို မိတ္ဆက္သြားႏို္င္တယ္လို႔ သတင္းေတြထြက္ထားတာေၾကာင့္ iPhone 8 နဲ႔ iPhone 8 Plus ေတြက Home Button ပါတဲ့ ေနာက္ဆံုး iPhone ေတြျဖစ္သြားႏိုင္ပါတယ္။ Apple အေနနဲ႔ေတာ့ Notch ကို အခုလက္ရွိထက္ ပိုေသးေအာင္လုပ္ႏိုင္ေသးမွာမဟုတ္ဘူးလို႔ ယူဆရသလို Under Display Fingerprint ကိုလည္း အသံုးျပဳေပးလာဦးမွာ မဟုတ္ပါဘူး။ Fingerprint ကို ဖုန္းမွာ တပ္ေပးဖို႔ Apple စိတ္ကုန္သြားတာလားလို႔ ေမးစရာျဖစ္ေနပါတယ္။ 

Ref: Forbes

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

နောက် iPhone အသစ်က Design အပြောင်းအလဲရှိလာမယ်လို့ သတင်းထွက်ပြီ

၂၀၁၈ အတွက် Apple ထုတ်ပြမယ့် iPhone အသစ်တွေကို စိတ်ဝင်စားနေကြသူတွေ အများကြီးပါ။ ပြီးခဲ့တဲ့ စက်တင်ဘာက iPhone X ၊ iPhone 8 နဲ့ iPhone 8 Plus တွေကိုထုတ်ပြခဲ့ပေမယ့် iPhone X လောက်တော့ ဘယ်ဖုန်းမှ စိတ်ဝင်စာမှုမရခဲ့ပါဘူး။ Design ပြောင်းတာကလည်း iPhone သမိုင်းတစ်လျှောက်လုံးမှာ အသိသာဆုံးဖြစ်သလို လူအများသဘောကျတဲ့ Full Screen Design ဖြစ်နေတာကြောင့် ဈေးကွက်ထဲမှာ အောင်မြင်မှုကြီးကြီးရခဲ့ပါတယ်။ 

iPhone X

Design ပိုင်းမှာ ပြောင်းလဲမှုအများဆုံးဖြစ်သလို OLED Display ကိုသုံးလာတဲ့ ပထမဦးဆုံး iPhone လည်းဖြစ်လာပါတယ်။ OLED Display နဲ့အတူ Face ID လို 3D Face Scanning နည်းပညာတွေက iPhone X ကို ဈေးအကြီးဆုံး iPhone တစ်လုံးအဖြစ် သမိုင်းမှာ မှတ်တမ်းဝင်သွားစေခဲ့ပြန်ပါတယ်။ “$1000 တန် iPhone” ဆိုတာနဲ့စတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ သရော်တာတွေက Online မှာ အများကြီးဖြစ်သွားခဲ့ပါသေးတယ်။ ဈေးကြီးပေမယ့် Apple Fan တွေအပါအဝင် တန်ဖိုးကြီးဖုန်းကိုင်ရတာ သဘောကျသူတွေနဲ့ Apple ရဲ့ အကောင်းဆုံး iPhone ကိုမှ ကိုင်ချင်တယ်ဆိုသူတွေကတော့ ဈေးများတာ၊ နည်းတာ ဂရုမစိုက်ဘဲ ဝယ်ယူသုံးစွဲကြပါတယ်။ 

iPhone X Notch and Camera Design

Performance ပိုင်းမှာလည်း ထွက်ခဲ့သမျှ iPhone တွေထဲမှာ အကောင်းဆုံဖြစ်တာကြောင့် အခုအချိန်အထိ ဈေးကွက်ထဲမှာ နေရာရနေတုန်းပါပဲ။ နောက် iPhone အသစ်တွေနဲ့ပတ်သက်လို့ သတင်းပေါက်တာတွေ၊ ကောလဟလတွေ တောက်လျှောက်ထွက်နေပေမယ့်လည်း iPhone X ဟာ ဈေးကွက်ထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး iPhone အဖြစ် ကျန်နေပါသေးတယ်။ အခုတစ်ခေါက်လည်း နောက်ထွက်မယ့် iPhone X Plus လို့ယူဆရတဲ့ iPhone အသစ်နဲ့ ပတ်သက်လို့ သတင်းပေါက်လာပါတယ်။ Dispaly က လက်ရှိ iPhone X က ထွက်ခဲ့သမျှ iPhone တွေအားလုံးထဲမှာ အကြီးဆုံးဖြစ်ပေမယ့် ပရိတ်သတ်ထဲမှာ iPhone X ထက်ပိုကြီးတဲ့ Display ကို လိုချင်နေသူတွေ ရှိနေပါသေးတယ်။ 

Display ကြီးတာကိုလိုချင်ရတဲ့ အဓိကအကြောင်းအရင်းကတော့ Notch ကြောင့်ပါ။ Ntoch က သိပ်ပြီး အနှောက်အယှက်မဖြစ်ဘူးဆိုပေမယ့် Landscape Mode မှာဆိုရင် Video ကြည့်တဲ့အခါ အဆင်မပြေဖြစ်တယ်လို့ User တော်တော်များများက Complaint တက်ကြပါတယ်။ Video ကို Screen အပြည့်ပေါ်အောင် လုပ်ကြည့်ရင်လည်း Notch ကကွယ်နေတာကြောင့် သာမန် 16:9 Ratio နဲ့ကြည့်တဲ့အခါ Video က iPhone 8 လို 4.7 Inch Screen မှာကြည့်ရသလို သေးနေတာမျိုးဖြစ်နေတာကြောင့်ပါ။ 16:9 နဲ့ ကြည့်တဲ့အခါ Video ရဲ့ ဘယ်ညာ နှစ်ဖက်မှာ ဘာမှမပေါ်တဲ့ နေရာလွတ်တွေရှိနေတာကြောင့် Dispaly ကြီးပေမယ့် ကြီးတယ်လို့ မခံစားရပါဘူး။ အဲ့ဒီအတွက်ကြောင့် လက်ရှိ iPhone X ထက် ပိုကြီးတဲ့ Display ကို လိုချင်လာကြတာပါ။ 

iPhone X Dummies

Apple အနေနဲ့ အခုနှစ်အတွက် iPhone ၃ မျိုးဆက်ထုတ်သွားမှာဖြစ်တယ်ဆိုတာ သတင်းကထွက်ထားပြီးဖြစ်နေပါတယ်။ လာမယ့် စက်တင်ဘာမှာတော့ iPhone X Plus ကိုတွေ့ရနိုင်ပြီး လက်ရှိ iPhone X ထက် ပိုပါးတဲ့ Display Bezel တွေနဲ့ တွေ့ရနိုင်ပါတယ်။ Notch ဘေးမှာလည်း နေရာပိုကျယ်သွားတာကြောင့် လက်ရှိ iPhone X မှာ မပြပေးတဲ့ Battery Percentage ကိုလည်း ပြန်ထည့်ပေးလာနိုင်မယ်လို့ ယူဆရပါတယ်။ iPhone X စထွက်တဲ့အချိန်တုန်းကတော့ Battery Percentage ကို Notch ဘေးမှာ မပြပေးတော့တဲ့အချက်ကို Complaint တက်ခဲ့ကြသူတွေ အများကြီးပါ။ 

Leaked Photo of iPhone X Plus Render

iPhone X မှာ Apple နောက်ထပ်ချန်ထားခဲ့တဲ့ Feature တစ်ခုကတော့ iPhone 8 Plus အထိပါလာတဲ့ Landscape Mode ပါ။ Home Screen အပါအဝင် System App အားလုံးကို iPad တွေမှာလို Landscape Mode အပြည့်ကို iPhone X မှာ ထည့်ပေးမထားပါဘူး။ ဒီ Feature ကို နောက်ထွက်မယ့် iPhone X Plus မှာ ပြန်ထည့်ပေးလာမယ်လို့ယူဆရပါတယ်။ ဒီနှစ် အတွက်တော့ သာမန် ဈေးသက်သာတဲ့ iPhone အပါအဝင် iPhone X အသစ်နှစ်မျိုးကို မိတ်ဆက်သွားနိုင်တယ်လို့ သတင်းတွေထွက်ထားတာကြောင့် iPhone 8 နဲ့ iPhone 8 Plus တွေက Home Button ပါတဲ့ နောက်ဆုံး iPhone တွေဖြစ်သွားနိုင်ပါတယ်။ Apple အနေနဲ့တော့ Notch ကို အခုလက်ရှိထက် ပိုသေးအောင်လုပ်နိုင်သေးမှာမဟုတ်ဘူးလို့ ယူဆရသလို Under Display Fingerprint ကိုလည်း အသုံးပြုပေးလာဦးမှာ မဟုတ်ပါဘူး။ Fingerprint ကို ဖုန်းမှာ တပ်ပေးဖို့ Apple စိတ်ကုန်သွားတာလားလို့ မေးစရာဖြစ်နေပါတယ်။ 

Ref: Forbes

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။